Analysis International

ဖူးဖူးမှုတ်ထားရမယ့် စတာလင်နဲ့ အင်္ဂလန် 1-0 ချက် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

အရှိန်ကောင်းနဲ့ ရွက်လွင့်ပြီ
ဒီနေ့နိုင်ပွဲမှာ အင်္ဂလန်ရဲ့ စိတ်အားထက်သန်မှုတွေရော ကျားကုတ်ကျားခဲကစားသွားတဲ့ ခွန်အားတွေကိုပါ မြင်တွေ့ခဲ့ရလို့ ပရိသတ်တွေအတွက် စိတ်ကျေနပ်မှုရစေခဲ့ပါတယ်။ ယုံကြည်ချက်အပြည့်နဲ့ တည်ငြိမ်နေတဲ့ ခြေစွမ်းနဲ့အတူ နောက်တဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်သွားနိုင်ခဲ့သလို တောင်ပံနှစ်ဖက်မှာ ဂျက်ဂရီးလစ်ရှ်နဲ့ ဘူကာယို ဆာကာတို့က မက်လောက်စရာ ခြေစွမ်းမျိုးကို ပြသလို တိုက်စစ်မှာ ဟာရီကိန်းနဲ့ စတာလင်အတွဲက အတော်လေးအလုပ်လုပ်သွားခဲ့တာကို တွေ့ရပါတယ်။

ဆောက်ဂိတ် ခေါင်းကိုက်ရဦးမယ့် ရွေးချယ်မှု ပြဿနာ
ဒီနေ့ပွဲမှာ ဟာရီ မက်ဂွိုင်းယား ပြန်ဝင်ကစားပြီး ဂျွန်စတုန်းစ်နဲ့ တွဲဖက်သွားခဲ့တယ်။ ဘယ်ညာနောက်ခံတောင်ပံတစုံမှာ လုခ်ရှောနဲ့ ဝေါ်လ်ကာအတွဲကို ပွဲထုတ်ခဲ့ခြင်းနဲ့ ခြေစွမ်းအရ ဒီခံစစ်လေးယောက်တန်းက နည်းပြအကြိုက်ဆုံး ခံစစ်အဖြစ် ရုပ်လုံးပေါ်စပြုလာတယ်။ ခြေစွာနေတဲ့ ပက်ထရစ်ရှစ်ခ် ငြိမ်နေအောင် ထိန်းပြတဲ့ မက်ဂွိုင်းယားဦးဆောင်တဲ့ ခံစစ်က ဂျော်ဒန် ဟန်ဒါဆန်နဲ့ ပေါင်းဖက်မှုမှာ ခွင်ကျခဲ့တာကို တွေ့ရလို့ နောက်လာမယ့် အဆင့်တွေမှာတော့ ပန်းတိုင်ကို ရောက်ဖို့ အင်္ဂလန်ရဲ့ အကောင်းဆုံးလူစာရင်းက ဘယ်လိုပွဲထုတ်မလဲဆိုတာက အတော်လေးခေါင်းကိုက်စရာပါ။

အင်္ဂလန်တနိုင်ငံလုံး တောင့်တနေတဲ့ ဂျက်ဂရီးလစ်ရှ်
ကွင်းလယ်မှာ မောင့်မကစားနိုင်ချိန် တနိုင်ငံလုံးက ဝိုင်းဝန်းတောင့်တနေတဲ့ ဂရီးလစ်ရှ်က ပွဲထွက်လာခဲ့ပြီး သူ့တန်ဖိုးကို ပြသခဲ့တယ်။ ပွဲအစ ၁၂ မိနစ်မှာတင်ပဲ စတာလင်ရဲ့ ခေါင်းတိုက်ဂိုးကို ဖန်တီးပေးသွားခဲ့တယ်။ စတာလင်း၊ ဟာရီကိန်းတို့နဲ့ နားလည်မှုရှိရှိ ချိတ်ဆက်ကာ နေရာတွေ အလဲအလှယ်လုပ် ကစားခဲ့သလို ပွဲချိန်တလျှောက် ချက်အသင်းကို ဒုက္ခအပေးဆုံးလည်း ဖြစ်ခဲ့တာပါ။ သူ့ကို လူစားလဲခဲ့ချိန်မှာ ဝင်ဘလေတကွင်းလုံး ‘ဘူး’ဆိုတဲ့ အော်သံတွေ ဆူညံခဲ့ပြီး သူ့ရဲ့အမည်ကို သီချင်းလုပ်ဆိုခဲ့ကြတာပါ။

စမတ်ကျလွန်းတဲ့ ဘူကာယို ဆာကာ
ဖီးလ်ဖိုဒင်နေရာမှာ ဝင်ကစားတဲ့ ဆာကာကလည်း ညာတောင်ပံမှာ တောက်ပခဲ့ပြီး ခပ်ရဲရဲနဲ့ ပျံလန်နေအောင် ကစားသွားခဲ့လို့ ချီးကျူးစရာခြေစွမ်းဖြစ်ခဲ့တာပါ။ ဆန်ချိုကိုကျော်ပြီး ဆာကာကို သုံးရလားဆိုရင်တော့ အကျိုးသင့်အကြောင်းသင့်အဖြေက ရှိနေပြီး ဧပြီလတုန်းက ယူရိုပါလိဂ်မှာ အာဆင်နယ်အသင်း စပါတာပရာ့ဂ်ကို ၄ ဂိုးပြတ်နဲ့ နိုင်တော့ ဆာကာကျော်ဖြတ်ခဲ့တာ ဘယ်နောက်ခံလူ ဂျန်ဘိုရေးလ်ဖြစ်ပြီး အခု ချက်ရဲ့ဘယ်နောက်ခံနေရာမှာ ဂျန်ဘိုရေးလ်ကပဲ ကစားနေလို့ ‘ငရုတ်သီးလေး’ ကိုသာ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့တာကို တွေ့ရချိန်မှာ ဝင်ဘလေရဲ့ အဖွင့်ဂိုးက ဆာကာရဲ့ မီးလိုတောက်နေတဲ့ တိုးအား၊ ပြင်းပြတဲ့အားထုတ်မှုကြောင့် ရရှိခဲ့တာပါ။

<အင်္ဂလန်ရဲ့ ဖူးဖူးမှုတ်ထားရမယ့် တိုက်စစ်မှူးက စတာလင်လား
အင်္ဂလန်ရဲ့ အုပ်စုပွဲသုံးပွဲမှာ တစ်သင်းလုံးရဲ့ ကစားသမား ၂၆ ယောက်ထဲက လူစားဝင်ခွင့်ရသူအပါအဝင် ပွဲစဉ်သုံးပွဲမှာ ကစားခွင့်ရခဲ့သူက ၂၁ ယောက် ရှိခဲ့ပြီး တိုက်စစ်ပိုင်းက ဂိုးသွင်းနိုင်သူ ၁၀ ယောက်အထိ ရှိခဲ့ချိန်မှာ နှစ်ဂိုးသာ ရရှိခဲ့ပြီး ဒီနှစ်ဂိုးစလုံးကို ကျောနံပါတ် ၁၀ ဝတ် စတာလင်တစ်ယောက်တည်းက သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာအသင်းတွေ အလိုရှိနေတဲ့ အသင်းခေါင်းဆောင် ဟာရီကိန်းက ဒီခြေနဲ့ ပေါင်သန်း ၁၀၀ တန်ရဲ့လားလို့ မေးခွန်းထုတ်ခံနေရချိန်မှာ အသင်းကထွက်မယ့် အသံတွေနဲ့ စတာလင်ကတော့ ယူရို ၂၀၀၄ တုန်းက ရွန်နီနဲ့ လမ်းပတ်တို့နောက်ပိုင်း ပထမဆုံးတစ်ဂိုးထက်ပိုပြီး သွင်းနိုင်သူဖြစ်လာခဲ့တာပါ။

ထိုးဖောက်လို့ မရတဲ့ ဂိုးပေါက်၊ ပေးဂိုးလုံးဝမရှိတဲ့ အင်္ဂလန်
ယူရိုဖလားလို ပြိုင်ပွဲကြီးတခုမှာ ချန်ပီယံဖြစ်ဖို့ဆိုရင် သေချာပေါက် လိုအပ်တာက ခံစစ်လုံဖို့က အဓိကအားထားရာ အချက်တခုပါ။ အင်္ဂလန်ကတော့ ခံစစ်ပိုင်းမာကျောမှုနဲ့ ဂိုးပေါက်လုံခြုံမှုကို အုပ်စု ၃ ပွဲစလုံး ပေးဂိုးမရှိစံချိန်နဲ့ သက်သေပြခဲ့သလို ဒါက တဆင့်နိမ့်အသင်းတွေလားဆိုတဲ့ မေးခွန်းတွေကိုတော့ ဆောက်ဂိတ်က နောက်တဆင့်မှာ ထပ်မံသက်သေပြစရာတွေ ရှိနေပါသေးတယ်။ ဒီနေ့ပွဲရဲ့ နာကျင်အချိန်ပိုမှာ ဂျော်ဒန် ဟန်ဒါဆန် ဖျက်ထုတ်ခဲ့ရတဲ့ အလုံးမျိုးကလည်း အမ်ဘာပေ၊ ရော်နယ်လ်ဒိုတို့နဲ့ဆို သေချာပေါက် ဂိုးပေးရဖွယ်ရှိနေလို့ နောက်တဆင့်မှာ သေချာပေါက် သတိထားစရာပါ။

ဆန်ချိုက ဝှက်ဖဲလား အပယ်ခံလား
ယူရို ၂၀၂၀ မှာ အမေးအများဆုံးမေးခွန်းက ဆန်ချိုလို ကမ္ဘာ့အဆင့်မီကစားသမားကို ယူရိုလို ပြိုင်ပွဲကြီးတခုမှာ တောက်ပခွင့်မပေးဘဲ နည်းပြဆောက်ဂိတ် ဘာကြောင့် ချောင်ထိုးထားသလဲ ဆိုတာပါပဲ။ ဒီနေ့ပွဲမှာတော့ တောင်ပံကစားသမားက ပွဲချိန် ၁၀ မိနစ်စာလောက် လူစားဝင်ကစားခွင့်ရခဲ့ပြီး ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့ပြီး မောင့်၊ ဖိုဒန်၊ ဂရီးလစ်ရှ်၊ ဆာကာတို့ ၄ ဦးရဲ့နောက်မှာ အပယ်ခံဘဝအဖြစ် ဆန်ချိုကို ပို့လိုက်ပြီလား၊ နောက်တဆင့်တွေအတွက် ဆန်ချိုကို ဒိုင်လျှိုထားတာလားဆိုတာတော့ ဆောက်ဂိတ် အဖြေပေးရပါလိမ့်မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အရွိန္ေကာင္းနဲ႔ ႐ြက္လြင့္ၿပီ
ဒီေန႔ႏိုင္ပြဲမွာ အဂၤလန္ရဲ႕ စိတ္အားထက္သန္မႈေတြေရာ က်ားကုတ္က်ားခဲကစားသြားတဲ့ ခြန္အားေတြကိုပါ ျမင္ေတြ႕ခဲ့ရလို႔ ပရိသတ္ေတြအတြက္ စိတ္ေက်နပ္မႈရေစခဲ့ပါတယ္။ ယုံၾကည္ခ်က္အျပည့္နဲ႔ တည္ၿငိမ္ေနတဲ့ ေျခစြမ္းနဲ႔အတူ ေနာက္တဆင့္ကို အုပ္စုဗိုလ္အျဖစ္ တက္ေရာက္သြားႏိုင္ခဲ့သလို ေတာင္ပံႏွစ္ဖက္မွာ ဂ်က္ဂရီးလစ္ရွ္နဲ႔ ဘူကာယို ဆာကာတို႔က မက္ေလာက္စရာ ေျခစြမ္းမ်ိဳးကို ျပသလို တိုက္စစ္မွာ ဟာရီကိန္းနဲ႔ စတာလင္အတြဲက အေတာ္ေလးအလုပ္လုပ္သြားခဲ့တာကို ေတြ႕ရပါတယ္။

ေဆာက္ဂိတ္ ေခါင္းကိုက္ရဦးမယ့္ ေ႐ြးခ်ယ္မႈ ျပႆနာ
ဒီေန႔ပြဲမွာ ဟာရီ မက္ဂြိဳင္းယား ျပန္ဝင္ကစားၿပီး ဂြၽန္စတုန္းစ္နဲ႔ တြဲဖက္သြားခဲ့တယ္။ ဘယ္ညာေနာက္ခံေတာင္ပံတစုံမွာ လုခ္ေရွာနဲ႔ ေဝၚလ္ကာအတြဲကို ပြဲထုတ္ခဲ့ျခင္းနဲ႔ ေျခစြမ္းအရ ဒီခံစစ္ေလးေယာက္တန္းက နည္းျပအႀကိဳက္ဆုံး ခံစစ္အျဖစ္ ႐ုပ္လုံးေပၚစျပဳလာတယ္။ ေျခစြာေနတဲ့ ပက္ထရစ္ရွစ္ခ္ ၿငိမ္ေနေအာင္ ထိန္းျပတဲ့ မက္ဂြိဳင္းယားဦးေဆာင္တဲ့ ခံစစ္က ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ ေပါင္းဖက္မႈမွာ ခြင္က်ခဲ့တာကို ေတြ႕ရလို႔ ေနာက္လာမယ့္ အဆင့္ေတြမွာေတာ့ ပန္းတိုင္ကို ေရာက္ဖို႔ အဂၤလန္ရဲ႕ အေကာင္းဆုံးလူစာရင္းက ဘယ္လိုပြဲထုတ္မလဲဆိုတာက အေတာ္ေလးေခါင္းကိုက္စရာပါ။

အဂၤလန္တႏိုင္ငံလုံး ေတာင့္တေနတဲ့ ဂ်က္ဂရီးလစ္ရွ္
ကြင္းလယ္မွာ ေမာင့္မကစားႏိုင္ခ်ိန္ တႏိုင္ငံလုံးက ဝိုင္းဝန္းေတာင့္တေနတဲ့ ဂရီးလစ္ရွ္က ပြဲထြက္လာခဲ့ၿပီး သူ႔တန္ဖိုးကို ျပသခဲ့တယ္။ ပြဲအစ ၁၂ မိနစ္မွာတင္ပဲ စတာလင္ရဲ႕ ေခါင္းတိုက္ဂိုးကို ဖန္တီးေပးသြားခဲ့တယ္။ စတာလင္း၊ ဟာရီကိန္းတို႔နဲ႔ နားလည္မႈရွိရွိ ခ်ိတ္ဆက္ကာ ေနရာေတြ အလဲအလွယ္လုပ္ ကစားခဲ့သလို ပြဲခ်ိန္တေလွ်ာက္ ခ်က္အသင္းကို ဒုကၡအေပးဆုံးလည္း ျဖစ္ခဲ့တာပါ။ သူ႔ကို လူစားလဲခဲ့ခ်ိန္မွာ ဝင္ဘေလတကြင္းလုံး ‘ဘူး’ဆိုတဲ့ ေအာ္သံေတြ ဆူညံခဲ့ၿပီး သူ႔ရဲ႕အမည္ကို သီခ်င္းလုပ္ဆိုခဲ့ၾကတာပါ။

စမတ္က်လြန္းတဲ့ ဘူကာယို ဆာကာ
ဖီးလ္ဖိုဒင္ေနရာမွာ ဝင္ကစားတဲ့ ဆာကာကလည္း ညာေတာင္ပံမွာ ေတာက္ပခဲ့ၿပီး ခပ္ရဲရဲနဲ႔ ပ်ံလန္ေနေအာင္ ကစားသြားခဲ့လို႔ ခ်ီးက်ဴးစရာေျခစြမ္းျဖစ္ခဲ့တာပါ။ ဆန္ခ်ိဳကိုေက်ာ္ၿပီး ဆာကာကို သုံးရလားဆိုရင္ေတာ့ အက်ိဳးသင့္အေၾကာင္းသင့္အေျဖက ရွိေနၿပီး ဧၿပီလတုန္းက ယူ႐ိုပါလိဂ္မွာ အာဆင္နယ္အသင္း စပါတာပရာ့ဂ္ကို ၄ ဂိုးျပတ္နဲ႔ ႏိုင္ေတာ့ ဆာကာေက်ာ္ျဖတ္ခဲ့တာ ဘယ္ေနာက္ခံလူ ဂ်န္ဘိုေရးလ္ျဖစ္ၿပီး အခု ခ်က္ရဲ႕ဘယ္ေနာက္ခံေနရာမွာ ဂ်န္ဘိုေရးလ္ကပဲ ကစားေနလို႔ ‘င႐ုတ္သီးေလး’ ကိုသာ ရည္႐ြယ္ခ်က္ရွိရွိ ေ႐ြးခ်ယ္ခဲ့တာကို ေတြ႕ရခ်ိန္မွာ ဝင္ဘေလရဲ႕ အဖြင့္ဂိုးက ဆာကာရဲ႕ မီးလိုေတာက္ေနတဲ့ တိုးအား၊ ျပင္းျပတဲ့အားထုတ္မႈေၾကာင့္ ရရွိခဲ့တာပါ။

<အဂၤလန္ရဲ႕ ဖူးဖူးမႈတ္ထားရမယ့္ တိုက္စစ္မႉးက စတာလင္လား
အဂၤလန္ရဲ႕ အုပ္စုပြဲသုံးပြဲမွာ တစ္သင္းလုံးရဲ႕ ကစားသမား ၂၆ ေယာက္ထဲက လူစားဝင္ခြင့္ရသူအပါအဝင္ ပြဲစဥ္သုံးပြဲမွာ ကစားခြင့္ရခဲ့သူက ၂၁ ေယာက္ ရွိခဲ့ၿပီး တိုက္စစ္ပိုင္းက ဂိုးသြင္းႏိုင္သူ ၁၀ ေယာက္အထိ ရွိခဲ့ခ်ိန္မွာ ႏွစ္ဂိုးသာ ရရွိခဲ့ၿပီး ဒီႏွစ္ဂိုးစလုံးကို ေက်ာနံပါတ္ ၁၀ ဝတ္ စတာလင္တစ္ေယာက္တည္းက သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာအသင္းေတြ အလိုရွိေနတဲ့ အသင္းေခါင္းေဆာင္ ဟာရီကိန္းက ဒီေျခနဲ႔ ေပါင္သန္း ၁၀၀ တန္ရဲ႕လားလို႔ ေမးခြန္းထုတ္ခံေနရခ်ိန္မွာ အသင္းကထြက္မယ့္ အသံေတြနဲ႔ စတာလင္ကေတာ့ ယူ႐ို ၂၀၀၄ တုန္းက ႐ြန္နီနဲ႔ လမ္းပတ္တို႔ေနာက္ပိုင္း ပထမဆုံးတစ္ဂိုးထက္ပိုၿပီး သြင္းႏိုင္သူျဖစ္လာခဲ့တာပါ။

ထိုးေဖာက္လို႔ မရတဲ့ ဂိုးေပါက္၊ ေပးဂိုးလုံးဝမရွိတဲ့ အဂၤလန္
ယူ႐ိုဖလားလို ၿပိဳင္ပြဲႀကီးတခုမွာ ခ်န္ပီယံျဖစ္ဖို႔ဆိုရင္ ေသခ်ာေပါက္ လိုအပ္တာက ခံစစ္လုံဖို႔က အဓိကအားထားရာ အခ်က္တခုပါ။ အဂၤလန္ကေတာ့ ခံစစ္ပိုင္းမာေက်ာမႈနဲ႔ ဂိုးေပါက္လုံၿခဳံမႈကို အုပ္စု ၃ ပြဲစလုံး ေပးဂိုးမရွိစံခ်ိန္နဲ႔ သက္ေသျပခဲ့သလို ဒါက တဆင့္နိမ့္အသင္းေတြလားဆိုတဲ့ ေမးခြန္းေတြကိုေတာ့ ေဆာက္ဂိတ္က ေနာက္တဆင့္မွာ ထပ္မံသက္ေသျပစရာေတြ ရွိေနပါေသးတယ္။ ဒီေန႔ပြဲရဲ႕ နာက်င္အခ်ိန္ပိုမွာ ေဂ်ာ္ဒန္ ဟန္ဒါဆန္ ဖ်က္ထုတ္ခဲ့ရတဲ့ အလုံးမ်ိဳးကလည္း အမ္ဘာေပ၊ ေရာ္နယ္လ္ဒိုတို႔နဲ႔ဆို ေသခ်ာေပါက္ ဂိုးေပးရဖြယ္ရွိေနလို႔ ေနာက္တဆင့္မွာ ေသခ်ာေပါက္ သတိထားစရာပါ။

ဆန္ခ်ိဳက ဝွက္ဖဲလား အပယ္ခံလား
ယူ႐ို ၂၀၂၀ မွာ အေမးအမ်ားဆုံးေမးခြန္းက ဆန္ခ်ိဳလို ကမာၻ႔အဆင့္မီကစားသမားကို ယူ႐ိုလို ၿပိဳင္ပြဲႀကီးတခုမွာ ေတာက္ပခြင့္မေပးဘဲ နည္းျပေဆာက္ဂိတ္ ဘာေၾကာင့္ ေခ်ာင္ထိုးထားသလဲ ဆိုတာပါပဲ။ ဒီေန႔ပြဲမွာေတာ့ ေတာင္ပံကစားသမားက ပြဲခ်ိန္ ၁၀ မိနစ္စာေလာက္ လူစားဝင္ကစားခြင့္ရခဲ့ၿပီး ပထမဆုံးအႀကိမ္ ပြဲထြက္ခြင့္ရခဲ့ၿပီး ေမာင့္၊ ဖိုဒန္၊ ဂရီးလစ္ရွ္၊ ဆာကာတို႔ ၄ ဦးရဲ႕ေနာက္မွာ အပယ္ခံဘဝအျဖစ္ ဆန္ခ်ိဳကို ပို႔လိုက္ၿပီလား၊ ေနာက္တဆင့္ေတြအတြက္ ဆန္ခ်ိဳကို ဒိုင္လွ်ိဳထားတာလားဆိုတာေတာ့ ေဆာက္ဂိတ္ အေျဖေပးရပါလိမ့္မယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.