Premier League Transfer News

24 Jun နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ယူရို ၂၀၂၀ ပြိုင်ပွဲကြီးမှာ အသက်အငယ်ဆုံးကစားသမားဖြစ်ခဲ့တဲ့ ပိုလန်လက်ရွေးစင်အသင်းရဲ့ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်ကြယ်ပွင့် ကက်စ်ပါ ကိုဇဝေါ့ဇ်စကီးကို ယူနိုက်တက်အသင်းက စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ သိရပြီး ဒေါ့မန်နဲ့ ဘာစီလိုနာအသင်းတို့နဲ့ အားပြိုင်ရဖွယ် ရှိနေကာ စွယ်စုံရကွင်းလယ်လူဟာ ပေါ့ဘာကို အားကျပြီး ရော်နယ်လ်ဒိုကို ဟီးရိုးအဖြစ် သတ်မှတ်ထားကြောင်း သိရ။

– ဘာနေဗျူးမှာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပြီး စိန်ခေါ်မှုအသစ် ရှာဖွေလိုနေတဲ့ ပြင်သစ်ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရွန်းကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းလိုက်တဲ့ ယူနိုက်တက်ကို ရီးရဲလ်ကမက်ဒရစ်အသင်းက လက်ခံဆွေးနွေးသွားဖွယ်ရှိနေပြီး အမ်ဘာပေကို ခေါ်ယူဖို့ အသက် ၂၈ နှစ်သားကို အမြန်ဆုံးဝိတ်လျှော့သွားလိုနေကြောင်း သိရ။

– မန်ချက်စတာယူနိုက်တက်အသင်းအတွက် အင်္ဂလန်ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့အရေးဟာ နေ့စဥ်တိုးတက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပြီး ဒေါ့မန်အသင်းကို ယူရို ၈၅ သန်းအထိ စျေးတိုးပေးလိုက်ကာ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်နဲ့ပါ အလိုက်ပေးကမ်းလှမ်းလိုက်တယ်လို့ သိရပြီး ဂျာမန်ကလပ်က အဆိုပါကမ်းလှမ်းမှုကို ငြင်းဆိုသွားဖွယ်ရာမရှိ။

– ယူနိုက်တက်ဟာ ရာဖေးလ် ဗာရွန်းအဝင်မှာ ဗဟိုခံစစ်မှူး အက်ဇ်လ် တွမ်ဇီဘီရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက်ချသွားတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက စီနီယာအသင်းအတွက် ၁၈ ​ကြိမ်သာ ကစားခွင့်ရပြီး လာမယ့်နှစ်မှာ စာချုပ်ကုန်ဆုံးမယ့် အသက် ၂၃ နှစ်သားကို ဒီနွေမှာ တရာသီအငှားချသွားဖို့ လုပ်ဆောင်နေကာ ပုံမှန်ပွဲထွက်ခွင့်ပေးမယ့် အသင်းသစ်ကို ရှာဖွေပေးနေ။

– ယူနိုက်တက်ညာနောက်ခံလူ ဒီယိုဂို ဒါးလော့ကို အေစီမီလန်မှာ တရာသီအငှားထပ်နေဖို့ ပေါလ်လို မာလ်ဒီနီက တိုက်တွန်းသွားချိန်မှာ နည်းပြဆိုးလ်ရှားအနေနဲ့ အာရွန် ဝမ်ဘစ်ဆာကာရဲ့ နေရာကို တိုက်စစ်အားသန်တဲ့ အင်္ဂလန်လက်ရွေးစင် ကီရန် ထရစ်ပီယာနဲ့ ဖြည့်တင်းဖို့ ကြံစည်နေ။

– နောက်နှစ်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ယူနိုက်တက်အသင်းအနေနဲ့ အမြန်ဆုံး စာချုပ်သစ်စာချုပ်ဖို့ လုံးပန်းနေကြောင်း သိရပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်နေချိန်မှာ အသက် ၂၈ နှစ်သားဟာ ဒီနွေမှာ ဘာနေဗျူးကို သွားဖို့ ဆန္ဒပြင်းပြနေတယ်လို့ သတင်းထောက် ဒန်ကန် ကတ်ဆယ်လ်က အတည်ပြုသွားခဲ့။

-ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးရဲလ်အသင်းရဲ့ ဗဟိုခံစစ်မှူး ပေါ် တောရက်စ်ကို ခေါ်ယူမယ်ဆိုရင် ယူရို ၆၅ သန်းတန် စာချုပ်လျော်ကြေးကို ပေးချေဖို့လိုမယ်လို့ အကြောင်းပြန်ခံထားရကြောင်း သိရပြီး စပိန်ကလပ်ဟာ အသက် ၂၄ နှစ်သားအတွက် တပြားတချပ်မှ စျေးအဆစ်ခံမှာ မဟုတ်ဘဲ ကစားသမားအလိုက်ပေးမှုကိုတော့ စဥ်းစားဖွယ်ရှိ။

– ဘိုင်ယန်အသင်းကနေ ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်တဲ့ ပြင်သစ်တောင်ပံတိုက်စစ်မှူး ကင်စလီ ကိုမွန်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ကြားမှာ အကြီးမားဆုံး နွေရာသီအပြောင်းအရွှေ့တခု ဖစ်လာနိုင်ပြီး ၂၅ နှစ်သားကို ဆန်ချိုရဲ့အစားထိုး Plan B အနေနဲ့ ခေါ်ယူသွားဖို့ ကြိုတင်ချိတ်ဆက်ထားပြီးဖြစ်သလို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ကြိုးပမ်းနေ။

– လာမယ့် ဇူလိုင် ၁၈ ရက်နေ့မှာ ခြေစမ်းပွဲကစားမယ့် ယူနိုက်တက်နဲ့ ဒါဘီကောင်တီအသင်းတို့ရဲ့ ပွဲစဥ်ကို မျှော်လင့်နေမိကြောင်း အသင်းဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ဝန်ခံသွားခဲ့ပြီး သိုးထီးတွေရဲ့ နည်းပြအဖြစ် တာဝန်ယူထားတဲ့ အင်္ဂလန်သားကြီးက နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မစောင့်နိုင်လောက်အောင် ဖြစ်ရကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲႀကီးမွာ အသက္အငယ္ဆုံးကစားသမားျဖစ္ခဲ့တဲ့ ပိုလန္လက္ေ႐ြးစင္အသင္းရဲ႕ ၁၇ ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္ၾကယ္ပြင့္ ကက္စ္ပါ ကိုဇေဝါ့ဇ္စကီးကို ယူႏိုက္တက္အသင္းက စိတ္ဝင္တစား ေစာင့္ၾကည့္ေနတယ္လို႔ သိရၿပီး ေဒါ့မန္နဲ႔ ဘာစီလိုနာအသင္းတို႔နဲ႔ အားၿပိဳင္ရဖြယ္ ရွိေနကာ စြယ္စုံရကြင္းလယ္လူဟာ ေပါ့ဘာကို အားက်ၿပီး ေရာ္နယ္လ္ဒိုကို ဟီး႐ိုးအျဖစ္ သတ္မွတ္ထားေၾကာင္း သိရ။

– ဘာေနဗ်ဴးမွာ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့ၿပီး စိန္ေခၚမႈအသစ္ ရွာေဖြလိုေနတဲ့ ျပင္သစ္ဗဟိုခံစစ္မႉး ရာေဖးလ္ ဗာ႐ြန္းကို ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းလိုက္တဲ့ ယူႏိုက္တက္ကို ရီးရဲလ္ကမက္ဒရစ္အသင္းက လက္ခံေဆြးေႏြးသြားဖြယ္ရွိေနၿပီး အမ္ဘာေပကို ေခၚယူဖို႔ အသက္ ၂၈ ႏွစ္သားကို အျမန္ဆုံးဝိတ္ေလွ်ာ့သြားလိုေနေၾကာင္း သိရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ အဂၤလန္ၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူဖို႔အေရးဟာ ေန႔စဥ္တိုးတက္မႈေတြ ျဖစ္ေပၚေနတယ္လို႔ သိရၿပီး ေဒါ့မန္အသင္းကို ယူ႐ို ၈၅ သန္းအထိ ေစ်းတိုးေပးလိုက္ကာ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္နဲ႔ပါ အလိုက္ေပးကမ္းလွမ္းလိုက္တယ္လို႔ သိရၿပီး ဂ်ာမန္ကလပ္က အဆိုပါကမ္းလွမ္းမႈကို ျငင္းဆိုသြားဖြယ္ရာမရွိ။

– ယူႏိုက္တက္ဟာ ရာေဖးလ္ ဗာ႐ြန္းအဝင္မွာ ဗဟိုခံစစ္မႉး အက္ဇ္လ္ တြမ္ဇီဘီရဲ႕ အနာဂတ္ကို ဆုံးျဖတ္ခ်က္ခ်သြားေတာ့မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက စီနီယာအသင္းအတြက္ ၁၈ ​ႀကိမ္သာ ကစားခြင့္ရၿပီး လာမယ့္ႏွစ္မွာ စာခ်ဳပ္ကုန္ဆုံးမယ့္ အသက္ ၂၃ ႏွစ္သားကို ဒီေႏြမွာ တရာသီအငွားခ်သြားဖို႔ လုပ္ေဆာင္ေနကာ ပုံမွန္ပြဲထြက္ခြင့္ေပးမယ့္ အသင္းသစ္ကို ရွာေဖြေပးေန။

– ယူႏိုက္တက္ညာေနာက္ခံလူ ဒီယိုဂို ဒါးေလာ့ကို ေအစီမီလန္မွာ တရာသီအငွားထပ္ေနဖို႔ ေပါလ္လို မာလ္ဒီနီက တိုက္တြန္းသြားခ်ိန္မွာ နည္းျပဆိုးလ္ရွားအေနနဲ႔ အာ႐ြန္ ဝမ္ဘစ္ဆာကာရဲ႕ ေနရာကို တိုက္စစ္အားသန္တဲ့ အဂၤလန္လက္ေ႐ြးစင္ ကီရန္ ထရစ္ပီယာနဲ႔ ျဖည့္တင္းဖို႔ ႀကံစည္ေန။

– ေနာက္ႏွစ္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ျပင္သစ္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ယူႏိုက္တက္အသင္းအေနနဲ႔ အျမန္ဆုံး စာခ်ဳပ္သစ္စာခ်ဳပ္ဖို႔ လုံးပန္းေနေၾကာင္း သိရၿပီး ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ စကားေျပာဆိုမႈေတြ ျပဳလုပ္ေနခ်ိန္မွာ အသက္ ၂၈ ႏွစ္သားဟာ ဒီေႏြမွာ ဘာေနဗ်ဴးကို သြားဖို႔ ဆႏၵျပင္းျပေနတယ္လို႔ သတင္းေထာက္ ဒန္ကန္ ကတ္ဆယ္လ္က အတည္ျပဳသြားခဲ့။

-ယူႏိုက္တက္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ခ်န္ပီယံ ဗီလာရီးရဲလ္အသင္းရဲ႕ ဗဟိုခံစစ္မႉး ေပၚ ေတာရက္စ္ကို ေခၚယူမယ္ဆိုရင္ ယူ႐ို ၆၅ သန္းတန္ စာခ်ဳပ္ေလ်ာ္ေၾကးကို ေပးေခ်ဖို႔လိုမယ္လို႔ အေၾကာင္းျပန္ခံထားရေၾကာင္း သိရၿပီး စပိန္ကလပ္ဟာ အသက္ ၂၄ ႏွစ္သားအတြက္ တျပားတခ်ပ္မွ ေစ်းအဆစ္ခံမွာ မဟုတ္ဘဲ ကစားသမားအလိုက္ေပးမႈကိုေတာ့ စဥ္းစားဖြယ္ရွိ။

– ဘိုင္ယန္အသင္းကေန ထြက္ခြာဖို႔ စိတ္ပိုင္းျဖတ္ၿပီးျဖစ္တဲ့ ျပင္သစ္ေတာင္ပံတိုက္စစ္မႉး ကင္စလီ ကိုမြန္နဲ႔ ယူႏိုက္တက္အသင္းတို႔ရဲ႕ၾကားမွာ အႀကီးမားဆုံး ေႏြရာသီအေျပာင္းအေ႐ႊ႕တခု ဖစ္လာႏိုင္ၿပီး ၂၅ ႏွစ္သားကို ဆန္ခ်ိဳရဲ႕အစားထိုး Plan B အေနနဲ႔ ေခၚယူသြားဖို႔ ႀကိဳတင္ခ်ိတ္ဆက္ထားၿပီးျဖစ္သလို ေပါင္သန္း ၅၀ ဝန္းက်င္နဲ႔ ႀကိဳးပမ္းေန။

– လာမယ့္ ဇူလိုင္ ၁၈ ရက္ေန႔မွာ ေျခစမ္းပြဲကစားမယ့္ ယူႏိုက္တက္နဲ႔ ဒါဘီေကာင္တီအသင္းတို႔ရဲ႕ ပြဲစဥ္ကို ေမွ်ာ္လင့္ေနမိေၾကာင္း အသင္းဂႏၴဝင္တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္နီက ဝန္ခံသြားခဲ့ၿပီး သိုးထီးေတြရဲ႕ နည္းျပအျဖစ္ တာဝန္ယူထားတဲ့ အဂၤလန္သားႀကီးက နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားနဲ႔ ထိပ္တိုက္ရင္ဆိုင္ဖို႔ မေစာင့္ႏိုင္ေလာက္ေအာင္ ျဖစ္ရေၾကာင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.