Premier League Serie A

ေခ်းလ္ဝဲလ္ကို ေခၚယူႏုိင္ဖို႔ ေပါင္ ၂၅ သန္းတန္ ကစားသမားကို ေရာင္းခ်သြားမယ့္ ခ်ဲလ္ဆီး

ဘယ္ေနာက္ခံလူေတြက အသင္းရဲ႕ ခံစစ္ေလးေယာက္တန္းကစားကြက္နဲ႔ အံမဝင္သူေတြျဖစ္ေနၿပီး ဒီေနရာကပဲ ထိုးႏွက္တုိက္ခိုက္ခံရမွဳေတြ မ်ားျပားေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လက္စတာစီးတီးေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ကို ေခၚယူႏုိင္ဖို႔ သူတုိ႔ရဲ႕ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ အီမာဆန္ ပယ္လ္မီယာရီကို ေရာင္းခ်သြားဖို႔ ရွိေနပါတယ္။

တုိက္စစ္ကို အလြန္အကၽြံလုိက္ပါတတ္ၿပီး ခံစစ္ေနရာယူပုံေတြမွာ အားနည္းခ်က္ရွိေနတဲ့ အီမာဆန္နဲ႔ မားကို႔စ္ အလြန္ဆုိတုိ႔ႏွစ္ေယာက္ကုိ အသင္းႀကီးေတြနဲ႔ ပြဲေတြမွာ လမ္းပတ္အေနနဲ႔ အသုံးမျပဳရဲတာမ်ဳိးေတာင္ရွိခဲ့ၿပီး အသင္းေခါင္းေဆာင္ ဆီဆာ အက္ဇ္ပီလီကြယ္တာက ဘယ္ျခမ္းကို ေျပာင္းကစားေပးခဲ့ရတာေတြလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

ဒါေၾကာင့္ လက္ရွိအဂၤလန္ရဲ႕ အေကာင္းဆုံးဘယ္ေနာက္ခံလူလုိ႔ ဆုိလို႔ရတဲ့ ေခ်းလ္ဝဲလ္ကို ခ်ဲလ္ဆီးတုိ႔ အလိုရွိေနတာျဖစ္ၿပီး သူ႕ကို ေပါင္သန္း ၅၀ ေက်ာ္ ပမာဏနဲ႔ ေခၚယူႏုိင္ဖို႔ ယုံၾကည္ေနသလို အီမာဆန္ကိုေတာ့ ဂ်ဴဗင္တပ္စ္နဲ႔ နာပိုလီအသင္းေတြဆီကို ေပါင္ ၂၅ သန္းနဲ႔ ေရာင္းခ်သြားဖို႔ ရွိေနတာပါ။

လက္စတာစီးတီးအသင္းအတြက္ ၁၁၈ ပြဲ ကစားေပးထားခဲ့ၿပီးျဖစ္တဲ့ အကယ္ဒမီထြက္ေနာက္ခံလူဟာ လက္ရွိမွာ အသက္ ၂၃ ႏွစ္ရွိၿပီျဖစ္ၿပီး အသင္းရဲ႕ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲတဲ့ ရာသီကိုေတာ့ မမီခဲ့ဘဲ ေနာက္တစ္ရာသီမွာမွ စတင္ကစားခြင့္ရတာျဖစ္တာေၾကာင့္ ဒီအတြက္ စိန္ေခၚႏုိင္မယ့္ အသင္းႀကီးတစ္သင္းကို ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနသူလည္းျဖစ္ပါတယ္။

ေခ်းလ္ဝဲလ္ကို ခ်ဲလ္ဆီးအသင္းအျပင္ မန္ခ်က္စတာစီးတီးအသင္းကလည္း ၿပဳိင္ဆုိင္ေခၚယူသြားဖို႔ ရွိေနၿပီး မန္ခ်က္စတာယူႏုိက္တက္ကလည္း သူတုိ႔ရဲ႕ ေျခစြမ္းအနည္းငယ္က်ဆင္းေနတဲ့ လုခ္ေရွာေနရာအတြက္ အလိုရွိေနတာေၾကာင့္ အဂၤလန္သားအတြက္ ေႏြရာသီမွာ အၿပဳိင္အဆုိင္ကမ္းလွမ္းမွဳေတြထဲ ဘယ္သူအႏုိင္ရသြားမလဲ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘယ်နောက်ခံလူတွေက အသင်းရဲ့ ခံစစ်လေးယောက်တန်းကစားကွက်နဲ့ အံမဝင်သူတွေဖြစ်နေပြီး ဒီနေရာကပဲ ထိုးနှက်တိုက်ခိုက်ခံရမှုတွေ များပြားနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ လက်စတာစီးတီးနောက်ခံလူ ဘန် ချေးလ်ဝဲလ်ကို ခေါ်ယူနိုင်ဖို့ သူတို့ရဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ အီမာဆန် ပယ်လ်မီယာရီကို ရောင်းချသွားဖို့ ရှိနေပါတယ်။

တိုက်စစ်ကို အလွန်အကျွံလိုက်ပါတတ်ပြီး ခံစစ်နေရာယူပုံတွေမှာ အားနည်းချက်ရှိနေတဲ့ အီမာဆန်နဲ့ မားကို့စ် အလွန်ဆိုတို့နှစ်ယောက်ကို အသင်းကြီးတွေနဲ့ ပွဲတွေမှာ လမ်းပတ်အနေနဲ့ အသုံးမပြုရဲတာမျိုးတောင်ရှိခဲ့ပြီး အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွယ်တာက ဘယ်ခြမ်းကို ပြောင်းကစားပေးခဲ့ရတာတွေလည်း တွေ့မြင်ခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိအင်္ဂလန်ရဲ့ အကောင်းဆုံးဘယ်နောက်ခံလူလို့ ဆိုလို့ရတဲ့ ချေးလ်ဝဲလ်ကို ချဲလ်ဆီးတို့ အလိုရှိနေတာဖြစ်ပြီး သူ့ကို ပေါင်သန်း ၅၀ ကျော် ပမာဏနဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်နေသလို အီမာဆန်ကိုတော့ ဂျူဗင်တပ်စ်နဲ့ နာပိုလီအသင်းတွေဆီကို ပေါင် ၂၅ သန်းနဲ့ ရောင်းချသွားဖို့ ရှိနေတာပါ။

လက်စတာစီးတီးအသင်းအတွက် ၁၁၈ ပွဲ ကစားပေးထားခဲ့ပြီးဖြစ်တဲ့ အကယ်ဒမီထွက်နောက်ခံလူဟာ လက်ရှိမှာ အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး အသင်းရဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲတဲ့ ရာသီကိုတော့ မမီခဲ့ဘဲ နောက်တစ်ရာသီမှာမှ စတင်ကစားခွင့်ရတာဖြစ်တာကြောင့် ဒီအတွက် စိန်ခေါ်နိုင်မယ့် အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသူလည်းဖြစ်ပါတယ်။

ချေးလ်ဝဲလ်ကို ချဲလ်ဆီးအသင်းအပြင် မန်ချက်စတာစီးတီးအသင်းကလည်း ပြိုင်ဆိုင်ခေါ်ယူသွားဖို့ ရှိနေပြီး မန်ချက်စတာယူနိုက်တက်ကလည်း သူတို့ရဲ့ ခြေစွမ်းအနည်းငယ်ကျဆင်းနေတဲ့ လုခ်ရှောနေရာအတွက် အလိုရှိနေတာကြောင့် အင်္ဂလန်သားအတွက် နွေရာသီမှာ အပြိုင်အဆိုင်ကမ်းလှမ်းမှုတွေထဲ ဘယ်သူအနိုင်ရသွားမလဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.