Premier League

25 Jun နောက်ဆုံးရ လီဗာပူးလ်အပြောင်းအရွှေ့သတင်းများ စုစည်းမှု

လီဗာပူးလ်အသင်းက စိတ်ဝင်စားနေတဲ့ အီတလီတောင်ပံတိုက်စစ်မှူး ဒိုမီနီကို ဘယ်ရာဒီဟာ အသင်းကနေ ထွက်ခွာမှာဖြစ်တယ်လို့ ဆာဆူအိုလိုအသင်းအမှုဆောင်ချုပ်က အတည်ပြုသွားခဲ့ပြီး အန်ဖီးလ်နဲ့ အကြီးအကျယ်ညှိနှိုင်းနေတဲ့ အသက် ၂၆ နှစ်သားကို ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ အရခေါ်ယူနိုင်ဖွယ်ရှိနေ။

ဂီနီ ဗိုင်နယ်လ်ဒမ်ရဲ့နေရာမှာ ပေါ်တူဂီကြယ်ပွင့်ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်နဲ့ အစားထိုးသင့်တယ်လို့ လီဗာပူးလ်ခံစစ်မှူးဟောင်း ဟိုဆေး အင်နရီကေးက တိုက်တွန်းသွားခဲ့ပြီး ၂၃ နှစ်သားဟာ ပြင်သစ်နဲ့ပွဲမှာ ပေါ့ဘာ၊ ကွန်တေတို့ဦးဆောင်တဲ့ ကွင်းလယ်တကျောကို တကိုယ်တော်ထိန်းချုပ်ပြသွားခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် နည်းပြကလော့ပ်မျက်စိကျလာ။

လီဗာပူးလ်အသင်းဟာ ဆွီဒင်လူငယ်ကြယ်ပွင့်လေး အလက်ဇန်းဒါး အီဆက်ကို ခေါ်ယူနိုင်ဖွယ်ရှိနေပြီး အသက် ၂၁ နှစ်အရွယ် ရီးရဲလ်ဆိုစီဒက်တိုက်စစ်မှူးကို လာလီဂါပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကပါ အသည်းအသန်ကြိုးစားလာခဲ့ချိန်မှာ စာချုပ်လျော်ကြေး ပေါင်သန်း ၆၀ နဲဲ့ လက်ဦးမှုယူဖို့ မိုက်ကယ် အက်ဒ်ဝက်ဒ် ကြိုးပမ်းသွားဖွယ်ရှိ။

ကွင်းလယ်လူအတော်များများနဲ့ ချိတ်ဆက်ထားတဲ့ လီဗာပူးလ်အသင်းနဲ့ နောက်ဆုံးသတင်းထွက်လာသူက ပေါ်တိုကွင်းလယ်လူ အိုတာဗီယိုဖြစ်ပြီး ပေါ်တူဂီကလာတဲ့သတင်းတွေအရ အဆိုပါဘရာဇီးလ်သားကို စာချုပ်လျော်ကြေး ယူရိုသန်း ၆၀ နဲ့ ခေါ်ယူနိုင်ခွင့်ရှိနေချိန်မှာ လီဗာပူးလ်အသင်းရဲ့ ဆွဲဆောင်နိုင်မှုကြောင့် ဇွန်လမကုန်ခင် လက်သွက်နိုင်ရင် ယူရိုသန်း ၄၀ နဲ့ ရနိုင်ဖွယ်ရှိ။

ဒီနွေရာသီမှာ လီဗာပူးလ်အသင်းမှာ အငှားနဲ့ ဆက်လက်ပူးပေါင်းဖွယ်မရှိတော့ဘဲ ရှော်လ်ကေးအသင်းကို ပြန်ဖို့ စီစဥ်နေတဲ့ ဗဟိုခံစစ်မှူး အိုဇန် ကာဘက်ကို လက်စတာနဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းတို့က အပြီးသတ်ဝယ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပြီး ဂျာမန်ကလပ်ကလည်း တူရီသားကို ရောင်းထုတ်မယ်လို့ တံခါးဖွင့်ထား။

ဒီနွေရာသီရဲ့ အကြီးမားဆုံးအပြောင်းအရွှေ့အဖြစ် လီဗာ​ပူးလ်အသင်းနဲ့ အကြီးအကျယ် ချိတ်ဆက်နေတဲ့ တို​က်စစ်မှူးခိုင်လန် အမ်ဘာပေကို PSG အသင်းက ထွက်ခွာခွင့်ပေးလိုက်ပြီလို့ သိရပြီး ပြင်သစ်သားရဲ့ အနာဂတ်ရွေးချယ်မှုမှာ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကသာ ဦးစားပေးအဖြစ် တည်ရှိနေတာကြောင့် မိုက်ကယ် အက်ဒ်ဝက်ဒ်ရဲ့ ဆွဲဆောင်စည်းရုံးနိုင်စွမ်းအပေါ် အဓိကမူတည်လာ။

လီဗာပူးလ်ဟာ အသင်းရဲ့ လူငယ်ဂိုးသမားလေး ကွိုင်းမင်း ကယ်လေဟာကို ၅ နှစ်စာချုပ်သစ်နဲ့ ကာလရှည်သက်တမ်းတိုးခဲ့ကြောင်း တရားဝင်ကြေငြာသွားခဲ့ပြီး ယူရိုမှာ အိုင်ယာလန်အသင်းနဲ့ ပွဲဦးထွက်ခွင့်ရခဲ့တဲ့ အသက် ၂၁ နှစ်သားလေး ပထမဂိုးသမား အယ်လယ်ဆွန် ဘက်ခါနဲ့ နေရာလုတိုက်ပွဲဝင်ပြီး ဖိအားပေးသွားမယ်လို့ ကြုံးဝါး။

UEFA က ကျင်းပတဲ့ ဥရောပပြိုင်ပွဲမှာ ၅၆ နှစ်ကြာ အသုံးပြုလာခဲ့တဲ့ အဝေးဂိုးစည်းမျဥ်းကို ပယ်ဖျယ်လိုက်တယ်လို့ UEFA ဥက္ကဌ အလက်ဇန်းဒါး ဆီဖရင်းက တရားဝင်အတည်ပြုခဲ့ပြီး အဝေးဂိုးစည်းမျဥ်းကို သဘောကျနေတဲ့ လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ရဲ့သဘောထားနဲ့ ကွဲလွဲသွားနေလို့ စိတ်မပျော်မရွှင်ဖြစ်နေကြောင်း သိရ။

ဖီလစ်ပီ ကော်တင်ညိုလက်သစ်အဖြစ် တင်စားခံထားရသူ ဒိန်းမတ်ကစားသမား ဒမ်းစ်ဂါ့ဒ်ဟာ နံပါတ် ၁၀နေရာနဲ့ ဘယ်သန်တောင်ပံကစားသမားအဖြစ် ကစားနိုင်လို့ မိုက်ကယ် အက်ဒ်ဝက်ဒ်အနေနဲ့ သူ့ကို အထူးသဘောကျနေတယ်လို့ သိရပြီး ဆမ်ဒိုးရီးယားအသင်းဆီကနေ ယူရိုသန်း ၃၀ နဲ့ အန်ဖီးလ်မြေကို ခေါ်ဆောင်နိုင်ဖို့ အလားအလာကောင်းနေ။

လီဗာပူးလ်အသင်းဟာ PSV အိုင်ဟိုဗင့်တောင်ပံတိုက်စစ်မှူး ဒွန်ညဲ မာလန်ကို ဒီနွေမှာ အန်ဖီးလ်မြေဆီ ခေါ်ယူဖို့ စကားကမ်းလှမ်းလိုက်ပြီးတဲ့နောက်မှာ မိုက်ကယ် အက်ဒ်ဝက်ဒ်အနေနဲ့ အပြောင်းအရွှေ့ အမြန်ဆုံးအပြီးသတ်ဖို့ အရှိန်မြှင့်နေတယ်လို့ သိရပြီး အသက် ၂၂ နှစ်အရွယ် ဒတ်ချ်လူငယ်ကြယ်ပွင့်ကို ဒေါ့မန်အသင်းနဲ့ အပြိုင်လုရဖွယ် ရှိနေတာကြောင့် ပေါင်သန်း ၃၀ နဲ့ လက်ဦးသွားဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းက စိတ္ဝင္စားေနတဲ့ အီတလီေတာင္ပံတိုက္စစ္မႉး ဒိုမီနီကို ဘယ္ရာဒီဟာ အသင္းကေန ထြက္ခြာမွာျဖစ္တယ္လို႔ ဆာဆူအိုလိုအသင္းအမႈေဆာင္ခ်ဳပ္က အတည္ျပဳသြားခဲ့ၿပီး အန္ဖီးလ္နဲ႔ အႀကီးအက်ယ္ညႇိႏႈိင္းေနတဲ့ အသက္ ၂၆ ႏွစ္သားကို ေပါင္သန္း ၄၀ ဝန္းက်င္နဲ႔ အရေခၚယူႏိုင္ဖြယ္ရွိေန။

ဂီနီ ဗိုင္နယ္လ္ဒမ္ရဲ႕ေနရာမွာ ေပၚတူဂီၾကယ္ပြင့္ကြင္းလယ္လူ ရီနာတို ဆန္းခ်က္စ္နဲ႔ အစားထိုးသင့္တယ္လို႔ လီဗာပူးလ္ခံစစ္မႉးေဟာင္း ဟိုေဆး အင္နရီေကးက တိုက္တြန္းသြားခဲ့ၿပီး ၂၃ ႏွစ္သားဟာ ျပင္သစ္နဲ႔ပြဲမွာ ေပါ့ဘာ၊ ကြန္ေတတို႔ဦးေဆာင္တဲ့ ကြင္းလယ္တေက်ာကို တကိုယ္ေတာ္ထိန္းခ်ဳပ္ျပသြားခဲ့တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ နည္းျပကေလာ့ပ္မ်က္စိက်လာ။

လီဗာပူးလ္အသင္းဟာ ဆြီဒင္လူငယ္ၾကယ္ပြင့္ေလး အလက္ဇန္းဒါး အီဆက္ကို ေခၚယူႏိုင္ဖြယ္ရွိေနၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ ရီးရဲလ္ဆိုစီဒက္တိုက္စစ္မႉးကို လာလီဂါၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ကပါ အသည္းအသန္ႀကိဳးစားလာခဲ့ခ်ိန္မွာ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၆၀ နဲဲ့ လက္ဦးမႈယူဖို႔ မိုက္ကယ္ အက္ဒ္ဝက္ဒ္ ႀကိဳးပမ္းသြားဖြယ္ရွိ။

ကြင္းလယ္လူအေတာ္မ်ားမ်ားနဲ႔ ခ်ိတ္ဆက္ထားတဲ့ လီဗာပူးလ္အသင္းနဲ႔ ေနာက္ဆုံးသတင္းထြက္လာသူက ေပၚတိုကြင္းလယ္လူ အိုတာဗီယိုျဖစ္ၿပီး ေပၚတူဂီကလာတဲ့သတင္းေတြအရ အဆိုပါဘရာဇီးလ္သားကို စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၆၀ နဲ႔ ေခၚယူႏိုင္ခြင့္ရွိေနခ်ိန္မွာ လီဗာပူးလ္အသင္းရဲ႕ ဆြဲေဆာင္ႏိုင္မႈေၾကာင့္ ဇြန္လမကုန္ခင္ လက္သြက္ႏိုင္ရင္ ယူ႐ိုသန္း ၄၀ နဲ႔ ရႏိုင္ဖြယ္ရွိ။

ဒီေႏြရာသီမွာ လီဗာပူးလ္အသင္းမွာ အငွားနဲ႔ ဆက္လက္ပူးေပါင္းဖြယ္မရွိေတာ့ဘဲ ေရွာ္လ္ေကးအသင္းကို ျပန္ဖို႔ စီစဥ္ေနတဲ့ ဗဟိုခံစစ္မႉး အိုဇန္ ကာဘက္ကို လက္စတာနဲ႔ ခရစၥတယ္လ္ပဲေလ့စ္အသင္းတို႔က အၿပီးသတ္ဝယ္ယူဖို႔ မ်က္စိက်ေနတယ္လို႔ သိရၿပီး ဂ်ာမန္ကလပ္ကလည္း တူရီသားကို ေရာင္းထုတ္မယ္လို႔ တံခါးဖြင့္ထား။

ဒီေႏြရာသီရဲ႕ အႀကီးမားဆုံးအေျပာင္းအေ႐ႊ႕အျဖစ္ လီဗာ​ပူးလ္အသင္းနဲ႔ အႀကီးအက်ယ္ ခ်ိတ္ဆက္ေနတဲ့ တို​က္စစ္မႉးခိုင္လန္ အမ္ဘာေပကို PSG အသင္းက ထြက္ခြာခြင့္ေပးလိုက္ၿပီလို႔ သိရၿပီး ျပင္သစ္သားရဲ႕ အနာဂတ္ေ႐ြးခ်ယ္မႈမွာ လီဗာပူးလ္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ကသာ ဦးစားေပးအျဖစ္ တည္ရွိေနတာေၾကာင့္ မိုက္ကယ္ အက္ဒ္ဝက္ဒ္ရဲ႕ ဆြဲေဆာင္စည္း႐ုံးႏိုင္စြမ္းအေပၚ အဓိကမူတည္လာ။

လီဗာပူးလ္ဟာ အသင္းရဲ႕ လူငယ္ဂိုးသမားေလး ကြိဳင္းမင္း ကယ္ေလဟာကို ၅ ႏွစ္စာခ်ဳပ္သစ္နဲ႔ ကာလရွည္သက္တမ္းတိုးခဲ့ေၾကာင္း တရားဝင္ေၾကျငာသြားခဲ့ၿပီး ယူ႐ိုမွာ အိုင္ယာလန္အသင္းနဲ႔ ပြဲဦးထြက္ခြင့္ရခဲ့တဲ့ အသက္ ၂၁ ႏွစ္သားေလး ပထမဂိုးသမား အယ္လယ္ဆြန္ ဘက္ခါနဲ႔ ေနရာလုတိုက္ပြဲဝင္ၿပီး ဖိအားေပးသြားမယ္လို႔ ႀကဳံးဝါး။

UEFA က က်င္းပတဲ့ ဥေရာပၿပိဳင္ပြဲမွာ ၅၆ ႏွစ္ၾကာ အသုံးျပဳလာခဲ့တဲ့ အေဝးဂိုးစည္းမ်ဥ္းကို ပယ္ဖ်ယ္လိုက္တယ္လို႔ UEFA ဥကၠဌ အလက္ဇန္းဒါး ဆီဖရင္းက တရားဝင္အတည္ျပဳခဲ့ၿပီး အေဝးဂိုးစည္းမ်ဥ္းကို သေဘာက်ေနတဲ့ လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ရဲ႕သေဘာထားနဲ႔ ကြဲလြဲသြားေနလို႔ စိတ္မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္း သိရ။

ဖီလစ္ပီ ေကာ္တင္ညိဳလက္သစ္အျဖစ္ တင္စားခံထားရသူ ဒိန္းမတ္ကစားသမား ဒမ္းစ္ဂါ့ဒ္ဟာ နံပါတ္ ၁၀ေနရာနဲ႔ ဘယ္သန္ေတာင္ပံကစားသမားအျဖစ္ ကစားႏိုင္လို႔ မိုက္ကယ္ အက္ဒ္ဝက္ဒ္အေနနဲ႔ သူ႔ကို အထူးသေဘာက်ေနတယ္လို႔ သိရၿပီး ဆမ္ဒိုးရီးယားအသင္းဆီကေန ယူ႐ိုသန္း ၃၀ နဲ႔ အန္ဖီးလ္ေျမကို ေခၚေဆာင္ႏိုင္ဖို႔ အလားအလာေကာင္းေန။

လီဗာပူးလ္အသင္းဟာ PSV အိုင္ဟိုဗင့္ေတာင္ပံတိုက္စစ္မႉး ဒြန္ညဲ မာလန္ကို ဒီေႏြမွာ အန္ဖီးလ္ေျမဆီ ေခၚယူဖို႔ စကားကမ္းလွမ္းလိုက္ၿပီးတဲ့ေနာက္မွာ မိုက္ကယ္ အက္ဒ္ဝက္ဒ္အေနနဲ႔ အေျပာင္းအေ႐ႊ႕ အျမန္ဆုံးအၿပီးသတ္ဖို႔ အရွိန္ျမႇင့္ေနတယ္လို႔ သိရၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ဒတ္ခ်္လူငယ္ၾကယ္ပြင့္ကို ေဒါ့မန္အသင္းနဲ႔ အၿပိဳင္လုရဖြယ္ ရွိေနတာေၾကာင့္ ေပါင္သန္း ၃၀ နဲ႔ လက္ဦးသြားဖြယ္ရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.