Bundesliga Premier League

မန္ခ်က္စတာကို ျပန္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ဆန္ခ်ဳိနဲ႔ သူ႕ကို ခ်ီးက်ဴးခဲ့တဲ့ ရက္ရွ္ဖို႔ဒ္

နာမည္ႀကီးအားကစားသတင္းဌာန အက္သလက္တစ္ရဲ႕ ထုတ္ေဖာ္မွဳအရ ေဒါ့မြန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအေနနဲ႔ လာမယ့္ ေႏြရာသီမွာ မန္ခ်က္စတာၿမဳိ႕ကို ျပန္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလုိ႔ သိရၿပီး ဒါက ယူႏုိက္တက္အတြက္ေတာ့ အားတက္စရာသတင္းေကာင္းလည္းျဖစ္ခဲ့ပါတယ္။

မန္ခ်က္စတာကို ျပန္မယ္လို႔ဆုိခဲ့တဲ့ ဆန္ခ်ဳိအေနနဲ႔ အသင္းေဟာင္း မန္ခ်က္စတာစီးတီးအသင္းကိုေတာ့ ျပန္ဖို႔ ျဖစ္ႏုိင္ေျခနည္းၿပီး သူ႕ကို မရအရလိုခ်င္ေနတဲ့ မန္ခ်က္စတာယူႏုိက္တက္မွာပဲ အဂၤလန္အသင္းေဖာ္ေတြနဲ႔ ပူးေပါင္းသြားႏုိင္ေျခက ပုိမ်ားသလို အုိးလ္ထရက္ဖို႔ဒ္မွာပဲ ျမင္ရဖို႔ ခန္႔မွန္းေနၾကတာပါ။

မန္စီးတီးအသင္းကေန ေဒါ့မြန္အသင္းကို ေပါင္ ၈ သန္းနဲ႔ ေျပာင္းေရႊ႕သြားခဲ့တဲ့ ဆန္ခ်ဳိဟာ ဒီရာသီမွာ သူ႕ရဲ႕ တစ္ဆင့္ထက္တစ္ဆင့္ ပုိမုိျမင့္မားလာတဲ့ ေျခစြမ္းကိုလည္း ျပသေနၿပီး ဘြန္ဒက္စ္လီဂါမွာ ၁၄ ဂိုးသြင္း၊ ၁၆ ဂိုးဖန္တီးထားသလို ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမွဳေတြ ကိုလည္း ရယူႏုိင္ခဲ့ပါတယ္။

“ကၽြန္ေတာ္တုိ႔ အတူတူ တြဲကစားႏုိင္မယ္လို႔ေတာ့ အေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္မိပါတယ္။ သူဟာ အမ်ားႀကီး ျပင္ဆင္စရာမလိုပဲ ပြဲတစ္ပြဲကို အေကာင္းဆုံးကစားႏုိင္သူျဖစ္သလို ဖန္တီးပုံေဖာ္မွဳေကာင္းမြန္ၿပီး ဒါကလည္း သူ႕ကို ကမာၻ႔အဆင့္ကစားသမားတစ္ေယာက္အျဖစ္ ရပ္တည္ႏိုင္ေစတာ ျဖစ္ပါလိမ့္မယ္”လုိ႔ ယူႏုိက္တက္တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ခ်ီးက်ဴးသြားခဲ့ပါတယ္။

နည္းျပ ဂယ္ရက္သ္ ေဆာက္သ္ဂိတ္ရဲ႕ အဂၤလန္အသင္းမွာ အတူတကြ တြဲဖက္ကစားခဲ့ၾကတဲ့ လက္ေရြးစင္အသင္းေဖာ္ ရက္ရွ္ဖို႔ဒ္နဲ႔ အတူတူ တြဲဖက္ကစားဖို႔အတြက္ေတာ့ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ေပါင္သန္း ၁၀၀ ေက်ာ္ ေပးေခ်သြားရဖြယ္ရွိေနၿပီး မန္စီးတီး၊ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတုိ႔ ဆီက စိတ္ဝင္စားမွဳေတြကိုေတာ့ လက္ဦးမွဳရယူေက်ာ္ျဖတ္သြားဖို႔ ရွိေနၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နာမည်ကြီးအားကစားသတင်းဌာန အက်သလက်တစ်ရဲ့ ထုတ်ဖော်မှုအရ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ လာမယ့် နွေရာသီမှာ မန်ချက်စတာမြို့ကို ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပြီး ဒါက ယူနိုက်တက်အတွက်တော့ အားတက်စရာသတင်းကောင်းလည်းဖြစ်ခဲ့ပါတယ်။

မန်ချက်စတာကို ပြန်မယ်လို့ဆိုခဲ့တဲ့ ဆန်ချိုအနေနဲ့ အသင်းဟောင်း မန်ချက်စတာစီးတီးအသင်းကိုတော့ ပြန်ဖို့ ဖြစ်နိုင်ခြေနည်းပြီး သူ့ကို မရအရလိုချင်နေတဲ့ မန်ချက်စတာယူနိုက်တက်မှာပဲ အင်္ဂလန်အသင်းဖော်တွေနဲ့ ပူးပေါင်းသွားနိုင်ခြေက ပိုများသလို အိုးလ်ထရက်ဖို့ဒ်မှာပဲ မြင်ရဖို့ ခန့်မှန်းနေကြတာပါ။

မန်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းကို ပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဆန်ချိုဟာ ဒီရာသီမှာ သူ့ရဲ့ တစ်ဆင့်ထက်တစ်ဆင့် ပိုမိုမြင့်မားလာတဲ့ ခြေစွမ်းကိုလည်း ပြသနေပြီး ဘွန်ဒက်စ်လီဂါမှာ ၁၄ ဂိုးသွင်း၊ ၁၆ ဂိုးဖန်တီးထားသလို ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုတွေ ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့ အတူတူ တွဲကစားနိုင်မယ်လို့တော့ အမျှော်လင့်ကြီး မျှော်လင့်မိပါတယ်။ သူဟာ အများကြီး ပြင်ဆင်စရာမလိုပဲ ပွဲတစ်ပွဲကို အကောင်းဆုံးကစားနိုင်သူဖြစ်သလို ဖန်တီးပုံဖော်မှုကောင်းမွန်ပြီး ဒါကလည်း သူ့ကို ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်စေတာ ဖြစ်ပါလိမ့်မယ်”လို့ ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ချီးကျူးသွားခဲ့ပါတယ်။

နည်းပြ ဂယ်ရက်သ် ဆောက်သ်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ အတူတကွ တွဲဖက်ကစားခဲ့ကြတဲ့ လက်ရွေးစင်အသင်းဖော် ရက်ရှ်ဖို့ဒ်နဲ့ အတူတူ တွဲဖက်ကစားဖို့အတွက်တော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ပေါင်သန်း ၁၀၀ ကျော် ပေးချေသွားရဖွယ်ရှိနေပြီး မန်စီးတီး၊ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ဆီက စိတ်ဝင်စားမှုတွေကိုတော့ လက်ဦးမှုရယူကျော်ဖြတ်သွားဖို့ ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.