Bundesliga Premier League

မန္ခ်က္စတာယူႏိုက္တက္ကို မေရြးဘဲ ေဒါ့မြန္ကို ေရြးခဲ့တာ မွန္ေၾကာင္း ဟားလန္းရဲ႕ ေအးဂ်င့္ဆို

သူ႕ရဲ႕ကစားသမား အာလင္း ဟားလန္းအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ကမ္းလွမ္းမွဳကို ေရွာင္ရွားၿပီး ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းကို ေရြးခ်ယ္သြားခဲ့တာဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း ေအးဂ်င့္ျဖစ္သူ မီႏို ႐ိုင္ယိုလာက ေျပာၾကားလုိက္ပါတယ္။

ေဒးလီးေမးလ္ရဲ႕ အားကစားက႑ခြဲျဖစ္တဲ့ စပို႔စ္ေမးလ္ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဟားလန္းကို ေခၚယူဖို႔ တရားဝင္ေအးဂ်င့္ျဖစ္တဲ့ ႐ိုင္ယိုလာနဲ႔ ဆက္ဆံေရးအဆင္မေျပခ်ိန္မွာ ကစားသမားရဲ႕ ဖခင္ျဖစ္သူကတစ္ဆင့္ ခ်ဥ္းကပ္ခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၇ သန္းသာ ေပးရမယ့္ ဒီအသက္ ၁၉ ႏွစ္သား တုိက္စစ္မွဴးရဲ႕ ေရြးခ်ယ္ခဲ့တဲ့ အသင္းကေတာ့ ေဒါ့မြန္အသင္းပဲ ေနာက္ဆုံးမွာ ျဖစ္သြားခဲ့ၿပီး လူငယ္ေတြကို ေျမေတာင္ေျမႇာက္ေပးႏုိင္တဲ့ အသင္းျဖစ္သလို ျပန္လည္ၿပီး အသင္းႀကီးတစ္သင္းဆီကို ထြက္ခြာမယ္ဆုိရင္လည္း လြယ္ကူတဲ့အတြက္ ေရြးခ်ယ္ခဲ့တာလို႔လည္း သုံးသပ္ရပါတယ္။

“ဇန္နဝါရီတစ္ရက္ေန႔ဆုိတာကေတာ့ အေျပာင္းအေရႊ႕ဇာတ္ခုံေတြ ဖြင့္ၿပီး ကၾကခုန္ၾက သ႐ုပ္ေဆာင္တဲ့ စင္ျမင့္ျဖစ္လာတာေပါ့ဗ်ာ။ ဒါေပမယ့္ ဒီမတုိင္ခင္ ၆ လလုံးလုံးမွာ သ႐ုပ္ေဆာင္မယ့္သူေတြအေနနဲ႔ ေနာက္ကြယ္မွာ အျပင္းအထန္ ႀကဳိးစားေနခဲ့ရတာ လူေတြက ဘယ္သိပ္သိၾကမွာလဲ”လို႔ အီတာလ်ံေအးဂ်င့္က ဆုိခဲ႔ပါတယ္။

“တကယ္ေတာ့ ဟားလန္းအတြက္ ကၽြန္ေတာ္တစ္ႏွစ္လုံးအလုပ္မ်ားေနခဲ့တာျဖစ္ၿပီး သူအေဖလည္းပါတာေပါ့။ ကလပ္အသင္းေတြနဲ႔ ကၽြန္ေတာ္တုိ႔ အနာဂတ္ အစီအစဥ္ေတြနဲ႔ ေငြေၾကးပမာဏေတြအေၾကာင္း ေဆြးေႏြးခဲ့ၾကၿပီး ေနာက္ဆုံးမွာ ဟားလန္းအေနနဲ႔ အေကာင္းဆုံးဆုံးျဖတ္ခ်က္ ခ်ႏုိင္ခဲ့တယ္လုိ႔ ထင္ပါတယ္”လို႔လည္း ႐ိုင္ယိုလာက ေျပာၾကားသြားပါတယ္။

ၾကားသိထားခဲ့ရတဲ့ သတင္းေတြအရေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဟားလန္းရဲ႕ စာခ်ဳပ္မွာ ထည့္သြင္းရမယ့္ စာခ်ဳပ္ဖ်က္သိမ္းေၾကးအတြက္ ေအးဂ်င့္နဲ႔ၾကားမွာ သေဘာတူညီမွဳ ပ်က္ျပားခဲ့ရတာျဖစ္ၿပီး ေဒါ့မြန္အသင္းက ေခၚယူသြားခဲ့ရာမွာေတာ့ ဂ်ာမန္ေျမမွာ ၄ ပြဲကစား ၈ ဂိုးအထိ သြင္းယူခဲ့ၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: သူ့ရဲ့ကစားသမား အာလင်း ဟားလန်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ရှောင်ရှားပြီး ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းကို ရွေးချယ်သွားခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာက ပြောကြားလိုက်ပါတယ်။

ဒေးလီးမေးလ်ရဲ့ အားကစားကဏ္ဍခွဲဖြစ်တဲ့ စပို့စ်မေးလ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟားလန်းကို ခေါ်ယူဖို့ တရားဝင်အေးဂျင့်ဖြစ်တဲ့ ရိုင်ယိုလာနဲ့ ဆက်ဆံရေးအဆင်မပြေချိန်မှာ ကစားသမားရဲ့ ဖခင်ဖြစ်သူကတစ်ဆင့် ချဉ်းကပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းသာ ပေးရမယ့် ဒီအသက် ၁၉ နှစ်သား တိုက်စစ်မှူးရဲ့ ရွေးချယ်ခဲ့တဲ့ အသင်းကတော့ ဒေါ့မွန်အသင်းပဲ နောက်ဆုံးမှာ ဖြစ်သွားခဲ့ပြီး လူငယ်တွေကို မြေတောင်မြှောက်ပေးနိုင်တဲ့ အသင်းဖြစ်သလို ပြန်လည်ပြီး အသင်းကြီးတစ်သင်းဆီကို ထွက်ခွာမယ်ဆိုရင်လည်း လွယ်ကူတဲ့အတွက် ရွေးချယ်ခဲ့တာလို့လည်း သုံးသပ်ရပါတယ်။

“ဇန်နဝါရီတစ်ရက်နေ့ဆိုတာကတော့ အပြောင်းအရွှေ့ဇာတ်ခုံတွေ ဖွင့်ပြီး ကကြခုန်ကြ သရုပ်ဆောင်တဲ့ စင်မြင့်ဖြစ်လာတာပေါ့ဗျာ။ ဒါပေမယ့် ဒီမတိုင်ခင် ၆ လလုံးလုံးမှာ သရုပ်ဆောင်မယ့်သူတွေအနေနဲ့ နောက်ကွယ်မှာ အပြင်းအထန် ကြိုးစားနေခဲ့ရတာ လူတွေက ဘယ်သိပ်သိကြမှာလဲ”လို့ အီတာလျံအေးဂျင့်က ဆိုပါတယ်။

“တကယ်တော့ ဟားလန်းအတွက် ကျွန်တော်တစ်နှစ်လုံးအလုပ်များနေခဲ့တာဖြစ်ပြီး သူအဖေလည်းပါတာပေါ့။ ကလပ်အသင်းတွေနဲ့ ကျွန်တော်တို့ အနာဂတ် အစီအစဉ်တွေနဲ့ ငွေကြေးပမာဏတွေအကြောင်း ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာ ဟားလန်းအနေနဲ့ အကောင်းဆုံးဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့လည်း ရိုင်ယိုလာက ပြောကြားသွားပါတယ်။

ကြားသိထားခဲ့ရတဲ့ သတင်းတွေအရတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟားလန်းရဲ့ စာချုပ်မှာ ထည့်သွင်းရမယ့် စာချုပ်ဖျက်သိမ်းကြေးအတွက် အေးဂျင့်နဲ့ကြားမှာ သဘောတူညီမှု ပျက်ပြားခဲ့ရတာဖြစ်ပြီး ဒေါ့မွန်အသင်းက ခေါ်ယူသွားခဲ့ရာမှာတော့ ဂျာမန်မြေမှာ ၄ ပွဲကစား ၈ ဂိုးအထိ သွင်းယူခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.