Premier League

ဘယ္မွ မသြားဘူးလို႔ေျပာၿပီး ထရိန္နင္ဆင္းေနပုံနဲ႔ အသင္းေဖာ္ေတြကို စလုိက္တဲ့ ဆာလား

လီဗာပူးလ္အသင္းရဲ႕ ေတာင္ပံကစားသမား မိုဟာမက္ ဆာလားအေနနဲ႔ အသင္းကေန အားလပ္ရက္ရထားခ်ိန္မွာ ဘယ္မွမသြားဘဲ အသင္းမွာပဲ ဆက္ရွိၿပီး ေလ့က်င့္ေနတယ္လို႔ မဲလ္ဝုဒ္ေလ့က်င့္ေရးစင္တာက ပုံနဲ႔ အသင္းေဖာ္ေတြကို စေနာက္လုိက္ပါတယ္။

သူ႕ရဲ႕အသင္းေဖာ္ေတြကေတာ့ ကမာၻအႏွံ႔ကို ေဈးႀကီးေပးရတဲ့ ခရီးစဥ္ေတြမွာ သြားေရာက္လည္ပတ္ေနၾကခ်ိန္မွာ အီဂ်စ္လက္ေရြးစင္ကေတာ့ သူ႕အေနနဲ႔ သူ႕ရဲ႕ ပုံစံေကာင္းနဲ႔ ႀကံ့ခိုင္မွဳကို ဆက္လက္ထိန္းသိမ္းေနတယ္လုိ႔ ဆိုခဲ့ၿပီး အင္စတာဂရမ္မွာ တင္ခဲ့တာလည္းျဖစ္ပါတယ္။

အားလပ္ရက္စေပးကတည္းက ဘယ္မွ မသြားဘူးလုိ႔ ဆာလားက ေရးသားလုိက္တာျဖစ္ၿပီး မဲလ္ဝုဒ္က ေလ့က်င့္ေရးစက္ဘီးေပၚမွာ ေခၽြးတလုံးလုံးနဲ႔ ႀကဳိးစားေနတဲ့ ပုံစံကို ျမင္ခဲ့ရတာလည္းျဖစ္ၿပီး အသင္းေဖာ္ေတြအေနနဲ႔ ဘယ္ေန႔မွာ ျပန္လည္ပူးေပါင္းၾကရမယ္ဆိုတာကိုေတာ့ မသိရေသးဘဲ ဒီလ ၁၅ ရက္ေန႔မွာေတာ့ ေနာ့ဝစ္ခ်္အသင္းက အေဝးကြင္းမွာ ေစာင့္ေနမွာလည္းျဖစ္ပါတယ္။

အသင္းေဖာ္ေတြထဲက ေရာဘတ္တို ဖာမီႏိုနဲ႔ ဖာဘင္ဟိုတို႔ကေတာ့ ေမာ္လ္ဒိုက္ဗ္စ္ကို ေရာက္ေနခဲ့ၿပီး ဗန္ဒိုက္နဲ႔ ခ်ိမ္ဘာလိန္တုိ႔အဖြဲ႕ကေတာ့ ဒူဘုိင္းမွာ အပန္းေျဖေနခဲ့သလို လယ္လာနာကေတာ့ အေမရိကန္ႏုိင္ငံမွာ NBA ဘတ္စ္ကက္ေဘာပြဲျဖစ္တဲ့ မုိင္ယာမီဟိထ္နဲ႔ ဖီလာဒဲလ္ဖီးယား ဆဲဗင္တီဆစ္ဇာတုိ႔ရဲ႕ ပြဲကို သြားေရာက္ၾကည့္ရွဳခဲ့တယ္လုိ႔ ဆိုပါတယ္။

ေဆာင္းရာသီအားလပ္ရက္ေတြ ကုန္ဆုံးၿပီးရင္ေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ ဒုတိယေနရာက မန္ခ်က္စတာစီးတီးကို ၂၂ မွတ္ထားတဲ့ ဦးေဆာင္မွဳနဲ႔အတူ ပရီးမီးယားလိဂ္မွာ Invincible အသစ္ျဖစ္ႏုိင္ဖို႔ စိန္ေခၚမွဳကိုလည္း ဆက္လက္ရင္ဆုိင္ရမွာျဖစ္ၿပီး ရာသီကုန္ခ်ိန္အထိ ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းဖို႔ဟာ အားလပ္ရက္မယူတဲ့ ဆာလားနဲ႔ ပိုၿပီးျဖစ္ႏိုင္ေခ်မ်ားလာမလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား မိုဟာမက် ဆာလားအနေနဲ့ အသင်းကနေ အားလပ်ရက်ရထားချိန်မှာ ဘယ်မှမသွားဘဲ အသင်းမှာပဲ ဆက်ရှိပြီး လေ့ကျင့်နေတယ်လို့ မဲလ်ဝုဒ်လေ့ကျင့်ရေးစင်တာက ပုံနဲ့ အသင်းဖော်တွေကို စနောက်လိုက်ပါတယ်။

သူ့ရဲ့အသင်းဖော်တွေကတော့ ကမ္ဘာအနှံ့ကို ဈေးကြီးပေးရတဲ့ ခရီးစဉ်တွေမှာ သွားရောက်လည်ပတ်နေကြချိန်မှာ အီဂျစ်လက်ရွေးစင်ကတော့ သူ့အနေနဲ့ သူ့ရဲ့ ပုံစံကောင်းနဲ့ ကြံ့ခိုင်မှုကို ဆက်လက်ထိန်းသိမ်းနေတယ်လို့ ဆိုခဲ့ပြီး အင်စတာဂရမ်မှာ တင်ခဲ့တာလည်းဖြစ်ပါတယ်။

အားလပ်ရက်စပေးကတည်းက ဘယ်မှ မသွားဘူးလို့ ဆာလားက ရေးသားလိုက်တာဖြစ်ပြီး မဲလ်ဝုဒ်က လေ့ကျင့်ရေးစက်ဘီးပေါ်မှာ ချွေးတလုံးလုံးနဲ့ ကြိုးစားနေတဲ့ ပုံစံကို မြင်ခဲ့ရတာလည်းဖြစ်ပြီး အသင်းဖော်တွေအနေနဲ့ ဘယ်နေ့မှာ ပြန်လည်ပူးပေါင်းကြရမယ်ဆိုတာကိုတော့ မသိရသေးဘဲ ဒီလ ၁၅ ရက်နေ့မှာတော့ နော့ဝစ်ချ်အသင်းက အဝေးကွင်းမှာ စောင့်နေမှာလည်းဖြစ်ပါတယ်။

အသင်းဖော်တွေထဲက ရောဘတ်တို ဖာမီနိုနဲ့ ဖာဘင်ဟိုတို့ကတော့ မော်လ်ဒိုက်ဗ်စ်ကို ရောက်နေခဲ့ပြီး ဗန်ဒိုက်နဲ့ ချိမ်ဘာလိန်တို့အဖွဲ့ကတော့ ဒူဘိုင်းမှာ အပန်းဖြေနေခဲ့သလို လယ်လာနာကတော့ အမေရိကန်နိုင်ငံမှာ NBA ဘတ်စ်ကက်ဘောပွဲဖြစ်တဲ့ မိုင်ယာမီဟိထ်နဲ့ ဖီလာဒဲလ်ဖီးယား ဆဲဗင်တီဆစ်ဇာတို့ရဲ့ ပွဲကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

ဆောင်းရာသီအားလပ်ရက်တွေ ကုန်ဆုံးပြီးရင်တော့ လီဗာပူးလ်အသင်းအနေနဲ့ ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၂၂ မှတ်ထားတဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်မှာ Invincible အသစ်ဖြစ်နိုင်ဖို့ စိန်ခေါ်မှုကိုလည်း ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပြီး ရာသီကုန်ချိန်အထိ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းဖို့ဟာ အားလပ်ရက်မယူတဲ့ ဆာလားနဲ့ ပိုပြီးဖြစ်နိုင်ချေများလာမလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.