La Liga Premier League

ပရီးမီးယားလိဂ္က ထြက္ခြာမယ္လို႔ သိခဲ့ရအၿပီးမွာ ဟာရီကိန္းကို ကမ္းလွမ္းဖို႔ရွိေနတဲ့ ရီးရဲလ္မက္ဒရစ္

စပိန္အင္အားႀကီး ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကေန ထြက္ခြာျဖစ္ခဲ့ရင္ ပရီးမီးယားလိဂ္မွာ ဆက္လက္ကစားမွာ မဟုတ္ဘဲ ႏုိင္ငံျပင္ပက ကလပ္အသင္းေတြဆီ ေျပာင္းေရႊ႕မွာျဖစ္တယ္လို႔ ဟာရီကိန္းရဲ႕ ဝန္ခံစကား ထြက္ေပၚလာခဲ့အၿပီးမွာ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ႏိုင္ငံ့သူရဲေကာင္းတစ္ဦးျဖစ္တဲ့ အဂၤလန္အသင္းေခါင္းေဆာင္အေနနဲ႔ သူ႕ရဲ႕ ရည္မွန္းခ်က္ႀကီးမားမွဳကိုလည္း ထုတ္ေဖာ္ျပသခဲ့တယ္လုိ႔ သိရၿပီး ဆုဖလားေတြကို ရယူသြားလိုတယ္လို႔ ေျပာၾကားထားခဲ့တဲ့အတြက္ သူ႕ရဲ႕ကစားသမားဘဝအတြင္းမွာ စပါးစ္အသင္းနဲ႔ ေအာင္ျမင္မွဳ မရေသးတဲ့ အေျခအေနကို လာမယ့္အသင္းမွာ ေျပာင္းျပန္လွန္သြားဖို႔ရွိၿပီး ဥေရာပအသင္းႀကီးတစ္သင္းကို ေရာက္ရွိမယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

ဘာေနဗ်ဴးအသင္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို အသင္းကေန ထြက္ခြာသြားၿပီးေနာက္ပုိင္း ကြက္လပ္ႀကီးတစ္ခု ျဖစ္က်န္ေနခဲ့သလို သူ႕လိုမ်ဳိး ဂိုးေတြ ဒိုင္ခံသြင္းယူေပးမယ့္ ဂိုးသြင္းစက္မ်ဳိးကို အလိုရွိေနတာျဖစ္ၿပီး အသက္အရြယ္ေၾကာင့္ ေျခစြမ္းက်ဆင္းလာတဲ့ ကာရင္ ဘန္ဇီးမားကို အျပည့္အဝ အားကိုးလုိ႔ မရခ်ိန္မွာ ဟာရီကိန္းကို အလိုရွိေနတာလည္းျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ တုိက္စစ္မွဴးကို မန္ခ်က္စတာယူႏုိက္တက္ကလည္း အလိုရွိေနခဲ့ေပမယ့္ သူ႕ရဲ႕စပါးစ္အသင္းအေပၚ ထားရွိတဲ့ သစၥာရွိမွဳအရ ပရီးမီးယားလိဂ္ၿပဳိင္ဘက္အသင္းတစ္သင္းကို ေျပာင္းေရႊ႕ဖြယ္မရွိတာေၾကာင့္ ရီးရဲလ္မက္ဒရစ္အျပင္ စီးရီးေအအင္အားႀကီး ဂ်ဴဗင္တပ္စ္အသင္းကလည္း ကမ္းလွမ္းသြားဖို႔ ရွိေနပါတယ္။

ေနာက္ဆုံး အင္စတာဂရမ္လိုက္ဖ္တစ္ခုမွာေတာ့ “ကၽြန္ေတာ့္အေနနဲ႔ အသင္းက တုိးတက္လာမွဳ မရွိဘူးလို႔ ခံစားရရင္ ဒါမွမဟုတ္ မွန္ကန္တဲ့ ဦးတည္ခ်က္ကို သြားေနတာ မဟုတ္ဘူးဆုိရင္ ၿငိမ္ၿပီး လက္ခံေနဖို႔ မရွိပါဘူး။ ကၽြန္ေတာ္က ရည္မွန္းခ်က္ႀကီးမားတဲ့သူတစ္ေယာက္ျဖစ္လုိ႔ပါ”လုိ႔ ဟာရီကိန္းက ေျပာၾကားထားခဲ့ၿပီး ေမာ္ရင္ညဳိနဲ႔ လုံးလည္ခ်ာလည္လုိက္ေနတဲ့ စပါးစ္အတြက္ေတာ့ သူ႕ကို ထိန္းသိမ္းထားဖို႔ မျဖစ္ႏိုင္သေလာက္ရွိေနၿပီလို႔လည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းကနေ ထွက်ခွာဖြစ်ခဲ့ရင် ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားမှာ မဟုတ်ဘဲ နိုင်ငံပြင်ပက ကလပ်အသင်းတွေဆီ ပြောင်းရွှေ့မှာဖြစ်တယ်လို့ ဟာရီကိန်းရဲ့ ဝန်ခံစကား ထွက်ပေါ်လာခဲ့အပြီးမှာ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နိုင်ငံ့သူရဲကောင်းတစ်ဦးဖြစ်တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်အနေနဲ့ သူ့ရဲ့ ရည်မှန်းချက်ကြီးမားမှုကိုလည်း ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပြီး ဆုဖလားတွေကို ရယူသွားလိုတယ်လို့ ပြောကြားထားခဲ့တဲ့အတွက် သူ့ရဲ့ကစားသမားဘဝအတွင်းမှာ စပါးစ်အသင်းနဲ့ အောင်မြင်မှု မရသေးတဲ့ အခြေအနေကို လာမယ့်အသင်းမှာ ပြောင်းပြန်လှန်သွားဖို့ရှိပြီး ဥရောပအသင်းကြီးတစ်သင်းကို ရောက်ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။

ဘာနေဗျူးအသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို အသင်းကနေ ထွက်ခွာသွားပြီးနောက်ပိုင်း ကွက်လပ်ကြီးတစ်ခု ဖြစ်ကျန်နေခဲ့သလို သူ့လိုမျိုး ဂိုးတွေ ဒိုင်ခံသွင်းယူပေးမယ့် ဂိုးသွင်းစက်မျိုးကို အလိုရှိနေတာဖြစ်ပြီး အသက်အရွယ်ကြောင့် ခြေစွမ်းကျဆင်းလာတဲ့ ကာရင် ဘန်ဇီးမားကို အပြည့်အဝ အားကိုးလို့ မရချိန်မှာ ဟာရီကိန်းကို အလိုရှိနေတာလည်းဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို မန်ချက်စတာယူနိုက်တက်ကလည်း အလိုရှိနေခဲ့ပေမယ့် သူ့ရဲ့စပါးစ်အသင်းအပေါ် ထားရှိတဲ့ သစ္စာရှိမှုအရ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းကို ပြောင်းရွှေ့ဖွယ်မရှိတာကြောင့် ရီးရဲလ်မက်ဒရစ်အပြင် စီးရီးအေအင်အားကြီး ဂျူဗင်တပ်စ်အသင်းကလည်း ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

နောက်ဆုံး အင်စတာဂရမ်လိုက်ဖ်တစ်ခုမှာတော့ “ကျွန်တော့်အနေနဲ့ အသင်းက တိုးတက်လာမှု မရှိဘူးလို့ ခံစားရရင် ဒါမှမဟုတ် မှန်ကန်တဲ့ ဦးတည်ချက်ကို သွားနေတာ မဟုတ်ဘူးဆိုရင် ငြိမ်ပြီး လက်ခံနေဖို့ မရှိပါဘူး။ ကျွန်တော်က ရည်မှန်းချက်ကြီးမားတဲ့သူတစ်ယောက်ဖြစ်လို့ပါ”လို့ ဟာရီကိန်းက ပြောကြားထားခဲ့ပြီး မော်ရင်ညိုနဲ့ လုံးလည်ချာလည်လိုက်နေတဲ့ စပါးစ်အတွက်တော့ သူ့ကို ထိန်းသိမ်းထားဖို့ မဖြစ်နိုင်သလောက်ရှိနေပြီလို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.