Premier League

ဘန်ဝှိုက်ရောက်လာတဲ့နောက် အာဆင်နယ်ဗဟိုခံစစ်မှူး ၇ ဦးရဲ့ အနာဂတ်က ဘာလဲ ဘယ်လဲ?

အက်သလက်တစ်သတင်းရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဘရိုက်တန်ဗဟိုခံစစ်မှူး ဘန်ဝှိုက်ကို ပေါင်သန်း ၅၀ နဲ့ သဘောတူညီမှုရယူခဲ့ပြီလို့ သိရပြီး လက်ရှိ အင်္ဂလန်နဲ့အတူ ပူးပေါင်းနေတဲ့ ယူရိုပြိုင်ပွဲအပြီးမှသာ ဒီအပြောင်းအရွှေ့ကို တရားဝင်ကြေငြာသွားဖွယ် ရှိနေချိန်မှာ ညာသန်ကစားသမား ၂၃ နှစ်သားရောက်လာတဲ့နောက် အာဆင်နယ်ရဲ့လူဟောင်း ဗဟိုခံစစ်မှူး ၇ ဦးရဲ့ အနာဂတ်က ဘာလဲ ဘယ်လဲဆိုတာ စိတ်ဝင်စားစရာ ရှိလာပါပြီ။

ပွဲကစားခွင့်ရဖို့ တိုက်ပွဲဝင်သွားမယ့် ကယ်လမ် ချိန်ဘားစ်
၂၀၁၄ ကတည်းက အာဆင်နယ်ကို ရောက်ရှိလာတဲ့ ချိန်ဘားစ်က လက်ရှိမှာ အသက် ၂၆ အရွယ်ရှိလာခဲ့ပြီး လွန်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ သူ့ကို အာဆင်နယ်အသင်းက မျှော်လင့်ထားသလောက် မဖြစ်ထွန်းခဲ့တာပါ။

ST ALBANS, ENGLAND – SEPTEMBER 11: Arsenal new signings (L-R) Mathieu Debuchy, Calum Chambers, David Ospina, Danny Welbeck and Alexis Sanchez at London Colney on September 11, 2014 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

သူ့ရဲ့ဘောလုံးဗီဇကောင်းမွန်မှုကြောင့် ဗဟိုကွင်းလယ်ခံစစ်အဖျက်နေရာနဲ့ ညာနောက်ခံလူနေရာမှာလည်း အသုံးတော်ခံနိုင်တာကြောင့် အသင်းမှာ ဆက်ထိန်းထားခံရဖွယ်ရှိပြီး ပွဲကစားခွင့်ရဖို့တော့ အရန်ခုံကနေသာ တိုက်ပွဲဝင်ရမှာပါ။

အသင်းက ထွက်ခွာမယ့် ဒေးဗစ်လုဇ်
သမ္ဘာ့ရင့်ဘရာဇီးလ်သားကြီးက ဒီလအကုန်မှာ အသင်းနဲ့ စာချုပ်ပြည့်မှာဖြစ်သလို မြောက်လန်ဒန်ကို စွန့်ခွာဖို့ သေချာသလောက် ရှိနေပြီး အမ်းမရိတ်စ်မြေမှာ ၂ နှစ်ကစားပြီးတဲ့နောက် ဘင်ဖီကာအသင်းကိုပဲ ပြန်မယ်လို့ ရွေးချယ်ထားသလို အာဆင်နယ်နည်းပြ အာတီတာကတော့ သူ့ကို ဆုံးရှုံးရမှာဟာ အသင်းအတွက် ထိခိုက်နစ်နာမှုဖြစ်ကြောင်း ပြောဆိုထားခဲ့တာပါ။

ပုံမှန်ပွဲထွက်ခွင့်ရမယ့် ဂါဘရီယယ်လ်
ဘယ်သန်ကစားသမားဖြစ်တာကြောင့် ညာခြမ်းဗဟိုခံစစ်မှာ ကစားမယ့် ညာခြေသန်တဲ့ ဘန်ဝှိုက်နဲ့ အံအဝင်ဆုံးအတွဲအဖြစ် နည်းပြအဖွဲ့က ဦးစားပေးရွေးချယ်ထားကြောင်း သိရပြီး သူ့ကိုတော့ ပြီးခဲ့တဲ့ရာသီ ပုံမှန်ပွဲထွက်ခွင့် အများဆုံးရရှိခဲ့တာကို မြင်တွေ့ခဲ့ရတဲ့အပြင် ကောင်းမွန်းတဲ့ခြေစွမ်းတွေကြောင့် လာမယ့်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်ရထားလို့ သိရှိရပါတယိ။

နေရာလုတိုက်ပွဲဝင်ရဦးမယ့် ရော့ဘ် ဟိုးလ်ဒင်း
ခြေစွမ်းမငြိမ်တဲ့ ဟိုးလ်ဒင်းကတော့ အသင်းမှာ ၂၀၁၆ ခုနှစ်ကတည်းက ကစားလာခဲ့ပြီး FA ဖလား ၂ လုံးရယူထားသလို သူ့ရဲ့စွမ်းဆောင်ရည်က အသင်းကြီးတွေနဲ့မှ ပိုပြီးပွဲတိုးနေတာကြောင့် နည်းပြအာတီတာရဲ့ ဆုံးဖြတ်ချက်အရ အဆိုပါညာသန်ခံစစ်မှူးကို ဘန်ဝှိုက်နဲ့အပြိုင် နေရာလုတိုက်ပွဲဝင်ခိုင်းသွားဖွယ် ရှိပါတယ်။

အငှား သို့ အပြီးသတ်ပြောင်းမယ့် ဝီလီယမ် ဆာလီဘာ
ပြီးခဲ့တဲ့ ဒုတိယရာသီဝက်မှာ နိုက်စ်အသင်းမှာ အငှားသွားကစားခဲ့ရတဲ့ ဆာလီဘာကတော့ စိန့်အက်တီယန်အသင်းမှာလည်း တကြိမ်အငှားခံရဖူးသလို အာဆင်နယ်အသင်းက ပေါင်သန်း ၃၀ တန် လူငယ်ကြယ်ပွင့်လေးကို ထပ်ပြီးအခွင့်အရေးပေးသွားဖွယ် မရှိတော့ဘဲ ငွေဖော်ဖို့ ရောင်းထုတ်သွားဖို့သာ ဆန္ဒရှိနေတော့ချိန်မှာ ဘန်ဝှိုက်ရဲ့ အရန်အဖြစ် ဆက်ကစားမယ်ဆိုရင်တော့ အခွင့်အရေးတချို့ ပေးအပ်ခံရဖွယ်လည်း ရှိနေပါတယ်။

သက်သေပြရဦးမယ့် ပါဘလို မာရီ
ဘယ်သန်ကစားသမားက အတွဲအဖက်အရဆိုရင်တော့ ဘန်ဝှိုက်နဲ့တွဲကစားခြင်းက ပိုအဆင်ပြေဖွယ် ရှိနေပေမယ့် လူငယ်ခံစစ်မှူး ဂါဘရီယယ်လ်ကို ကျော်ဖြတ်ဖို့ ပွဲထွက်ဖို့တော့ မဖြစ်နိုင်သေးချိန်မှာ သူ့ရဲ့ ခြေစွမ်းတည်ငြိမ်မှုကို သက်သေပြသွားဖို့ အရန်လူစာရင်းကနေပဲ စောင့်ဆိုင်းသွားဖွယ် ရှိနေတာပါ။

သေချာပေါက်ထွက်ခွာမယ့် မာဗရိုပါနိုစ်
ဒီနေ့မနက်အစောပိုင်းမှာတော့ ဂရိခံစစ်မှူးဟာ တရာသီအငှားချခံခဲ့ရတဲ့ ဂျာမန်ကလပ် စတုဂတ်နဲ့ပဲ နောက်ထပ်တရာသီ ပေါင် ၅ သိန်းအငှားနဲ့ ပြန်လည်ပူးပေါင်းသွားမယ်လို့ အတည်ပြုခံထားရပြီး သူ့ကို အပြီးသတ်ဝယ်ယူဖို့ ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းခွင့်ရှိနေပြီး ၃ သန်းက လက်ငင်းပေးရမယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အက္သလက္တစ္သတင္းရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ ဘ႐ိုက္တန္ဗဟိုခံစစ္မႉး ဘန္ဝႈိက္ကို ေပါင္သန္း ၅၀ နဲ႔ သေဘာတူညီမႈရယူခဲ့ၿပီလို႔ သိရၿပီး လက္ရွိ အဂၤလန္နဲ႔အတူ ပူးေပါင္းေနတဲ့ ယူ႐ိုၿပိဳင္ပြဲအၿပီးမွသာ ဒီအေျပာင္းအေ႐ႊ႕ကို တရားဝင္ေၾကျငာသြားဖြယ္ ရွိေနခ်ိန္မွာ ညာသန္ကစားသမား ၂၃ ႏွစ္သားေရာက္လာတဲ့ေနာက္ အာဆင္နယ္ရဲ႕လူေဟာင္း ဗဟိုခံစစ္မႉး ၇ ဦးရဲ႕ အနာဂတ္က ဘာလဲ ဘယ္လဲဆိုတာ စိတ္ဝင္စားစရာ ရွိလာပါၿပီ။

ပြဲကစားခြင့္ရဖို႔ တိုက္ပြဲဝင္သြားမယ့္ ကယ္လမ္ ခ်ိန္ဘားစ္
၂၀၁၄ ကတည္းက အာဆင္နယ္ကို ေရာက္ရွိလာတဲ့ ခ်ိန္ဘားစ္က လက္ရွိမွာ အသက္ ၂၆ အ႐ြယ္ရွိလာခဲ့ၿပီး လြန္ခဲ့တဲ့ ၇ ႏွစ္အတြင္းမွာ သူ႔ကို အာဆင္နယ္အသင္းက ေမွ်ာ္လင့္ထားသေလာက္ မျဖစ္ထြန္းခဲ့တာပါ။

ST ALBANS, ENGLAND – SEPTEMBER 11: Arsenal new signings (L-R) Mathieu Debuchy, Calum Chambers, David Ospina, Danny Welbeck and Alexis Sanchez at London Colney on September 11, 2014 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

သူ႔ရဲ႕ေဘာလုံးဗီဇေကာင္းမြန္မႈေၾကာင့္ ဗဟိုကြင္းလယ္ခံစစ္အဖ်က္ေနရာနဲ႔ ညာေနာက္ခံလူေနရာမွာလည္း အသုံးေတာ္ခံႏိုင္တာေၾကာင့္ အသင္းမွာ ဆက္ထိန္းထားခံရဖြယ္ရွိၿပီး ပြဲကစားခြင့္ရဖို႔ေတာ့ အရန္ခုံကေနသာ တိုက္ပြဲဝင္ရမွာပါ။

အသင္းက ထြက္ခြာမယ့္ ေဒးဗစ္လုဇ္
သမာၻ႔ရင့္ဘရာဇီးလ္သားႀကီးက ဒီလအကုန္မွာ အသင္းနဲ႔ စာခ်ဳပ္ျပည့္မွာျဖစ္သလို ေျမာက္လန္ဒန္ကို စြန႔္ခြာဖို႔ ေသခ်ာသေလာက္ ရွိေနၿပီး အမ္းမရိတ္စ္ေျမမွာ ၂ ႏွစ္ကစားၿပီးတဲ့ေနာက္ ဘင္ဖီကာအသင္းကိုပဲ ျပန္မယ္လို႔ ေ႐ြးခ်ယ္ထားသလို အာဆင္နယ္နည္းျပ အာတီတာကေတာ့ သူ႔ကို ဆုံးရႈံးရမွာဟာ အသင္းအတြက္ ထိခိုက္နစ္နာမႈျဖစ္ေၾကာင္း ေျပာဆိုထားခဲ့တာပါ။

ပုံမွန္ပြဲထြက္ခြင့္ရမယ့္ ဂါဘရီယယ္လ္
ဘယ္သန္ကစားသမားျဖစ္တာေၾကာင့္ ညာျခမ္းဗဟိုခံစစ္မွာ ကစားမယ့္ ညာေျခသန္တဲ့ ဘန္ဝႈိက္နဲ႔ အံအဝင္ဆုံးအတြဲအျဖစ္ နည္းျပအဖြဲ႕က ဦးစားေပးေ႐ြးခ်ယ္ထားေၾကာင္း သိရၿပီး သူ႔ကိုေတာ့ ၿပီးခဲ့တဲ့ရာသီ ပုံမွန္ပြဲထြက္ခြင့္ အမ်ားဆုံးရရွိခဲ့တာကို ျမင္ေတြ႕ခဲ့ရတဲ့အျပင္ ေကာင္းမြန္းတဲ့ေျခစြမ္းေတြေၾကာင့္ လာမယ့္ရာသီမွာ ပုံမွန္ပြဲထြက္ခြင့္အတြက္ အာမခံခ်က္ရထားလို႔ သိရွိရပါတယိ။

ေနရာလုတိုက္ပြဲဝင္ရဦးမယ့္ ေရာ့ဘ္ ဟိုးလ္ဒင္း
ေျခစြမ္းမၿငိမ္တဲ့ ဟိုးလ္ဒင္းကေတာ့ အသင္းမွာ ၂၀၁၆ ခုႏွစ္ကတည္းက ကစားလာခဲ့ၿပီး FA ဖလား ၂ လုံးရယူထားသလို သူ႔ရဲ႕စြမ္းေဆာင္ရည္က အသင္းႀကီးေတြနဲ႔မွ ပိုၿပီးပြဲတိုးေနတာေၾကာင့္ နည္းျပအာတီတာရဲ႕ ဆုံးျဖတ္ခ်က္အရ အဆိုပါညာသန္ခံစစ္မႉးကို ဘန္ဝႈိက္နဲ႔အၿပိဳင္ ေနရာလုတိုက္ပြဲဝင္ခိုင္းသြားဖြယ္ ရွိပါတယ္။

အငွား သို႔ အၿပီးသတ္ေျပာင္းမယ့္ ဝီလီယမ္ ဆာလီဘာ
ၿပီးခဲ့တဲ့ ဒုတိယရာသီဝက္မွာ ႏိုက္စ္အသင္းမွာ အငွားသြားကစားခဲ့ရတဲ့ ဆာလီဘာကေတာ့ စိန႔္အက္တီယန္အသင္းမွာလည္း တႀကိမ္အငွားခံရဖူးသလို အာဆင္နယ္အသင္းက ေပါင္သန္း ၃၀ တန္ လူငယ္ၾကယ္ပြင့္ေလးကို ထပ္ၿပီးအခြင့္အေရးေပးသြားဖြယ္ မရွိေတာ့ဘဲ ေငြေဖာ္ဖို႔ ေရာင္းထုတ္သြားဖို႔သာ ဆႏၵရွိေနေတာ့ခ်ိန္မွာ ဘန္ဝႈိက္ရဲ႕ အရန္အျဖစ္ ဆက္ကစားမယ္ဆိုရင္ေတာ့ အခြင့္အေရးတခ်ိဳ႕ ေပးအပ္ခံရဖြယ္လည္း ရွိေနပါတယ္။

သက္ေသျပရဦးမယ့္ ပါဘလို မာရီ
ဘယ္သန္ကစားသမားက အတြဲအဖက္အရဆိုရင္ေတာ့ ဘန္ဝႈိက္နဲ႔တြဲကစားျခင္းက ပိုအဆင္ေျပဖြယ္ ရွိေနေပမယ့္ လူငယ္ခံစစ္မႉး ဂါဘရီယယ္လ္ကို ေက်ာ္ျဖတ္ဖို႔ ပြဲထြက္ဖို႔ေတာ့ မျဖစ္ႏိုင္ေသးခ်ိန္မွာ သူ႔ရဲ႕ ေျခစြမ္းတည္ၿငိမ္မႈကို သက္ေသျပသြားဖို႔ အရန္လူစာရင္းကေနပဲ ေစာင့္ဆိုင္းသြားဖြယ္ ရွိေနတာပါ။

ေသခ်ာေပါက္ထြက္ခြာမယ့္ မာဗ႐ိုပါႏိုစ္
ဒီေန႔မနက္အေစာပိုင္းမွာေတာ့ ဂရိခံစစ္မႉးဟာ တရာသီအငွားခ်ခံခဲ့ရတဲ့ ဂ်ာမန္ကလပ္ စတုဂတ္နဲ႔ပဲ ေနာက္ထပ္တရာသီ ေပါင္ ၅ သိန္းအငွားနဲ႔ ျပန္လည္ပူးေပါင္းသြားမယ္လို႔ အတည္ျပဳခံထားရၿပီး သူ႔ကို အၿပီးသတ္ဝယ္ယူဖို႔ ေပါင္ ၅ သန္းနဲ႔ ကမ္းလွမ္းခြင့္ရွိေနၿပီး ၃ သန္းက လက္ငင္းေပးရမယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.