Premier League

အူဘာမီယန္းကို အာဆင္နယ္မွာ ဆက္မေနဘဲ အသင္းေျပာင္းဖို႔ ဂါဘြန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ တိုက္တြန္း

ဂါဘြန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ပ်ယ္-အလန္ မြန္ဂန္ဂ်ီက အာဆင္နယ္အသင္းမွာ တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ လိုအပ္တဲ့ ေအာင္ျမင္မွဳနဲ႔ ဂုဏ္သေရျမင့္မားမွဳေတြကို အရယူႏုိင္ပါ့မလားလို႔ ေမးခြန္းထုတ္လုိက္ၿပီး အသင္းကေန ထြက္ခြာၿပီး သူ႕ရဲ႕ကစားသမားဘဝအတြက္ ရည္မွန္းခ်က္ျမင့္မားတဲ့ အသင္းကိုသာ ရွာေဖြသင့္တယ္လို႔ တိုက္တြန္းလုိက္ပါတယ္။

အသက္ ၃၀ အရြယ္ ဂါဘြန္တုိက္စစ္မွဴးဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပခဲ့ၿပီး ပထမဆုံးရာသီျပည့္ၿပဳိင္ပြဲမွာ ၿပဳိင္ဘက္ လီဗာပူးလ္ရဲ႕ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးတုိ႔နဲ႔ ပူးတြဲေရႊဖိနပ္ဆုကို ရယူႏုိင္ခဲ့ၿပီး ဒီႏွစ္မွာလည္း သြင္းဂိုး ၁၇ ဂိုး ရယူထားခဲ့ေပမယ့္ အသင္းရဲ႕ အေနအထားကေတာ့ ဆုဖလားလမ္းေၾကာင္းေတြေပၚမွာ အက္ဖ္ေအဖလားကလြဲလို႔ မရွိခဲ့တာလည္းျဖစ္ပါတယ္။

ဂါဘြန္အက္ဖ္ေအဥကၠဌက အာဆင္နယ္အသင္းရဲ႕ ဆုဖလားရည္မွန္းခ်က္ေတြဟာ ဥေရာပအသင္းႀကီးေတြနဲ႔ ၿပဳိင္ဆုိင္လို႔ေတာ့ မရႏိုင္ဘူးလို႔ ေဝဖန္လုိက္ၿပီး သူတုိ႔ရဲ႕ တိုက္စစ္မွဴးအေနနဲ႔ ဒီအသင္းမွာ စာခ်ဳပ္သက္တမ္းတုိးဖို႔ လက္မွတ္ထုိးမယ့္အစား တျခားဥေရာပအသင္းႀကီးေတြဆီမွာပဲ ထိုးသင့္တယ္လုိ႔လည္း ဆုိလုိက္ပါတယ္။

“အာဆင္နယ္ဟာ ရည္မွန္းခ်က္မရွိတဲ့အသင္းလုိ႔ေတာ့ ေျပာတာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဥေရာပအသင္းႀကီးေတြနဲ႔ ယွဥ္လုိက္ရင္ေတာ့ သူတုိ႔ေတြရဲ႕ ရည္မွန္းခ်က္ေတြကို မမီတာေတာ့ အမွန္ပါပဲ… ဒါေၾကာင့္ အူဘာမီယန္းအေနနဲ႔ သူ႕ရဲ႕ လက္မွတ္ကို ထုိးဖို႔ဆိုရင္ ပုိေကာင္းတဲ့ ေနရာသစ္တစ္ခုကို ရွာမွ ျဖစ္ေတာ့မွာပါ”လို႔ မြန္ဂန္ဂ်ီက ေဝဖန္သြားခဲ့ပါတယ္။

မြန္ဂန္ဂ်ီက သူ႕အတြက္ေတာ့ အူဘာမီယန္းဟာ ကမာၻ႕အေကာင္းဆုံးတုိက္စစ္မွဴးတစ္ေယာက္ျဖစ္ၿပီး ဒီရာသီလက္က်န္ပြဲေတြကိုေတာ့ အေကာင္းဆုံးဆက္ကစားဖို႔ လိုေၾကာင္း၊ ဒါမွလည္း သူ႕အတြက္ မွတ္တမ္းေကာင္းနဲ႔အတူ အသင္းေကာင္းတစ္သင္းကို ေျပာင္းေရႊ႕ႏိုင္မွာျဖစ္ေၾကာင္းဆုိခဲ့ၿပီး ဒီထက္ျမင့္မားတဲ့ ရည္မွန္းခ်က္ေတြကို ထားရွိတဲ့ အသင္းမ်ဳိးဆီကို ေျပာင္းေရႊ႕ကစားသင့္ၿပီျဖစ္ေၾကာင္းလည္း တုိက္တြန္းသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဂါဘွန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ပျယ်-အလန် မွန်ဂန်ဂျီက အာဆင်နယ်အသင်းမှာ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ လိုအပ်တဲ့ အောင်မြင်မှုနဲ့ ဂုဏ်သရေမြင့်မားမှုတွေကို အရယူနိုင်ပါ့မလားလို့ မေးခွန်းထုတ်လိုက်ပြီး အသင်းကနေ ထွက်ခွာပြီး သူ့ရဲ့ကစားသမားဘဝအတွက် ရည်မှန်းချက်မြင့်မားတဲ့ အသင်းကိုသာ ရှာဖွေသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

အသက် ၃၀ အရွယ် ဂါဘွန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ပြီး ပထမဆုံးရာသီပြည့်ပြိုင်ပွဲမှာ ပြိုင်ဘက် လီဗာပူးလ်ရဲ့ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးတို့နဲ့ ပူးတွဲရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီး ဒီနှစ်မှာလည်း သွင်းဂိုး ၁၇ ဂိုး ရယူထားခဲ့ပေမယ့် အသင်းရဲ့ အနေအထားကတော့ ဆုဖလားလမ်းကြောင်းတွေပေါ်မှာ အက်ဖ်အေဖလားကလွဲလို့ မရှိခဲ့တာလည်းဖြစ်ပါတယ်။

ဂါဘွန်အက်ဖ်အေဥက္ကဌက အာဆင်နယ်အသင်းရဲ့ ဆုဖလားရည်မှန်းချက်တွေဟာ ဥရောပအသင်းကြီးတွေနဲ့ ပြိုင်ဆိုင်လို့တော့ မရနိုင်ဘူးလို့ ဝေဖန်လိုက်ပြီး သူတို့ရဲ့ တိုက်စစ်မှူးအနေနဲ့ ဒီအသင်းမှာ စာချုပ်သက်တမ်းတိုးဖို့ လက်မှတ်ထိုးမယ့်အစား တခြားဥရောပအသင်းကြီးတွေဆီမှာပဲ ထိုးသင့်တယ်လို့လည်း ဆိုလိုက်ပါတယ်။

“အာဆင်နယ်ဟာ ရည်မှန်းချက်မရှိတဲ့အသင်းလို့တော့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဥရောပအသင်းကြီးတွေနဲ့ ယှဉ်လိုက်ရင်တော့ သူတို့တွေရဲ့ ရည်မှန်းချက်တွေကို မမီတာတော့ အမှန်ပါပဲ… ဒါကြောင့် အူဘာမီယန်းအနေနဲ့ သူ့ရဲ့ လက်မှတ်ကို ထိုးဖို့ဆိုရင် ပိုကောင်းတဲ့ နေရာသစ်တစ်ခုကို ရှာမှ ဖြစ်တော့မှာပါ”လို့ မွန်ဂန်ဂျီက ဝေဖန်သွားခဲ့ပါတယ်။

မွန်ဂန်ဂျီက သူ့အတွက်တော့ အူဘာမီယန်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ဒီရာသီလက်ကျန်ပွဲတွေကိုတော့ အကောင်းဆုံးဆက်ကစားဖို့ လိုကြောင်း၊ ဒါမှလည်း သူ့အတွက် မှတ်တမ်းကောင်းနဲ့အတူ အသင်းကောင်းတစ်သင်းကို ပြောင်းရွှေ့နိုင်မှာဖြစ်ကြောင်းဆိုခဲ့ပြီး ဒီထက်မြင့်မားတဲ့ ရည်မှန်းချက်တွေကို ထားရှိတဲ့ အသင်းမျိုးဆီကို ပြောင်းရွှေ့ကစားသင့်ပြီဖြစ်ကြောင်းလည်း တိုက်တွန်းသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.