La Liga Ligue1 Premier League Transfer News

ကြန္ေတကို ေရာင္းထုတ္သြားဖုိ႔ အဆင္သင့္ျပင္ထားၿပီးၿပီျဖစ္တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္ကစားသမား အန္ဂိုလို ကြန္ေတ(ကန္တီ)ကို လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေရာင္းထုတ္သြားဖို႔ အဆင္သင့္ျပင္ထားတယ္လုိ႔ သိရၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ပီအက္စ္ဂ်ီလို အသင္းႀကီးေတြက ေခၚယူဖို႔ ျပင္ဆင္ေနၾကတယ္လို႔ သိရပါတယ္။

လက္စတာစီးတီး၊ ခ်ဲလ္ဆီးအသင္းေတြနဲ႔အတူ ပရီးမီးယားလိဂ္ကို ႏွစ္ႏွစ္ဆက္တုိက္ ရယူႏုိင္ခဲ့တဲ့ ဒီျပင္သစ္လက္ေရြးစင္ကြင္းလယ္လူဟာ နည္းျပအေျပာင္းအလဲေတြၾကားမွာ မတူညီတဲ့ ကစားပုံနဲ႔ တာဝန္ေပးအပ္မွဳေတြၾကား ေျခစြမ္းက်ဆင္းေနသူလည္းျဖစ္ၿပီး နည္းျပ ဖရန္႔ လမ္းပတ္ကေတာ့ သူ႕ရဲ႕ အနာဂတ္အစီအစဥ္ေတြထဲမွာ ထည့္သြင္းခ်င္ပုံ မရတာလည္းျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့ ကြင္းလယ္လူဟာ နည္းျပ ေမာ္ရီဇီယို ဆာရီရဲ႕ လက္ထက္မွာ ကြင္းလယ္ရဲ႕ မင္းသားျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟိုကို ဦးစားေပးၿပီး ဝန္းရံခဲ့ရင္း သူ႕ရဲ႕ နဂိုမူလ အဖ်က္ကစားပုံမွာ က်ဆင္းသြားခဲ့သလို နည္းျပသစ္ လမ္းပတ္လက္ထက္မွာလည္း ကြင္းလယ္အဖ်က္မွာ ကစားခြင့္မရေသးတာပါ။

ျပင္သစ္သားေတြအေၾကာင္းကို ေကာင္းေကာင္းသိသူတစ္ဦးျဖစ္တဲ့ ျပင္သစ္ဂႏၴဝင္ကစားသမားေဟာင္း ဇီနီဒန္း ဇီဒန္းကေတာ့ ကြန္ေတကို ရီးရဲလ္မက္ဒရစ္ရဲ႕ ခံစစ္ေၾကာင္းေရွ႕က ကာကြယ္ေပးေစဖို႔ ဆႏၵရွိေနၿပီး ပီအက္စ္ဂ်ီကလည္း လက္ေရြးစင္ကစားသမားတစ္ေယာက္ကို သူတို႔ရဲ႕ တည္ေဆာက္ဆဲ ဂုဏ္သိကၡာအတြက္ အလိုရွိေနတယ္လို႔ ဆုိပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီကစားသမားရဲ႕ လက္ရွိပုံစံကို လက္ခံႏုိင္တဲ့ အေနအထားမွာ ရွိေနေပမယ့္လည္း အသက္အရြယ္အရ ေဈးေကာင္းရႏိုင္မယ့္ ေနာက္ဆုံးအခ်ိန္မွာ သင့္ေတာ္တဲ့ ကမ္းလွမ္းမွဳရွိလာရင္ ေရာင္းခ်သြားဖို႔ စဥ္းစားမယ္လုိ႔ ဆုိေနၾကၿပီး စာခ်ဳပ္သစ္ကိုေတာ့ ထပ္မံေပးအပ္ေတာ့မွာ မဟုတ္ဘူးလုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကစားသမား အန်ဂိုလို ကွန်တေ(ကန်တီ)ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်သွားဖို့ အဆင်သင့်ပြင်ထားတယ်လို့ သိရပြီး ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီလို အသင်းကြီးတွေက ခေါ်ယူဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

လက်စတာစီးတီး၊ ချဲလ်ဆီးအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်ကို နှစ်နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ဒီပြင်သစ်လက်ရွေးစင်ကွင်းလယ်လူဟာ နည်းပြအပြောင်းအလဲတွေကြားမှာ မတူညီတဲ့ ကစားပုံနဲ့ တာဝန်ပေးအပ်မှုတွေကြား ခြေစွမ်းကျဆင်းနေသူလည်းဖြစ်ပြီး နည်းပြ ဖရန့် လမ်းပတ်ကတော့ သူ့ရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာ ထည့်သွင်းချင်ပုံ မရတာလည်းဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ကွင်းလယ်လူဟာ နည်းပြ မော်ရီဇီယို ဆာရီရဲ့ လက်ထက်မှာ ကွင်းလယ်ရဲ့ မင်းသားဖြစ်တဲ့ ဂျော်ဂျင်ဟိုကို ဦးစားပေးပြီး ဝန်းရံခဲ့ရင်း သူ့ရဲ့ နဂိုမူလ အဖျက်ကစားပုံမှာ ကျဆင်းသွားခဲ့သလို နည်းပြသစ် လမ်းပတ်လက်ထက်မှာလည်း ကွင်းလယ်အဖျက်မှာ ကစားခွင့်မရသေးတာပါ။

ပြင်သစ်သားတွေအကြောင်းကို ကောင်းကောင်းသိသူတစ်ဦးဖြစ်တဲ့ ပြင်သစ်ဂန္ထဝင်ကစားသမားဟောင်း ဇီနီဒန်း ဇီဒန်းကတော့ ကွန်တေကို ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်ကြောင်းရှေ့က ကာကွယ်ပေးစေဖို့ ဆန္ဒရှိနေပြီး ပီအက်စ်ဂျီကလည်း လက်ရွေးစင်ကစားသမားတစ်ယောက်ကို သူတို့ရဲ့ တည်ဆောက်ဆဲ ဂုဏ်သိက္ခာအတွက် အလိုရှိနေတယ်လို့ ဆိုပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဒီကစားသမားရဲ့ လက်ရှိပုံစံကို လက်ခံနိုင်တဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း အသက်အရွယ်အရ ဈေးကောင်းရနိုင်မယ့် နောက်ဆုံးအချိန်မှာ သင့်တော်တဲ့ ကမ်းလှမ်းမှုရှိလာရင် ရောင်းချသွားဖို့ စဉ်းစားမယ်လို့ ဆိုနေကြပြီး စာချုပ်သစ်ကိုတော့ ထပ်မံပေးအပ်တော့မှာ မဟုတ်ဘူးလို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.