Premier League Transfer News

ယူရိုဂိုးသွင်းဘုရင်ကို မန်ချက်စတာယူနိုက်တက်တို့ ခေါ်ယူဖို့ လျှို့ဝှက်လှုပ်ရှားနေပြီလား

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အင်္ဂလန်အသင်းရဲ့ အုပ်စုပွဲစဉ်တွေမှာ အိုးနင်းခွက်နင်းဖြစ်နေခဲ့တဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းအစား သူတို့ရဲ့ ယုံကြည်ရပြီးဖြစ်သလို အစမ်းသပ်ခံပြီးသားလည်းဖြစ်တဲ့ ပေါ်တူဂီဂိုးသွင်းဘုရင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးညှိနှိုင်းဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အသင်းရဲ့ အုပ်စုပွဲ ၃ ပွဲမှာ ပင်နယ်တီ ၃ ဂိုးအပါအဝင် ၅ ဂိုးအထိ သွင်းယူထားသူဖြစ်ပြီး ပေါင်သန်း ၁၀၀ ကျော် ပေးချေရမယ့် အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းကတော့ အသင်းရဲ့ ရှားပါးလှတဲ့ တိုက်စစ်မှာ ဘာမှ အကျိုးမပြုနိုင်သေးသူလည်း ဖြစ်နေခဲ့ချိန်မှာ ယူနိုက်တက် တာဝန်ရှိသူတွေအဖို့ သိပ်စဉ်းစားစရာမလိုတဲ့ ရွေးချယ်မှုကို လုပ်ဆောင်ရတော့မှာပါ။

နောက်ဆုံးသတင်းတွေအရတော့ ရော်နယ်လ်ဒိုအတွက် ယူနိုက်တက်တို့အနေနဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၇ သန်း (ယူရိုသန်း ၂၀) ပေးချေသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပြီး ပေါ်တူဂီနဲ့ နိုင်ငံတကာပွဲ ၁၇၈ ပွဲမှာ ၁၀၉ ဂိုး သွင်းယူပြီးသူ တိုက်စစ်မှူးအနေနဲ့ ယူရို ၂၀၂၀ အပြီးမှာ အိုးလ်ထရက်ဖို့ဒ်ဆီ နှစ်နှစ်အနည်းဆုံး အသုံးတော်ခံနိုင်ဖို့လည်း ဖြစ်လာနိုင်မယ်လို့ ဆိုနေကြပါတယ်။

အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ အရင်ကလို တောင်ပံတွေကနေ လှုပ်ရှားထိုးဖောက်တာမျိုး သိပ်မရှိတော့ဘဲ အင်အားချွေတာပြီး ကစားနေပေမယ့် တိုက်စစ်မှာ ထိရောက်မှုနဲ့ ဂိုးသွင်းယူနိုင်မှုအရတော့ အကောင်းဆုံးပုံစံကနေ ကျဆင်းသွားခြင်း မရှိသေးချိန်မှာ သူ့ရဲ့ အေးဂျင့် ဂျော့ချ် မန်ဒက်စ်နဲ့ ယူနိုက်တက်တာဝန်ရှိသူတွေ ဆွေးနွေးဖို့လည်း ရှိနေခဲ့တာပါ။

၂၀၁၃ ခုနှစ်က ဖာဂူဆန် အနားယူချိန်မှာ အသင်းဟောင်းဆီ ပြန်လည်ပြောင်းရွှေ့စေဖို့ စီအီးအို ဒေးဗစ် ဂီးလ်ကို စပိန်လွှတ်ပြီး စည်းရုံးခိုင်းခဲ့ပေမယ့် အကောင်အထည် ပေါ်မလာခဲ့တဲ့ အဖြစ်မျိုး ထပ်မကြုံရအောင်တော့ ဒီတစ်ခါမှာ သေသေချာချာ လုပ်ဆောင်နိုင်ဖို့လည်း လိုနေပြီး အက်ဒ်ဝုဒ်ဝဒ်ကို ဂျွန်မာတပ်ဖ်နဲ့ ဖလက်ချာတို့ ကူညီနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဘက်က ကမ်းလှမ်းမှု ပမာဏကတော့ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ထက် ကျော်လွန်နိုင်ဖို့တော့ သိပ်မရှိဘဲ ဘောနပ်စ်တွေ ထည့်သွင်းလာဦးမလားဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်နေပြီး လက်ရှိမှာ တစ်ပတ်ကို ပေါင်ငါးသိန်းကျော် ရရှိနေတဲ့ ပေါ်တူဂီ GOAT အနေနဲ့ လစာ လျှော့ယူရမယ်ဆိုရင်လည်း သိပ်တော့ ကိစ္စမရှိနိုင်တာပါ။

ဒါကြောင့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင် ကျသင့်နိုင်တဲ့ အစမ်းသပ်ခံပြီးသား တိုက်စစ်မှူးနဲ့အတူ ယူနိုက်တက်တို့ လက်ကျန်ငွေနဲ့ ဂျေဆန် ဆန်ချိုကိုပါ တစ်ပါတည်း ခေါ်ယူနိုင်ပြီး အသင်းရဲ့ ပြီးခဲ့တဲ့ ရာသီက လိုအပ်နေတဲ့ သွင်းဂိုးတွေနဲ့ လက်တစ်ကမ်းအလိုဖြစ်ခဲ့တဲ့ အောင်မြင်မှုတွေကို တည်ဆောက်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပြီး ဂျူဗင်တပ်စ်အသင်းဘက်လည်း လက်လွှတ်ဖို့ အဆင်သင့်ရှိနေချိန်မှာ အပြောင်းအရွှေ့က နီးစပ်လာခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အဂၤလန္အသင္းရဲ႕ အုပ္စုပြဲစဥ္ေတြမွာ အိုးနင္းခြက္နင္းျဖစ္ေနခဲ့တဲ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းအစား သူတို႔ရဲ႕ ယုံၾကည္ရၿပီးျဖစ္သလို အစမ္းသပ္ခံၿပီးသားလည္းျဖစ္တဲ့ ေပၚတူဂီဂိုးသြင္းဘုရင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔အတြက္ ေဆြးေႏြးညႇိႏႈိင္းဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

ေပၚတူဂီအသင္းေခါင္းေဆာင္ဟာ အသင္းရဲ႕ အုပ္စုပြဲ ၃ ပြဲမွာ ပင္နယ္တီ ၃ ဂိုးအပါအဝင္ ၅ ဂိုးအထိ သြင္းယူထားသူျဖစ္ၿပီး ေပါင္သန္း ၁၀၀ ေက်ာ္ ေပးေခ်ရမယ့္ အဂၤလန္အသင္းေခါင္းေဆာင္ ဟာရီကိန္းကေတာ့ အသင္းရဲ႕ ရွားပါးလွတဲ့ တိုက္စစ္မွာ ဘာမွ အက်ိဳးမျပဳႏိုင္ေသးသူလည္း ျဖစ္ေနခဲ့ခ်ိန္မွာ ယူႏိုက္တက္ တာဝန္ရွိသူေတြအဖို႔ သိပ္စဥ္းစားစရာမလိုတဲ့ ေ႐ြးခ်ယ္မႈကို လုပ္ေဆာင္ရေတာ့မွာပါ။

ေနာက္ဆုံးသတင္းေတြအရေတာ့ ေရာ္နယ္လ္ဒိုအတြက္ ယူႏိုက္တက္တို႔အေနနဲ႔ တစ္ႏွစ္လုပ္ခ ေပါင္ ၁၇ သန္း (ယူ႐ိုသန္း ၂၀) ေပးေခ်သြားဖို႔ ျပင္ဆင္ထားတယ္လို႔ သိရၿပီး ေပၚတူဂီနဲ႔ ႏိုင္ငံတကာပြဲ ၁၇၈ ပြဲမွာ ၁၀၉ ဂိုး သြင္းယူၿပီးသူ တိုက္စစ္မႉးအေနနဲ႔ ယူ႐ို ၂၀၂၀ အၿပီးမွာ အိုးလ္ထရက္ဖို႔ဒ္ဆီ ႏွစ္ႏွစ္အနည္းဆုံး အသုံးေတာ္ခံႏိုင္ဖို႔လည္း ျဖစ္လာႏိုင္မယ္လို႔ ဆိုေနၾကပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အရင္ကလို ေတာင္ပံေတြကေန လႈပ္ရွားထိုးေဖာက္တာမ်ိဳး သိပ္မရွိေတာ့ဘဲ အင္အားေခြၽတာၿပီး ကစားေနေပမယ့္ တိုက္စစ္မွာ ထိေရာက္မႈနဲ႔ ဂိုးသြင္းယူႏိုင္မႈအရေတာ့ အေကာင္းဆုံးပုံစံကေန က်ဆင္းသြားျခင္း မရွိေသးခ်ိန္မွာ သူ႔ရဲ႕ ေအးဂ်င့္ ေဂ်ာ့ခ်္ မန္ဒက္စ္နဲ႔ ယူႏိုက္တက္တာဝန္ရွိသူေတြ ေဆြးေႏြးဖို႔လည္း ရွိေနခဲ့တာပါ။

၂၀၁၃ ခုႏွစ္က ဖာဂူဆန္ အနားယူခ်ိန္မွာ အသင္းေဟာင္းဆီ ျပန္လည္ေျပာင္းေ႐ႊ႕ေစဖို႔ စီအီးအို ေဒးဗစ္ ဂီးလ္ကို စပိန္လႊတ္ၿပီး စည္း႐ုံးခိုင္းခဲ့ေပမယ့္ အေကာင္အထည္ ေပၚမလာခဲ့တဲ့ အျဖစ္မ်ိဳး ထပ္မႀကဳံရေအာင္ေတာ့ ဒီတစ္ခါမွာ ေသေသခ်ာခ်ာ လုပ္ေဆာင္ႏိုင္ဖို႔လည္း လိုေနၿပီး အက္ဒ္ဝုဒ္ဝဒ္ကို ဂြၽန္မာတပ္ဖ္နဲ႔ ဖလက္ခ်ာတို႔ ကူညီႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ယူႏိုက္တက္ဘက္က ကမ္းလွမ္းမႈ ပမာဏကေတာ့ တစ္ပတ္လုပ္ခ ေပါင္ ၃၂၅၀၀၀ ထက္ ေက်ာ္လြန္ႏိုင္ဖို႔ေတာ့ သိပ္မရွိဘဲ ေဘာနပ္စ္ေတြ ထည့္သြင္းလာဦးမလားဆိုတာကေတာ့ စိတ္ဝင္စားစရာျဖစ္ေနၿပီး လက္ရွိမွာ တစ္ပတ္ကို ေပါင္ငါးသိန္းေက်ာ္ ရရွိေနတဲ့ ေပၚတူဂီ GOAT အေနနဲ႔ လစာ ေလွ်ာ့ယူရမယ္ဆိုရင္လည္း သိပ္ေတာ့ ကိစၥမရွိႏိုင္တာပါ။

ဒါေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၄၀ ဝန္းက်င္ က်သင့္ႏိုင္တဲ့ အစမ္းသပ္ခံၿပီးသား တိုက္စစ္မႉးနဲ႔အတူ ယူႏိုက္တက္တို႔ လက္က်န္ေငြနဲ႔ ေဂ်ဆန္ ဆန္ခ်ိဳကိုပါ တစ္ပါတည္း ေခၚယူႏိုင္ၿပီး အသင္းရဲ႕ ၿပီးခဲ့တဲ့ ရာသီက လိုအပ္ေနတဲ့ သြင္းဂိုးေတြနဲ႔ လက္တစ္ကမ္းအလိုျဖစ္ခဲ့တဲ့ ေအာင္ျမင္မႈေတြကို တည္ေဆာက္သြားႏိုင္မလားဆိုတာ စိတ္ဝင္စားစရာျဖစ္ေနၿပီး ဂ်ဴဗင္တပ္စ္အသင္းဘက္လည္း လက္လႊတ္ဖို႔ အဆင္သင့္ရွိေနခ်ိန္မွာ အေျပာင္းအေ႐ႊ႕က နီးစပ္လာခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.