Premier League

အိမ္မွာတင္ အမ်ဳိးသမီးနည္းျပသစ္တစ္ေယာက္ရရွိၿပီး ေလ့က်င့္ေနတဲ့ ဒူဘရက္ဗ္ကာ

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ လူေတြ အိမ္တြင္းေအာင္းၿပီး ေနထုိင္ေနရခ်ိန္မွာ ေဘာလုံးသမားေတြလည္း အိမ္ထဲမွာ ေနထိုင္ခဲ့ရေပမယ့္ သူတုိ႔ကေတာ့ ပြဲေတြနဲ႔ ၾကာရွည္မထိေတြ႕ရခ်ိန္မွာ စြမ္းေဆာင္ရည္က်ဆင္းမသြားဖို႔ ေလ့က်င့္ေနခဲ့ၾကရတာျဖစ္ၿပီး ဒီထဲမွာ နယူးကာဆယ္လ္ယူႏုိက္တက္ရဲ႕ ဂိုးသမား မာတင္ ဒူဘရက္ဗ္ကာလည္း တစ္ဦးအပါအဝင္ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ကာကြယ္မွဳအမ်ားဆုံးျပဳလုပ္ႏုိင္ခဲ့တဲ့ ဂိုးသမားအျဖစ္ လူသိမ်ားတဲ့ ဒူဘရက္ဗ္ကာဟာ မတ္လ ၁၁ ရက္ေန႔က ေနာက္ဆုံး ကစားခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲမွာ ဒူးဒဏ္ရာ ရရွိခဲ့တာေၾကာင့္ တစ္လနီးပါး အနားယူရႏုိင္ၿပီး အရန္ဂိုးသမား ကားလ္ ဒါလိုးကို ေနရာလႊဲေပးဖို႔ ရွိခဲ့ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပြဲေတြ ရပ္နားလုိက္ခ်ိန္မွာ သူ႕အတြက္ အခ်ိန္ရခဲ့ၿပီး ျပန္လည္သန္စြမ္းေရးေဆာင္ရြက္ေနတာလည္းျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အရြယ္ ဆလိုဗက္ဂိုးသမားအတြက္ေတာ့ ဂိုးနည္းျပက သူ႕အိမ္မွာတင္ အဆင္သင့္ရွိေနခဲ့ၿပီး ေဆးဝန္ထမ္းေတြ၊ နည္းျပေတြနဲ႔ ေဝးကြာေနတဲ့ သူ႕ကို အနီးကပ္ ေစာင့္ေရွာက္ကူညီေပးေနသူအျဖစ္ လူစီယာဆုိတဲ့ ခ်စ္သူက အေဖာ္ျပဳ ေလ့က်င့္ေပးေနခဲ့တာပါ။

“သိပ္မၾကာခင္မွာ သူက ကၽြန္ေတာ့္ကို ေဘာလုံးေတြ ပစ္ေပးၿပီး ဂိုးကန္သြင္းမွဳေတြနဲ႔ ပန္းၿခံထဲမွာ ေလ့က်င့္ေပးေတာ့မွာပါ”လို႔ အတူေနခ်စ္သူ လူစီယာရဲ႕ ပံ့ပုိးကူညီမွဳေတြကို ထုတ္ေဖာ္သြားခဲ့ၿပီး ျပန္လည္ႀကံ့ခိုင္ေရးေတြကို ေဆာင္ရြက္ခဲ့ခ်ိန္မွာ ပတ္တီးေတြနဲ႔ ႏွစ္ပတ္ေလာက္ေတာ့ ေနရခက္ခဲခဲ့တယ္လို႔လည္း ဆုိပါတယ္။

ဒူဘရက္ဗ္ကာက အသင္းနဲ႔အတူ ဒီရာသီကို အေကာင္းဆုံးပိတ္သိမ္းႏုိင္ဖို႔ ရည္ရြယ္ေနၿပီး အားလုံးအတြက္ ေဘးကင္းတဲ့ အခ်ိန္မွာ ျပန္လည္ကစားသြားဖို႔ ဆႏၵရွိေၾကာင္းနဲ႔ ဒီလိုျပန္လည္စတင္ႏုိင္ဖို႔ အခ်ိန္ယူရႏုိင္ၿပီး ကြင္းပိတ္ကစားျခင္းကေတာ့ အေကာင္းဆုံးျဖစ္မယ္ထင္ေၾကာင္းလည္း ဆုိခဲ့ၿပီး လက္ရွိမွာ အားလုံးအေနနဲ႔ အိမ္ေတြမွာ ေဘးကင္းစြာေနၾကဖို႔လည္း တုိက္တြန္းသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူတွေ အိမ်တွင်းအောင်းပြီး နေထိုင်နေရချိန်မှာ ဘောလုံးသမားတွေလည်း အိမ်ထဲမှာ နေထိုင်ခဲ့ရပေမယ့် သူတို့ကတော့ ပွဲတွေနဲ့ ကြာရှည်မထိတွေ့ရချိန်မှာ စွမ်းဆောင်ရည်ကျဆင်းမသွားဖို့ လေ့ကျင့်နေခဲ့ကြရတာဖြစ်ပြီး ဒီထဲမှာ နယူးကာဆယ်လ်ယူနိုက်တက် ဂိုးသမား မာတင် ဒူဘရက်ဗ်ကာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ကာကွယ်မှုအများဆုံးပြုလုပ်နိုင်ခဲ့တဲ့ ဂိုးသမားအဖြစ် လူသိများတဲ့ ဒူဘရက်ဗ်ကာဟာ မတ်လ ၁၁ ရက်နေ့က နောက်ဆုံး ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် တစ်လနီးပါး အနားယူရနိုင်ပြီး အရန်ဂိုးသမား ကားလ် ဒါလိုးကို နေရာလွှဲပေးဖို့ ရှိခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေ ရပ်နားလိုက်ချိန်မှာ သူ့အတွက် အချိန်ရခဲ့ပြီး ပြန်လည်သန်စွမ်းရေးဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဆလိုဗက်ဂိုးသမားအတွက်တော့ ဂိုးနည်းပြက သူ့အိမ်မှာတင် အဆင်သင့်ရှိနေခဲ့ပြီး ဆေးဝန်ထမ်းတွေ၊ နည်းပြတွေနဲ့ ဝေးကွာနေတဲ့ သူ့ကို အနီးကပ် စောင့်ရှောက်ကူညီပေးနေသူအဖြစ် လူစီယာဆိုတဲ့ ချစ်သူက အဖော်ပြု လေ့ကျင့်ပေးနေခဲ့တာပါ။

“သိပ်မကြာခင်မှာ သူက ကျွန်တော့်ကို ဘောလုံးတွေ ပစ်ပေးပြီး ဂိုးကန်သွင်းမှုတွေနဲ့ ပန်းခြံထဲမှာ လေ့ကျင့်ပေးတော့မှာပါ”လို့ အတူနေချစ်သူ လူစီယာရဲ့ ပံ့ပိုးကူညီမှုတွေကို ထုတ်ဖော်သွားခဲ့ပြီး ပြန်လည်ကြံ့ခိုင်ရေးတွေကို ဆောင်ရွက်ခဲ့ချိန်မှာ ပတ်တီးတွေနဲ့ နှစ်ပတ်လောက်တော့ နေရခက်ခဲခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒူဘရက်ဗ်ကာက အသင်းနဲ့အတူ ဒီရာသီကို အကောင်းဆုံးပိတ်သိမ်းနိုင်ဖို့ ရည်ရွယ်နေပြီး အားလုံးအတွက် ဘေးကင်းတဲ့ အချိန်မှာ ပြန်လည်ကစားသွားဖို့ ဆန္ဒရှိကြောင်းနဲ့ ဒီလိုပြန်လည်စတင်နိုင်ဖို့ အချိန်ယူရနိုင်ပြီး ကွင်းပိတ်ကစားခြင်းကတော့ အကောင်းဆုံးဖြစ်မယ်ထင်ကြောင်းလည်း ဆိုခဲ့ပြီး လက်ရှိမှာ အားလုံးအနေနဲ့ အိမ်တွေမှာ ဘေးကင်းစွာနေကြဖို့လည်း တိုက်တွန်းသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.