Premier League

“မက်ဆီက ပိုကောင်းတယ်”လို့ ပြောရင် ရော်နယ်လ်ဒို စိတ်ဆိုးပြီး ဘယ်လိုတုံ့ပြန်လဲဆိုတာကို ဖော်ထုတ်လိုက်တဲ့ ဖာဒီနန်

ပေါ်တူဂီအသင်းနဲ့အတူ ယူရိုပြိုင်ပွဲသမိုင်းမှာ ပြိုင်ပွဲကြီး ၅ ​ကြိမ်ဆက် ပါဝင်ကစားထားတဲ့ ပထမဆုံးဘောလုံးသမားအဖြစ် ဦးဦးဖျားဖျား ကမ္ဘာ့စံချိန်တင်ထားတဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး အသက်ကြီးလာလေ နှစ်ချို့ဝိုင်လို အစွမ်းထက်နေခြင်းရဲ့ လျှို့ဝှက်ချက်ကို ရီယို ဖာဒီနန်က ဖော်ထုတ်သွားခဲ့ပါတယ်။

အင်္ဂလန်၊ စပိန်နဲ့ အီတလီ နယ်မြေ ၃ ခုစလုံးမှာ အမှတ်ပေးချန်ပီယံအဖြစ် တံခွန်စိုက်ခဲ့တဲ့ ပထမကစားသမားအဖြစ် မှတ်တမ်းဝင်ထားတဲ့ GOAT ကြီးဟာ နိုင်ငံတကာအဆင့်မှာလည်း ဂန္ထဝင်ကြီး ပလာတီနီရဲ့စံချိန်ကို ရိုက်ချိုးပြီး ယူရိုပြိုင်ပွဲသမိုင်းတလျှောက် ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၁၄ ဂိုးသွင်းပြီး ရပ်တည်သွားနိုင်ခဲ့တာပါ။

ဒါ့အပြင် ရော်နယ်လ်ဒိုအနေနဲ့ နိုင်ငံတကာအဆင့် ဂိုးသွင်းအများဆုံးစံချိန်ရှင် အီရန်တိုက်စစ်မှုးကြီး အလီ ဒါယေးရဲ့ ၁၀၉ ဂိုးကိုလည်း လိုက်မီသွားခဲ့ပြီဖြစ်ပြီး ကိုယ်ပိုင်စံချိန်သစ်ကို မကြာမီမှာပဲ မော်ကွန်းထိုးနိုင်ဖို့ ၁ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။

​ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အသက် ၃၆ နှစ်တင်းတင်းပြည့်ခဲ့တဲ့ သူ့အနေနဲ့ ကစားသမားဘဝကို ကမ္ဘာ့ထိပ်တန်းအဆင့်မှာ သက်တမ်းရှည်ရှည် ထိန်းကျောင်းထားနိုင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကစားအားကို ဆွဲဆန့်ထားနိုင်တဲ့ အံ့မခန်းအရည်အချင်းဟာ လွယ်လွယ် စံပယ်ပွင့်ခဲ့တာတော့ မဟုတ်ဘူးလို့ ဖာဒီနန်က ပြောသွားခဲ့တာကိုလည်း တွေ့ရပါတယ်။

” သူတအားရူးသွပ်ပြီး အစွဲအလန်းကြီးတာက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာဖို့ပါ။ အသက် ၃၀ ကျော်လာလို့ ကျွန်တော်တို့တွေ ​ခြေကျပြီး အနားယူရတဲ့အချိန်မှာ သူက အသက်ကြီးလေ ခြေစွမ်း ပိုတောင် အရှိန်မြှင့်သွားတယ်။ ဘာမဆိုစွမ်းအောင်လုပ်ပြတဲ့သူပါ”

” ဒါတွေအကုန်လုံးက အစွမ်းကုန်ပေးဆပ်မှုတွေကြောင့်ပဲ။ ဘောလုံးဗီဇအရ ကံတရားတော့ နည်းနည်းလိုမှာပေါ့ဗျာ။ ပွဲတပွဲကစားမယ်ဆိုရင် အသေးစိတ်စဥ်းစားပြီး စီစဥ်တဲ့ ကစားသမားပါ။ ပြီးရင်တော့ ရှိသမျှ အကုန်ညှစ်ကစားတယ်။ ဒါဟာ ရုပ်ပိုင်းကြံ့ခိုင်မှုအား တခုတည်းကို ပြောတာမဟုတ်ပါဘူး”

” စိတ်လည်း အင်မတန်မာပါတယ်။ ကွင်းထဲမှာ အချိန်ပြည့်ဘောလုံးကိုင်ကစားချင်တဲ့ ကောင်လေးက အခုတော့ ဧရိယာထဲက ဂိုးမုဆိုးဖြစ်သွားခဲ့ပါပြီ။ ပွဲကို အလှည့်အပြောင်းအလုပ်နိုင်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ ဘောလုံးသမားတယောက်အနေနဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဥ်မှာ သူက ဘယ်သူ့ထက်မဆို ပိုမြန်ဆန်ခဲ့တာကို တွေ့ရတယ်”

” ဒါဟာ လူငယ်တွေအတွက် တကယ့်စံပြလုပ်ရပ်ပါ။ သူက အပုတ်ချခံရတဲ့၊ မကောင်းပြောခံရတဲ့ အဆိုးတွေကို ခွန်အားအဖြစ်ယူပြီး သူ့လောင်စာအဖြစ် အသွင်ပြောင်းလဲပစ်လိုက်တယ်။ ဂယ်ရီ လိုင်နီကာက မက်ဆီက သူ့ထက်ပိုကောင်းတယ်လို့ ပြောတုန်းက ရော်နယ်လ်ဒိုက ကျွန်တော့်ဆီ စာပို့ပါတယ်”

” လိုင်နီကာ အဲဒီလို ပြောထွက်တာကို ကျွန်တော်မယုံနိုင်ဘူးတဲ့။ သူက ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကစားသမားမျိုးပါ။ သူ့လို ကမ္ဘာ့အဆင့်အတန်းနဲ့ လူတွေပြောတာကို ဘာလို့ဂရုစိုက်နေသေးလဲဆိုတာ ခင်ဗျားမေးစရာရှိမှာပေါ့။ ဒါကိုက ရော်နယ်လ်ဒိုရဲ့သဘာဝပါ။ အကောင်းဆုံးကစားသမားဖြစ်ချင်တာပါ” လို့ ရီယို ဖာဒီနန်က သူ့အမြင်ကို ဖော်ထုတ်သွားခဲ့ကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေပၚတူဂီအသင္းနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲသမိုင္းမွာ ၿပိဳင္ပြဲႀကီး ၅ ​ႀကိမ္ဆက္ ပါဝင္ကစားထားတဲ့ ပထမဆုံးေဘာလုံးသမားအျဖစ္ ဦးဦးဖ်ားဖ်ား ကမာၻ႔စံခ်ိန္တင္ထားတဲ့ ယူႏိုက္တက္အသင္းေဖာ္ေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ပတ္သက္ၿပီး အသက္ႀကီးလာေလ ႏွစ္ခ်ိဳ႕ဝိုင္လို အစြမ္းထက္ေနျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ရီယို ဖာဒီနန္က ေဖာ္ထုတ္သြားခဲ့ပါတယ္။

အဂၤလန္၊ စပိန္နဲ႔ အီတလီ နယ္ေျမ ၃ ခုစလုံးမွာ အမွတ္ေပးခ်န္ပီယံအျဖစ္ တံခြန္စိုက္ခဲ့တဲ့ ပထမကစားသမားအျဖစ္ မွတ္တမ္းဝင္ထားတဲ့ GOAT ႀကီးဟာ ႏိုင္ငံတကာအဆင့္မွာလည္း ဂႏၴဝင္ႀကီး ပလာတီနီရဲ႕စံခ်ိန္ကို ႐ိုက္ခ်ိဳးၿပီး ယူ႐ိုၿပိဳင္ပြဲသမိုင္းတေလွ်ာက္ ထာဝရဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ၁၄ ဂိုးသြင္းၿပီး ရပ္တည္သြားႏိုင္ခဲ့တာပါ။

ဒါ့အျပင္ ေရာ္နယ္လ္ဒိုအေနနဲ႔ ႏိုင္ငံတကာအဆင့္ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ရွင္ အီရန္တိုက္စစ္မႈးႀကီး အလီ ဒါေယးရဲ႕ ၁၀၉ ဂိုးကိုလည္း လိုက္မီသြားခဲ့ၿပီျဖစ္ၿပီး ကိုယ္ပိုင္စံခ်ိန္သစ္ကို မၾကာမီမွာပဲ ေမာ္ကြန္းထိုးႏိုင္ဖို႔ ၁ ဂိုးသာ လိုအပ္ေတာ့တာျဖစ္ပါတယ္။

​ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီက အသက္ ၃၆ ႏွစ္တင္းတင္းျပည့္ခဲ့တဲ့ သူ႔အေနနဲ႔ ကစားသမားဘဝကို ကမာၻ႔ထိပ္တန္းအဆင့္မွာ သက္တမ္းရွည္ရွည္ ထိန္းေက်ာင္းထားႏိုင္ၿပီး ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ် ကစားအားကို ဆြဲဆန္႔ထားႏိုင္တဲ့ အံ့မခန္းအရည္အခ်င္းဟာ လြယ္လြယ္ စံပယ္ပြင့္ခဲ့တာေတာ့ မဟုတ္ဘူးလို႔ ဖာဒီနန္က ေျပာသြားခဲ့တာကိုလည္း ေတြ႕ရပါတယ္။

” သူတအား႐ူးသြပ္ၿပီး အစြဲအလန္းႀကီးတာက ကမာၻ႔အေကာင္းဆုံး ကစားသမားျဖစ္လာဖို႔ပါ။ အသက္ ၃၀ ေက်ာ္လာလို႔ ကြၽန္ေတာ္တို႔ေတြ ​ေျခက်ၿပီး အနားယူရတဲ့အခ်ိန္မွာ သူက အသက္ႀကီးေလ ေျခစြမ္း ပိုေတာင္ အရွိန္ျမႇင့္သြားတယ္။ ဘာမဆိုစြမ္းေအာင္လုပ္ျပတဲ့သူပါ”

” ဒါေတြအကုန္လုံးက အစြမ္းကုန္ေပးဆပ္မႈေတြေၾကာင့္ပဲ။ ေဘာလုံးဗီဇအရ ကံတရားေတာ့ နည္းနည္းလိုမွာေပါ့ဗ်ာ။ ပြဲတပြဲကစားမယ္ဆိုရင္ အေသးစိတ္စဥ္းစားၿပီး စီစဥ္တဲ့ ကစားသမားပါ။ ၿပီးရင္ေတာ့ ရွိသမွ် အကုန္ညႇစ္ကစားတယ္။ ဒါဟာ ႐ုပ္ပိုင္းႀကံ့ခိုင္မႈအား တခုတည္းကို ေျပာတာမဟုတ္ပါဘူး”

” စိတ္လည္း အင္မတန္မာပါတယ္။ ကြင္းထဲမွာ အခ်ိန္ျပည့္ေဘာလုံးကိုင္ကစားခ်င္တဲ့ ေကာင္ေလးက အခုေတာ့ ဧရိယာထဲက ဂိုးမုဆိုးျဖစ္သြားခဲ့ပါၿပီ။ ပြဲကို အလွည့္အေျပာင္းအလုပ္ႏိုင္ဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။ ေဘာလုံးသမားတေယာက္အေနနဲ႔ ဆင့္ကဲတိုးတက္မႈျဖစ္စဥ္မွာ သူက ဘယ္သူ႔ထက္မဆို ပိုျမန္ဆန္ခဲ့တာကို ေတြ႕ရတယ္”

” ဒါဟာ လူငယ္ေတြအတြက္ တကယ့္စံျပလုပ္ရပ္ပါ။ သူက အပုတ္ခ်ခံရတဲ့၊ မေကာင္းေျပာခံရတဲ့ အဆိုးေတြကို ခြန္အားအျဖစ္ယူၿပီး သူ႔ေလာင္စာအျဖစ္ အသြင္ေျပာင္းလဲပစ္လိုက္တယ္။ ဂယ္ရီ လိုင္နီကာက မက္ဆီက သူ႔ထက္ပိုေကာင္းတယ္လို႔ ေျပာတုန္းက ေရာ္နယ္လ္ဒိုက ကြၽန္ေတာ့္ဆီ စာပို႔ပါတယ္”

” လိုင္နီကာ အဲဒီလို ေျပာထြက္တာကို ကြၽန္ေတာ္မယုံႏိုင္ဘူးတဲ့။ သူက ဒီလိုၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ကစားသမားမ်ိဳးပါ။ သူ႔လို ကမာၻ႔အဆင့္အတန္းနဲ႔ လူေတြေျပာတာကို ဘာလို႔ဂ႐ုစိုက္ေနေသးလဲဆိုတာ ခင္ဗ်ားေမးစရာရွိမွာေပါ့။ ဒါကိုက ေရာ္နယ္လ္ဒိုရဲ႕သဘာဝပါ။ အေကာင္းဆုံးကစားသမားျဖစ္ခ်င္တာပါ” လို႔ ရီယို ဖာဒီနန္က သူ႔အျမင္ကို ေဖာ္ထုတ္သြားခဲ့ေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.