Analysis International

ယူရို ၂၀၂၀ ချန်ပီယံဖြစ်မယ့်အသင်းကို အံ့သြဖွယ်ရာ ခန့်မှန်းလိုက်ပြန်တဲ့ နယ်သာလန် ကြယ်ပွင့်ဟောင်း

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်မယ်လို့ အခိုင်အမာပြောခဲ့ပြီး မှန်ကန်ခဲ့တဲ့ နယ်သာလန်အသင်း လက်ရွေးစင် ကြယ်ပွင့် ကွင်းလယ်ကစားသမားဟောင်း ဝက်စ်လေ ရှနိုက်ဒါက လက်ရှိ ယူရို ၂၀၂၀ မှာ အီတလီအသင်းက နာမည်ကြီးအသင်းများကို ဖြတ်ကျော်ကာ ဗိုလ်စွဲသွားလိမ့်မယ်လို့ အချက်အလက်များနှင့်တကွ အခိုင်အမာ ခန့်မှန်း ပြောဆိုလိုက်ပါတယ်။

ပထမဆုံးယူရိုဖလားကို ၁၉၆၈ မှာ ရယူပြီးခဲ့ကတည်းက ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အလှမ်းဝေးနေခဲ့တဲ့ အီတလီအသင်းဟာ ယူရို ၂၀၂၀ မှာ ဗိုလ်စွဲဖို့ သေချာပြင်ဆင်လာခဲ့တဲ့အသင်းဖြစ်ပါတယ်။ အုပ်စု(A) မှာ (၃)ပွဲကစားပြီး ဂိုးကွာခြားချက် (+၇)နဲ့အတူ ပေးဂိုးမရှိပဲ အုပ်စုကနေ တက်လာတဲ့အသင်းအဖြစ် အင်္ဂလန်အသင်းနဲ့အတူ ရပ်တည်နေတာပါ။

ဩစတြီးယားနဲ့ (၁၆)သင်း ရှုံးထွက်ပွဲစဉ်မှာလည်း သာမန်ပွဲကစားချိန် မိနစ် (၉၀) အတွင်း ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီး အချိန်ပို (၃၀) မိနစ်အတွင်းမှာမှ ပေးဂိုး ပေးခဲ့ရတာဖြစ်ပြီး (၂-၁)နဲ့အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲစဉ်အပြီးမှာတော့ အီတလီအသင်းဟာ ၃၁ ပွဲဆက်တိုက် ရှုံးပွဲမရှိ(၂၆ ပွဲနိုင်၊ ၅ ပွဲသရေ)ကစားထားနိုင်ခဲ့ပြီး ဩစတြီးယားနဲ့ ပွဲစဉ်မတိုင်မီအထိ နောက်ဆုံး (၁၁)ပွဲဆက်တိုက် ပေးဂိုးမဲ့ရလဒ်တွေနဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ရှနိုက်ဒါက အားတက်စရာ အဖွင့်ရလဒ်တွေနဲ့ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်လာခဲ့တဲ့ အီတလီအနေနဲ့ ယူရို ၂၀၂၀ ရဲ့ ချန်ပီယံဆုကို အရယူနိုင်ဖို့ ယုံကြည်နေပြီး ပြိုင်ပွဲမစခင်က ပြင်သစ်ဗိုလ်စွဲလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပြီးနောက် အခုအခါမှာ ပြောင်းလဲပြီး ချန်ပီယံအသင်းအဖြစ် အီတလီကို ရွေးချယ်ခဲ့တာပါ။

ရှနိုက်ဒါက “သူတို့အကောင်းဆုံးလုပ်နေတာပဲလေ။ မဟုတ်ဘူးလား? လတ်တလောထိ ကျွန်တော်မြင်ပြီးသမျှထဲမှာတော့ ချန်ပီယံအဖြစ်အခြားအသင်းကို သဘောကျလာတယ်။ အီတလီပေါ့။ ပြင်သစ်ကိုလည်း ချန်ပီယံဖြစ်မယ်လို့ ကျွန်တော်ခန့်မှန်းခဲ့သေးတယ်။ ဒါပေမယ့် သူတို့ကစားပုံက အခုထိ ကျွန်တော့်ကို ချန်ပီယံဖြစ်မယ့်အသင်းလို့ လက်မခံစေဘူး။ အဲ့တော့ ကျွန်တော်လည်းနည်းနည်းပြောင်းပြီး ခန့်မှန်းရတော့မယ်” လို့ Voetbal Primeur နဲ့ အင်တာဗျူးတဲ့အချိန်မှာ ပြောသွားခဲ့ပါတယ်။

သေမင်းအုပ်စုရဲ့ ပထမနေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ ပြင်သစ်အသင်းဟာ သူတို့ရဲ့ ခြေစွမ်းကို အားရစရာအနေအထားတစ်ခုအထိ ထုတ်မပြနိုင်သေးပဲ အုပ်စုပွဲစဉ် (၂) မှာလည်း ဟန်ဂေရီကို စိတ်ပျက်ဖွယ် နောက်က လိုက်ကစားခဲ့ရပြီး တစ်ဂိုးစီသရေကျခဲ့ပါသေးတယ်။

ပြင်သစ်အသင်းကတော့ (၁၆)သင်း ရှုံးထွက်အဆင့်မှာ ဆွစ်ဇာလန်အသင်းနှင့် တွေ့ဆုံနေပြီး ရှုံးထွက်အဆင့်လမ်းကြောင်းအရ ဆီမီးဖိုင်နယ်မှာ အီတလီနှင့်ပြင်သစ်အသင်းတို့ တွေ့ဆုံဖို့ ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေတာပါ။

ရှနိုက်ဒါကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်မယ်လို့ အခိုင်အမာပြောခဲ့သူဖြစ်ပြီး မန်စီးတီးချန်ပီယံဖြစ်မယ်လို့ လူအများစုထင်မြင်ခဲ့ကြချိန်ဖြစ်တဲ့အတွက် ပွဲမကန်ခင်ထိ ဝေဖန်သံတွေ ညံသွားခဲ့ပါသေးတယ်။

ပွဲပြီးတော့မှ သူ့ရဲ့ မှန်းဆချက် တိကျမှန်ကန်ခဲ့ပြီး ချယ်လ်ဆီးပရိတ်သတ်တွေရဲ့ အချစ်ကိုပါ ရယူနိုင်ခဲ့ပြီး ယခု ယူရိုပြိုင်ပွဲကြီးမှာကော အီတလီအသင်း ဗိုလ်စွဲမယ်ဆိုတဲ့ရှနိုက်ဒါရဲ့ခန့်မှန်းချက် ထပ်မှန်ကန်နိုင် မလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်စရာ ကောင်းနေပါကြောင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: