Analysis Article International

ဆင်းရဲဇာတာပါတဲ့ အဇူရီ အီတလီ 2-1 ဩစတြီးယား ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

ဝင်ဘလီမှာ ပြောသလောက် မကောင်းခဲ့တဲ့ အီတလီ
အုပ်စု(A) ပွဲစဉ်တွေ ကျင်းပရာ ရောမမြေကနေ ထွက်ခွာလာခဲ့တဲ့ အီတလီတို့ကတော့ ရှုံးထွက်ပွဲတွေ ကစားမယ့် တခြားနိုင်ငံတွေဆီ ခရီးနှင်ချိန်မှာပဲ ဝေဖန်စရာတွေ ဖြစ်လာခဲ့တာပါ။ အင်္ဂလန်မြေမှာ ကစားတဲ့ ပထမဆုံးပွဲမှာ အပြောင်းအလဲလုပ်ထားတဲ့ ကွင်းလယ်အထိုင်နဲ့ ထင်သလောက် မထက်မြက်တော့တဲ့ တောင်ပံတိုက်စစ်တွေက သူတို့ကို ရုန်းကန်ရစေပါတယ်။ အုပ်စုပွဲတွေမှာ ခြေစွမ်းပြတဲ့ ဘယ်ရာဒီ အလုပ်မဖြစ်ချိန်မှာ ခီယေဆာနဲ့ ပက်ဆီနာတို့က ဩစတြီးယားဘက်ကို ဂိုးရှာဖွေတတ်ခဲ့လို့သာ ရင်အေးခဲ့ရတာပါ။

ဗာရက်တီလား… လိုကာတယ်လီလား…
ကွင်းလယ်မှာ အကောင်သေးတဲ့ ဗာရက်တီရဲ့ Passing Range က ကောင်းမွန်ပေမယ့် အသင်းဖော်တွေနဲ့ စိမ်းသလိုဖြစ်နေတုန်းပါ။ ဘာဖြစ်လို့ လိုကာတယ်လီကို မီးထိုးပေးရမယ့်အစား အရှိန်သတ်ပြီး နှစ်ပွဲဆက်တိုက် လိုင်းနပ်အောက်ပစ်ခဲ့တာလဲဆိုတာကတော့ နည်းပြ မန်ချီနီကို မေးခွန်းထုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူတို့တွေရဲ့ မတည်ငြိမ်မှုက ရှေ့တန်းတွေကို ထိခိုက်စေခဲ့သလို အရန်အစီအစဉ် Plan B တချို့ အလုပ်ဖြစ်ခဲ့လို့သာ နောက်တစ်ဆင့် တက်ခဲ့တာဖြစ်ပြီး လာမယ့် မြူးနစ်က ပွဲမှာတော့ ဘယ်လ်ဂျီယမ်(သို့မဟုတ်)ပေါ်တူဂီတို့ကို အတတ်ကြူးမိရင် အရူးဖြစ်သွားပါလိမ့်မယ်။

၃၁ ပွဲ ရှုံးပွဲမရှိစံချိန်နဲ့ မန်ချီနီရဲ့ အီတလီ
ဩစတြီးယားကို ၁၆ သင်းအဆင့်မှာ ကျော်ဖြတ်နိုင်ခဲ့တာက သူတို့အသင်းကို ၃၁ ပွဲဆက်တိုက် ရှုံးပွဲမရှိဖြစ်စေခဲ့တာပါ။ ဒါဟာ သူတို့ရဲ့ ၈၂ နှစ်တာ အတွင်း စံချိန်သစ်ကို တင်ရှိနိုင်ခဲ့တာဖြစ်ပြီး ၁၉၃၅ နဲ့ ၁၉၃၉ အတွင်းက စံချိန်ဟောင်းမှာတော့ မိုးပြာရောင်တွေအနေနဲ့ ကမ္ဘာ့ဖလားနဲ့ အိုလံပစ်ရွှေဆုတွေ ရယူနိုင်ခဲ့ချိန်မှာ မန်ချီနီတစ်ယောက် လက်ရှိအသင်းကို နောက်ဆုံးဗိုလ်လုပွဲဆီ ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်ဖို့ ခေါ်ဆောင်သွားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အဖေဒီလို သားဒီလိုဆိုတဲ့ ခီယေဆာမိသားစုရဲ့ ဂုဏ်ယူစရာ
ယူရို ၉၆ တုန်းက အင်္ဂလန်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ဆမ်ဒိုးရီးယားတိုက်စစ်မှူး အန်ရီကို ခီယေဆာဟာ အီတလီအသင်းအတွက် သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို ရရှိခဲ့ပြီး ၂၅ နှစ်အကြာမှာ သားဖြစ်သူ ဂျူဗင်တပ်စ်တောင်ပံကစားသမား ဖက်ဒါရီကိုက သူ့ရဲ့ ပထမဆုံးဂိုးကို ဒီရေဒီမြေမှာပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဖခင်ရော သားပါ ဂိုးရဖူးတဲ့ ပထမဆုံးစံချိန်ဖြစ်လာခဲ့ပါတယ်။ တစ်ခုကွာတာကတော့ ဖခင်ဖြစ်သူက အန်းဖီးလ်ကွင်းမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး သားဖြစ်သူကတော့ ဝင်ဘလီမှာ ရရှိခဲ့တာပါ။

လန်ဒန်ပြန်လာတဲ့ မာကိုတစ်ယောက် ကံမကောင်းခဲ့တဲ့ပွဲ
ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ရေစက်ဖြတ်ပြီး ရှန်ဟိုင်းဆိပ်ကမ်းတစ်ဖြစ်လဲ SIPG အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဩစတြီးယား တိုက်စစ်မှူး မာကို အာနော်တိုဗစ်တစ်ယောက် ဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒီနေ့ ကံမကောင်းတဲ့ တွတ်ပီပဲ ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၂ မိနစ်မှာ အဝါထိခဲ့ပြီး ၆၅ မိနစ်မှာ သွင်းယူတဲ့ ဂိုးကို VAR နဲ့ ပယ်ဖျက်ခံခဲ့ရတဲ့ မာကိုတစ်ယောက် ပွဲချိန်အတွင်းမှာ အီတလီကို အနိုင်ယူပြီး အံ့ဩစရာတွေ လုပ်ပြနိုင်ခွင့်နဲ့ လွဲချော်ခဲ့ရတာပါ။

ဂိုးပေးရပေမယ့် ပြုံးပျော်နိုင်ဆဲ အီတလီ
သူတို့ရဲ့ ယူရိုပြိုင်ပွဲခံစစ်မှတ်တမ်းက ၄ ပွဲမြောက် ရှုံးထွက်အဆင့်မှာ ကျိုးပျက်ခဲ့ရပေမယ့် ဖျက်ထုတ်မှုကောင်းတွေနဲ့တော့ ခံစစ်စွမ်းရည်ကို ပြသခဲ့တာဖြစ်ပါတယ်။ အချိန်ပို ၁၁၄ မိနစ်မှာ ကျဆင်းလာတဲ့ ပွဲပန်းမှုကြောင့်လို့ ကာကွယ်နိုင်ပြီး ပွဲချိန်အတွင်းမှာ ဂိုးမပေးရတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ဆဲဖြစ်သလို Open Play က မဟုတ်ဘဲ တည်ကန်ဘောကနေပဲ ခွင့်ပြုထားရတာလို့လည်း ဆိုနိုင်ပါသေးတယ်။ ဒါပေမယ့် မှတ်တမ်းကတော့ ၁၁၆၈ မိနစ်အကြာမှာ ရပ်တန့်ခဲ့ရတာပါ။

ဆင်းရဲဇာတာပါတဲ့ အဇူရီ
ဆင်းရဲဇာတာပါတယ်ဆိုတဲ့ ဘယ်လိုအဆင့်မြင့်မြင့် ပင်ပင်ပန်းပန်း လုပ်ရတတ်တာကို ဥပမာပေးတဲ့ စကားကို ကြားဖူးမှာပါ။ အီတလီတွေလည်း ဒီလိုပါပဲ၊ ချန်ပီယံအသင်းကြီးအဖြစ် ဂုဏ်ဆာထားနိုင်ခဲ့ပေမယ့် ရှုံးထွက်နဲ့ နောက်ပိုင်းအဆင့်တွေကို ရောက်တိုင်း အချိန်ပိုအထိ ရုန်းကန်ရတတ်တာက အစဉ်အလာလို ဖြစ်နေခဲ့သလို နောက်ဆုံး ၉ ပွဲမှာ ၆ ပွဲအထိက အချိန်ပို ကစားထားခဲ့ရတာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝင္ဘလီမွာ ေျပာသေလာက္ မေကာင္းခဲ့တဲ့ အီတလီ
အုပ္စု(A) ပြဲစဥ္ေတြ က်င္းပရာ ေရာမေျမကေန ထြက္ခြာလာခဲ့တဲ့ အီတလီတို႔ကေတာ့ ရႈံးထြက္ပြဲေတြ ကစားမယ့္ တျခားႏိုင္ငံေတြဆီ ခရီးႏွင္ခ်ိန္မွာပဲ ေဝဖန္စရာေတြ ျဖစ္လာခဲ့တာပါ။ အဂၤလန္ေျမမွာ ကစားတဲ့ ပထမဆုံးပြဲမွာ အေျပာင္းအလဲလုပ္ထားတဲ့ ကြင္းလယ္အထိုင္နဲ႔ ထင္သေလာက္ မထက္ျမက္ေတာ့တဲ့ ေတာင္ပံတိုက္စစ္ေတြက သူတို႔ကို ႐ုန္းကန္ရေစပါတယ္။ အုပ္စုပြဲေတြမွာ ေျခစြမ္းျပတဲ့ ဘယ္ရာဒီ အလုပ္မျဖစ္ခ်ိန္မွာ ခီေယဆာနဲ႔ ပက္ဆီနာတို႔က ဩစႀတီးယားဘက္ကို ဂိုးရွာေဖြတတ္ခဲ့လို႔သာ ရင္ေအးခဲ့ရတာပါ။

ဗာရက္တီလား… လိုကာတယ္လီလား…
ကြင္းလယ္မွာ အေကာင္ေသးတဲ့ ဗာရက္တီရဲ႕ Passing Range က ေကာင္းမြန္ေပမယ့္ အသင္းေဖာ္ေတြနဲ႔ စိမ္းသလိုျဖစ္ေနတုန္းပါ။ ဘာျဖစ္လို႔ လိုကာတယ္လီကို မီးထိုးေပးရမယ့္အစား အရွိန္သတ္ၿပီး ႏွစ္ပြဲဆက္တိုက္ လိုင္းနပ္ေအာက္ပစ္ခဲ့တာလဲဆိုတာကေတာ့ နည္းျပ မန္ခ်ီနီကို ေမးခြန္းထုတ္ဖို႔ ျဖစ္လာခဲ့ပါတယ္။ သူတို႔ေတြရဲ႕ မတည္ၿငိမ္မႈက ေရွ႕တန္းေတြကို ထိခိုက္ေစခဲ့သလို အရန္အစီအစဥ္ Plan B တခ်ိဳ႕ အလုပ္ျဖစ္ခဲ့လို႔သာ ေနာက္တစ္ဆင့္ တက္ခဲ့တာျဖစ္ၿပီး လာမယ့္ ျမဴးနစ္က ပြဲမွာေတာ့ ဘယ္လ္ဂ်ီယမ္(သို႔မဟုတ္)ေပၚတူဂီတို႔ကို အတတ္ၾကဴးမိရင္ အ႐ူးျဖစ္သြားပါလိမ့္မယ္။

၃၁ ပြဲ ရႈံးပြဲမရွိစံခ်ိန္နဲ႔ မန္ခ်ီနီရဲ႕ အီတလီ
ဩစႀတီးယားကို ၁၆ သင္းအဆင့္မွာ ေက်ာ္ျဖတ္ႏိုင္ခဲ့တာက သူတို႔အသင္းကို ၃၁ ပြဲဆက္တိုက္ ရႈံးပြဲမရွိျဖစ္ေစခဲ့တာပါ။ ဒါဟာ သူတို႔ရဲ႕ ၈၂ ႏွစ္တာ အတြင္း စံခ်ိန္သစ္ကို တင္ရွိႏိုင္ခဲ့တာျဖစ္ၿပီး ၁၉၃၅ နဲ႔ ၁၉၃၉ အတြင္းက စံခ်ိန္ေဟာင္းမွာေတာ့ မိုးျပာေရာင္ေတြအေနနဲ႔ ကမာၻ႔ဖလားနဲ႔ အိုလံပစ္ေ႐ႊဆုေတြ ရယူႏိုင္ခဲ့ခ်ိန္မွာ မန္ခ်ီနီတစ္ေယာက္ လက္ရွိအသင္းကို ေနာက္ဆုံးဗိုလ္လုပြဲဆီ ရႈံးပြဲမရွိဘဲ ခ်န္ပီယံျဖစ္ဖို႔ ေခၚေဆာင္သြားႏိုင္မလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

အေဖဒီလို သားဒီလိုဆိုတဲ့ ခီေယဆာမိသားစုရဲ႕ ဂုဏ္ယူစရာ
ယူ႐ို ၉၆ တုန္းက အဂၤလန္မွာ က်င္းပခဲ့တဲ့ ၿပိဳင္ပြဲမွာ ဆမ္ဒိုးရီးယားတိုက္စစ္မႉး အန္ရီကို ခီေယဆာဟာ အီတလီအသင္းအတြက္ သူ႔ရဲ႕ ပထမဆုံး သြင္းဂိုးကို ရရွိခဲ့ၿပီး ၂၅ ႏွစ္အၾကာမွာ သားျဖစ္သူ ဂ်ဴဗင္တပ္စ္ေတာင္ပံကစားသမား ဖက္ဒါရီကိုက သူ႔ရဲ႕ ပထမဆုံးဂိုးကို ဒီေရဒီေျမမွာပဲ သြင္းယူႏိုင္ခဲ့တာ ျဖစ္ၿပီး ဖခင္ေရာ သားပါ ဂိုးရဖူးတဲ့ ပထမဆုံးစံခ်ိန္ျဖစ္လာခဲ့ပါတယ္။ တစ္ခုကြာတာကေတာ့ ဖခင္ျဖစ္သူက အန္းဖီးလ္ကြင္းမွာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး သားျဖစ္သူကေတာ့ ဝင္ဘလီမွာ ရရွိခဲ့တာပါ။

လန္ဒန္ျပန္လာတဲ့ မာကိုတစ္ေယာက္ ကံမေကာင္းခဲ့တဲ့ပြဲ
ဝက္စ္ဟမ္းယူႏိုက္တက္အသင္းနဲ႔ ေရစက္ျဖတ္ၿပီး ရွန္ဟိုင္းဆိပ္ကမ္းတစ္ျဖစ္လဲ SIPG အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဩစႀတီးယား တိုက္စစ္မႉး မာကို အာေနာ္တိုဗစ္တစ္ေယာက္ ဒီပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ဒီေန႔ ကံမေကာင္းတဲ့ တြတ္ပီပဲ ျဖစ္သြားခဲ့ပါတယ္။ ပြဲခ်ိန္ ၂ မိနစ္မွာ အဝါထိခဲ့ၿပီး ၆၅ မိနစ္မွာ သြင္းယူတဲ့ ဂိုးကို VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရတဲ့ မာကိုတစ္ေယာက္ ပြဲခ်ိန္အတြင္းမွာ အီတလီကို အႏိုင္ယူၿပီး အံ့ဩစရာေတြ လုပ္ျပႏိုင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။

ဂိုးေပးရေပမယ့္ ၿပဳံးေပ်ာ္ႏိုင္ဆဲ အီတလီ
သူတို႔ရဲ႕ ယူ႐ိုၿပိဳင္ပြဲခံစစ္မွတ္တမ္းက ၄ ပြဲေျမာက္ ရႈံးထြက္အဆင့္မွာ က်ိဳးပ်က္ခဲ့ရေပမယ့္ ဖ်က္ထုတ္မႈေကာင္းေတြနဲ႔ေတာ့ ခံစစ္စြမ္းရည္ကို ျပသခဲ့တာျဖစ္ပါတယ္။ အခ်ိန္ပို ၁၁၄ မိနစ္မွာ က်ဆင္းလာတဲ့ ပြဲပန္းမႈေၾကာင့္လို႔ ကာကြယ္ႏိုင္ၿပီး ပြဲခ်ိန္အတြင္းမွာ ဂိုးမေပးရတဲ့ စံခ်ိန္ကို ဆက္လက္ ထိန္းသိမ္းႏိုင္ဆဲျဖစ္သလို Open Play က မဟုတ္ဘဲ တည္ကန္ေဘာကေနပဲ ခြင့္ျပဳထားရတာလို႔လည္း ဆိုႏိုင္ပါေသးတယ္။ ဒါေပမယ့္ မွတ္တမ္းကေတာ့ ၁၁၆၈ မိနစ္အၾကာမွာ ရပ္တန႔္ခဲ့ရတာပါ။

ဆင္းရဲဇာတာပါတဲ့ အဇူရီ
ဆင္းရဲဇာတာပါတယ္ဆိုတဲ့ ဘယ္လိုအဆင့္ျမင့္ျမင့္ ပင္ပင္ပန္းပန္း လုပ္ရတတ္တာကို ဥပမာေပးတဲ့ စကားကို ၾကားဖူးမွာပါ။ အီတလီေတြလည္း ဒီလိုပါပဲ၊ ခ်န္ပီယံအသင္းႀကီးအျဖစ္ ဂုဏ္ဆာထားႏိုင္ခဲ့ေပမယ့္ ရႈံးထြက္နဲ႔ ေနာက္ပိုင္းအဆင့္ေတြကို ေရာက္တိုင္း အခ်ိန္ပိုအထိ ႐ုန္းကန္ရတတ္တာက အစဥ္အလာလို ျဖစ္ေနခဲ့သလို ေနာက္ဆုံး ၉ ပြဲမွာ ၆ ပြဲအထိက အခ်ိန္ပို ကစားထားခဲ့ရတာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.