International Match Report

ရော်နယ်လ်ဒိုအစ-အဆုံး ပင်နယ်တီတွေ တမုန်းကြည့်ပြီး တူတူတက်တဲ့ ပေါ်တူဂီနဲ့ ပြင်သစ်

ဒီနေ့ပွဲမှာ ပေါ်တူဂီအသင်းအနေနဲ့ ကိုယ်ပျောက်လူသား ဘရူနို ဖာနန်ဒက်စ်ကို အရန်ခုံမှာ ချန်ခဲ့ပြီး ကွင်းလယ်က ခဲဆွဲထားတဲ့ အဖျက်နှစ်ဦးထဲက ပိုညံ့တဲ့ ဝီလီယမ် ကာဗာလ်ယိုကိုလည်း ခေါက်ထားခဲ့သလို ရီနာတို ဆန်းချက်ဇ်နဲ့ ဂျာအို မော်တင်ညိုတို့ကို ထုတ်သုံးခဲ့ပြီး ပြင်သစ်ကို ရင်ဆိုင်လာခဲ့ပါတယ်။

ပြင်သစ်နည်းပြ ဒေးရွှမ့်စ်ကတော့ နောက်ခံလူ ပါဗတ်နဲ့ ကွင်းလယ်လူ ရာဗျိုတို့ကို ချန်ထားခဲ့ပြီး ကွန်ဒီနဲ့ တိုလစ်ဆိုကို သုံးပြီး ပေါ်တူဂီရဲ့ ဘယ်ခြမ်းကို ပိတ်ဆို့ဖို့ ကြံခဲ့ပေမယ့် ထိရောက်တဲ့ ဗျူဟာပြောင်းလဲမှုကိုတော့ မချမှတ်နိုင်တာကြောင့် ပွဲက အပြန်အလှန်ထိုးနှက် တိုက်စစ်ဆင်မှုတွေကို မြင်ခဲ့ရပြီး ကြည့်ကောင်းခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီအသင်းအနေနဲ့ မှန်ကန်တဲ့ တွဲလုံးကို မရှာဖွေနိုင်သေးဘဲ ဘာနာဒို ဆေးလ်ဗားကို အလယ်ပို့ပြီး တကယ်တမ်း ညာခြမ်းမှာ ပိုစွံတဲ့ ရာဖာ ဆေးလ်ဗားကို မထည့်သေးတာက အသင်းရဲ့ အလားအလာကို နစ်နာရစေပြီး ဒီနေ့ပွဲမှာလည်း ညာခြမ်းတိုက်စစ်က အိုးနင်းခွက်နင်းကစားတဲ့ နောက်ခံလူ ဆီမီဒိုကြောင့်ပါ သေသလိုဖြစ်နေခဲ့တာပါ။

ရော်နယ်လ်ဒို ဦးဆောင်တဲ့ တိုက်စစ်က ပြင်သစ်နောက်တန်းကို သိပ်ရင်ခုန်အောင် မတတ်နိုင်ခဲ့ပေမယ့် ရယ်စရာကောင်းတဲ့ ယှဉ်ပြိုင်မှုဖြစ်တဲ့ အမ်ဘာပေကို ပီပီနဲ့ ထိန်းခဲ့တဲ့ ပေါ်တူဂီနောက်တန်းကတော့ မကြာခဏ ပေါက်ထွက်နေခဲ့တာက စိုးရိမ်စရာဖြစ်နေခဲ့သလို ဖာနန်ဒို ဆန်တို့စ်အနေနဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ တွဲဖက်နောက်ခံလူ ရူဘင် ဒီယက်စ်ကို နာမည်ပျက်အောင် အကွက်ဆင်သလိုလည်းဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ ပြင်သစ်ဂိုးသမား လိုရစ်က ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ပေါ်တူဂီကွင်းလယ်လူ ဒါနီလို ပါရဲရားရဲ့ မျက်နှာကို ဘောလုံးမထိဘဲ ထိုးခဲ့မိလို့ ရရှိခဲ့တဲ့ ပင်နယ်တီကို ရော်နယ်လ်ဒိုက အမှားအယွင်းမရှိ ကန်သွင်းယူပြီး လက်ရှိချန်ပီယံတို့ကို ဦးဆောင်စေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ပေါ်တူဂီကွင်းလယ်လူတွေဟာ ကစားကွက်ကို စိတ်ရှည်လက်ရှည်နဲ့ ဘယ်လိုမျိုး ပုံဖော်ရသလဲဆိုတာ မသိတဲ့ ပုံစံမျိုးဖြစ်နေသလို အကျိုးမရှိတဲ့ ကန်ချက်တွေနဲ့ ဘောလုံးကို ဖြုန်းတီးနေခဲ့စဉ်မှာ ပြင်သစ်တွေကတော့ တစ်ချက်ကောင်းထိုးနှက်မှုတွေနဲ့ ပညာပြခဲ့ပြီး ပေါ့ဘာရဲ့ ကျွမ်းကျင်တဲ့ ပေးပို့မှုတွေကနေ ပထမပိုင်း မပြီးခင်မှာတော့ ပြေးဝင်ဖို့ ကြိုးစားတဲ့ အမ်ဘာပေကို ပင်နယ်တီဧရိယာထဲ ပြေးလမ်းပိတ်ခံခဲ့ရတာကြောင့် ပင်နယ်တီ ပြန်လည်ရရှိခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာ နောက်ခံလူ ဆီမီဒိုကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို တိုက်စစ်မှူး ဘန်ဇီးမားက ရော်နယ်လ်ဒိုနဲ့ လိုရစ်တို့တုန်းကလိုပဲ တူညီတဲ့ ပုံစံနဲ့ ကန်သွင်းရယူနိုင်ခဲ့ပြီး ပြင်သစ်တို့ကို ချေပဂိုး ရယူပေးခဲ့သလို ပထမပိုင်းက တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ ပေါ့ဘာရဲ့ ကွင်းလယ်ကနေ တိကျတဲ့ အဝေးဘော တင်ပေးတာကို ဘန်ဇီးမားကပဲ စိတ်ပျက်စရာ ပီပီနဲ့ ရူဘင် ဒီယက်စ်တို့ကြားက ပြေးထွက်ပြီး ထောင့်ကျဉ်းအနေအထားကနေ ချိုးကန်သွင်းခဲ့ရာမှာ အဝေးတိုင်ခြေနဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့လို့ ပြင်သစ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပြင်သစ်တို့ရဲ့ အဝါထိထားတဲ့ လူးကပ်စ် ဟာနန်ဒက်ဇ်အစား ဒုတိယပိုင်းမှာ ဝင်ရောက်ကစားခွင့်ရခဲ့တဲ့ ဒီညီကတော့ ကွင်းထဲရောက်လို့ ၇ မိနစ် အကြာမှာပဲ နာသွားခဲ့တဲ့အတွက် ရာဗျိုကို ဘယ်နောက်ခံမှာ ကစားဖို့ လူစားလဲခဲ့ရသလို အသားသိပ်မကျသေးတဲ့ ကစားကွက်ကို ပေါ်တူဂီတို့ ခဏတာ မွှေနှောက်ခွင့်လည်း ရလာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဘယ်ခြမ်းကနေ ရော်နယ်လ်ဒို ဖြတ်တင်ဖို့ ကြိုးစားရာမှာ ညာနောက်ခံလူအဖြစ် ကစားနေတဲ့ ဆီဗီလာ ဗဟိုခံစစ်မှူး ကွန်ဒီက လက်မြှောက်အနေအထားနဲ့ တားမိတာကြောင့် ပင်နယ်တီ ထပ်ရခဲ့ပြီး ဒီတစ်ခါမှာလည်း ပေါ်တူဂီကပ္ပတိန်က ပထမဂိုးတုန်းကအတိုင်းပဲ တူညီတဲ့ ပုံစံနဲ့ ကန်သွင်းခဲ့ပြီး နိုင်ငံတကာအဆင့်ပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းတဲ့ ၁၀၉ ဂိုးစံချိန်ကို အီရန်တိုက်စစ်မှူး အလီဒါယီနဲ့ တူညီသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာ ပေါ့ဘာရဲ့ ဂိုးစည်းထိပ်က ကန်ချက်ကို ဂိုးသမား ပက်ထရီစီယို ပုတ်ထုတ်ခဲ့ရပြီး ပြန်ထွက်လာတာကို နောက်က လိုက်ပါလာတဲ့ ဂရီးဇ်မန်းက ထပ်မံပိတ်သွင်းခဲ့ရာမှာလည်း ဆက်တိုက်ကာကွယ်နိုင်ခဲ့လို့ ပေါ်တူဂီတို့ သက်သာရာရခဲ့သလို ဒီနောက်ပိုင်းမှာတော့ လျင်မြန်တဲ့ တောင်ပံသမား ကိုမွန်ကို ပြင်သစ်တို့ လူစားသွင်းခဲ့သလို ပေါ်တူဂီကလည်း ဘရူနို ဖာနန်ဒက်စ်ကို ထည့်ပြီး တိုက်စစ်မြှင့်ဖို့ ကြိုးစားခဲ့ပါတယ်။

ပေါ်တူဂီရဲ့ လေးလံတဲ့ နောက်တန်းကို ကိုမွန်၊ အမ်ဘာပေတို့ ထိုးနှက်နိုင်ခဲ့ပေမယ့် ဂိုးထပ်ရဖို့အထိတော့ မအောင်မြင်ခဲ့သလို ရော်နယ်လ်ဒိုတို့အုပ်စုကိုတော့ ဘယ်သူမှ ပံ့ပိုးပေးနိုင်မယ့်သူမျိုး ပေါ်ထွက်မလာတာကြောင့် ပြင်သစ်တို့ အေးအေးဆေးဆေးကစားနိုင်ခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုးစီ သရေနဲ့ နှစ်သင်းစလုံးအတွက် ကျေနပ်စရာရလဒ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ပြင်သစ်တို့ တစ်ပွဲနိုင် နှစ်ပွဲသရေ၊ အုပ်စုဗိုလ်နေရာက ငါးမှတ်နဲ့ နောက်တစ်ဆင့်မှာ ဆွစ်ဇာလန်နဲ့ ကစားရတော့မှာဖြစ်သလို ပေါ်တူဂီတို့ကတော့ အုပ်စုတတိယထဲမှာ အကောင်းဆုံးအသင်းအဖြစ်နဲ့ ဘယ်လ်ဂျီယမ်နဲ့ ပွဲကျပ်ကြုံလာခဲ့ပြီး တခြားအုပ်စုဝင်တစ်သင်းဖြစ်တဲ့ ဂျာမနီကတော့ ဟန်ဂေရီကို သရေသာရခဲ့လို့ ခါးသီးတဲ့ ပြိုင်ဘက် အင်္ဂလန်နဲ့ တွေ့ဆုံရတော့မှာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ပြဲမွာ ေပၚတူဂီအသင္းအေနနဲ႔ ကိုယ္ေပ်ာက္လူသား ဘ႐ူႏို ဖာနန္ဒက္စ္ကို အရန္ခုံမွာ ခ်န္ခဲ့ၿပီး ကြင္းလယ္က ခဲဆြဲထားတဲ့ အဖ်က္ႏွစ္ဦးထဲက ပိုညံ့တဲ့ ဝီလီယမ္ ကာဗာလ္ယိုကိုလည္း ေခါက္ထားခဲ့သလို ရီနာတို ဆန္းခ်က္ဇ္နဲ႔ ဂ်ာအို ေမာ္တင္ညိဳတို႔ကို ထုတ္သုံးခဲ့ၿပီး ျပင္သစ္ကို ရင္ဆိုင္လာခဲ့ပါတယ္။

ျပင္သစ္နည္းျပ ေဒး႐ႊမ့္စ္ကေတာ့ ေနာက္ခံလူ ပါဗတ္နဲ႔ ကြင္းလယ္လူ ရာဗ်ိဳတို႔ကို ခ်န္ထားခဲ့ၿပီး ကြန္ဒီနဲ႔ တိုလစ္ဆိုကို သုံးၿပီး ေပၚတူဂီရဲ႕ ဘယ္ျခမ္းကို ပိတ္ဆို႔ဖို႔ ႀကံခဲ့ေပမယ့္ ထိေရာက္တဲ့ ဗ်ဴဟာေျပာင္းလဲမႈကိုေတာ့ မခ်မွတ္ႏိုင္တာေၾကာင့္ ပြဲက အျပန္အလွန္ထိုးႏွက္ တိုက္စစ္ဆင္မႈေတြကို ျမင္ခဲ့ရၿပီး ၾကည့္ေကာင္းခဲ့တာလည္းျဖစ္ပါတယ္။

ေပၚတူဂီအသင္းအေနနဲ႔ မွန္ကန္တဲ့ တြဲလုံးကို မရွာေဖြႏိုင္ေသးဘဲ ဘာနာဒို ေဆးလ္ဗားကို အလယ္ပို႔ၿပီး တကယ္တမ္း ညာျခမ္းမွာ ပိုစြံတဲ့ ရာဖာ ေဆးလ္ဗားကို မထည့္ေသးတာက အသင္းရဲ႕ အလားအလာကို နစ္နာရေစၿပီး ဒီေန႔ပြဲမွာလည္း ညာျခမ္းတိုက္စစ္က အိုးနင္းခြက္နင္းကစားတဲ့ ေနာက္ခံလူ ဆီမီဒိုေၾကာင့္ပါ ေသသလိုျဖစ္ေနခဲ့တာပါ။

ေရာ္နယ္လ္ဒို ဦးေဆာင္တဲ့ တိုက္စစ္က ျပင္သစ္ေနာက္တန္းကို သိပ္ရင္ခုန္ေအာင္ မတတ္ႏိုင္ခဲ့ေပမယ့္ ရယ္စရာေကာင္းတဲ့ ယွဥ္ၿပိဳင္မႈျဖစ္တဲ့ အမ္ဘာေပကို ပီပီနဲ႔ ထိန္းခဲ့တဲ့ ေပၚတူဂီေနာက္တန္းကေတာ့ မၾကာခဏ ေပါက္ထြက္ေနခဲ့တာက စိုးရိမ္စရာျဖစ္ေနခဲ့သလို ဖာနန္ဒို ဆန္တို႔စ္အေနနဲ႔ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးျဖစ္ခဲ့တဲ့ တြဲဖက္ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ကို နာမည္ပ်က္ေအာင္ အကြက္ဆင္သလိုလည္းျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ျပင္သစ္ဂိုးသမား လိုရစ္က ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ေပၚတူဂီကြင္းလယ္လူ ဒါနီလို ပါရဲရားရဲ႕ မ်က္ႏွာကို ေဘာလုံးမထိဘဲ ထိုးခဲ့မိလို႔ ရရွိခဲ့တဲ့ ပင္နယ္တီကို ေရာ္နယ္လ္ဒိုက အမွားအယြင္းမရွိ ကန္သြင္းယူၿပီး လက္ရွိခ်န္ပီယံတို႔ကို ဦးေဆာင္ေစခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ေပၚတူဂီကြင္းလယ္လူေတြဟာ ကစားကြက္ကို စိတ္ရွည္လက္ရွည္နဲ႔ ဘယ္လိုမ်ိဳး ပုံေဖာ္ရသလဲဆိုတာ မသိတဲ့ ပုံစံမ်ိဳးျဖစ္ေနသလို အက်ိဳးမရွိတဲ့ ကန္ခ်က္ေတြနဲ႔ ေဘာလုံးကို ျဖဳန္းတီးေနခဲ့စဥ္မွာ ျပင္သစ္ေတြကေတာ့ တစ္ခ်က္ေကာင္းထိုးႏွက္မႈေတြနဲ႔ ပညာျပခဲ့ၿပီး ေပါ့ဘာရဲ႕ ကြၽမ္းက်င္တဲ့ ေပးပို႔မႈေတြကေန ပထမပိုင္း မၿပီးခင္မွာေတာ့ ေျပးဝင္ဖို႔ ႀကိဳးစားတဲ့ အမ္ဘာေပကို ပင္နယ္တီဧရိယာထဲ ေျပးလမ္းပိတ္ခံခဲ့ရတာေၾကာင့္ ပင္နယ္တီ ျပန္လည္ရရွိခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာ ေနာက္ခံလူ ဆီမီဒိုေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကို တိုက္စစ္မႉး ဘန္ဇီးမားက ေရာ္နယ္လ္ဒိုနဲ႔ လိုရစ္တို႔တုန္းကလိုပဲ တူညီတဲ့ ပုံစံနဲ႔ ကန္သြင္းရယူႏိုင္ခဲ့ၿပီး ျပင္သစ္တို႔ကို ေခ်ပဂိုး ရယူေပးခဲ့သလို ပထမပိုင္းက တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ေပါ့ဘာရဲ႕ ကြင္းလယ္ကေန တိက်တဲ့ အေဝးေဘာ တင္ေပးတာကို ဘန္ဇီးမားကပဲ စိတ္ပ်က္စရာ ပီပီနဲ႔ ႐ူဘင္ ဒီယက္စ္တို႔ၾကားက ေျပးထြက္ၿပီး ေထာင့္က်ဥ္းအေနအထားကေန ခ်ိဳးကန္သြင္းခဲ့ရာမွာ အေဝးတိုင္ေျခနဲ႔ထိၿပီး ဂိုးထဲဝင္သြားခဲ့လို႔ ျပင္သစ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ျပင္သစ္တို႔ရဲ႕ အဝါထိထားတဲ့ လူးကပ္စ္ ဟာနန္ဒက္ဇ္အစား ဒုတိယပိုင္းမွာ ဝင္ေရာက္ကစားခြင့္ရခဲ့တဲ့ ဒီညီကေတာ့ ကြင္းထဲေရာက္လို႔ ၇ မိနစ္ အၾကာမွာပဲ နာသြားခဲ့တဲ့အတြက္ ရာဗ်ိဳကို ဘယ္ေနာက္ခံမွာ ကစားဖို႔ လူစားလဲခဲ့ရသလို အသားသိပ္မက်ေသးတဲ့ ကစားကြက္ကို ေပၚတူဂီတို႔ ခဏတာ ေမႊေႏွာက္ခြင့္လည္း ရလာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဘယ္ျခမ္းကေန ေရာ္နယ္လ္ဒို ျဖတ္တင္ဖို႔ ႀကိဳးစားရာမွာ ညာေနာက္ခံလူအျဖစ္ ကစားေနတဲ့ ဆီဗီလာ ဗဟိုခံစစ္မႉး ကြန္ဒီက လက္ေျမႇာက္အေနအထားနဲ႔ တားမိတာေၾကာင့္ ပင္နယ္တီ ထပ္ရခဲ့ၿပီး ဒီတစ္ခါမွာလည္း ေပၚတူဂီကပၸတိန္က ပထမဂိုးတုန္းကအတိုင္းပဲ တူညီတဲ့ ပုံစံနဲ႔ ကန္သြင္းခဲ့ၿပီး ႏိုင္ငံတကာအဆင့္ပြဲစဥ္ေတြမွာ ဂိုးအမ်ားဆုံးသြင္းတဲ့ ၁၀၉ ဂိုးစံခ်ိန္ကို အီရန္တိုက္စစ္မႉး အလီဒါယီနဲ႔ တူညီသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာ ေပါ့ဘာရဲ႕ ဂိုးစည္းထိပ္က ကန္ခ်က္ကို ဂိုးသမား ပက္ထရီစီယို ပုတ္ထုတ္ခဲ့ရၿပီး ျပန္ထြက္လာတာကို ေနာက္က လိုက္ပါလာတဲ့ ဂရီးဇ္မန္းက ထပ္မံပိတ္သြင္းခဲ့ရာမွာလည္း ဆက္တိုက္ကာကြယ္ႏိုင္ခဲ့လို႔ ေပၚတူဂီတို႔ သက္သာရာရခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ လ်င္ျမန္တဲ့ ေတာင္ပံသမား ကိုမြန္ကို ျပင္သစ္တို႔ လူစားသြင္းခဲ့သလို ေပၚတူဂီကလည္း ဘ႐ူႏို ဖာနန္ဒက္စ္ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

ေပၚတူဂီရဲ႕ ေလးလံတဲ့ ေနာက္တန္းကို ကိုမြန္၊ အမ္ဘာေပတို႔ ထိုးႏွက္ႏိုင္ခဲ့ေပမယ့္ ဂိုးထပ္ရဖို႔အထိေတာ့ မေအာင္ျမင္ခဲ့သလို ေရာ္နယ္လ္ဒိုတို႔အုပ္စုကိုေတာ့ ဘယ္သူမွ ပံ့ပိုးေပးႏိုင္မယ့္သူမ်ိဳး ေပၚထြက္မလာတာေၾကာင့္ ျပင္သစ္တို႔ ေအးေအးေဆးေဆးကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုးစီ သေရနဲ႔ ႏွစ္သင္းစလုံးအတြက္ ေက်နပ္စရာရလဒ္ကို ရယူသြားႏိုင္ခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ ျပင္သစ္တို႔ တစ္ပြဲႏိုင္ ႏွစ္ပြဲသေရ၊ အုပ္စုဗိုလ္ေနရာက ငါးမွတ္နဲ႔ ေနာက္တစ္ဆင့္မွာ ဆြစ္ဇာလန္နဲ႔ ကစားရေတာ့မွာျဖစ္သလို ေပၚတူဂီတို႔ကေတာ့ အုပ္စုတတိယထဲမွာ အေကာင္းဆုံးအသင္းအျဖစ္နဲ႔ ဘယ္လ္ဂ်ီယမ္နဲ႔ ပြဲက်ပ္ႀကဳံလာခဲ့ၿပီး တျခားအုပ္စုဝင္တစ္သင္းျဖစ္တဲ့ ဂ်ာမနီကေတာ့ ဟန္ေဂရီကို သေရသာရခဲ့လို႔ ခါးသီးတဲ့ ၿပိဳင္ဘက္ အဂၤလန္နဲ႔ ေတြ႕ဆုံရေတာ့မွာျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.