Article International Serie A

၂၀ နှစ်အရွယ်လို့ ဆေးပညာမျက်စိလည်စေတဲ့ ရော်နယ်လ်ဒိုရဲ့ လျို့ဝှက်ချက်ကို ထုတ်ဖော်ပြောလိုက်တဲ့ ဂျူဗီအသင်းဖော်

အသက် ၃၆ နှစ်အရွယ်အထိ အကောင်းဆုံးပုံစံကို ဆက်ထိန်းထားနိုင်ပြီး မလိုအပ်ဘဲ တောင်ပံတွေမှာ ထွက်ပြေးပြီး မွှေနှောက်တတ်တဲ့ ပုံစံ တစ်ခုတည်းကိုသာ လျှော့ချခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကြံ့ခိုင်မှုနဲ့ ကြွက်သားတည်ဆောက်ပုံအရ ဆေးပညာဘက်က အသက်အရွယ် ဘယ်လောက်လို့ သတ်မှတ်ခဲ့သလဲ သင်သိပါသလား? အသက် ၂၀ ပါ။

ဒီလိုမျိုး သူ့ရဲ့ ခုနှစ်သက္ကရာဇ်တွေနဲ့ မဆိုင်တဲ့ Physical Age ကို ထိန်းသိမ်းထားနိုင်တာကတော့ ပြီးခဲ့တဲ့ တလောက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တဲ့ ကိုကာကိုလာကို ငြင်းပယ်ခဲ့သလိုမျိုး ကာဘွန်ဒိုင်အောက်ဆိုဒ်ထည့်သွင်းထားတဲ့ အချိုရည်တွေကို ရှောင်ရှားခြင်းအပါအဝင် တိကျတဲ့ စားသောက်ပုံကို တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားခဲ့လို့ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ နေထိုင်စားသောက်ပုံနဲ့ လေ့ကျင့်ပုံကိုတော့ ဂျူဗင်တပ်စ်အသင်းရဲ့ လူငယ်ကစားသမား ဒါအူဒါ ပီးတားစ်က သူမြင်တွေ့ခဲ့ရသလောက် ထုတ်ဖော်သွားခဲ့ပြီး အခုလိုမျိုး ဘောလုံးကစားနည်းရဲ့ အမြင့်ဆုံးပုံစံမှာ ရပ်တည်နေနိုင်ဖို့ ရော်နယ်လ်ဒိုဟာ ကြက်သားကို အတော်များများ စားသုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

“သူစားတဲ့ အစားအစာက အမြဲတမ်းတူတူပဲ။ ဘရိုကိုလီပါမယ်… ကြက်သားရယ်၊ ထမင်းရယ်ပေါ့။ ရေများများသောက်တယ်၊ ကိုကာကိုလာတော့ လုံးဝရှောင်တယ်။ သူက နိုင်လိုစိတ်ပြင်းပြတဲ့ ဘောလုံးသမားပါ။ အခုလိုမျိုး ကြွက်သားအတိပြီးတဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ဖို့ သူ့ရဲ့ ကြိုးစား အားထုတ်မှုက ပြင်းထန်ပြီး အားကစားခန်းမမှာလည်း အမြဲတမ်း မြင်တွေ့နေရပါတယ်”လို့ ပီးတားစ်က ထုတ်ဖော်သွားပါတယ်။

ရော်နယ်လ်ဒိုဟာ တစ်နေ့ကို ၆ ကြိမ် စားသောက်လေ့ရှိပြီး အရက်သေစာနဲ့ အမြှုပ်ထတဲ့ အချိုရည်တွေကို ရှောင်ရှားလေ့ရှိသူပါ။ သူကတော့ လေ့ကျင့်မှုကောင်းဆိုတာ ကောင်းမွန်ပြီး စည်းစနစ်ကျနတဲ့ စားသောက်ပုံနဲ့ ယှဉ်တွဲထားရတယ်လို့ဆိုခဲ့ပြီး ပုံမှန်စားသုံးဖို့နဲ့ ပုံမှန်လေ့ကျင့်ဖို့ လိုတယ်လို့ ပေါ်တူဂီသားကြီးက ဆိုပါတယ်။

“ကျွန်တော်က ပရိုတိန်းမြင့်မားတဲ့ အစားအစာတွေ စားတယ်… ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစေ့အဆန်တွေ၊ သစ်သီးတွေကို စားသုံးပြီး သကြားဓာတ်ပါတဲ့ အရာတွေကို ရှောင်ရှားပါတယ်။ အချိန်မှန်မှန် စားပေးတာက ခင်ဗျားကို အမြင့်ဆုံးအဆင့်မှာ လေ့ကျင့်နိုင်စေဖို့ လိုအပ်တဲ့ စွမ်းအင်ကို ပေးပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ တစ်နေ့ကို လိုအပ်ချက်အပေါ် မူတည်ပြီး ၆ ကြိမ်အထိ အစားအစာကို မျှတစားသုံးပါတယ်”

ရော်နယ်လ်ဒိုက သူ့ရဲ့ အစားအသောက်နဲ့ လေ့ကျင့်မှုအပြင် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကိုလည်း မျှဝေသွားပြီး စိတ်ဓာတ်ခွန်အားရှိဖို့နဲ့ ရည်မှန်းချက်ကြီးကြီးထားပြီး မိမိကိုယ်ကို ပန်းတိုင်ဆီ မောင်းနှင်ဖို့ တိုက်တွန်းသွားခဲ့သလို နေ့စဉ်ဘဝမှာ စည်းကမ်းတကျ နေထိုင်ကျင့်ကြံတတ်စေဖို့လည်း အကြံပေး တိုက်တွန်းသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အသက္ ၃၆ ႏွစ္အ႐ြယ္အထိ အေကာင္းဆုံးပုံစံကို ဆက္ထိန္းထားႏိုင္ၿပီး မလိုအပ္ဘဲ ေတာင္ပံေတြမွာ ထြက္ေျပးၿပီး ေမႊေႏွာက္တတ္တဲ့ ပုံစံ တစ္ခုတည္းကိုသာ ေလွ်ာ့ခ်ခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ႀကံ့ခိုင္မႈနဲ႔ ႂကြက္သားတည္ေဆာက္ပုံအရ ေဆးပညာဘက္က အသက္အ႐ြယ္ ဘယ္ေလာက္လို႔ သတ္မွတ္ခဲ့သလဲ သင္သိပါသလား? အသက္ ၂၀ ပါ။

ဒီလိုမ်ိဳး သူ႔ရဲ႕ ခုႏွစ္သကၠရာဇ္ေတြနဲ႔ မဆိုင္တဲ့ Physical Age ကို ထိန္းသိမ္းထားႏိုင္တာကေတာ့ ၿပီးခဲ့တဲ့ တေလာက လႈပ္လႈပ္ရွားရွား ျဖစ္သြားခဲ့တဲ့ ကိုကာကိုလာကို ျငင္းပယ္ခဲ့သလိုမ်ိဳး ကာဘြန္ဒိုင္ေအာက္ဆိုဒ္ထည့္သြင္းထားတဲ့ အခ်ိဳရည္ေတြကို ေရွာင္ရွားျခင္းအပါအဝင္ တိက်တဲ့ စားေသာက္ပုံကို တင္းတင္းၾကပ္ၾကပ္ ထိန္းသိမ္းထားခဲ့လို႔ပဲ ျဖစ္ပါတယ္။

သူ႔ရဲ႕ ေနထိုင္စားေသာက္ပုံနဲ႔ ေလ့က်င့္ပုံကိုေတာ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ လူငယ္ကစားသမား ဒါအူဒါ ပီးတားစ္က သူျမင္ေတြ႕ခဲ့ရသေလာက္ ထုတ္ေဖာ္သြားခဲ့ၿပီး အခုလိုမ်ိဳး ေဘာလုံးကစားနည္းရဲ႕ အျမင့္ဆုံးပုံစံမွာ ရပ္တည္ေနႏိုင္ဖို႔ ေရာ္နယ္လ္ဒိုဟာ ၾကက္သားကို အေတာ္မ်ားမ်ား စားသုံးေလ့ရွိတယ္လို႔ ဆိုပါတယ္။

“သူစားတဲ့ အစားအစာက အၿမဲတမ္းတူတူပဲ။ ဘ႐ိုကိုလီပါမယ္… ၾကက္သားရယ္၊ ထမင္းရယ္ေပါ့။ ေရမ်ားမ်ားေသာက္တယ္၊ ကိုကာကိုလာေတာ့ လုံးဝေရွာင္တယ္။ သူက ႏိုင္လိုစိတ္ျပင္းျပတဲ့ ေဘာလုံးသမားပါ။ အခုလိုမ်ိဳး ႂကြက္သားအတိၿပီးတဲ့ ခႏၶာကိုယ္ကို ထိန္းသိမ္းထားႏိုင္ဖို႔ သူ႔ရဲ႕ ႀကိဳးစား အားထုတ္မႈက ျပင္းထန္ၿပီး အားကစားခန္းမမွာလည္း အၿမဲတမ္း ျမင္ေတြ႕ေနရပါတယ္”လို႔ ပီးတားစ္က ထုတ္ေဖာ္သြားပါတယ္။

ေရာ္နယ္လ္ဒိုဟာ တစ္ေန႔ကို ၆ ႀကိမ္ စားေသာက္ေလ့ရွိၿပီး အရက္ေသစာနဲ႔ အျမႇဳပ္ထတဲ့ အခ်ိဳရည္ေတြကို ေရွာင္ရွားေလ့ရွိသူပါ။ သူကေတာ့ ေလ့က်င့္မႈေကာင္းဆိုတာ ေကာင္းမြန္ၿပီး စည္းစနစ္က်နတဲ့ စားေသာက္ပုံနဲ႔ ယွဥ္တြဲထားရတယ္လို႔ဆိုခဲ့ၿပီး ပုံမွန္စားသုံးဖို႔နဲ႔ ပုံမွန္ေလ့က်င့္ဖို႔ လိုတယ္လို႔ ေပၚတူဂီသားႀကီးက ဆိုပါတယ္။

“ကြၽန္ေတာ္က ပ႐ိုတိန္းျမင့္မားတဲ့ အစားအစာေတြ စားတယ္… ကာဘိုဟိုက္ဒရိတ္ႂကြယ္ဝတဲ့ အေစ့အဆန္ေတြ၊ သစ္သီးေတြကို စားသုံးၿပီး သၾကားဓာတ္ပါတဲ့ အရာေတြကို ေရွာင္ရွားပါတယ္။ အခ်ိန္မွန္မွန္ စားေပးတာက ခင္ဗ်ားကို အျမင့္ဆုံးအဆင့္မွာ ေလ့က်င့္ႏိုင္ေစဖို႔ လိုအပ္တဲ့ စြမ္းအင္ကို ေပးပါလိမ့္မယ္။ ကြၽန္ေတာ့္အေနနဲ႔ တစ္ေန႔ကို လိုအပ္ခ်က္အေပၚ မူတည္ၿပီး ၆ ႀကိမ္အထိ အစားအစာကို မွ်တစားသုံးပါတယ္”

ေရာ္နယ္လ္ဒိုက သူ႔ရဲ႕ အစားအေသာက္နဲ႔ ေလ့က်င့္မႈအျပင္ အေရးႀကီးတဲ့ အေၾကာင္းအရာတစ္ခုကိုလည္း မွ်ေဝသြားၿပီး စိတ္ဓာတ္ခြန္အားရွိဖို႔နဲ႔ ရည္မွန္းခ်က္ႀကီးႀကီးထားၿပီး မိမိကိုယ္ကို ပန္းတိုင္ဆီ ေမာင္းႏွင္ဖို႔ တိုက္တြန္းသြားခဲ့သလို ေန႔စဥ္ဘဝမွာ စည္းကမ္းတက် ေနထိုင္က်င့္ႀကံတတ္ေစဖို႔လည္း အႀကံေပး တိုက္တြန္းသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.