International Match Report

ဩစတြီးယားရဲ့ ဖီဆန်မှုကြောင့် အချိန်ပိုအထိ ရုန်းကန်ပြီးမှ ကွာတားတက်ခဲ့ရတဲ့ အီတလီ

အီတလီအသင်းအနေနဲ့ ဒီနေ့မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်သေးတဲ့ အသင်းခေါင်းဆောင် ခေးလီနီအစား အချယ်ဘီကို ထည့်သွင်းခဲ့သလို ကွင်းလယ်မှာ လိုကာတယ်လီအစား ဗာရက်တီကို ထည့်သွင်းခဲ့တာကလွဲလို့ ကျန်တဲ့ ဦးစားပေးကစားသမား ၉ ယောက်နဲ့ ပွဲထွက်လာခဲ့ပြီး ဩစတြီးယားကလည်း သူတို့ရဲ့ အကောင်းဆုံးအသင်းကိုပဲ ပွဲထုတ်လာခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ ဘယ်ခြမ်းကနေ နောက်ခံလူ စပင်နက်ဇိုလာက ချိုးပေးတာကို ဘာရဲလား ကန်ခွင့်ရခဲ့ပေမယ့် ဂိုးအလယ်တည့်တည့်လောက်ဖြစ်နေတာမို့ ဂိုးသမား ဘက်ချ်မန်းက ခြေထောက်ဆန့်ထုတ်ကာကွယ်သွားခဲ့ပြီး ပွဲချိန် ၃၂ မိနစ်က အင်မိုဘီလီရဲ့ အလစ်အငိုက်ဖမ်းကန်တဲ့ ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့တာကြောင့် အီတလီတို့ ကံခေနေခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ဩစတြီးယားကတော့ ပိတ်ကစားပြီး တန်ပြန်တိုက်စစ်တွေကနေ အလျင်မြန်ဆုံးထိုးဖောက်တဲ့ ပုံစံကိုပဲ ရွေးချယ်သွားခဲ့ပြီ အာနော်တိုဗစ်ချ်ကလွဲလို့ ကျန်တဲ့ ကစားသမားတွေ ခြေစွမ်းကောင်းမွန်ခြင်းမရှိတာကြောင့် မထိရောက်ခဲ့ဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး မကြာခင်မှာ အာနော်တိုဗစ်ချ်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှု ကောင်းခဲ့ပေမယ့် အဖျားရှူးသွားခဲ့သလို ကွင်းလယ်လူ ဆာဘစ်ဇာရဲ့ ကန်ချက်ကိုတော့ အီတလီအသင်းခေါင်းဆောင် ဘိုနူချီ ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့ပြီး လိုကာတယ်လီမပါတဲ့ ကွင်းလယ်မှာ ဗာရက်တီရဲ့ ချိတ်ဆက်မှုက အလုပ်မဖြစ်သလိုလည်း ထင်ရတာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ အလာဘာ ခေါင်းတိုက်ချပေးတာကို အာနော်တိုဗစ်ချ်က ထပ်ဆင့်ခေါင်းတိုက်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ အီတလီတို့ သက်သာခဲ့ရသလို ဒီနောက်ပိုင်းမှာတော့ လိုကာတယ်လီကို ဗာရက်တီနေရာမှာ ပြန်ထည့်ခဲ့ပြီး ဘာရဲလားအစားလည်း အုပ်စုနောက်ဆုံးပွဲမှာ ဂိုးသွင်းခဲ့တဲ့ ပက်ဆီနာကို နည်းပြ မန်ချီနီက ထည့်သွင်းခဲ့ပါတယ်။

သတိကြီးကြီးထားကစားကြတဲ့ နှစ်သင်းကြားမှာ မိနစ် ၉၀ ပြည့်ချိန်မှာလည်း ဂိုးမရှိသရေပွဲသာဖြစ်နေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပြီး ပွဲချိန် ၉၅ မိနစ်မှာတော့ ဘယ်ရာဒီအစား ဝင်လာခဲ့တဲ့ ခီယေဆာက စပင်နက်ဇိုလာရဲ့ ဖြတ်တင်ဘောကနေ ရခဲ့တဲ့ ဘောလုံးကို နောက်ခံလူတစ်ယောက်ကို ဖြတ်ကျော်ပြီးမှ ထောင့်ကျဉ်းအနေအထားကနေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ အီတလီတို့ အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။

ပွဲချိန် ၁၀၅ မိနစ်မှာတော့ အင်ဆီညာက ဂိုးဧရိယာထဲ ပို့ပေးတဲ့ ဘောလုံးကို အချယ်ဘီဆီက ပြန်ထွက်လာခဲ့တာကတစ်ဆင့် လူစားဝင်ကွင်းလယ်လူ ပက်ဆီနာက ထောင့်ကျဉ်းအနေအထားကနေပဲ Volley ကန်သွင်းယူခဲ့ရာမှာ ဩစတြီးယားဂိုးသမား ဘက်ချ်မန်းနဲ့ နောက်တန်းတွေရဲ့ ပိတ်ဆို့ကာကွယ်ပုံက ညံ့ဖျင်းခဲ့လို့ အီတလီတို့ အချိန်ပိုပထမပိုင်းမပြီးခင်မှာပဲ ဒုတိယဂိုးထပ်ရခဲ့တာပါ။

အချိန်ပို ဒုတိယပိုင်း ဆက်ကစားခဲ့ရာမှာတော့ ၁၁၄ မိနစ်မှာ ရရှိတဲ့ ထောင့်ကန်ဘောကို ကွင်းလယ်လူ ရှော့ဘ်ကန်ပို့ရာမှာ လူစားဝင်တိုက်စစ်မှူး ကာလိုင်ဂျစ်ချ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဩစတြီးယားတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး စိတ်ဓာတ်တက်ကြွလာမှုနဲ့အတူ ထပ်မံဖိကစားခဲ့ပေမယ့် နောက်တစ်ဂိုးထပ်မရတော့တာကြောင့် အီတလီတို့ ပွဲချိန်အပြည့်မှာတော့ အောင်ပွဲခံသွားနိုင်ခဲ့ကြပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ အီတလီကတော့ ကွာတားဖိုင်နယ်အဆင့်မှာ ဘယ်လ်ဂျီယမ်နဲ့ ပေါ်တူဂီတို့ နှစ်သင်းထဲက အနိုင်ရရှိတဲ့အသင်းနဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ ဂျာမနီနိုင်ငံ မြူးနစ်မြို့က အလိုင်းယန့်ဇ်အရီနာမှာ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ပွဲကြီးပွဲကောင်းတစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုခွင့်ရမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီအသင်းအနေနဲ့ ဒီနေ့မှာ ဒဏ်ရာကြောင့် မပါဝင်နိုင်သေးတဲ့ အသင်းခေါင်းဆောင် ခေးလီနီအစား အချယ်ဘီကို ထည့်သွင်းခဲ့သလို ကွင်းလယ်မှာ လိုကာတယ်လီအစား ဗာရက်တီကို ထည့်သွင်းခဲ့တာကလွဲလို့ ကျန်တဲ့ ဦးစားပေးကစားသမား ၉ ယောက်နဲ့ ပွဲထွက်လာခဲ့ပြီး ဩစတြီးယားကလည်း သူတို့ရဲ့ အကောင်းဆုံးအသင်းကိုပဲ ပွဲထုတ်လာခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ ဘယ်ခြမ်းကနေ နောက်ခံလူ စပင်နက်ဇိုလာက ချိုးပေးတာကို ဘာရဲလား ကန်ခွင့်ရခဲ့ပေမယ့် ဂိုးအလယ်တည့်တည့်လောက်ဖြစ်နေတာမို့ ဂိုးသမား ဘက်ခ်ျမန်းက ခြေထောက်ဆန့်ထုတ်ကာကွယ်သွားခဲ့ပြီး ပွဲချိန် ၃၂ မိနစ်က အင်မိုဘီလီရဲ့ အလစ်အငိုက်ဖမ်းကန်တဲ့ ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့တာကြောင့် အီတလီတို့ ကံခေနေခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ဩစတြီးယားကတော့ ပိတ်ကစားပြီး တန်ပြန်တိုက်စစ်တွေကနေ အလျင်မြန်ဆုံးထိုးဖောက်တဲ့ ပုံစံကိုပဲ ရွေးချယ်သွားခဲ့ပြီ အာနော်တိုဗစ်ခ်ျကလွဲလို့ ကျန်တဲ့ ကစားသမားတွေ ခြေစွမ်းကောင်းမွန်ခြင်းမရှိတာကြောင့် မထိရောက်ခဲ့ဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး မကြာခင်မှာ အာနော်တိုဗစ်ခ်ျရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှု ကောင်းခဲ့ပေမယ့် အဖျားရှူးသွားခဲ့သလို ကွင်းလယ်လူ ဆာဘစ်ဇာရဲ့ ကန်ချက်ကိုတော့ အီတလီအသင်းခေါင်းဆောင် ဘိုနူချီ ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့ပြီး လိုကာတယ်လီမပါတဲ့ ကွင်းလယ်မှာ ဗာရက်တီရဲ့ ချိတ်ဆက်မှုက အလုပ်မဖြစ်သလိုလည်း ထင်ရတာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ အလာဘာ ခေါင်းတိုက်ချပေးတာကို အာနော်တိုဗစ်ခ်ျက ထပ်ဆင့်ခေါင်းတိုက်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ အီတလီတို့ သက်သာခဲ့ရသလို ဒီနောက်ပိုင်းမှာတော့ လိုကာတယ်လီကို ဗာရက်တီနေရာမှာ ပြန်ထည့်ခဲ့ပြီး ဘာရဲလားအစားလည်း အုပ်စုနောက်ဆုံးပွဲမှာ ဂိုးသွင်းခဲ့တဲ့ ပက်ဆီနာကို နည်းပြ မန်ချီနီက ထည့်သွင်းခဲ့ပါတယ်။


ပွဲချိန် ၁၀၅ မိနစ်မှာတော့ အင်ဆီညာက ဂိုးဧရိယာထဲ ပို့ပေးတဲ့ ဘောလုံးကို အချယ်ဘီဆီက ပြန်ထွက်လာခဲ့တာကတစ်ဆင့် လူစားဝင်ကွင်းလယ်လူ ပက်ဆီနာက ထောင့်ကျဉ်းအနေအထားကနေပဲ Volley ကန်သွင်းယူခဲ့ရာမှာ ဩစတြီးယားဂိုးသမား ဘက်ခ်ျမန်းနဲ့ နောက်တန်းတွေရဲ့ ပိတ်ဆို့ကာကွယ်ပုံက ညံ့ဖျင်းခဲ့လို့ အီတလီတို့ အချိန်ပိုပထမပိုင်းမပြီးခင်မှာပဲ ဒုတိယဂိုးထပ်ရခဲ့တာပါ။

အချိန်ပို ဒုတိယပိုင်း ဆက်ကစားခဲ့ရာမှာတော့ ၁၁၄ မိနစ်မှာ ရရှိတဲ့ ထောင့်ကန်ဘောကို ကွင်းလယ်လူ ရှော့ဘ်ကန်ပို့ရာမှာ လူစားဝင်တိုက်စစ်မှူး ကာလိုင်ဂျစ်ခ်ျက ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဩစတြီးယားတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး စိတ်ဓာတ်တက်ကြွလာမှုနဲ့အတူ ထပ်မံဖိကစားခဲ့ပေမယ့် နောက်တစ်ဂိုးထပ်မရတော့တာကြောင့် အီတလီတို့ ပွဲချိန်အပြည့်မှာတော့ အောင်ပွဲခံသွားနိုင်ခဲ့ကြပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.