Premier League Transfer News

အာဆင်နယ်ကွင်းလယ်ကို အားဖြည့်ဖို့ ချိန်ရွယ်နေတဲ့ ကစားသမား ၅ ဦး

အာဆင်နယ်အသင်းအနေနဲ့ ဒီနွေရာသီမှာ အသင်းရဲ့ ကွင်းလယ်ကနေ ထွက်ခွာသွားမယ့် ကစားသမားတွေ များပြားနေရာမှာ အင်အားနည်းသွားတော့မယ့် အဖြစ်ကို ကြုံနေရတာကြောင့် တိုက်စစ်နဲ့ ခံစစ်အသီးသီး အသားပေး ကစားသမားတွေကို ရှာဖွေနေပြီး နီးစပ်နေတဲ့ ကစားသမားတွေကို ရှာဖွေဖော်ပြလိုက်ပါတယ်။

၁။ ဆမ်ဘီ လိုကွန်ဂါ (အန်ဒါလက်ချ်)
အန်ဒါလက်ချ်အသင်းရဲ့ ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါကတော့ အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီကိုယ်တိုင် ချီးကျူးထားခဲ့တဲ့ အရည်အသွေးနဲ့ ပြည့်စုံသူဖြစ်ပြီး အသက်အရွယ်အားဖြင့် ၂၁ နှစ်သာ ရှိသေးပေမယ့် အသင်းကို ကပ္ပတိန်လက်ပတ်နဲ့ ဦးဆောင်ကစားခွင့်ရနေသူလည်း ဖြစ်ပါတယ်။ ဒီကစားသမားအတွက် အာဆင်နယ်အသင်းအနေနဲ့ ယူရို ၁၈ သန်းဝန်းကျင်နဲ့ သဘောတူညီနိုင်ပြီး အသင်းကို ရောက်လာနိုင်ခြေအများဆုံး ကစားသမားတစ်ဦးလည်းဖြစ်သလို တိုက်စစ်ခံစစ် စွယ်စုံရသူလည်းဖြစ်ပါတယ်။

၂။ ဟူဆင်းမ် အောဝါ (လီယွန်)
လီယွန်ကွင်းလယ်လူ အောဝါကတော့ ပြီးခဲ့တဲ့ရာသီက ခေါ်ယူဖို့ ကြိုးစားခဲ့ပြီးမှ ပြင်သစ်ကလပ်ရဲ့ အားကစားဒါရိုက်တာ ဂျူနင်ညို၊ အသင်းဥက္ကဌ ယွန်း-မီရှယ် အိုလာတို့ရဲ့ ဈေးကိုင်မှုတွေကြောင့် ချစ်လျက်နဲ့ ခွဲခွာထားခဲ့ရသူပါ။ မနှစ်က ပေါင်သန်း ၅၀ အထိ ပေးခဲ့ပေမယ့် အဆင်မပြေတာကြောင့် အာဆင်နယ်ဘက်က လက်လျှော့ခဲ့ရပြီး ဒီရာသီမှာတော့ ပေါင်သန်း ၂၀ ကျော်ပေးရုံနဲ့ ခေါ်ယူရရှိနိုင်ပြီး တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းကျော်ပေးရင် အဆင်ပြေနိုင်ဖို့ ရှိနေတာပါ။

၃။ အိဗ်စ် ဘီဆူးမား (ဘရိုက်တန်)
ဒီကစားသမားကို ရရှိခဲ့ရင်တော့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဟာ ဘယ်အသင်းနဲ့မဆို ယှဉ်မိုက်နိုင်မယ့် ကွင်းလယ်မျိုးဖြစ်သွားတော့မှာပါ။ ဘရိုက်တန် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်အားနှုန်းအကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ အသင်းဖော်နောက်ခံလူ ဘန်ဝှိုက်နဲ့အတူ အမ်းမရိတ်ကို ရောက်လာနိုင်သူလည်းဖြစ်ပါတယ်။ ပေါင်သန်း ၄၀ ကို တကယ်တမ်းပေးခဲ့ရင် ပိုင်ဆိုင်နိုင်မယ့်အသင်းက ဂန်းနားတွေပဲဖြစ်ပြီး အသင်းဖော်ဟောင်း နီကိုလာ ပေပေနဲ့လည်း ပြန်ပူးပေါင်းနိုင်ဦးမှာပါ။

၄။ အေဒူယာဒို ကာမာဗင်ဂါ (ရင်းနေး)
ရင်းနေးကွင်းလယ်လူ ကာမာဗင်ဂါတော့ အသက် ၁၇ နှစ်အရွယ်မှာကတည်း ပြင်သစ်လိဂ်ရဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်နေသူပါ။ သူ့ကို ရီးရဲလ် မက်ဒရစ်နဲ့ ပရီးမီးယားလိဂ်ရဲ့ တခြားအင်အားကြီးတွေကလည်း စိတ်ဝင်စားနေကြပေမယ့် အတွေ့အကြုံနုနယ်သေးတဲ့ လက်ရှိ ၁၈ နှစ်သားကို ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေကြတာဖြစ်ပါတယ်။ အသင်းရဲ့ လုပ်နေကျပုံစံအတိုင်း ခေါ်ယူပြီးမှ ပြန်ရောင်းမယ်ဆိုရင်တော့ ခေါ်ယူသင့်တဲ့ ကစားသမားလို့ ဆိုရမှာဖြစ်ပြီး ပေါ့ဘာလက်သစ်လို့ ဆိုနေကြတဲ့ ပြင်သစ်သားအတွက် ပေါင် ၄၃ သန်းလို့ ဆိုနေကြပါတယ်။

၅။ ရူဘင် နီဗက်စ် (ဝုလ်ဗ်စ်)
ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းရဲ့ ကွင်းလယ်လူ ရူဘင် နီဗက်စ်ကတော့ ဂရာနစ် ချာကာထွက်ခွာသွားခဲ့ရင် ကွင်းလယ်မှာ အတွေ့ကြုံနဲ့ ထိန်းကျောင်းမှုကို ပေးနိုင်ပြီး ဘောလုံးဖြန့်ဝေမှုတွေမှာလည်း ကောင်းမွန်သူတစ်ဦးဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ဟာ သူ့ဆရာ နူနို ဆန်တို မရှိတော့တဲ့ မိုလီနူးက ထွက်ခွာချင်နေပြီမို့ အာဆင်နယ်တို့ ဈေးဆစ်ရလွယ်ကူနိုင်ပြီး ပေါင် ၃၅ သန်းလောက် တေ့တေ့ဆိုင်ဆိုင်ပေးနိုင်တာနဲ့ အလုပ်ဖြစ်ဖို့ ရှိနေပါတယ်။

အသင်းကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြန်သွားခဲ့တဲ့ မာတင် အော်ဒီဂွါဒ်နဲ့ ဒါနီ စီဘာယော့စ်တို့ကြောင့် ဖြစ်ပေါ်လာမယ့် ကွက်လပ်တွေကို ဖြည့်ဆည်းရာမှာ နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ နည်းပြ မီခယ်လ် အာတီတာတို့ရဲ့ အဆုံးအဖြတ်ကတော့ အရေးပါနေပြီး မီဆွတ် အိုဇေးလ်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ နံပါတ် ၁၀ ဖန်တီးမှုဟာကွက်ကို ဘယ်လိုအစားထိုးသွားနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေႏြရာသီမွာ အသင္းရဲ႕ ကြင္းလယ္ကေန ထြက္ခြာသြားမယ့္ ကစားသမားေတြ မ်ားျပားေနရာမွာ အင္အားနည္းသြားေတာ့မယ့္အျဖစ္ကို ႀကဳံေနရတာေၾကာင့္ တိုက္စစ္နဲ႔ ခံစစ္အသီးသီး အသားေပး ကစားသမားေတြကို ရွာေဖြေနၿပီး နီးစပ္ေနတဲ့ ကစားသမားေတြကို ရွာေဖြေဖာ္ျပလိုက္ပါတယ္။

၁။ ဆမ္ဘီ လိုကြန္ဂါ (အန္ဒါလက္ခ်္)
အန္ဒါလက္ခ်္အသင္းရဲ႕ ကြင္းလယ္လူ ဆမ္ဘီ လိုကြန္ဂါကေတာ့ အာဆင္နယ္တိုက္စစ္မႉးေဟာင္း သီယာရီ အြန္နရီ ကိုယ္တိုင္ ခ်ီးက်ဴးထားခဲ့တဲ့ အရည္အေသြးနဲ႔ ျပည့္စုံသူျဖစ္ၿပီး အသက္အ႐ြယ္အားျဖင့္ ၂၁ ႏွစ္သာ ရွိေသးေပမယ့္ အသင္းကို ကပၸတိန္လက္ပတ္နဲ႔ ဦးေဆာင္ကစားခြင့္ရေနသူလည္း ျဖစ္ပါတယ္။ ဒီကစားသမားအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ယူ႐ို ၁၈ သန္းဝန္းက်င္နဲ႔ သေဘာတူညီႏိုင္ၿပီး အသင္းကို ေရာက္လာႏိုင္ေျခအမ်ားဆုံး ကစားသမားတစ္ဦးလည္းျဖစ္သလို တိုက္စစ္ခံစစ္ စြယ္စုံရသူလည္းျဖစ္ပါတယ္။

၂။ ဟူဆင္းမ္ ေအာဝါ (လီယြန္)
လီယြန္ကြင္းလယ္လူ ေအာဝါကေတာ့ ၿပီးခဲ့တဲ့ရာသီက ေခၚယူဖို႔ ႀကိဳးစားခဲ့ၿပီးမွ ျပင္သစ္ကလပ္ရဲ႕ အားကစားဒါ႐ိုက္တာ ဂ်ဴနင္ညိဳ၊ အသင္းဥကၠဌ ယြန္း-မီရွယ္ အိုလာတို႔ရဲ႕ ေဈးကိုင္မႈေတြေၾကာင့္ ခ်စ္လ်က္နဲ႔ ခြဲခြာထားခဲ့ရသူပါ။ မႏွစ္က ေပါင္သန္း ၅၀ အထိ ေပးခဲ့ေပမယ့္ အဆင္မေျပတာေၾကာင့္ အာဆင္နယ္ဘက္က လက္ေလွ်ာ့ခဲ့ရၿပီး ဒီရာသီမွာေတာ့ ေပါင္သန္း ၂၀ ေက်ာ္ေပး႐ုံနဲ႔ ေခၚယူရရွိႏိုင္ၿပီး တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းေက်ာ္ေပးရင္ အဆင္ေျပႏိုင္ဖို႔ ရွိေနတာပါ။

၃။ အိဗ္စ္ ဘီဆူးမား (ဘ႐ိုက္တန္)
ဒီကစားသမားကို ရရွိခဲ့ရင္ေတာ့ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ဟာ ဘယ္အသင္းနဲ႔မဆို ယွဥ္မိုက္ႏိုင္မယ့္ ကြင္းလယ္မ်ိဳးျဖစ္သြားေတာ့မွာပါ။ ဘ႐ိုက္တန္ ကြင္းလယ္လူဟာ ပရီးမီးယားလိဂ္ရဲ႕ လုပ္အားႏႈန္းအေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ အသင္းေဖာ္ေနာက္ခံလူ ဘန္ဝွဳိက္နဲ႔အတူ အမ္းမရိတ္ကို ေရာက္လာႏိုင္သူလည္းျဖစ္ပါတယ္။ ေပါင္သန္း ၄၀ ကို တကယ္တမ္းေပးခဲ့ရင္ ပိုင္ဆိုင္ႏိုင္မယ့္အသင္းက ဂန္းနားေတြပဲျဖစ္ၿပီး အသင္းေဖာ္ေဟာင္း နီကိုလာ ေပေပနဲ႔လည္း ျပန္ပူးေပါင္းႏိုင္ဦးမွာပါ။

၄။ ေအဒူယာဒို ကာမာဗင္ဂါ (ရင္းေနး)
ရင္းေနးကြင္းလယ္လူ ကာမာဗင္ဂါေတာ့ အသက္ ၁၇ ႏွစ္အ႐ြယ္မွာကတည္း ျပင္သစ္လိဂ္ရဲ႕ ထိပ္တန္းကစားသမားတစ္ဦးျဖစ္ေနသူပါ။ သူ႔ကို ရီးရဲလ္ မက္ဒရစ္နဲ႔ ပရီးမီးယားလိဂ္ရဲ႕ တျခားအင္အားႀကီးေတြကလည္း စိတ္ဝင္စားေနၾကေပမယ့္ အေတြ႕အႀကဳံႏုနယ္ေသးတဲ့ လက္ရွိ ၁၈ ႏွစ္သားကို ရင္းႏွီးျမႇဳပ္ႏွံဖို႔ လက္တြန႔္ေနၾကတာျဖစ္ပါတယ္။ အသင္းရဲ႕ လုပ္ေနက်ပုံစံအတိုင္း ေခၚယူၿပီးမွ ျပန္ေရာင္းမယ္ဆိုရင္ေတာ့ ေခၚယူသင့္တဲ့ ကစားသမားလို႔ ဆိုရမွာျဖစ္ၿပီး ေပါ့ဘာလက္သစ္လို႔ ဆိုေနၾကတဲ့ ျပင္သစ္သားအတြက္ ေပါင္ ၄၃ သန္းလို႔ ဆိုေနၾကပါတယ္။

၅။ ႐ူဘင္ နီဗက္စ္ (ဝုလ္ဗ္စ္)
ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းရဲ႕ ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ကေတာ့ ဂရာနစ္ ခ်ာကာထြက္ခြာသြားခဲ့ရင္ ကြင္းလယ္မွာ အေတြ႕ႀကဳံနဲ႔ ထိန္းေက်ာင္းမႈကို ေပးႏိုင္ၿပီး ေဘာလုံးျဖန႔္ေဝမႈေတြမွာလည္း ေကာင္းမြန္သူတစ္ဦးျဖစ္ပါတယ္။ ေပၚတူဂီလက္ေ႐ြးစင္ဟာ သူ႔ဆရာ ႏူႏို ဆန္တို မရွိေတာ့တဲ့ မိုလီႏူးက ထြက္ခြာခ်င္ေနၿပီမို႔ အာဆင္နယ္တို႔ ေဈးဆစ္ရလြယ္ကူႏိုင္ၿပီး ေပါင္ ၃၅ သန္းေလာက္ ေတ့ေတ့ဆိုင္ဆိုင္ေပးႏိုင္တာနဲ႔ အလုပ္ျဖစ္ဖို႔ ရွိေနပါတယ္။

အသင္းကေန ရီးရဲလ္မက္ဒရစ္ဆီ ျပန္သြားခဲ့တဲ့ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ဒါနီ စီဘာေယာ့စ္တို႔ေၾကာင့္ ျဖစ္ေပၚလာမယ့္ ကြက္လပ္ေတြကို ျဖည့္ဆည္းရာမွာ နည္းစနစ္ဒါ႐ိုက္တာ အီဒူးနဲ႔ နည္းျပ မီခယ္လ္ အာတီတာတို႔ရဲ႕ အဆုံးအျဖတ္ကေတာ့ အေရးပါေနၿပီး မီဆြတ္ အိုေဇးလ္ေၾကာင့္ျဖစ္ေပၚခဲ့တဲ့ နံပါတ္ ၁၀ ဖန္တီးမႈဟာကြက္ကို ဘယ္လိုအစားထိုးသြားႏိုင္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.