International Match Report

ရော်နယ်လ်ဒို ရုန်းခဲ့ပေမယ့် ပေါ်တူဂီ မပြုံးနိုင်ခဲ့ဘဲ ဘယ်လ်ဂျီယမ်တို့ ကွာတားဆီ အောင်ပွဲခံ

ပေါ်တူဂီအသင်းဟာ ဒီနေ့မှာတော့ အုပ်စုအဖွင့်ပွဲမှာ ကစားခဲ့တဲ့ ကွင်းလယ်အထိုင်ကို လုံးဝအပြောင်းအလဲလုပ်သွားခဲ့သလို ရီနာတို ဆန်ချက်စ်၊ ဂျာအို မော်တင်ညို၊ ပယ်လင်ညာတို့နဲ့ လုပ်အားနှုန်း၊ ဘောလုံးဖြန့်ဝေမှုတို့အတွက် ပြင်ဆင်လာခဲ့သလို ညာနောက်ခံမှာလည်း ဒါလော့ကို ထည့်သွင်းခဲ့ပြီး ဘယ်လ်ဂျီယမ်ကို ရင်ဆိုင်လာခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်ကတော့ ပွဲကို သတိကြီးကြီးနဲ့ ချဉ်းကပ်ခဲ့သလို ဗဟိုခံစစ်သုံးယောက်တန်းရှေ့မှာ တီးလီးမန်းစ်နဲ့ ဝစ်ဆယ်လ်တို့လို အဖျက်ပိုင်း ကောင်းကောင်းကစားနိုင်သူနှစ်ဦးနဲ့ ပိတ်ဆို့ခဲ့ပြီး ညာခြမ်းမှာလည်း တောင်ပံကစားသမားအား နောက်ခံလူ မူနီယေးကို ထည့်သွင်းခဲ့ပြီး ဒီဘရိုင်းနားနဲ့ ချိတ်ဆက်ကစားခဲ့စဉ်မှာ ဘယ်ခြမ်းကိုတော့ ဟာဇတ်ညီအစ်ကိုနှစ်ဦးက တာဝန်ယူလာခဲ့တာပါ။

ပွဲစပြီး ၅ မိနစ်အကြာမှာ တန်ပြန်တိုက်စစ်ကနေ ရီနာတို ဆန်ချက်စ်ပေးတာကို ဂျိုတာ အသုံးမချနိုင်ခဲ့လို့ ပေါ်တူဂီတို့ နစ်နာခဲ့ရသလို ဘယ်လ်ဂျီယမ်ကတော့ ပိုင်မှ ဂိုးသွင်းတဲ့ ပုံစံကို အသုံးပြုသွားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကတော့ ပေါ်တူဂီဘက်မှာပဲ အများစုရှိခဲ့ချိန်မှာ တစ်ပွဲလုံး ကန်သွင်းခွင့် ၂၃ ကြိမ်အထိ ရယူသွားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ ရော်နယ်လ်ဒိုရဲ့ ဖရီးကစ်ကို ဂိုးသမား ကူတွာ ကာကွယ်ခဲ့ရပြီး ပေါ်တူဂီတို့ မကြာခဏဆိုသလို ခြိမ်းခြောက်နေခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားခဲ့တာက ဘယ်လ်ဂျီယမ်တို့ဖြစ်ပြီး မူနီယေးရဲ့ ညာခြမ်းကနေ ဘယ်ခြမ်းကို သာမန်ပေးပို့မှုကနေ သော်ဂန် ဟာဇတ်က မထင်မှတ်ဘဲ လျှပ်တစ်ပြက်ကန်သွင်းခဲ့ရာမှာ ရူအီ ပက်ထရီစီယို အငိုက်မိသွားခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်တို့အတွက်တော့ ဒါဟာ တစ်ပွဲလုံးမှာ တစ်ကြိမ်တည်းသော ဂိုးပေါက်တည့်မှုနဲ့ ဂိုးဖြစ်ခဲ့ပြီး လက်ကျန်အချိန်တွေမှာ သူတို့တွေအနေနဲ့ ခံစစ်သာ ကစားသွားခဲ့သလို ပထမပိုင်းမှာတော့ ပေါ်တူဂီတို့ အရှိုက်ထိုးခံခဲ့ရပြီး တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပေါ်တူဂီတို့ရဲ့ အဆုံးသတ်ပိုင်းက တိုးတက်လာခြင်းမရှိခဲ့ဘဲ ကွင်းလယ်အထိ ဆင်းရုန်းပြီး အခွင့်အရေးတွေ ဖန်တီးပေးခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ကြိုးစားအားထုတ်မှုတွေကို ဂျိုတာက ဒိုင်ခံဖြုန်းတီးနေခဲ့သလို ဂျာအို ဖဲလစ္စနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ထည့်သွင်းခဲ့ပေမယ့် ဘယ်လ်ဂျီယမ်ခံစစ်ကို မကျော်နိုင်ဘဲ ရှိနေခဲ့တာပါ။

ဒီနောက်ပိုင်းမှာ ဂျိုတာအစား အန်ဒရေ ဆေးလ်ဗားကို လူစားသွင်းခဲ့ပေမယ့် ညာတောင်ပံကစားသမားကောင်းမရှိဘဲ ဟန်ချက်မညီတဲ့ ပေါ်တူဂီတိုက်စစ်က အန္တရာယ်ကြီးကြီးမားမား မပေးနိုင်ခဲ့သလို ပွဲချိန် ၈၂ မိနစ်မှာ ထောင့်ကန်ဘောကနေ ပြင်းထန်အားပါတဲ့ ရူဘင် ဒီယက်စ်ရဲ့ ခေါင်းတိုက်ချက်ကလည်း ဂိုးသမားတည့်တည့်ဖြစ်နေလို့ ကူတွာ ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ ရော်နယ်လ်ဒိုရဲ့ တိုးအားကြောင့် ဘယ်လ်ဂျီယမ်ခံစစ် ဖရိုဖရဲဖြစ်နေချိန်မှာ ပြန်ကျလာတဲ့ ဘောလုံးကို ဂွါရဲရိုးကန်သွင်းချက်က တိုင်ထိပြီး ထွက်သွားခဲ့တာကတော့ ကံကြမ္မာက သူတို့အသင်းကို ဒီအဆင့်ကနေ လှည့်ပြန်ရဖို့ ပိတ်ပင်တားဆီးလိုက်ပြီဆိုတဲ့ သဘောများလားလို့ တွေးစရာ ဖြစ်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်တို့ကလည်း ဘောင်မဝင်တဲ့ ထိုးဖောက်မှုတွေကိုပဲ လုပ်နိုင်ခဲ့တာပါ။

ပွဲပြီးခါနီး နာကျင်အချိန်ပိုမိနစ်တွေမှာတော့ နှစ်ဖက်စလုံး ထိုးဖောက်ခွင့်တွေ ရခဲ့ပေမယ့် ဘယ်သူကမှ ဂိုးထပ်မသွင်းနိုင်ခဲ့လို့ ဘယ်လ်ဂျီယမ်တို့ တစ်လုံးတည်းသောဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သလို လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာတော့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အီတလီနဲ့ ကစားရတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပၚတူဂီအသင္းဟာ ဒီေန႔မွာေတာ့ အုပ္စုအဖြင့္ပြဲမွာ ကစားခဲ့တဲ့ ကြင္းလယ္အထိုင္ကို လုံးဝအေျပာင္းအလဲလုပ္သြားခဲ့သလို ရီနာတို ဆန္ခ်က္စ္၊ ဂ်ာအို ေမာ္တင္ညိဳ၊ ပယ္လင္ညာတို႔နဲ႔ လုပ္အားႏႈန္း၊ ေဘာလုံးျဖန႔္ေဝမႈတို႔အတြက္ ျပင္ဆင္လာခဲ့သလို ညာေနာက္ခံမွာလည္း ဒါေလာ့ကို ထည့္သြင္းခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ကို ရင္ဆိုင္လာခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္ကေတာ့ ပြဲကို သတိႀကီးႀကီးနဲ႔ ခ်ဥ္းကပ္ခဲ့သလို ဗဟိုခံစစ္သုံးေယာက္တန္းေရွ႕မွာ တီးလီးမန္းစ္နဲ႔ ဝစ္ဆယ္လ္တို႔လို အဖ်က္ပိုင္း ေကာင္းေကာင္းကစားႏိုင္သူႏွစ္ဦးနဲ႔ ပိတ္ဆို႔ခဲ့ၿပီး ညာျခမ္းမွာလည္း ေတာင္ပံကစားသမားအား ေနာက္ခံလူ မူနီေယးကို ထည့္သြင္းခဲ့ၿပီး ဒီဘ႐ိုင္းနားနဲ႔ ခ်ိတ္ဆက္ကစားခဲ့စဥ္မွာ ဘယ္ျခမ္းကိုေတာ့ ဟာဇတ္ညီအစ္ကိုႏွစ္ဦးက တာဝန္ယူလာခဲ့တာပါ။

ပြဲစၿပီး ၅ မိနစ္အၾကာမွာ တန္ျပန္တိုက္စစ္ကေန ရီနာတို ဆန္ခ်က္စ္ေပးတာကို ဂ်ိဳတာ အသုံးမခ်ႏိုင္ခဲ့လို႔ ေပၚတူဂီတို႔ နစ္နာခဲ့ရသလို ဘယ္လ္ဂ်ီယမ္ကေတာ့ ပိုင္မွ ဂိုးသြင္းတဲ့ ပုံစံကို အသုံးျပဳသြားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈကေတာ့ ေပၚတူဂီဘက္မွာပဲ အမ်ားစုရွိခဲ့ခ်ိန္မွာ တစ္ပြဲလုံး ကန္သြင္းခြင့္ ၂၃ ႀကိမ္အထိ ရယူသြားႏိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာ ေရာ္နယ္လ္ဒိုရဲ႕ ဖရီးကစ္ကို ဂိုးသမား ကူတြာ ကာကြယ္ခဲ့ရၿပီး ေပၚတူဂီတို႔ မၾကာခဏဆိုသလို ၿခိမ္းေျခာက္ေနခဲ့ေပမယ့္ တကယ္တမ္း ဂိုးရသြားခဲ့တာက ဘယ္လ္ဂ်ီယမ္တို႔ျဖစ္ၿပီး မူနီေယးရဲ႕ ညာျခမ္းကေန ဘယ္ျခမ္းကို သာမန္ေပးပို႔မႈကေန ေသာ္ဂန္ ဟာဇတ္က မထင္မွတ္ဘဲ လွ်ပ္တစ္ျပက္ကန္သြင္းခဲ့ရာမွာ ႐ူအီ ပက္ထရီစီယို အငိုက္မိသြားခဲ့တာလည္းျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္တို႔အတြက္ေတာ့ ဒါဟာ တစ္ပြဲလုံးမွာ တစ္ႀကိမ္တည္းေသာ ဂိုးေပါက္တည့္မႈနဲ႔ ဂိုးျဖစ္ခဲ့ၿပီး လက္က်န္အခ်ိန္ေတြမွာ သူတို႔ေတြအေနနဲ႔ ခံစစ္သာ ကစားသြားခဲ့သလို ပထမပိုင္းမွာေတာ့ ေပၚတူဂီတို႔ အရႈိက္ထိုးခံခဲ့ရၿပီး တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ေပၚတူဂီတို႔ရဲ႕ အဆုံးသတ္ပိုင္းက တိုးတက္လာျခင္းမရွိခဲ့ဘဲ ကြင္းလယ္အထိ ဆင္း႐ုန္းၿပီး အခြင့္အေရးေတြ ဖန္တီးေပးခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ႀကိဳးစားအားထုတ္မႈေတြကို ဂ်ိဳတာက ဒိုင္ခံျဖဳန္းတီးေနခဲ့သလို ဂ်ာအို ဖဲလစၥနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ ဘယ္လ္ဂ်ီယမ္ခံစစ္ကို မေက်ာ္ႏိုင္ဘဲ ရွိေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ဂ်ိဳတာအစား အန္ဒေရ ေဆးလ္ဗားကို လူစားသြင္းခဲ့ေပမယ့္ ညာေတာင္ပံကစားသမားေကာင္းမရွိဘဲ ဟန္ခ်က္မညီတဲ့ ေပၚတူဂီတိုက္စစ္က အႏၲရာယ္ႀကီးႀကီးမားမား မေပးႏိုင္ခဲ့သလို ပြဲခ်ိန္ ၈၂ မိနစ္မွာ ေထာင့္ကန္ေဘာကေန ျပင္းထန္အားပါတဲ့ ႐ူဘင္ ဒီယက္စ္ရဲ႕ ေခါင္းတိုက္ခ်က္ကလည္း ဂိုးသမားတည့္တည့္ျဖစ္ေနလို႔ ကူတြာ ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာ ေရာ္နယ္လ္ဒိုရဲ႕ တိုးအားေၾကာင့္ ဘယ္လ္ဂ်ီယမ္ခံစစ္ ဖ႐ိုဖရဲျဖစ္ေနခ်ိန္မွာ ျပန္က်လာတဲ့ ေဘာလုံးကို ဂြါရဲ႐ိုးကန္သြင္းခ်က္က တိုင္ထိၿပီး ထြက္သြားခဲ့တာကေတာ့ ကံၾကမၼာက သူတို႔အသင္းကို ဒီအဆင့္ကေန လွည့္ျပန္ရဖို႔ ပိတ္ပင္တားဆီးလိုက္ၿပီဆိုတဲ့ သေဘာမ်ားလားလို႔ ေတြးစရာ ျဖစ္ခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကလည္း ေဘာင္မဝင္တဲ့ ထိုးေဖာက္မႈေတြကိုပဲ လုပ္ႏိုင္ခဲ့တာပါ။

ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမိနစ္ေတြမွာေတာ့ ႏွစ္ဖက္စလုံး ထိုးေဖာက္ခြင့္ေတြ ရခဲ့ေပမယ့္ ဘယ္သူကမွ ဂိုးထပ္မသြင္းႏိုင္ခဲ့လို႔ ဘယ္လ္ဂ်ီယမ္တို႔ တစ္လုံးတည္းေသာဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့သလို လာမယ့္ ဇူလိုင္လ ၂ ရက္ေန႔မွာေတာ့ ဂ်ာမနီႏိုင္ငံ၊ ျမဴးနစ္ၿမိဳ႕မွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနတဲ့ အသင္းတစ္သင္းျဖစ္တဲ့ အီတလီနဲ႔ ကစားရေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.