Bundesliga Premier League

ဘုိင္ယန္ကေန နည္းျပေဟာင္း ဂြါဒီယုိလာနဲ႔ ပူးေပါင္းခ်င္ေနတဲ့ ပုံစံျပခဲ့တဲ့ ျပင္သစ္သား

စပိန္လူမ်ဳိးနည္းျပ ပက္(ဂ်ဳိးဆက္) ဂြါဒီယိုလာဟာ ေတာင္ပံကစားသမားေတြအတြက္ ရွာမွရွားတဲ့ အေကာင္းဆုံးနည္းျပတစ္ဦးျဖစ္ၿပီး သူ႕အေနနဲ႔ ဘုိင္ယန္က ထြက္ခြာၿပီး မန္ခ်က္စတာစီးတီးအသင္းကို သြားေရာက္ပူးေပါင္းခ်င္တဲ့ အရိပ္အျမြက္မ်ဳိးကို ျပင္သစ္ေတာင္ပံကစားသမား ကင္းစလီ ကိုမန္က ျပသလုိက္ပါတယ္။

ကိုမန္ဟာ ၂၀၁၅ ခုႏွစ္မွာ ဘုိင္ယန္ျမဴးနစ္အသင္းကို ဂ်ဴဗင္တပ္စ္အသင္းကေန ႏွစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕လာသူျဖစ္ၿပီး နည္းျပ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ေျခစြမ္းျပႏုိင္ခဲ့လို႔ အၿပီးသတ္စာခ်ဳပ္ခဲ့ ေခၚယူခံခဲ့ရတာျဖစ္ၿပီး သူက ဂ်ာမန္ေျမမွာ ငါးႏွစ္ၾကာ ကစားၿပီးခ်ိန္မွာ ျပန္လည္ ထြက္ခြာႏုိင္တယ္ဆုိတဲ့ ခန္႔မွန္းခ်က္ေတြကိုေတာ့ မျငင္းခဲ့တာလည္းျဖစ္ပါတယ္။

“ဒီငါးႏွစ္အတြင္းမွာ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ဘာလိုခ်င္ခဲ့သလဲဆုိတာကိုေတာင္ မသိခဲ့တာဆုိေတာ့ ဘာမဆုိျဖစ္သြားႏုိင္ပါတယ္”လုိ႔ အသက္ ၂၃ ႏွစ္အရြယ္ ျပင္သစ္သားက ဆိုခဲ့ၿပီး ျမင့္မားတဲ့အဆင့္မွာ ဆုဖလားေတြကို အမ်ားဆုံး ရယူခ်င္တယ္ဆုိရင္ေတာ့ ဘုိင္ယန္ျမဴးနစ္အသင္းဟာ အေကာင္းဆုံးျဖစ္တယ္လုိ႔လည္း ဆုိခဲ့ၿပီး သူဟာ ဂ်ဴဗင္တပ္စ္၊ ပီအက္စ္ဂ်ီနဲ႔ ဘုိင္ယန္တုိ႔မွာ ဆုဖလား ၁၆ လုံးအထိ သိမ္းပုိက္ႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

ဥေရာပအဆင့္မွာ ကာလို အန္ဆယ္ေလာ့တီ၊ ဂ်ဳ(ပ္) ဟိုင္းန္ကက္စ္၊ မက္ဆီမီလီယာႏို အယ္လီဂရီတုိ႔လို တျခားနည္းျပေတြနဲ႔ အတူတြဲဖက္ အလုပ္လုပ္ခဲ့ၿပီးျဖစ္ေပမယ့္ ကိုမန္ကေတာ့ ဂြါဒီယိုလာကသာ သူလက္တြဲခဲ့ဖူးတဲ့ နည္းျပေတြထဲမွာ အေကာင္းဆုံးျဖစ္ၿပီး ေတာင္ပံကစားသမားတစ္ဦးရဲ႕ စိတ္ေနစိတ္ထားနဲ႔ သေဘာသဘာဝကို အေကာင္းဆုံး ပံ့ပိုးေပးႏိုင္သူလုိ႔လည္း ခ်ီးက်ဴးခဲ့ပါတယ္။

“သူက ကၽြန္ေတာ္တုိ႔ေတြအတြက္ တစ္ဦးခ်င္း အခြင့္အေရးရႏုိင္မယ့္ အေနအထားမ်ဳိးေတြကို ကစားကြက္ထဲကေန ေဖာ္ေဆာင္ေပးပါတယ္။ သူက မွတ္တမ္းေတြကို မေမးပါဘူး… ကၽြန္ေတာ့္ကို ေဘာလုံးယူၿပီး အလယ္ကို ဆြဲဝင္ရင္း အခြင့္အေရးကို အသုံးခ်ဖို႔ပဲ အျမဲမွာတတ္သူပါ”လုိ႔လည္း ဂြါဒီယိုလာက သူ႕ကို အျမဲနားလည္မွဳ ေပးခဲ့ပုံကို ဘုိင္ယန္ျမဴးနစ္နဲ႔ ၁၄၇ ပြဲမွာ ဂိုး ၃၀ ရရွိထားခဲ့တဲ့ ကိုမန္က ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စပိန်လူမျိုးနည်းပြ ပက်(ဂျိုးဆက်) ဂွါဒီယိုလာဟာ တောင်ပံကစားသမားတွေအတွက် ရှာမှရှားတဲ့ အကောင်းဆုံးနည်းပြတစ်ဦးဖြစ်ပြီး သူ့အနေနဲ့ ဘိုင်ယန်က ထွက်ခွာပြီး မန်ချက်စတာစီးတီးအသင်းကို သွားရောက်ပူးပေါင်းချင်တဲ့ အရိပ်အမြွက်မျိုးကို ပြင်သစ်တောင်ပံကစားသမား ကင်းစလီ ကိုမန်က ပြသလိုက်ပါတယ်။

ကိုမန်ဟာ ၂၀၁၅ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ဂျူဗင်တပ်စ်အသင်းကနေ နှစ်နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ အပြီးသတ်စာချုပ်ခဲ့ ခေါ်ယူခံခဲ့ရတာဖြစ်ပြီး သူက ဂျာမန်မြေမှာ ငါးနှစ်ကြာ ကစားပြီးချိန်မှာ ပြန်လည် ထွက်ခွာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကိုတော့ မငြင်းခဲ့တာလည်းဖြစ်ပါတယ်။

“ဒီငါးနှစ်အတွင်းမှာ ကျွန်တော့်ကိုယ်ကျွန်တော် ဘာလိုချင်ခဲ့သလဲဆိုတာကိုတောင် မသိခဲ့တာဆိုတော့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်”လို့ အသက် ၂၃ နှစ်အရွယ် ပြင်သစ်သားက ဆိုခဲ့ပြီး မြင့်မားတဲ့အဆင့်မှာ ဆုဖလားတွေကို အများဆုံး ရယူချင်တယ်ဆိုရင်တော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အကောင်းဆုံးဖြစ်တယ်လို့လည်း ဆိုခဲ့ပြီး သူဟာ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်တို့မှာ ဆုဖလား ၁၆ လုံးအထိ သိမ်းပိုက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဥရောပအဆင့်မှာ ကာလို အန်ဆယ်လော့တီ၊ ဂျု(ပ်) ဟိုင်းန်ကက်စ်၊ မက်ဆီမီလီယာနို အယ်လီဂရီတို့လို တခြားနည်းပြတွေနဲ့ အတူတွဲဖက် အလုပ်လုပ်ခဲ့ပြီးဖြစ်ပေမယ့် ကိုမန်ကတော့ ဂွါဒီယိုလာကသာ သူလက်တွဲခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးဖြစ်ပြီး တောင်ပံကစားသမားတစ်ဦးရဲ့ စိတ်နေစိတ်ထားနဲ့ သဘောသဘာဝကို အကောင်းဆုံး ပံ့ပိုးပေးနိုင်သူလို့လည်း ချီးကျူးခဲ့ပါတယ်။

“သူက ကျွန်တော်တို့တွေအတွက် တစ်ဦးချင်း အခွင့်အရေးရနိုင်မယ့် အနေအထားမျိုးတွေကို ကစားကွက်ထဲကနေ ဖော်ဆောင်ပေးပါတယ်။ သူက မှတ်တမ်းတွေကို မမေးပါဘူး… ကျွန်တော့်ကို ဘောလုံးယူပြီး အလယ်ကို ဆွဲဝင်ရင်း အခွင့်အရေးကို အသုံးချဖို့ပဲ အမြဲမှာတတ်သူပါ”လို့လည်း ဂွါဒီယိုလာက သူ့ကို အမြဲနားလည်မှု ပေးခဲ့ပုံကို ဘိုင်ယန်မြူးနစ်နဲ့ ၁၄၇ ပွဲမှာ ဂိုး ၃၀ ရရှိထားခဲ့တဲ့ ကိုမန်က ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.