International Match Report

ချက်ကို အနိုင်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ၁၆သင်းအဆင့်မှာတော့ ခက်ခဲဦးမယ့် အင်္ဂလန်

အဓိက နောက်ခံလူ မက်ဂွိုင်းယားကို ပြန်လည်ထည့်သွင်းလာခဲ့တဲ့ အင်္ဂလန်အသင်းမှာ တောင်ပံတိုက်စစ်ကိုလည်း အပြောင်းအလဲ လုပ်သွားခဲ့ပြီး အာဆင်နယ်ရဲ့ ဆာကာကို ပွဲထုတ်ခဲ့သလို မေဆန်မောင့်ကိုလည်း အနားပေးခဲ့ပြီး ဗီလာရဲ့ ဂရီးလစ်ရှ်က ကွင်းလယ်ကို ဦးဆောင်လာခဲ့ ပါတယ်။

ပွဲချိန် ၂ မိနစ်မှာပဲ ခံစစ်သတိနဲ့ ရှိနေတဲ့ ချက်တို့ကို အင်္ဂလန်တို့ လျှပ်တစ်ပြက်တိုက်စစ်နဲ့ ဂိုးသွင်းဖို့ ကြိုးစားခဲ့တာဟာ အောင်မြင်လုနီးပါး ဖြစ်ခဲ့ပြီး စတာလင်ရဲ့ ဖြတ်ကျော်ထိုးဖောက်မှုက တိုင်ထိပြီး ပြန်ထွက်သွားခဲ့လို့ စောစောစီးစီး ဂိုးရခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

နောက်ခံလူ လုခ်ရှောရဲ့ အဝေးဘောတွေက အင်္ဂလန်တိုက်စစ်ကို ကောင်းကောင်းထောက်ပံ့နိုင်ခဲ့သလို မြန်နှုန်းမြင့် ကစားသမားတွေရဲ့ ဒဏ်ကို ချက်တို့ တောင့်မခံနိုင်ခဲ့ဘဲ ဆာကာရဲ့ ဖြတ်တင်မှုကို ဂရီးလစ်ရှ်က ထပ်ဆင့်ပြန်မပေးတာမှာ ခေါင်းဝင်တိုက်တဲ့ ဆာကာနောက် မျောသွားတဲ့ နောက်ခံလူတွေကို စောင့်ပြီးမှ စတာလင်က အေးအေးဆေးဆေး ခေါင်းတိုက်သွင်းသွားနိုင်ခဲ့လို့ ပွဲချိန် ၁၂ မိနစ်မှာ Three Lions တွေ ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ ချက်ဂိုးရှေ့ကို ထိုးဖောက်လာခဲ့တဲ့ ဟာရီကိန်းအနေနဲ့ တစ်ကိုယ်တော်ကန်သွင်းဖို့ ကြိုးစားခဲ့ရာမှာ ကန်ချက်က ဂိုးသမားရဲ့ ဆန့်တန်းထားတဲ့ လက်နဲ့ ထိထွက်ခဲ့တာကြောင့် အင်္ဂလန်တို့ တစ်ဂိုးနစ်နာခဲ့ရပြီး တကယ်လို့သာ ဘေးက စတာလင်ကို ပေးခဲ့မယ်ဆိုရင် သေချာပေါက် နောက်တစ်ဂိုးဖြစ်နိုင်ခဲ့တာကြောင့် ပရိသတ်တွေ မချင့်မရဲဖြစ်ခဲ့ရပါတယ်။

ချက်တို့ကလည်း ဥရောပမှာ တောက်ပခဲ့ဖူးတဲ့ အသင်းတစ်သင်းပီပီ အညံ့မခံဘဲ တုံ့ပြန်ကစားခဲ့ပြီး အင်္ဂလန်တို့ အာရုံစိုက် ဖျက်ထုတ်ခဲ့ရသလို ဝက်စ်ဟမ်းရဲ့ ဆိုးချက်ခ်ကတော့ အန္တရာယ်များတဲ့ အနေအထားမှာ ကန်သွင်းခဲ့မှုက ဘေးကိုပဲ လွဲချော်သွားခဲ့တာပါ။

ဒီနေ့ပွဲမှာ အင်္ဂလန်တိုက်စစ်က အတော်လေး တိုးတက်လာပြီး မလုပ်ရင်လည်း အရှင်း၊ လုပ်ရင်လည်း အပြတ်ဆိုတဲ့ ပုံစံမျိုးကို ပြသနိုင်ခဲ့ပေမယ့် ကံဆိုးသူ မောင်ကိန်းတစ်ယောက်ကြောင့်သာ ပရီးမီးယားလိဂ်မှာလိုမျိုး မကြမ်းနိုင်တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်းမှာ ရိုက်စ်အစား ဟန်ဒါဆန် ဝင်ရောက်ကစားခဲ့ပြီး ကွင်းလယ်ကို ပိုမိုအားဖြည့်ခဲ့သလို စတာလင်အစား ရက်ရှ်ဖို့ဒ်နဲ့ ဂရီးလစ်ရှ်အစား ဘယ်လင်ဂမ်တို့ကို လူစားသွင်းခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာ ဖရီးကစ်ကို ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ မက်ဂွိုင်းယားကို ပင်နယ်တီဧရိယာထဲမှာ အတွန်းခံခဲ့ရပေမယ့် ဒိုင်လူကြီးက မျက်ကွယ်ပြုသွားခဲ့ပါတယ်။

ဂိုးသမား ပစ်ခ်ဖို့ဒ်ကတော့ အဲဗာတန်က သွေးရူးသွေးတန်း အမူအရာမျိုးတစ်ကြိမ် ပြန်ပေါ်ခဲ့ပေမယ့် ချက်တိုက်စစ်က အသုံးမချနိုင်ခဲ့လို့ သက်သာခဲ့ရပြီး ပွဲချိန် ၈၅ မိနစ်မှာ ချက်ရဲ့ နောက်ပြန်ပေးမှုဆန်ဆန်ကနေ ဟန်ဒါဆန် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဘောလုံးက ဘယ်လင်ဂမ်ရဲ့ ခြေထောက်နဲ့ ထိသွားခဲ့တာဖြစ်လို့ အင်္ဂလန်တို့ တစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရပြီး ပွဲချိန်အပြည့်မှာတော့ နိုင်ပွဲကို ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

ဒီအနိုင်ရလဒ်ကြောင့် အုပ်စု(D)ကို အင်္ဂလန်တို့ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ ဦးဆောင်သွားနိုင်ခဲ့ပြီး နောက်တစ်ဆင့်မှာတော့ မရဏ အုပ်စု(F)ရဲ့ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီတို့ထဲက ဒုတိယရတဲ့အသင်းနဲ့ ရင်ဆိုင်ရတော့မှာမို့ ရင်ခုန်စရာဖြစ်လာခဲ့ပြီး ခရိုအေးရှားကတော့ အုပ်စု ဒုတိယနဲ့ ကျောက်ခဲရေပေါ်ခဲ့သလို ချက်တို့ တတိယအကောင်းဆုံးနဲ့ နောက်တစ်ဆင့်တက်ခဲ့ချိန်မှာ စကော့တလန်ကတော့ အိမ်ပြန်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဓိက ေနာက္ခံလူ မက္ဂြိဳင္းယားကို ျပန္လည္ထည့္သြင္းလာခဲ့တဲ့ အဂၤလန္အသင္းမွာ ေတာင္ပံတိုက္စစ္ကိုလည္း အေျပာင္းအလဲ လုပ္သြားခဲ့ၿပီး အာဆင္နယ္ရဲ႕ ဆာကာကို ပြဲထုတ္ခဲ့သလို ေမဆန္ေမာင့္ကိုလည္း အနားေပးခဲ့ၿပီး ဗီလာရဲ႕ ဂရီးလစ္ရွ္က ကြင္းလယ္ကို ဦးေဆာင္လာခဲ့ ပါတယ္။

ပြဲခ်ိန္ ၂ မိနစ္မွာပဲ ခံစစ္သတိနဲ႔ ရွိေနတဲ့ ခ်က္တို႔ကို အဂၤလန္တို႔ လွ်ပ္တစ္ျပက္တိုက္စစ္နဲ႔ ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့တာဟာ ေအာင္ျမင္လုနီးပါး ျဖစ္ခဲ့ၿပီး စတာလင္ရဲ႕ ျဖတ္ေက်ာ္ထိုးေဖာက္မႈက တိုင္ထိၿပီး ျပန္ထြက္သြားခဲ့လို႔ ေစာေစာစီးစီး ဂိုးရခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ေနာက္ခံလူ လုခ္ေရွာရဲ႕ အေဝးေဘာေတြက အဂၤလန္တိုက္စစ္ကို ေကာင္းေကာင္းေထာက္ပံ့ႏိုင္ခဲ့သလို ျမန္ႏႈန္းျမင့္ ကစားသမားေတြရဲ႕ ဒဏ္ကို ခ်က္တို႔ ေတာင့္မခံႏိုင္ခဲ့ဘဲ ဆာကာရဲ႕ ျဖတ္တင္မႈကို ဂရီးလစ္ရွ္က ထပ္ဆင့္ျပန္မေပးတာမွာ ေခါင္းဝင္တိုက္တဲ့ ဆာကာေနာက္ ေမ်ာသြားတဲ့ ေနာက္ခံလူေတြကို ေစာင့္ၿပီးမွ စတာလင္က ေအးေအးေဆးေဆး ေခါင္းတိုက္သြင္းသြားႏိုင္ခဲ့လို႔ ပြဲခ်ိန္ ၁၂ မိနစ္မွာ Three Lions ေတြ ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ခ်က္ဂိုးေရွ႕ကို ထိုးေဖာက္လာခဲ့တဲ့ ဟာရီကိန္းအေနနဲ႔ တစ္ကိုယ္ေတာ္ကန္သြင္းဖို႔ ႀကိဳးစားခဲ့ရာမွာ ကန္ခ်က္က ဂိုးသမားရဲ႕ ဆန႔္တန္းထားတဲ့ လက္နဲ႔ ထိထြက္ခဲ့တာေၾကာင့္ အဂၤလန္တို႔ တစ္ဂိုးနစ္နာခဲ့ရၿပီး တကယ္လို႔သာ ေဘးက စတာလင္ကို ေပးခဲ့မယ္ဆိုရင္ ေသခ်ာေပါက္ ေနာက္တစ္ဂိုးျဖစ္ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြ မခ်င့္မရဲျဖစ္ခဲ့ရပါတယ္။

ခ်က္တို႔ကလည္း ဥေရာပမွာ ေတာက္ပခဲ့ဖူးတဲ့ အသင္းတစ္သင္းပီပီ အညံ့မခံဘဲ တုံ႔ျပန္ကစားခဲ့ၿပီး အဂၤလန္တို႔ အာ႐ုံစိုက္ ဖ်က္ထုတ္ခဲ့ရသလို ဝက္စ္ဟမ္းရဲ႕ ဆိုးခ်က္ခ္ကေတာ့ အႏၲရာယ္မ်ားတဲ့ အေနအထားမွာ ကန္သြင္းခဲ့မႈက ေဘးကိုပဲ လြဲေခ်ာ္သြားခဲ့တာပါ။

ဒီေန႔ပြဲမွာ အဂၤလန္တိုက္စစ္က အေတာ္ေလး တိုးတက္လာၿပီး မလုပ္ရင္လည္း အရွင္း၊ လုပ္ရင္လည္း အျပတ္ဆိုတဲ့ ပုံစံမ်ိဳးကို ျပသႏိုင္ခဲ့ေပမယ့္ ကံဆိုးသူ ေမာင္ကိန္းတစ္ေယာက္ေၾကာင့္သာ ပရီးမီးယားလိဂ္မွာလိုမ်ိဳး မၾကမ္းႏိုင္တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းစစခ်င္းမွာ ႐ိုက္စ္အစား ဟန္ဒါဆန္ ဝင္ေရာက္ကစားခဲ့ၿပီး ကြင္းလယ္ကို ပိုမိုအားျဖည့္ခဲ့သလို စတာလင္အစား ရက္ရွ္ဖို႔ဒ္နဲ႔ ဂရီးလစ္ရွ္အစား ဘယ္လင္ဂမ္တို႔ကို လူစားသြင္းခဲ့ၿပီး ပြဲခ်ိန္ ၆၈ မိနစ္မွာ ဖရီးကစ္ကို ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ မက္ဂြိဳင္းယားကို ပင္နယ္တီဧရိယာထဲမွာ အတြန္းခံခဲ့ရေပမယ့္ ဒိုင္လူႀကီးက မ်က္ကြယ္ျပဳသြားခဲ့ပါတယ္။

ဂိုးသမား ပစ္ခ္ဖို႔ဒ္ကေတာ့ အဲဗာတန္က ေသြး႐ူးေသြးတန္း အမူအရာမ်ိဳးတစ္ႀကိမ္ ျပန္ေပၚခဲ့ေပမယ့္ ခ်က္တိုက္စစ္က အသုံးမခ်ႏိုင္ခဲ့လို႔ သက္သာခဲ့ရၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာ ခ်က္ရဲ႕ ေနာက္ျပန္ေပးမႈဆန္ဆန္ကေန ဟန္ဒါဆန္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ေဘာလုံးက ဘယ္လင္ဂမ္ရဲ႕ ေျခေထာက္နဲ႔ ထိသြားခဲ့တာျဖစ္လို႔ အဂၤလန္တို႔ တစ္ဂိုးတည္းနဲ႔ ေက်နပ္ခဲ့ရၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ႏိုင္ပြဲကို ထိန္းသိမ္းသြားႏိုင္ခဲ့ပါတယ္။

ဒီအႏိုင္ရလဒ္ေၾကာင့္ အုပ္စု(D)ကို အဂၤလန္တို႔ ႏွစ္ပြဲႏိုင္၊ တစ္ပြဲသေရ၊ ရမွတ္ ၇ မွတ္နဲ႔ ဦးေဆာင္သြားႏိုင္ခဲ့ၿပီး ေနာက္တစ္ဆင့္မွာေတာ့ မရဏ အုပ္စု(F)ရဲ႕ ျပင္သစ္၊ ဂ်ာမနီ၊ ေပၚတူဂီတို႔ထဲက ဒုတိယရတဲ့အသင္းနဲ႔ ရင္ဆိုင္ရေတာ့မွာမို႔ ရင္ခုန္စရာျဖစ္လာခဲ့ၿပီး ခ႐ိုေအးရွားကေတာ့ အုပ္စု ဒုတိယနဲ႔ ေက်ာက္ခဲေရေပၚခဲ့သလို ခ်က္တို႔ တတိယအေကာင္းဆုံးနဲ႔ ေနာက္တစ္ဆင့္တက္ခဲ့ခ်ိန္မွာ စေကာ့တလန္ကေတာ့ အိမ္ျပန္ခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.