Premier League

ဒီဘရိုင်းနား ချယ်လ်ဆီးကနေ ပြောင်းသွားတာ မိမိကြောင့်မဟုတ်ကြောင်း အဖြစ်မှန်ကိုထုတ်ပြောသွားတဲ့ မော်ရင်ညို

ရိုးမားနည်းပြသစ်ဖြစ်လာခဲ့တဲ့ ဟိုဆေး မော်ရင်ညိုက လက်ရှိမန်စီးတီးကစားသမားဘဝမှာ ကမ္ဘာ့အဆင့်မီဖြစ်လာခဲ့တဲ့ ကီဗင် ဒီဘရိုင်းနားကို ချယ်လ်ဆီးနည်းပြဘဝမှာ လက်လွှတ်ဆုံးရှူံးခဲ့ရတာဟာ မိမိရဲ့တာဝန်မဟုတ်ကြောင်း ကာကွယ်ပြောဆိုသွားခဲ့ပြီး ဘယ်လ်ဂျီယမ်သားက စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာချင်လွန်းလို့သာ ထွက်ခွင့်ပေးခဲ့ရခြင်းဖြစ်ကြောင်း ရှင်းတမ်းထုတ်သွားခဲ့ပါတယ်။

မော်ရင်ဟိုက မိမိအနေနဲ့ ဒီဘရိုင်းနားရဲ့ ဘောလုံးဗီဇနဲ့ အလားအလာကောင်းကို ချယ်လ်ဆီးကို ရောက်ချိန်ကတည်းက ကောင်းကောင်းအကဲခတ်မိခဲ့ကြောင်း၊ သူ့ကို ချယ်လ်ဆီးမှာသာ ဆက်ထိန်းထားလိုခဲ့တာဟာ မိမိဆန္ဒဖြစ်ကြောင်း၊ သူ့လို ပါရမီထူးတဲ့ ကစားသမားကောင်းကို ရောင်းထုတ်လိုခဲ့ခြင်းမရှိဘဲ ပွဲထွက်ခွင့်ရဖို့ ဝုဗ်ဘတ်အသင်းကို ပြောင်းကစားခဲ့ခြင်းဖြစ်​ကြောင်း ပရိသတ်တွေ အထင်လွဲနေတဲ့ ကိစ္စရပ်တခုကို ရှင်းလင်းသွားခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ၂၀၁၂ ခုနှစ်က ၁၈ နှစ်သား ဒီဘရိုင်းနားကို ခေါ်ယူခဲ့ပြီးနောက် ၉ ပွဲသာ ပထမအသင်းလူစာရင်းမှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဝုဖ်ဘတ်အသင်းကို ပြောင်းကစားခဲ့တဲ့နောက် ဘွန်ဒက်လီဂါကြယ်ပွင့်အဖြစ်နဲ့ မန်စီတီးရဲ့ စင်တော်ကောက်မှုကြောင့် အင်္ဂလန်ကို တကျော့ပြန် ရောက်ရှိလာခဲ့ပြီး EPL ဖလား ၃ လုံး၊ EFL ဖလား ၅ လုံး၊ FA အောင်မြင်မှုတကြိမ်နဲ့ တကိုယ်တော်ဆုတံဆိပ်များစွာ ဆွတ်ခူးခဲ့တာပါ။

” ကီဗင်က အံ့သြစရာကောင်းတဲ့ ကစားသမားမျိုးပါ။ အခုအချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံးထိပ်သီး ၅ ဦးထဲမှာ စာရင်းပေါက်နေပြီဆိုတာ ဘယ်သူမှ ​မငြင်းနိုင်ဘူး။ ကျွန်တော်နဲ့ သူ့ရဲ့ဇာတ်လမ်းက ရယ်စရာတော့ကောင်းခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့ဘဝအတွက် ကောင်းဖို့ပဲ ဖြစ်မြောက်သွားခဲ့တာပါ ”

” ကျွန်တော် ချယ်လ်ဆီးကို ဒုတိယအ​ကြိမ် ကိုင်တွယ်ရချိန်ပေါ့။ အာရှဘက်မှာ ခြေစမ်းပွဲတချို့ကစားပြီး လေ့ကျင့်ခဲ့ကြတယ်။ ကီဗင်က အဲဒီခရီးစဥ်အပြီး အသင်းကနေ အငှားနဲ့ လစ်သွားတော့တာပါပဲ။ သူ့ခြေစွမ်းခြေစတွေက ကျွန်တော့်ကို အများကြီးအထင်ကြီးစေခဲ့တယ်။ ဒါကြောင့် သူ့ကို အငှားမထုတ်ချင်ခဲ့ဘဲ အသင်းမှာပဲ ဆက်ထိန်းထားချင်ခဲ့တယ် ”

” ပရီးမီးယားလိဂ်ရာသီအဖွင့် ဟားလ်စီးတီးနဲ့ပွဲမှာ ကစားရပြီး အိုးထရက်ဖို့ဒ်ပွဲမှာတော့ သူဝင်မုစားခဲ့ရဘူး။ အဲဒီပွဲပြီးတော့ သူက ကျွန်တော့်ကို လာပြောတယ်။ ပွဲတိုင်းဝင်ကစားချင်တယ်။ မိနစ်တိုင်း ကစားချင်တယ်တဲ့။ ဒါကြောင့် သူ ဂျာမနီမှာ အငှားသွားကစားမယ်။ အသင်းက​နေ ထွက်ချင်တယ်လို့ တတွင်တွင်ပြောနေတယ် ”

” သူ့စိတ်ကို သူပိုင်းဖြတ်ပြီးပါပြီ။ သူက ခေါင်းမာသလို စိတ်ပြတ်သားတဲ့ ကလေးပါ။ သူဆုံးဖြတ်ပြီးပြီတဲ့။ သူလိုချင်တာကို သူကောင်းကောင်းသိနားလည်တယ်။ နောက်ဆုံးမှာတော့ ချယ်လ်ဆီးက သူ့ကို ရောင်းထုတ်လိုက်ရတဲ့အထိ ဖြစ်သွားပါတယ် ”

” သူ့လို အရည်အသွေးမြင့် ကစားသမားမျိုးက ရှားပါးလွန်းပါတယ်။ အခုလို ကမ္ဘာ့အကောင်းဆုံး ၅ ဦးထဲမှာ စာရင်းဝင်လာတဲ့ သူအောင်မြင်နေတာကို ကျွန်တော်မုဒိတာပွားပါတယ်။ သူအငှားနဲ့ ထွက်ချင်တုန်းက သူ့ကို ချယ်လ်ဆီးမှာ ဆက်ရှိစေချင်တဲ့သူက ကျွန်တော်ပါ။ ”

” အခုချိန်မှာတော့ အဲဒီအချိန်က သူ့မှာ မရှိသေးတဲ့ အတွေ့အကြုံနဲ့ ရင့်ကျက်မှုတွေနဲ့ ဝမ်းစာပြည့်နေပါပြီ။ သူ့ရဲ့ ဘောလုံးအမြင်စူးရှမှုနဲ့ မှော်ဆန်တဲ့ခြေထောက်တွေကိုတော့ သူက မွေးရာပါပိုင်ဆိုင်ထားတဲ့သူပါ” လို့ မော်ရင်ဟိုက တပည့်ဟောင်းနဲ့ ပတ်သက်လို့ သူ့ရဲ့ တွေ့ကြုံမှု၊ ကိုယ်တွယ်ခဲ့ပုံနဲ့ သူ့အမြင်၊ အဖြစ်အပျက်တွေကို Talk Sport အစီအစဥ်မှာ ပြောပြသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
႐ိုးမားနည္းျပသစ္ျဖစ္လာခဲ့တဲ့ ဟိုေဆး ေမာ္ရင္ညိဳက လက္ရွိမန္စီးတီးကစားသမားဘဝမွာ ကမာၻ႔အဆင့္မီျဖစ္လာခဲ့တဲ့ ကီဗင္ ဒီဘ႐ိုင္းနားကို ခ်ယ္လ္ဆီးနည္းျပဘဝမွာ လက္လႊတ္ဆုံးရႉံးခဲ့ရတာဟာ မိမိရဲ႕တာဝန္မဟုတ္ေၾကာင္း ကာကြယ္ေျပာဆိုသြားခဲ့ၿပီး ဘယ္လ္ဂ်ီယမ္သားက စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန ထြက္ခြာခ်င္လြန္းလို႔သာ ထြက္ခြင့္ေပးခဲ့ရျခင္းျဖစ္ေၾကာင္း ရွင္းတမ္းထုတ္သြားခဲ့ပါတယ္။

ေမာ္ရင္ဟိုက မိမိအေနနဲ႔ ဒီဘ႐ိုင္းနားရဲ႕ ေဘာလုံးဗီဇနဲ႔ အလားအလာေကာင္းကို ခ်ယ္လ္ဆီးကို ေရာက္ခ်ိန္ကတည္းက ေကာင္းေကာင္းအကဲခတ္မိခဲ့ေၾကာင္း၊ သူ႔ကို ခ်ယ္လ္ဆီးမွာသာ ဆက္ထိန္းထားလိုခဲ့တာဟာ မိမိဆႏၵျဖစ္ေၾကာင္း၊ သူ႔လို ပါရမီထူးတဲ့ ကစားသမားေကာင္းကို ေရာင္းထုတ္လိုခဲ့ျခင္းမရွိဘဲ ပြဲထြက္ခြင့္ရဖို႔ ဝုဗ္ဘတ္အသင္းကို ေျပာင္းကစားခဲ့ျခင္းျဖစ္​ေၾကာင္း ပရိသတ္ေတြ အထင္လြဲေနတဲ့ ကိစၥရပ္တခုကို ရွင္းလင္းသြားခဲ့တာပါ။

ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၂ ခုႏွစ္က ၁၈ ႏွစ္သား ဒီဘ႐ိုင္းနားကို ေခၚယူခဲ့ၿပီးေနာက္ ၉ ပြဲသာ ပထမအသင္းလူစာရင္းမွာ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ဝုဖ္ဘတ္အသင္းကို ေျပာင္းကစားခဲ့တဲ့ေနာက္ ဘြန္ဒက္လီဂါၾကယ္ပြင့္အျဖစ္နဲ႔ မန္စီတီးရဲ႕ စင္ေတာ္ေကာက္မႈေၾကာင့္ အဂၤလန္ကို တေက်ာ့ျပန္ ေရာက္ရွိလာခဲ့ၿပီး EPL ဖလား ၃ လုံး၊ EFL ဖလား ၅ လုံး၊ FA ေအာင္ျမင္မႈတႀကိမ္နဲ႔ တကိုယ္ေတာ္ဆုတံဆိပ္မ်ားစြာ ဆြတ္ခူးခဲ့တာပါ။

” ကီဗင္က အံ့ၾသစရာေကာင္းတဲ့ ကစားသမားမ်ိဳးပါ။ အခုအခ်ိန္မွာေတာ့ ကမာၻ႔အေကာင္းဆုံးထိပ္သီး ၅ ဦးထဲမွာ စာရင္းေပါက္ေနၿပီဆိုတာ ဘယ္သူမွ ​မျငင္းႏိုင္ဘူး။ ကြၽန္ေတာ္နဲ႔ သူ႔ရဲ႕ဇာတ္လမ္းက ရယ္စရာေတာ့ေကာင္းခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ သူ႔ဘဝအတြက္ ေကာင္းဖို႔ပဲ ျဖစ္ေျမာက္သြားခဲ့တာပါ ”

” ကြၽန္ေတာ္ ခ်ယ္လ္ဆီးကို ဒုတိယအ​ႀကိမ္ ကိုင္တြယ္ရခ်ိန္ေပါ့။ အာရွဘက္မွာ ေျခစမ္းပြဲတခ်ိဳ႕ကစားၿပီး ေလ့က်င့္ခဲ့ၾကတယ္။ ကီဗင္က အဲဒီခရီးစဥ္အၿပီး အသင္းကေန အငွားနဲ႔ လစ္သြားေတာ့တာပါပဲ။ သူ႔ေျခစြမ္းေျခစေတြက ကြၽန္ေတာ့္ကို အမ်ားႀကီးအထင္ႀကီးေစခဲ့တယ္။ ဒါေၾကာင့္ သူ႔ကို အငွားမထုတ္ခ်င္ခဲ့ဘဲ အသင္းမွာပဲ ဆက္ထိန္းထားခ်င္ခဲ့တယ္ ”

” ပရီးမီးယားလိဂ္ရာသီအဖြင့္ ဟားလ္စီးတီးနဲ႔ပြဲမွာ ကစားရၿပီး အိုးထရက္ဖို႔ဒ္ပြဲမွာေတာ့ သူဝင္မုစားခဲ့ရဘူး။ အဲဒီပြဲၿပီးေတာ့ သူက ကြၽန္ေတာ့္ကို လာေျပာတယ္။ ပြဲတိုင္းဝင္ကစားခ်င္တယ္။ မိနစ္တိုင္း ကစားခ်င္တယ္တဲ့။ ဒါေၾကာင့္ သူ ဂ်ာမနီမွာ အငွားသြားကစားမယ္။ အသင္းက​ေန ထြက္ခ်င္တယ္လို႔ တတြင္တြင္ေျပာေနတယ္ ”

” သူ႔စိတ္ကို သူပိုင္းျဖတ္ၿပီးပါၿပီ။ သူက ေခါင္းမာသလို စိတ္ျပတ္သားတဲ့ ကေလးပါ။ သူဆုံးျဖတ္ၿပီးၿပီတဲ့။ သူလိုခ်င္တာကို သူေကာင္းေကာင္းသိနားလည္တယ္။ ေနာက္ဆုံးမွာေတာ့ ခ်ယ္လ္ဆီးက သူ႔ကို ေရာင္းထုတ္လိုက္ရတဲ့အထိ ျဖစ္သြားပါတယ္ ”

” သူ႔လို အရည္အေသြးျမင့္ ကစားသမားမ်ိဳးက ရွားပါးလြန္းပါတယ္။ အခုလို ကမာၻ႔အေကာင္းဆုံး ၅ ဦးထဲမွာ စာရင္းဝင္လာတဲ့ သူေအာင္ျမင္ေနတာကို ကြၽန္ေတာ္မုဒိတာပြားပါတယ္။ သူအငွားနဲ႔ ထြက္ခ်င္တုန္းက သူ႔ကို ခ်ယ္လ္ဆီးမွာ ဆက္ရွိေစခ်င္တဲ့သူက ကြၽန္ေတာ္ပါ။ ”

” အခုခ်ိန္မွာေတာ့ အဲဒီအခ်ိန္က သူ႔မွာ မရွိေသးတဲ့ အေတြ႕အႀကဳံနဲ႔ ရင့္က်က္မႈေတြနဲ႔ ဝမ္းစာျပည့္ေနပါၿပီ။ သူ႔ရဲ႕ ေဘာလုံးအျမင္စူးရွမႈနဲ႔ ေမွာ္ဆန္တဲ့ေျခေထာက္ေတြကိုေတာ့ သူက ေမြးရာပါပိုင္ဆိုင္ထားတဲ့သူပါ” လို႔ ေမာ္ရင္ဟိုက တပည့္ေဟာင္းနဲ႔ ပတ္သက္လို႔ သူ႔ရဲ႕ ေတြ႕ႀကဳံမႈ၊ ကိုယ္တြယ္ခဲ့ပုံနဲ႔ သူ႔အျမင္၊ အျဖစ္အပ်က္ေတြကို Talk Sport အစီအစဥ္မွာ ေျပာျပသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.