Premier League

၁၂.၄.၂၀၂၀၊ ၁၃၈၁ ခုႏွစ္၊ တန္ခူးလျပည့္ေက်ာ္ ၅ ရက္၊ တနဂၤေႏြေန႔။

၁၂.၄.၂၀၂၀၊ ၁၃၈၁ ခုႏွစ္၊ တန္ခူးလျပည့္ေက်ာ္ ၅ ရက္၊ တနဂၤေႏြေန႔၊ သမားညဳိ၊ မဟာရက္ၾကမ္း။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၈:၁၅ အထိ တိထီ ၅ လုံး။ ေက်ာ္လွ်င္ ၆ လုံး။ ၅ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၆ လုံးတြင္ မတယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာအလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၂၀:၁၁ အထိ ေဇ႒နကၡတ္။ ေက်ာ္လွ်င္ မူလနကၡတ္။ ည ၂၁:၅၂ အထိ ဝီရိယယုဂ္၊ ႀကဳိးစားမွဳ အရာထင္ျခင္း၊ အလိုႀကီးျခင္း၊ ေကာင္းရာေကာင္းေၾကာင္းလုပ္ကိုင္က ဆႏၵအတုိင္း ျပည့္စုံလိမ့္မည္။ ေက်ာ္လွ်င္ ပရီဃယုဂ္၊ စိတ္အေႏွာင့္အယွက္ျဖစ္စရာ ႀကဳံရျခင္း၊ အခက္အခဲ၊ အတားအဆီးအား ေက်ာ္ျဖတ္ၿပီးမွ ခ်မ္းသာရာရျခင္းမ်ား ရွိမည္။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၇:၀၂ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ညေန ၁၈:၁၅ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
ညေန ၁၈:၁၅ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၂.၄.၂၀၂၀၊ ၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ တနင်္ဂနွေနေ့၊ သမားညို၊ မဟာရက်ကြမ်း။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၈:၁၅ အထိ တိထီ ၅ လုံး။ ကျော်လျှင် ၆ လုံး။ ၅ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၆ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသောအလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၀:၁၁ အထိ ဇေဋ္ဌနက္ခတ်။ ကျော်လျှင် မူလနက္ခတ်။ ည ၂၁:၅၂ အထိ ဝီရိယယုဂ်၊ ကြိုးစားမှု အရာထင်ခြင်း၊ အလိုကြီးခြင်း၊ ကောင်းရာကောင်းကြောင်းလုပ်ကိုင်က ဆန္ဒအတိုင်း ပြည့်စုံလိမ့်မည်။ ကျော်လျှင် ပရီဃယုဂ်၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံရခြင်း၊ အခက်အခဲ၊ အတားအဆီးအား ကျော်ဖြတ်ပြီးမှ ချမ်းသာရာရခြင်းများ ရှိမည်။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၇:၀၂ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ညနေ ၁၈:၁၅ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ညနေ ၁၈:၁၅ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)