International Other Leagues Premier League

ကွင်းထဲဝင်ကန်ပြီး ပျောက်ကြီးဖြစ်နေတယ်လို့ ဘရူနို ဖာနန်ဒက်စ်ကို ဝေဖန်လိုက်တဲ့ မော်ရင်ဟို

ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ လက်ရွေးစင်အသင်းအတွက် ​ခြေစွမ်းပျောက်နေပြီး ကစားပြီးခဲ့တဲ့ ၂ ပွဲမှာ ကွင်းထဲရှိနေပေမယ့် ရေသာခိုကစားနေခဲ့တယ်လို့ တနိုင်ငံတည်းသားချင်းဖြစ်တဲ့ နည်းပြ ဟိုဆေး မော်ရင်ညို တုပ်သွားခဲ့ပြီး သူ့လို ကစားသမားမျိုးအနေနဲ့ အသင်းမပေးဆပ်ဘဲ ပျောက်ကြီးဖြစ်နေတာကို စဥ်းစားလို့ မတတ်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။

အသက် ၂၆ နှစ်သားဟာ ခြေစွမ်းကောင်းမွန်လျက်နဲ့ ပေါ်တူဂီအသင်းအနေနဲ့ လူတယောက်လျော့ပြီး ကစားနေရတယ်လို့ မော်ရင်ဟိုက ထိုးနှက်သွားခဲ့ခြင်းဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဘာနတ်ဒို ဆေးလ်ဗားနဲ့ ဂျိုတာတို့လို တိုက်စစ်အင်အားစုကို ခြေစွမ်းအရ လိုက်မမီတဲ့အပြင် ဂိုးရဖို့ ဘာတခုမှ ပံ့ပိုပေးနေခြင်းလည်း မရှိဘူးလို့ သူ့အမြင်ကို ခပ်ဘွင်းဘွင်းပြောသွားခဲ့တာပါ။

စကားပြောရင် တုတ်ထိုးအိုးပေါက်ပြောတတ်ပြီး ကစားသမားတွေကို မျက်နှာမငဲ့ကွက်ဘဲ လူသိရှင်ကြား တိုက်ရိုက်ဝေဖန်တတ်တဲ့ မော်ရင်ဟို​ရဲ့ ပြောဆိုမှုကြောင့် မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူအတွက်တော့ အတော်လေး စပ်ဖျင်းဖျင်းဖြစ်စေခဲ့ပြီး အထိနာသွားစေခဲ့ချိန်မှာ လက်ရှိပေါ်တူဂီလို ကြယ်စင်စုအသင်းမှာ ဝင်မတိုးနိုင်တော့ဘူးလို့ မေးခွန်းအထုတ်ခံလိုက်ရပါတယ်။

သူ့အနေနဲ့ မော်ရင်ဟိုရဲ့ စကားကို မှားယွင်းကြောင်း သက်သေပြမယ်ဆိုရင်တော့ လာမယ့် ပြင်သစ်နဲ့ကစားမယ့် ယူရိုအုပ်စုအပိတ်ပွဲဲမှာ ခြေစွမ်းအမှန်ကို ပြသဖို့ လိုအပ်နေတာဖြစ်ပြီး တ​ပြိုင်နယ်တည်းမှာပဲ ပေါ်တူဂီအသင်းကို အုပ်စုအဆင့်ကနေ လွတ်လွတ်ကျွတ်ကျွတ်နဲ့ နောက်တဆင့်တက်ရောက်ဖို့အတွက် ရော်နယ်လ်ဒိုတို့အုပ်စုနဲ့အတူ တာဝန်တခုကို ပခုံးထမ်းပြရမှာက မလွှဲရှောင်သာတော့တဲ့ အခြေအနေပါ။

” ပေါ်တူဂီအသင်းရဲ့အားက ဘယ်အသင်းကိုမဆို အသာလေးဖြိုချနိုင်တယ်။ ဒါပေမယ့် အသင်းတသင်းမှာ လူ ၁၁ ယောက်ပဲ ကစားလို့ရတာလေ။ ပေါ်တူဂီရဲ့ ပွဲစဥ် ၂ ပွဲကိုကြည့်ရင် ဘရူနို ဖာနန်ဒက်စ် ကွင်းထဲမှာ ရှိနေတယ်ဆိုတာ ပြောလို့သာ ယုံရတယ်။ ဘယ်နားပျောက်နေမယ်မှန်း သိဘူး ”

” သူ့ကို ပြင်သစ်နဲ့ပွဲမှာ ခြေစွမ်းပြမယ်လို့ မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ သူက သိပ်စွမ်းတဲ့ ကစားသမားမျိိုးကိုး။ ဂိုးသွင်းနိုင်တယ်။ ဘောလုံးခင်းပေးနိုင်တယ်။ ပင်နယ်တီလည်း ရအောင် ယူတတ်သေးတယ်လေ။ ပင်နယ်တီလည်း သွင်းတတ်သေးတယ်ဗျ။ ဖရီးကန်တာလဲ ကောင်းပြန်ရော ”

” သူ့မှာ ဒီလောက်စွမ်းနေပြီး ပေါ်တူဂီအတွက် ဘာလို့ မပေးဆပ်နိုင်တာလဲဆိုတာ စဥ်းစားလို့​တောင် မရဘူး။ တကယ့်အရှိတရားကို ပြောရင်တော့ ပြီးခဲ့တဲ့ ၂ ပွဲမှာ ဘရူနို ဖာနန်ဒက်စ်က ကွင်းထဲမှာ သူရှိမနေခဲ့သလို ကစားသွားခဲ့ပါတယ်။ ရော်နယ်လ်ဒို၊ ဘာနတ်ဒို ဆေးလ်ဗား၊ ဂျိုတာတို့လို တိုက်စစ်အတွဲအဖက်ရှိနေချိန်မှာ သူကစားတာကို မြင်တောင် မမြင်ခဲ့ရသလိုပါပဲ ” လို့ ဟိုဆေး မော်ရင်ညိုက ပြောဆိုသွားခဲ့ကြောင်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေပၚတူဂီကြင္းလယ္တိုက္စစ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္ဟာ လက္ေ႐ြးစင္အသင္းအတြက္ ​ေျခစြမ္းေပ်ာက္ေနၿပီး ကစားၿပီးခဲ့တဲ့ ၂ ပြဲမွာ ကြင္းထဲရွိေနေပမယ့္ ေရသာခိုကစားေနခဲ့တယ္လို႔ တႏိုင္ငံတည္းသားခ်င္းျဖစ္တဲ့ နည္းျပ ဟိုေဆး ေမာ္ရင္ညိဳ တုပ္သြားခဲ့ၿပီး သူ႔လို ကစားသမားမ်ိဳးအေနနဲ႔ အသင္းမေပးဆပ္ဘဲ ေပ်ာက္ႀကီးျဖစ္ေနတာကို စဥ္းစားလို႔ မတတ္ဘူးလို႔ ေဝဖန္သြားခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္သားဟာ ေျခစြမ္းေကာင္းမြန္လ်က္နဲ႔ ေပၚတူဂီအသင္းအေနနဲ႔ လူတေယာက္ေလ်ာ့ၿပီး ကစားေနရတယ္လို႔ ေမာ္ရင္ဟိုက ထိုးႏွက္သြားခဲ့ျခင္းျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ဘာနတ္ဒို ေဆးလ္ဗားနဲ႔ ဂ်ိဳတာတို႔လို တိုက္စစ္အင္အားစုကို ေျခစြမ္းအရ လိုက္မမီတဲ့အျပင္ ဂိုးရဖို႔ ဘာတခုမွ ပံ့ပိုေပးေနျခင္းလည္း မရွိဘူးလို႔ သူ႔အျမင္ကို ခပ္ဘြင္းဘြင္းေျပာသြားခဲ့တာပါ။

စကားေျပာရင္ တုတ္ထိုးအိုးေပါက္ေျပာတတ္ၿပီး ကစားသမားေတြကို မ်က္ႏွာမငဲ့ကြက္ဘဲ လူသိရွင္ၾကား တိုက္႐ိုက္ေဝဖန္တတ္တဲ့ ေမာ္ရင္ဟို​ရဲ႕ ေျပာဆိုမႈေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္ကြင္းလယ္လူအတြက္ေတာ့ အေတာ္ေလး စပ္ဖ်င္းဖ်င္းျဖစ္ေစခဲ့ၿပီး အထိနာသြားေစခဲ့ခ်ိန္မွာ လက္ရွိေပၚတူဂီလို ၾကယ္စင္စုအသင္းမွာ ဝင္မတိုးႏိုင္ေတာ့ဘူးလို႔ ေမးခြန္းအထုတ္ခံလိုက္ရပါတယ္။

သူ႔အေနနဲ႔ ေမာ္ရင္ဟိုရဲ႕ စကားကို မွားယြင္းေၾကာင္း သက္ေသျပမယ္ဆိုရင္ေတာ့ လာမယ့္ ျပင္သစ္နဲ႔ကစားမယ့္ ယူ႐ိုအုပ္စုအပိတ္ပြဲဲမွာ ေျခစြမ္းအမွန္ကို ျပသဖို႔ လိုအပ္ေနတာျဖစ္ၿပီး တ​ၿပိဳင္နယ္တည္းမွာပဲ ေပၚတူဂီအသင္းကို အုပ္စုအဆင့္ကေန လြတ္လြတ္ကြၽတ္ကြၽတ္နဲ႔ ေနာက္တဆင့္တက္ေရာက္ဖို႔အတြက္ ေရာ္နယ္လ္ဒိုတို႔အုပ္စုနဲ႔အတူ တာဝန္တခုကို ပခုံးထမ္းျပရမွာက မလႊဲေရွာင္သာေတာ့တဲ့ အေျခအေနပါ။

” ေပၚတူဂီအသင္းရဲ႕အားက ဘယ္အသင္းကိုမဆို အသာေလးၿဖိဳခ်ႏိုင္တယ္။ ဒါေပမယ့္ အသင္းတသင္းမွာ လူ ၁၁ ေယာက္ပဲ ကစားလို႔ရတာေလ။ ေပၚတူဂီရဲ႕ ပြဲစဥ္ ၂ ပြဲကိုၾကည့္ရင္ ဘ႐ူႏို ဖာနန္ဒက္စ္ ကြင္းထဲမွာ ရွိေနတယ္ဆိုတာ ေျပာလို႔သာ ယုံရတယ္။ ဘယ္နားေပ်ာက္ေနမယ္မွန္း သိဘူး ”

” သူ႔ကို ျပင္သစ္နဲ႔ပြဲမွာ ေျခစြမ္းျပမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက သိပ္စြမ္းတဲ့ ကစားသမားမ်ိိုးကိုး။ ဂိုးသြင္းႏိုင္တယ္။ ေဘာလုံးခင္းေပးႏိုင္တယ္။ ပင္နယ္တီလည္း ရေအာင္ ယူတတ္ေသးတယ္ေလ။ ပင္နယ္တီလည္း သြင္းတတ္ေသးတယ္ဗ်။ ဖရီးကန္တာလဲ ေကာင္းျပန္ေရာ ”

” သူ႔မွာ ဒီေလာက္စြမ္းေနၿပီး ေပၚတူဂီအတြက္ ဘာလို႔ မေပးဆပ္ႏိုင္တာလဲဆိုတာ စဥ္းစားလို႔​ေတာင္ မရဘူး။ တကယ့္အရွိတရားကို ေျပာရင္ေတာ့ ၿပီးခဲ့တဲ့ ၂ ပြဲမွာ ဘ႐ူႏို ဖာနန္ဒက္စ္က ကြင္းထဲမွာ သူရွိမေနခဲ့သလို ကစားသြားခဲ့ပါတယ္။ ေရာ္နယ္လ္ဒို၊ ဘာနတ္ဒို ေဆးလ္ဗား၊ ဂ်ိဳတာတို႔လို တိုက္စစ္အတြဲအဖက္ရွိေနခ်ိန္မွာ သူကစားတာကို ျမင္ေတာင္ မျမင္ခဲ့ရသလိုပါပဲ ” လို႔ ဟိုေဆး ေမာ္ရင္ညိဳက ေျပာဆိုသြားခဲ့ေၾကာင္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.