International Match Report

ယူရိုအုပ်စု C နောက်ဆုံးပွဲစဉ်များအပြီး ထူးထူးခြားခြား ထုတ်နုတ်ပြောစရာ ၇ ချက်

မြောက်မက်ဆီဒိုးနီးယား ၀-၃ နယ်သာလန်

အကောင်းဆုံးကစားသမား ဗိုင်နယ်လ်ဒမ်
မြောက်မက်ဆီဒိုးနီးယားအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ နယ်သာလန်အသင်းအတွက် PSG ကစားသမားသစ် ဂီနီ ဗိုင်နယ်လ်ဒမ်က ၂ ဂိုးသွင်းယူပြီး ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့သလို ဘာစီလိုနာကစားသမားသစ် မမ်းဖစ် ဒီပိုင်းက တဂိုးသွင်းယူသွားခဲ့ပါတယ်။ ဒီပိုင်းရဲ့အဖွင့်ဂိုးအပြီးမှာ ဒတ်ချ်အသင်းအတွက် အရာရာက လွယ်ကူသွားခဲ့ပြီး ဒုတိယပိုင်း ၆ မိနစ်မှာ ဗိုင်နယ်လ်ဒမ် ဒီပိုင်းရဲ့ ဖန်တီးမှုကနေ ၆ ကိုက်စည်းထဲက ကန်သွင်းယူခဲ့သလို ဒီပိုင်းရဲ့ကန်ချက် ပြန်အံထွက်လာတာကို အပိုင်ပိတ်သွင်းယူရင်း ၂ ဂိုး အိတ်ကပ်ထဲ ထည့်သွားခဲ့တာပါ။

ဘာစီလိုနာလူသစ် ဒီပိုင်းရဲ့ တက်ကြွနေမှု
နယ်သာလန်ရဲ့ အဖွင့်ဂိုးကို အမိုက်စား တန်ပြန်တိုက်စစ်ဆင်မှုကနေ မမ်းဖစ် ဒီပိုင်းက သွင်းယူခဲ့တာပါ။ ပထမပိုင်းမိနစ် ၂၀ အတွင်း မြောက်မက်ဆီဒိုးနီးယားရဲ့ တိုင်ထိချက်အပါအဝင် လူကျွံဂိုးတွေကြောင့် ဖိအားပိသွားတဲ့ ဒတ်ချ်ခံစစ်မှူးတွေရဲ့ ဝန်ကို လျှော့ချပေးသွားနိုင်ခဲ့တယ်။ ဒါ့အပြင် ဗိုင်နယ်ဒမ်ရဲ့ သွင်းဂိုးတဂိုးကိုလည်း ဖန်တီးပေးခဲ့တယ်။ သူက ဘာစီလိုနာကစားသမားသစ်အနေနဲ့ အမြင့်ဆုံးစိတ်ဓာတ်တက်ကြွနေမှုကို မြင်ရပြီး ဝက်စ်လေ ရှနိုက်ဒါပြီးရင် ယူရိုပြိုင်ပွဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ပွဲစဉ်တပွဲအတွင်း တဂိုးသွင်း တဂိုးဖန်တီးနိုင်တဲ့ ဒုတိယမြောက် ဒတ်ချ်ကစားသမားဖြစ်လာခဲ့ပါတယ်။

၈ ဂိုးသွင်းပြီး အီတလီတိုက်စစ်ကို ကျော်တက်တဲ့ ဒတ်ချ်တိုက်စစ်
အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ မြောက်မက်ဆီဒိုးနီးယားအသင်းကို ဒတ်ချ်အသင်းက ၃ ဂိုးပြတ်သွင်းပြီး ၃ ပွဲကစား၊ ၇ ဂိုးသွင်းထားတဲ့ အီတလီတိုက်စစ်ကို ကျော်ဖြတ်ပြီး လက်ရှိ ယူရို ၂၀၂၀ ရဲ့ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ၈ ဂိုးသွင်းယူသွားတာပါ။ ယူကရိန်းကို ၃ ဂိုးသွင်းပြီး သြစတီးယားကို အေးအေးဆေးဆေးပဲ ၂ ဂိုးသွင်းပြီး အသံတိတ်အသင်းအဖြစ် ပြိုင်ဘက်တွေ သတိထားစရာ ဖြစ်လာခဲ့ပါပြီ။

ရာနှုန်းပြည့်နိုင်ပွဲနဲ့ သမိုင်းသစ်ရေးတဲ့ နယ်သာလန်
အီတလီနဲ့ ခြေရာတူအတိုင်း အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ဒတ်ချ်အသင်းက နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ နည်းပြ ဖရန့် ဒီဘိုအာရဲ့အသင်းက ၁၆ သင်းရှူံးထွက်အဆင့်အတွက် ဘူဒါပတ်စ်မြို့ကို ခရီးနှင်ရမှာဖြစ်ပြီး ပြိုင်ပွဲဝင် ၂၄ သင်းမှာ ဘယ်သူမှ လိုက်မမီတဲ့ ဂိုးသွင်းအားကိုပါ သက်သေပြထားတယ်။ ဒါ့အပြင် ယူရို (၂၀၀၀၊ ၂၀၀၈ နဲ့ ၂၀၂၀) ပြိုင်ပွဲ ၃ ကြိမ်ဆက် အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲရတဲ့ သမိုင်းတလျှောက် ပထမဆုံးလက်ရွေးစင်အသင်းလည်း ဖြစ်လာခဲ့ချိန်မှာ အီတလီရဲ့ ချန်ပီယံဖြစ်ဖို့ ရေပန်းစားမှုအားကို ရင်ဘောင်တန်းလာခဲ့တာကို တွေ့ရပါတယ်။

ခေါင်းဆောင်ကြီး ဂိုရန် ပန်ဒက်ဗ်ရဲ့ ဂန္ထဝင်မြောက်နှုတ်ဆက်ပွဲ
မြောက်မက်ဆီဒိုးနီးယားရဲ့ အသက် ၃၇ နှစ်အရွယ် ဂန္ထဝင်ကပ္ပတိန်ကြီး ဂိုရန် ပန်ဒက်ဗ်အတွက် နှုတ်ဆက်ပွဲလည်းဖြစ်သလို ဝမ်းနည်းဖွယ်ရာ ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

နှစ် ၂၀ တိုင် လက်ရွေးစင်အသင်းအတွက် ပေးဆပ်ကစားလာခဲ့တဲ့ အသင်းခေါင်းဆောင်ကြီးအတွက် ပထမဆုံး ယူရိုပြိုင်ပွဲ ကစားရတဲ့နှစ်လည်းဖြစ်သလို ကစားသမားဘဝက အနားယူမယ့် နောက်ဆုံးပွဲလည်း ဖြစ်သလို ဒတ်ချ်ကို မြောက်မက်ဆီဒိုးနီးယားအသင်းက အတော်လေး ဒုက္ခပေးနိုင်ခဲ့ပြီး ဖိအားပေး၊ ဗျာများစေခဲ့ပေမယ့် အဆုံးသတ်မှာတော့ အင်အားချင်းမမျှခဲ့တာပါ။ ဒတ်ချ်အသင်းက သူ့ကို အထူးထုတ်ဂျာစီတထည်နဲ့ ဂုဏ်ပြုသွားခဲ့တာ ကြည်နူးစရာအတိပါ။

သြစတီးယား ၁-၀ ယူကရိန်း

ယူရိုရှုံးထွက်အဆင့်ကို သမိုင်းဝင်တက်ရောက်လာတဲ့ သြစတီးယား
သြစတီးယားအသင်းက အုပ်စု C အပိတ်ပွဲစဉ်မှာ ယူကရိန်းအသင်းကို အနိုင်ယူပြီး ၃ ပွဲကစားအပြီး ရမှတ် ၆ မှတ်နဲ့အတူ ယူရို ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ဘွန်ဒက်လီဂါမှာ ကြီးစိုးခဲ့တဲ့ နာမည်ကြီး ဒေးဗစ် အလာဘာဦးဆောင်လာတဲ့ သြစတြီးယားအသင်းက နယ်သာလန်ရဲ့နောက် အုပ်စု အဆင့် ၂ နေရာကနေ အသင်းသမိုင်းတလျှောက် ဦးဦးဖျားဖျားအနေနဲ့ ယူရိုရှုံးထွက်အဆင့်ကို သမိုင်းဝင်တက်ရောက်လာနိုင်ခြင်းလည်း ဖြစ်ပါတယ်။

ရှက်ဗ်ချင်ကိုရဲ့ ယူကရိန်း အဆင့်မမီခဲ့
အေစီမီလန်နဲ့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ယူကရိန်းသားကြီး ရှက်ဗ်ချင်ကို နည်းပြနေတဲ့ ယူကရိန်းအသင်းကလည်း အုပ်စု C ကနေ ရာနှုန်းပြည့်နိုင်ပွဲရတဲ့ နယ်သာလန်အသင်းရဲ့နောက် ဒုတိယနေရာကနေ နောက်တဆင့်ကို တက်ရောက်နိုင်ခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့် သြစတြီးယားကို အရေးနိမ့်ပြီး တတိယအကောင်းဆုံးအသင်းအဖြစ်လည်း ရင်ခုန်စရာနည်းပါးနေသလို အုပ်စုအဆင့်က လက်ပြနှုတ်ဆက်ရဖို့ များသွားခဲ့ပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေျမာက္မက္ဆီဒိုးနီးယား ၀-၃ နယ္သာလန္

အေကာင္းဆုံးကစားသမား ဗိုင္နယ္လ္ဒမ္
ေျမာက္မက္ဆီဒိုးနီးယားအသင္းကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ယူခဲ့တဲ့ နယ္သာလန္အသင္းအတြက္ PSG ကစားသမားသစ္ ဂီနီ ဗိုင္နယ္လ္ဒမ္က ၂ ဂိုးသြင္းယူၿပီး ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ခဲ့သလို ဘာစီလိုနာကစားသမားသစ္ မမ္းဖစ္ ဒီပိုင္းက တဂိုးသြင္းယူသြားခဲ့ပါတယ္။ ဒီပိုင္းရဲ႕အဖြင့္ဂိုးအၿပီးမွာ ဒတ္ခ်္အသင္းအတြက္ အရာရာက လြယ္ကူသြားခဲ့ၿပီး ဒုတိယပိုင္း ၆ မိနစ္မွာ ဗိုင္နယ္လ္ဒမ္ ဒီပိုင္းရဲ႕ ဖန္တီးမႈကေန ၆ ကိုက္စည္းထဲက ကန္သြင္းယူခဲ့သလို ဒီပိုင္းရဲ႕ကန္ခ်က္ ျပန္အံထြက္လာတာကို အပိုင္ပိတ္သြင္းယူရင္း ၂ ဂိုး အိတ္ကပ္ထဲ ထည့္သြားခဲ့တာပါ။

ဘာစီလိုနာလူသစ္ ဒီပိုင္းရဲ႕ တက္ႂကြေနမႈ
နယ္သာလန္ရဲ႕ အဖြင့္ဂိုးကို အမိုက္စား တန္ျပန္တိုက္စစ္ဆင္မႈကေန မမ္းဖစ္ ဒီပိုင္းက သြင္းယူခဲ့တာပါ။ ပထမပိုင္းမိနစ္ ၂၀ အတြင္း ေျမာက္မက္ဆီဒိုးနီးယားရဲ႕ တိုင္ထိခ်က္အပါအဝင္ လူကြၽံဂိုးေတြေၾကာင့္ ဖိအားပိသြားတဲ့ ဒတ္ခ်္ခံစစ္မႉးေတြရဲ႕ ဝန္ကို ေလွ်ာ့ခ်ေပးသြားႏိုင္ခဲ့တယ္။ ဒါ့အျပင္ ဗိုင္နယ္ဒမ္ရဲ႕ သြင္းဂိုးတဂိုးကိုလည္း ဖန္တီးေပးခဲ့တယ္။ သူက ဘာစီလိုနာကစားသမားသစ္အေနနဲ႔ အျမင့္ဆုံးစိတ္ဓာတ္တက္ႂကြေနမႈကို ျမင္ရၿပီး ဝက္စ္ေလ ရွႏိုက္ဒါၿပီးရင္ ယူ႐ိုၿပိဳင္ပြဲမွာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာပါ ပြဲစဥ္တပြဲအတြင္း တဂိုးသြင္း တဂိုးဖန္တီးႏိုင္တဲ့ ဒုတိယေျမာက္ ဒတ္ခ်္ကစားသမားျဖစ္လာခဲ့ပါတယ္။

၈ ဂိုးသြင္းၿပီး အီတလီတိုက္စစ္ကို ေက်ာ္တက္တဲ့ ဒတ္ခ်္တိုက္စစ္
အိမ္ကြင္းပရိသတ္ေရွ႕ေမွာက္မွာ ေျမာက္မက္ဆီဒိုးနီးယားအသင္းကို ဒတ္ခ်္အသင္းက ၃ ဂိုးျပတ္သြင္းၿပီး ၃ ပြဲကစား၊ ၇ ဂိုးသြင္းထားတဲ့ အီတလီတိုက္စစ္ကို ေက်ာ္ျဖတ္ၿပီး လက္ရွိ ယူ႐ို ၂၀၂၀ ရဲ႕ တိုက္စစ္အေကာင္းဆုံးအသင္းအျဖစ္ ၈ ဂိုးသြင္းယူသြားတာပါ။ ယူကရိန္းကို ၃ ဂိုးသြင္းၿပီး ၾသစတီးယားကို ေအးေအးေဆးေဆးပဲ ၂ ဂိုးသြင္းၿပီး အသံတိတ္အသင္းအျဖစ္ ၿပိဳင္ဘက္ေတြ သတိထားစရာ ျဖစ္လာခဲ့ပါၿပီ။

ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ သမိုင္းသစ္ေရးတဲ့ နယ္သာလန္
အီတလီနဲ႔ ေျခရာတူအတိုင္း အုပ္စုတြင္း ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔အတူ ဒတ္ခ်္အသင္းက ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာပါ။ နည္းျပ ဖရန႔္ ဒီဘိုအာရဲ႕အသင္းက ၁၆ သင္းရႉံးထြက္အဆင့္အတြက္ ဘူဒါပတ္စ္ၿမိဳ႕ကို ခရီးႏွင္ရမွာျဖစ္ၿပီး ၿပိဳင္ပြဲဝင္ ၂၄ သင္းမွာ ဘယ္သူမွ လိုက္မမီတဲ့ ဂိုးသြင္းအားကိုပါ သက္ေသျပထားတယ္။ ဒါ့အျပင္ ယူ႐ို (၂၀၀၀၊ ၂၀၀၈ နဲ႔ ၂၀၂၀) ၿပိဳင္ပြဲ ၃ ႀကိမ္ဆက္ အုပ္စုတြင္း ရာႏႈန္းျပည့္ႏိုင္ပြဲရတဲ့ သမိုင္းတေလွ်ာက္ ပထမဆုံးလက္ေ႐ြးစင္အသင္းလည္း ျဖစ္လာခဲ့ခ်ိန္မွာ အီတလီရဲ႕ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားမႈအားကို ရင္ေဘာင္တန္းလာခဲ့တာကို ေတြ႕ရပါတယ္။

ေခါင္းေဆာင္ႀကီး ဂိုရန္ ပန္ဒက္ဗ္ရဲ႕ ဂႏၴဝင္ေျမာက္ႏႈတ္ဆက္ပြဲ
ေျမာက္မက္ဆီဒိုးနီးယားရဲ႕ အသက္ ၃၇ ႏွစ္အ႐ြယ္ ဂႏၴဝင္ကပၸတိန္ႀကီး ဂိုရန္ ပန္ဒက္ဗ္အတြက္ ႏႈတ္ဆက္ပြဲလည္းျဖစ္သလို ဝမ္းနည္းဖြယ္ရာ ရႈံးပြဲလည္း ျဖစ္ခဲ့ပါတယ္။

ႏွစ္ ၂၀ တိုင္ လက္ေ႐ြးစင္အသင္းအတြက္ ေပးဆပ္ကစားလာခဲ့တဲ့ အသင္းေခါင္းေဆာင္ႀကီးအတြက္ ပထမဆုံး ယူ႐ိုၿပိဳင္ပြဲ ကစားရတဲ့ႏွစ္လည္းျဖစ္သလို ကစားသမားဘဝက အနားယူမယ့္ ေနာက္ဆုံးပြဲလည္း ျဖစ္သလို ဒတ္ခ်္ကို ေျမာက္မက္ဆီဒိုးနီးယားအသင္းက အေတာ္ေလး ဒုကၡေပးႏိုင္ခဲ့ၿပီး ဖိအားေပး၊ ဗ်ာမ်ားေစခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ အင္အားခ်င္းမမွ်ခဲ့တာပါ။ ဒတ္ခ်္အသင္းက သူ႔ကို အထူးထုတ္ဂ်ာစီတထည္နဲ႔ ဂုဏ္ျပဳသြားခဲ့တာ ၾကည္ႏူးစရာအတိပါ။

ၾသစတီးယား ၁-၀ ယူကရိန္း

ယူ႐ိုရႈံးထြက္အဆင့္ကို သမိုင္းဝင္တက္ေရာက္လာတဲ့ ၾသစတီးယား
ၾသစတီးယားအသင္းက အုပ္စု C အပိတ္ပြဲစဥ္မွာ ယူကရိန္းအသင္းကို အႏိုင္ယူၿပီး ၃ ပြဲကစားအၿပီး ရမွတ္ ၆ မွတ္နဲ႔အတူ ယူ႐ို ရႈံးထြက္အဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။ ဘြန္ဒက္လီဂါမွာ ႀကီးစိုးခဲ့တဲ့ နာမည္ႀကီး ေဒးဗစ္ အလာဘာဦးေဆာင္လာတဲ့ ၾသစႀတီးယားအသင္းက နယ္သာလန္ရဲ႕ေနာက္ အုပ္စု အဆင့္ ၂ ေနရာကေန အသင္းသမိုင္းတေလွ်ာက္ ဦးဦးဖ်ားဖ်ားအေနနဲ႔ ယူ႐ိုရႈံးထြက္အဆင့္ကို သမိုင္းဝင္တက္ေရာက္လာႏိုင္ျခင္းလည္း ျဖစ္ပါတယ္။

ရွက္ဗ္ခ်င္ကိုရဲ႕ ယူကရိန္း အဆင့္မမီခဲ့
ေအစီမီလန္နဲ႔ ခ်ယ္လ္ဆီးတိုက္စစ္မႉးေဟာင္း ယူကရိန္းသားႀကီး ရွက္ဗ္ခ်င္ကို နည္းျပေနတဲ့ ယူကရိန္းအသင္းကလည္း အုပ္စု C ကေန ရာႏႈန္းျပည့္ႏိုင္ပြဲရတဲ့ နယ္သာလန္အသင္းရဲ႕ေနာက္ ဒုတိယေနရာကေန ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ခြင့္ရဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ၾသစႀတီးယားကို အေရးနိမ့္ၿပီး တတိယအေကာင္းဆုံးအသင္းအျဖစ္လည္း ရင္ခုန္စရာနည္းပါးေနသလို အုပ္စုအဆင့္က လက္ျပႏႈတ္ဆက္ရဖို႔ မ်ားသြားခဲ့ပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.