International Match Report

အင်အားကြီး နယ်သာလန်ကို ပိုင်ပိုင်နိုင်နိုင် အလဲထိုးပြီး ကွာတားတက်သွားတဲ့ ချက်

နယ်သာလန်အသင်းအနေနဲ့ အားလုံးရဲ့ တစ်ပေးမှုတွေမှာ ရေပန်းစားခဲ့ပြီး သာလွန်အင်အားနဲ့ ပွဲစကတည်းက ဖိကစားနိုင်ခဲ့ပေမယ့် ဆိုးရွားတဲ့ ကံကြမ္မာအလှည့်အပြောင်းကို ဒုတိယပိုင်းမှာ ခံစားခဲ့ရပြီး ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုနဲ့ လမိုင်းမကပ်ဘဲ ယူရို ၂၀၂၀ ရဲ့ နောက်ဆုံး ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ပွဲစကတည်းက ဒီပိုင်းနဲ့ မာလန်တို့ရဲ့ ဘယ်ခြမ်းအင်အားနဲ့ လှုပ်ကစားခဲ့ပြီး မာလန်ဖြတ်တင်ပေးတာမှာ အနည်းငယ်လွဲချော်မှုလေးကြောင့် ညာနောက်ခံလူ ဒမ်းဖရီးစ် ပိတ်သွင်းနိုင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို နယ်သာလန်ရဲ့ တိုက်စစ်ကို ချက်တို့ ထိန်းချုပ်ဖို့ ခက်ခဲနေခဲ့ပြီး ဂိုးဧရိယာထဲကနေ ပိတ်ဆို့ ရှင်းထုတ်မှုတွေနဲ့ပဲ ခုခံကာကွယ်နေခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းတဝက်လောက်ကို ရောက်ချိန်မှာတော့ ချက်တိုက်စစ်က အနည်းငယ်ပြန်လှုပ်လာခဲ့ပြီး သူတို့ရဲ့ ဂိုးသွင်းဘုရင် ပက်ထရစ် ရှစ်ခ်ရဲ့ ကန်ချက်အချို့ကို တွေ့မြင်ခဲ့ရပေမယ့် ဂိုးသမား စတက်ကီလန်ဘတ်အတွက်တော့ ရင်ခုန်စရာမဟုတ်ခဲ့သလို မာဆိုပွတ်စ် ခင်းပေးတာကိုလည်း ဘားရက်က အနီးကပ်အနေအထားကနေ ထောင်ကန်သွားခဲ့တာပါ။

ဒီပိုင်းနဲ့ ဗိုင်နယ်လ်ဒွမ်တို့ရဲ့ တိုက်စစ်တွေကို ချက်နောက်တန်းက ပိတ်ဆို့ကာကွယ်သွားခဲ့သလို ဒမ်းဖရီးစ်ရဲ့ ညာခြမ်းက ထိုးဖောက်မှုတွေကိုလည်း ဂိုးသမား ဗားကလစ် အမှားအယွင်းမရှိ လက်စွမ်းပြနေခဲ့လို့ ပထမပိုင်းမှာ နယ်သာလန်တို့ ဖိကစားခဲ့ပေမယ့်လည်း ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်မှာ မာလန်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်ထွက်မှုကို ဗားကလစ်ကပဲ ခြေထောက်ထဲကနေ လက်နဲ့ဆွဲဖမ်းလုယူသွားခဲ့လို့ နယ်သာလန်ရဲ့ အခွင့်အရေးကောင်း ဆုံးရှုံးခဲ့ရသလို ဂိုးဖြစ်နိုင်တဲ့ အခွင့်အရေးမှာ အထိန်းအသိမ်းနဲ့ ခြေနုတ်ခြေသိမ်း လိုအပ်နေသေးတဲ့ ပီအက်စ်ဗီတိုက်စစ်မှူးကတော့ လိုအပ်ချက်တွေ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ချက်နောက်တန်းက ကန်တင်လိုက်တဲ့ ဘောလုံးကို နောက်ခံလူ ဒီလစ်ချ် ရှင်းထုတ်ရမယ့်အစား ထိန်းသိမ်းဖို့ ကြိုးစားချိန်မှာ လွဲချော်ခဲ့တာကနေ ရုပ်ပျက်ဆင်းပျက်နဲ့ လိုက်လံရယူရင်း လက်နဲ့ထိမိခဲ့တာကြောင့် ကနဉီးအနေနဲ့ အဝါကတ်ထိခဲ့သလို VAR ပြန်ကြည့်ရာမှာတော့ ဒိုင်လူကြီး ဆာဂေး ကာရာဆက်ဗ်က Last Defender အမှားအဖြစ် အနီကတ်နဲ့ ထုတ်ပယ်သွားခဲ့ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အိုင်းယက်စ်အသင်းကို ဦးဆောင်ခဲ့ရသလို Golden Boy ဆုကို ရခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကို ပြောင်းခဲ့ချိန်မှာ အရင်လောက် မတည်ငြိမ်သလိုဖြစ်နေတဲ့ ဒီလစ်ချ်ကတော့ ဖိအားဒဏ်တွေကို ဒီထက်ပိုခံနိုင်ရည်ရှိဖို့ လိုအပ်နေတာလည်းဖြစ်ပြီး အသင်းကို ၁၀ ယောက်နဲ့ ကစားစေဖို့ အနေအထားကို တွန်းပို့မိခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပွဲရဲ့ ချိန်ခွင်လျှာက ချက်တွေဘက်ကို ရောက်သွားခဲ့ပြီး ဆက်တိုက်နီးပါး တိုက်စစ်ဆင်လာခဲ့သလို 4 Back နဲ့ ဆက်ကစားပြီး ခံစစ်ပိုင်းကို အစားမထိုးဘဲ အရဲကိုးခဲ့တဲ့ နည်းပြ ဖရန့် ဒီဘိုးရဲ့ ဆုံးဖြတ်ချက်ကတော့ နယ်သာလန်တို့အတွက် ပေးဆပ်မှု ကြီးမားစေခဲ့သလို တစ်ပွဲလုံးမှာလည်း ဂိုးပေါက် တစ်ကြိမ်မှ မတည့်တဲ့အထိ ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၆၈ မိနစ်မှာ ညာခြမ်းကနေ ကန်တင်ပေးတဲ့ ဘားရက်ရဲ့ ထောင့်ကန်ဘောကို နောက်ခံလူ ကာလတ်စ်က ခေါင်းတိုက်ချပေးတာကနေ ကွင်းလယ်လူ ဟိုးလက်ရှ်က နယ်သာလန်နောက်ခံလူတွေကြားထဲကနေ အနီးကပ်ခေါင်းတိုက်သွင်းယူသွားခဲ့လို့ ချက်တို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ နယ်သာလန်နောက်တန်းက ရှင်းထုတ်တဲ့ ဘောလုံးကို ဗိုင်နယ်လ်ဒွမ် ရယူဖို့ နောက်ကျနေတာကနေ ခြေစွမ်းပြနေတဲ့ ဟိုးလက်ရှ်ကပဲ ဖြတ်တောက်ရယူသွားခဲ့ပြီး ဂိုးဧရိယာအစပ် ဘယ်ခြမ်းကနေ ချိုးပေးတာကို တိုက်စစ်မှူး ရှစ်ခ်က တစ်ချက်ထိ ပိတ်သွင်းယူပြီး ချက်တို့အတွက် ဒုတိယဂိုးနဲ့ အနိုင်ပြတ်သားသွားစေခဲ့ပါတယ်။

နယ်သာလန်တို့ လူစားလဲမှုတွေ ပြုလုပ်ပြီး ဂိုးထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် ပင်ပန်းနေပြီဖြစ်တဲ့ အသင်းရဲ့ ကစားပုံက ထူးထူးခြားခြား တိုးတက်မလာတော့တာကြောင့် ချက်တို့ကတောင်မှ ထပ်မံတိုက်စစ်ဆင်နိုင်ခဲ့ပြီး နာကျင်အချိန်ပို ၇ မိနစ်အပြီးမှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ချက်တို့ကတော့ ၁၉၉၆ ခုနှစ်က ချက်အသင်းလိုမျိုး အားလုံးထင်မှတ်မထားတဲ့ ပုံစံနဲ့ နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက် သွားနိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပြီး လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာတော့ အဲရစ်ဆန်အတွက် ပေါက်ကွဲပြနေတဲ့ ဒိန်းမတ်အသင်းနဲ့ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့မှာ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယ္သာလန္အသင္းအေနနဲ႔ အားလုံးရဲ႕ တစ္ေပးမႈေတြမွာ ေရပန္းစားခဲ့ၿပီး သာလြန္အင္အားနဲ႔ ပြဲစကတည္းက ဖိကစားႏိုင္ခဲ့ေပမယ့္ ဆိုး႐ြားတဲ့ ကံၾကမၼာအလွည့္အေျပာင္းကို ဒုတိယပိုင္းမွာ ခံစားခဲ့ရၿပီး ၿပိဳင္ပြဲႀကီးေတြမွာ ေအာင္ျမင္မႈနဲ႔ လမိုင္းမကပ္ဘဲ ယူ႐ို ၂၀၂၀ ရဲ႕ ေနာက္ဆုံး ၁၆ သင္းအဆင့္ကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။

ပြဲစကတည္းက ဒီပိုင္းနဲ႔ မာလန္တို႔ရဲ႕ ဘယ္ျခမ္းအင္အားနဲ႔ လႈပ္ကစားခဲ့ၿပီး မာလန္ျဖတ္တင္ေပးတာမွာ အနည္းငယ္လြဲေခ်ာ္မႈေလးေၾကာင့္ ညာေနာက္ခံလူ ဒမ္းဖရီးစ္ ပိတ္သြင္းႏိုင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရသလို နယ္သာလန္ရဲ႕ တိုက္စစ္ကို ခ်က္တို႔ ထိန္းခ်ဳပ္ဖို႔ ခက္ခဲေနခဲ့ၿပီး ဂိုးဧရိယာထဲကေန ပိတ္ဆို႔ ရွင္းထုတ္မႈေတြနဲ႔ပဲ ခုခံကာကြယ္ေနခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းတဝက္ေလာက္ကို ေရာက္ခ်ိန္မွာေတာ့ ခ်က္တိုက္စစ္က အနည္းငယ္ျပန္လႈပ္လာခဲ့ၿပီး သူတို႔ရဲ႕ ဂိုးသြင္းဘုရင္ ပက္ထရစ္ ရွစ္ခ္ရဲ႕ ကန္ခ်က္အခ်ိဳ႕ကို ေတြ႕ျမင္ခဲ့ရေပမယ့္ ဂိုးသမား စတက္ကီလန္ဘတ္အတြက္ေတာ့ ရင္ခုန္စရာမဟုတ္ခဲ့သလို မာဆိုပြတ္စ္ ခင္းေပးတာကိုလည္း ဘားရက္က အနီးကပ္အေနအထားကေန ေထာင္ကန္သြားခဲ့တာပါ။

ဒီပိုင္းနဲ႔ ဗိုင္နယ္လ္ဒြမ္တို႔ရဲ႕ တိုက္စစ္ေတြကို ခ်က္ေနာက္တန္းက ပိတ္ဆို႔ကာကြယ္သြားခဲ့သလို ဒမ္းဖရီးစ္ရဲ႕ ညာျခမ္းက ထိုးေဖာက္မႈေတြကိုလည္း ဂိုးသမား ဗားကလစ္ အမွားအယြင္းမရွိ လက္စြမ္းျပေနခဲ့လို႔ ပထမပိုင္းမွာ နယ္သာလန္တို႔ ဖိကစားခဲ့ေပမယ့္လည္း ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၁ မိနစ္မွာ မာလန္ရဲ႕ တစ္ကိုယ္ေတာ္ထိုးေဖာက္ထြက္မႈကို ဗားကလစ္ကပဲ ေျခေထာက္ထဲကေန လက္နဲ႔ဆြဲဖမ္းလုယူသြားခဲ့လို႔ နယ္သာလန္ရဲ႕ အခြင့္အေရးေကာင္း ဆုံးရႈံးခဲ့ရသလို ဂိုးျဖစ္ႏိုင္တဲ့ အခြင့္အေရးမွာ အထိန္းအသိမ္းနဲ႔ ေျခႏုတ္ေျခသိမ္း လိုအပ္ေနေသးတဲ့ ပီအက္စ္ဗီတိုက္စစ္မႉးကေတာ့ လိုအပ္ခ်က္ေတြ ရွိေနခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ခ်က္ေနာက္တန္းက ကန္တင္လိုက္တဲ့ ေဘာလုံးကို ေနာက္ခံလူ ဒီလစ္ခ်္ ရွင္းထုတ္ရမယ့္အစား ထိန္းသိမ္းဖို႔ ႀကိဳးစားခ်ိန္မွာ လြဲေခ်ာ္ခဲ့တာကေန ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ လိုက္လံရယူရင္း လက္နဲ႔ထိမိခဲ့တာေၾကာင့္ ကနဉီးအေနနဲ႔ အဝါကတ္ထိခဲ့သလို VAR ျပန္ၾကည့္ရာမွာေတာ့ ဒိုင္လူႀကီး ဆာေဂး ကာရာဆက္ဗ္က Last Defender အမွားအျဖစ္ အနီကတ္နဲ႔ ထုတ္ပယ္သြားခဲ့ပါတယ္။

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိုင္းယက္စ္အသင္းကို ဦးေဆာင္ခဲ့ရသလို Golden Boy ဆုကို ရခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းခဲ့ခ်ိန္မွာ အရင္ေလာက္ မတည္ၿငိမ္သလိုျဖစ္ေနတဲ့ ဒီလစ္ခ်္ကေတာ့ ဖိအားဒဏ္ေတြကို ဒီထက္ပိုခံႏိုင္ရည္ရွိဖို႔ လိုအပ္ေနတာလည္းျဖစ္ၿပီး အသင္းကို ၁၀ ေယာက္နဲ႔ ကစားေစဖို႔ အေနအထားကို တြန္းပို႔မိခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ပြဲရဲ႕ ခ်ိန္ခြင္လွ်ာက ခ်က္ေတြဘက္ကို ေရာက္သြားခဲ့ၿပီး ဆက္တိုက္နီးပါး တိုက္စစ္ဆင္လာခဲ့သလို 4 Back နဲ႔ ဆက္ကစားၿပီး ခံစစ္ပိုင္းကို အစားမထိုးဘဲ အရဲကိုးခဲ့တဲ့ နည္းျပ ဖရန႔္ ဒီဘိုးရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ နယ္သာလန္တို႔အတြက္ ေပးဆပ္မႈ ႀကီးမားေစခဲ့သလို တစ္ပြဲလုံးမွာလည္း ဂိုးေပါက္ တစ္ႀကိမ္မွ မတည့္တဲ့အထိ ျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာ ညာျခမ္းကေန ကန္တင္ေပးတဲ့ ဘားရက္ရဲ႕ ေထာင့္ကန္ေဘာကို ေနာက္ခံလူ ကာလတ္စ္က ေခါင္းတိုက္ခ်ေပးတာကေန ကြင္းလယ္လူ ဟိုးလက္ရွ္က နယ္သာလန္ေနာက္ခံလူေတြၾကားထဲကေန အနီးကပ္ေခါင္းတိုက္သြင္းယူသြားခဲ့လို႔ ခ်က္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ နယ္သာလန္ေနာက္တန္းက ရွင္းထုတ္တဲ့ ေဘာလုံးကို ဗိုင္နယ္လ္ဒြမ္ ရယူဖို႔ ေနာက္က်ေနတာကေန ေျခစြမ္းျပေနတဲ့ ဟိုးလက္ရွ္ကပဲ ျဖတ္ေတာက္ရယူသြားခဲ့ၿပီး ဂိုးဧရိယာအစပ္ ဘယ္ျခမ္းကေန ခ်ိဳးေပးတာကို တိုက္စစ္မႉး ရွစ္ခ္က တစ္ခ်က္ထိ ပိတ္သြင္းယူၿပီး ခ်က္တို႔အတြက္ ဒုတိယဂိုးနဲ႔ အႏိုင္ျပတ္သားသြားေစခဲ့ပါတယ္။

နယ္သာလန္တို႔ လူစားလဲမႈေတြ ျပဳလုပ္ၿပီး ဂိုးထပ္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပင္ပန္းေနၿပီျဖစ္တဲ့ အသင္းရဲ႕ ကစားပုံက ထူးထူးျခားျခား တိုးတက္မလာေတာ့တာေၾကာင့္ ခ်က္တို႔ကေတာင္မွ ထပ္မံတိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး နာက်င္အခ်ိန္ပို ၇ မိနစ္အၿပီးမွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ ခ်က္တို႔ကေတာ့ ၁၉၉၆ ခုႏွစ္က ခ်က္အသင္းလိုမ်ိဳး အားလုံးထင္မွတ္မထားတဲ့ ပုံစံနဲ႔ ေနာက္ဆုံးဗိုလ္လုပြဲအထိ တက္ေရာက္ သြားႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနၿပီး လာမယ့္ ဇူလိုင္လ ၃ ရက္ေန႔မွာေတာ့ အဲရစ္ဆန္အတြက္ ေပါက္ကြဲျပေနတဲ့ ဒိန္းမတ္အသင္းနဲ႔ အဇာဘိုင္ဂ်န္ႏိုင္ငံ ဘာကူးၿမိဳ႕မွာ ယွဥ္ၿပိဳင္ကစားရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.