La Liga Ligue1 Premier League Transfer News

စိတ်ပျက်စရာ လာလီဂါရဲ့ ဝင်စွက်မှုကြောင့် ၇ ရက်အကျန်မှာ မက်ဆီနဲ့ ဘာဆာ လမ်းခွဲရတော့မလား

ဘာစီလိုနာတစ်သင်းလုံးကို ထမ်းတင်နေရပြီး တစ်ဖက်မှာလည်း လူငယ်တွေကို သင်ကြားပို့ချပေးနေရသလို ငဆနူ လဒူတိုက်စစ်မှူးတွေနဲ့ လူးဝစ်ဇ် ဆွာရက်ဇ်အလွန်မှာ ဝေဖန်ခံနေခဲ့ရတဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ နူးကမ့်မှာ ဆက်ရှိနေနိုင်ဦးမလားဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်လာခဲ့ပြီး တစ်ပတ်အတွင်းမှာ အဖြေပေါ်လာတော့မှာလည်းဖြစ်ပါတယ်။

ဥရုဂွေးသားကြီး ဆွာရက်ဇ်ကို ရောင်းလိုက်ချိန်မှာ အထောင်တိုက်စစ်မှူး မဟုတ်တဲ့ အွန်ထွာ ဂရိဇ်မန်းနဲ့ တန်းမဝင်တဲ့ မာတင် ဘရိတ်သ်ဝိတ်တို့လို နံပါတ် ၉ တွေနဲ့ ပေါင်းလိုက်ရင် တိုက်စစ်တာဝန်ဟာ မက်ဆီရဲ့ ပခုံးပေါ်ကို လုံးလုံးလျားလျား ရောက်လာခဲ့ပြီး သူဂိုးမသွင်းနိုင်၊ ခြေစွမ်းမပြနိုင်ရင် ဘာစီလိုနာရဲ့ ရလဒ်က မှောက်လျက်ပြေးခဲ့ရတာတွေ များနေခဲ့တာပါ။

နူးကမ့်မှာ တစ်ပတ်ကို ပေါင်တစ်သန်းလောက်ရနေတဲ့ စာချုပ်ကို ဆက်မချုပ်တော့ဘဲ ပြီးခဲ့တဲ့ နွေရာသီက မန်ချက်စတာစီးတီးဆီ လစ်ဖို့ လုပ်ခဲ့ပေမယ့် အသင်းက မထွက်ရခင် ယုတ်မာသွားခဲ့တဲ့ ဥက္ကဌဟောင်း ဘာတိုမြူကြောင့် တစ်ရာသီ ဆက်နေခဲ့ရသလို ဒီရာသီမှာတော့ အာဂျင်တီးနား အသင်းဖော် အဂွေရိုကို ဥက္ကဌသစ် လာပေါ်တာက ခေါ်ယူပေးခဲ့ချိန်မှာ အနာဂတ်ဆက်ရှိတော့မယ်လို့ ထင်ခဲ့ရပေမယ့် အပြောင်းအလဲတွေ ရှိလာနိုင်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မက်ဆီနဲ့ ဘာဆာတို့ကြား တစ်နှစ်စာချုပ်ကို လစာလျှော့ယူပြီး ချုပ်တော့မယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမယ့် ဖခင်ဖြစ်သူ ဟော်ဟဲကတော့ ဘာသဘောတူညီမှုမှ မရှိသေးကြောင်း ရှင်းလင်းထားခဲ့ပြီး လာလီဂါရဲ့ လစာငွေ ထိန်းချုပ်မှုအရတော့ လျှော့မယူရင် အဆင်မပြေတဲ့ အနေအထားမှာ ချီတုံချတုံဖြစ်စရာလည်း ကြုံတွေ့လာရပါတယ်။

လာလီဂါဥက္ကဌ ဟားဗီးယား တီဘက်စ်က မက်ဆီအနေနဲ့ လစာလျှော့ယူပြီး ဘာစီလိုနာအနေနဲ့ ကြွေးတွေ ဆပ်ရမယ်လို့ သတိပေးလိုက်ချိန်မှာ အသင်းနဲ့ နှစ် ၂၀ ကြာ ရေစက်ကို ဖြတ်တောက်ရဖို့ ဖြစ်လာနိုင်ပြီး တစ်နှစ်စာ စာချုပ်ထပ်ချုပ်မလားဆိုတာကတော့ ကြီးမားတဲ့ ဆုံးဖြတ်ချက်လည်းဖြစ်လာနိုင်ပါတယ်။

မက်ဆီမရှိတော့ရင် ဘာစီလိုနာအဖို့ ပိုမိုရုန်းကန်လာရနိုင်ပြီး ကွင်းဝင်ကြေးက ရမရ မသေချာသေးချိန်မှာ အသင်းရဲ့ ရပ်တည်မှု၊ ပုံရိပ် အသုံးပြုမှုဝင်ငွေတွေက ထိုးကျသွားဦးမှာဖြစ်သလို ရည်ရွယ်ချက်ကောင်းပေမယ့် လိုက်နာဖို့ မလွယ်တဲ့ လာလီဂါရဲ့ ထိန်းချုပ်မှုက ရီးရဲလ်မက်ဒရစ်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ လမ်းခွဲမှုမျိုး ထပ်မြင်ရဦးမလားလို့ စိတ်ဝင်စားစရာကောင်းနေတာပါ။

ဒီအနေအထားကတော့ ပွဲလန့်တုန်း ဖျာခင်းဖို့အတွက် မန်ချက်စတာစီးတီးနဲ့ ယူနိုက်တက်နှစ်သင်း၊ ပီအက်စ်ဂျီတို့ကို တပ်လှန့်လိုက်သလိုဖြစ်လာခဲ့ပြီး ဆရာဟောင်း ဂွါဒီယိုလာနဲ့ တစ်ခါပြန် ပူးပေါင်းဖို့ ပျက်ပြယ်ခဲ့ဖူးတဲ့ ပြီးခဲ့တဲ့ ရာသီက အိပ်မက်ကို အကောင်အထည်ဖော်နိုင်မလား၊ အဖက်ဖက်ကနေ ဒုက္ခခံပြီး နူးကမ့်မှာပဲ ဆက်ရှိမလား၊ တခြား လစာငွေ လျှော့ယူစရာမလိုတဲ့ ဘယ်အသင်းကို ရောက်မလဲဆိုတာ လာမယ့် ၇ ရက်အတွင်း စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာတစ္သင္းလုံးကို ထမ္းတင္ေနရၿပီး တစ္ဖက္မွာလည္း လူငယ္ေတြကို သင္ၾကားပို႔ခ်ေပးေနရသလို ငဆႏူ လဒူတိုက္စစ္မႉးေတြနဲ႔ လူးဝစ္ဇ္ ဆြာရက္ဇ္အလြန္မွာ ေဝဖန္ခံေနခဲ့ရတဲ့ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ ႏူးကမ့္မွာ ဆက္ရွိေနႏိုင္ဦးမလားဆိုတာကေတာ့ စိတ္ဝင္စားစရာျဖစ္လာခဲ့ၿပီး တစ္ပတ္အတြင္းမွာ အေျဖေပၚလာေတာ့မွာလည္းျဖစ္ပါတယ္။

ဥ႐ုေဂြးသားႀကီး ဆြာရက္ဇ္ကို ေရာင္းလိုက္ခ်ိန္မွာ အေထာင္တိုက္စစ္မႉး မဟုတ္တဲ့ အြန္ထြာ ဂရိဇ္မန္းနဲ႔ တန္းမဝင္တဲ့ မာတင္ ဘရိတ္သ္ဝိတ္တို႔လို နံပါတ္ ၉ ေတြနဲ႔ ေပါင္းလိုက္ရင္ တိုက္စစ္တာဝန္ဟာ မက္ဆီရဲ႕ ပခုံးေပၚကို လုံးလုံးလ်ားလ်ား ေရာက္လာခဲ့ၿပီး သူဂိုးမသြင္းႏိုင္၊ ေျခစြမ္းမျပႏိုင္ရင္ ဘာစီလိုနာရဲ႕ ရလဒ္က ေမွာက္လ်က္ေျပးခဲ့ရတာေတြ မ်ားေနခဲ့တာပါ။

ႏူးကမ့္မွာ တစ္ပတ္ကို ေပါင္တစ္သန္းေလာက္ရေနတဲ့ စာခ်ဳပ္ကို ဆက္မခ်ဳပ္ေတာ့ဘဲ ၿပီးခဲ့တဲ့ ေႏြရာသီက မန္ခ်က္စတာစီးတီးဆီ လစ္ဖို႔ လုပ္ခဲ့ေပမယ့္ အသင္းက မထြက္ရခင္ ယုတ္မာသြားခဲ့တဲ့ ဥကၠဌေဟာင္း ဘာတိုျမဴေၾကာင့္ တစ္ရာသီ ဆက္ေနခဲ့ရသလို ဒီရာသီမွာေတာ့ အာဂ်င္တီးနား အသင္းေဖာ္ အေဂြ႐ိုကို ဥကၠဌသစ္ လာေပၚတာက ေခၚယူေပးခဲ့ခ်ိန္မွာ အနာဂတ္ဆက္ရွိေတာ့မယ္လို႔ ထင္ခဲ့ရေပမယ့္ အေျပာင္းအလဲေတြ ရွိလာႏိုင္တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက မက္ဆီနဲ႔ ဘာဆာတို႔ၾကား တစ္ႏွစ္စာခ်ဳပ္ကို လစာေလွ်ာ့ယူၿပီး ခ်ဳပ္ေတာ့မယ္လို႔ သတင္းေတြ ထြက္လာခဲ့ေပမယ့္ ဖခင္ျဖစ္သူ ေဟာ္ဟဲကေတာ့ ဘာသေဘာတူညီမႈမွ မရွိေသးေၾကာင္း ရွင္းလင္းထားခဲ့ၿပီး လာလီဂါရဲ႕ လစာေငြ ထိန္းခ်ဳပ္မႈအရေတာ့ ေလွ်ာ့မယူရင္ အဆင္မေျပတဲ့ အေနအထားမွာ ခ်ီတုံခ်တုံျဖစ္စရာလည္း ႀကဳံေတြ႕လာရပါတယ္။

လာလီဂါဥကၠဌ ဟားဗီးယား တီဘက္စ္က မက္ဆီအေနနဲ႔ လစာေလွ်ာ့ယူၿပီး ဘာစီလိုနာအေနနဲ႔ ေႂကြးေတြ ဆပ္ရမယ္လို႔ သတိေပးလိုက္ခ်ိန္မွာ အသင္းနဲ႔ ႏွစ္ ၂၀ ၾကာ ေရစက္ကို ျဖတ္ေတာက္ရဖို႔ ျဖစ္လာႏိုင္ၿပီး တစ္ႏွစ္စာ စာခ်ဳပ္ထပ္ခ်ဳပ္မလားဆိုတာကေတာ့ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္လည္းျဖစ္လာႏိုင္ပါတယ္။

မက္ဆီမရွိေတာ့ရင္ ဘာစီလိုနာအဖို႔ ပိုမို႐ုန္းကန္လာရႏိုင္ၿပီး ကြင္းဝင္ေၾကးက ရမရ မေသခ်ာေသးခ်ိန္မွာ အသင္းရဲ႕ ရပ္တည္မႈ၊ ပုံရိပ္ အသုံးျပဳမႈဝင္ေငြေတြက ထိုးက်သြားဦးမွာျဖစ္သလို ရည္႐ြယ္ခ်က္ေကာင္းေပမယ့္ လိုက္နာဖို႔ မလြယ္တဲ့ လာလီဂါရဲ႕ ထိန္းခ်ဳပ္မႈက ရီးရဲလ္မက္ဒရစ္နဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ လမ္းခြဲမႈမ်ိဳး ထပ္ျမင္ရဦးမလားလို႔ စိတ္ဝင္စားစရာေကာင္းေနတာပါ။

ဒီအေနအထားကေတာ့ ပြဲလန႔္တုန္း ဖ်ာခင္းဖို႔အတြက္ မန္ခ်က္စတာစီးတီးနဲ႔ ယူႏိုက္တက္ႏွစ္သင္း၊ ပီအက္စ္ဂ်ီတို႔ကို တပ္လွန႔္လိုက္သလိုျဖစ္လာခဲ့ၿပီး ဆရာေဟာင္း ဂြါဒီယိုလာနဲ႔ တစ္ခါျပန္ ပူးေပါင္းဖို႔ ပ်က္ျပယ္ခဲ့ဖူးတဲ့ ၿပီးခဲ့တဲ့ ရာသီက အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္မလား၊ အဖက္ဖက္ကေန ဒုကၡခံၿပီး ႏူးကမ့္မွာပဲ ဆက္ရွိမလား၊ တျခား လစာေငြ ေလွ်ာ့ယူစရာမလိုတဲ့ ဘယ္အသင္းကို ေရာက္မလဲဆိုတာ လာမယ့္ ၇ ရက္အတြင္း ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.