La Liga Premier League Serie A

အင္တာမီလန္နဲ႔အၿပဳိင္ ဘယ္လာရင္ကို ကမ္းလွမ္းသြားဖြယ္ရွိတဲ့ အက္သလက္တီကိုမက္ဒရစ္

အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို လာမယ့္ အေျပာင္းအေရႊ႕ကာလမွာ စီးရီးေအအင္အားႀကီးကလပ္ အင္တာမီလန္အသင္းနဲ႔ အၿပဳိင္ေခၚယူဖို႔ ကမ္းလွမ္းသြားဖြယ္ရွိၿပီး စပိန္သားအတြက္ေတာ့ ေရြးခ်ယ္ရခက္ခဲစရာ ျဖစ္လာႏုိင္ပါတယ္။

အာဆင္နယ္အသင္းကို နည္းျပ မုိက္ကယ္ အာတီတာ ေရာက္ရွိလာခဲ့ၿပီးေနာက္ပုိင္း ဘယ္လာရင္ကို Inverted Full Back အျဖစ္ အသုံးျပဳရာမွာ မေအာင္ျမင္ဘူးလို႔ ဆုိရမလိုျဖစ္ေနၿပီး ဒီကစားသမားရဲ႕ ေတာင္ပံမွာ ကစားရတာနဲ႔ ေျပးလႊားရတာကို သေဘာက်တဲ့ သဘာဝကို အတြင္းဝင္ၿပီး ေျပာင္းလဲရာမွာ အဆင္မေျပမွဳေတြလည္း မ်ားေနခဲ့ပါတယ္။

လူငယ္ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏုိင္းလ္စ္ကို ဒီေနရာမွာ အသုံးျပဳခဲ့တုန္းကေတာင္ ဘယ္လာရင္ထက္ အလုပ္ပိုျဖစ္သလို ထင္မိၿပီး လက္ရွိမွာေတာ့ အသက္ ၂၅ ႏွစ္အရြယ္ စပိန္ေနာက္ခံလူဟာ ၂၀၁၁ ခုႏွစ္ကတည္းက ေရာက္လာခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ ခြဲခြာဖို႔အတြက္ ခန္႔မွန္းမွဳေတြ ရွိေနသလို ေခၚယူခ်င္တဲ့ အသင္းေတြလည္း ငါးသင္းေလာက္ ရွိလာခဲ့တာပါ။

သူ႕ကို ေခၚယူဖို႔ အင္တာမီလန္အသင္းအျပင္ ၿမဳိ႕ခံၿပဳိင္ဘက္ ေအစီမီလန္ကပါ စိတ္ဝင္စားေနၿပီး အက္သလက္တီကိုက ေခၚယူဖို႔ လုပ္ေဆာင္ခဲ့မယ္ဆုိရင္ေတာ့ အသင္းေဟာင္း ဘာစီလိုနာကပါ ျပန္လည္ၾကားဝင္လာဖြယ္လည္းရွိေနတဲ့အတြက္ အာဆင္နယ္လက္ေထာက္ အသင္းေခါင္းေဆာင္အတြက္ ေရြးခ်ယ္ဖို႔ ခက္ခဲႏုိင္ပါတယ္။

ဘယ္လာရင္ရဲ႕ ကြင္းျပင္ပဝါသနာျဖစ္တဲ့ ဖက္ရွင္ဒီဇိုင္းေတြနဲ႔ ျပပြဲေတြရွိရာ မီလန္ၿမဳိ႕ဟာ သူ႕အတြက္ေတာ့ သြားေရာက္ကစားဖို႔ေကာင္းတဲ့ ၿမဳိ႕တစ္ၿမဳိ႕ျဖစ္ေနၿပီး ေမြးရပ္ေျမကို ျပန္ဖို႔ကိုလည္း ထည့္သြင္းစဥ္းစားဖြယ္ရွိေနသလို အာဆင္နယ္ကေတာ့ အရင္ကေလာက္ ႀကံ့ခိုင္မွဳ မျပည့္ဝေတာ့တဲ့ စပိန္သားကို ေဈးေကာင္းရရင္ ေရာင္းခ်သြားဖို႔ ရွိေနေၾကာင္းနဲ႔ ဆီဗီလာအသင္းကလည္း စိတ္ဝင္စားမွဳ ျပသထားေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို လာမယ့် အပြောင်းအရွှေ့ကာလမှာ စီးရီးအေအင်အားကြီးကလပ် အင်တာမီလန်အသင်းနဲ့ အပြိုင်ခေါ်ယူဖို့ ကမ်းလှမ်းသွားဖွယ်ရှိပြီး စပိန်သားအတွက်တော့ ရွေးချယ်ရခက်ခဲစရာ ဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်အသင်းကို နည်းပြ မိုက်ကယ် အာတီတာ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ဘယ်လာရင်ကို Inverted Full Back အဖြစ် အသုံးပြုရာမှာ မအောင်မြင်ဘူးလို့ ဆိုရမလိုဖြစ်နေပြီး ဒီကစားသမားရဲ့ တောင်ပံမှာ ကစားရတာနဲ့ ပြေးလွှားရတာကို သဘောကျတဲ့ သဘာဝကို အတွင်းဝင်ပြီး ပြောင်းလဲရာမှာ အဆင်မပြေမှုတွေလည်း များနေခဲ့ပါတယ်။

လူငယ်ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ဒီနေရာမှာ အသုံးပြုခဲ့တုန်းကတောင် ဘယ်လာရင်ထက် အလုပ်ပိုဖြစ်သလို ထင်မိပြီး လက်ရှိမှာတော့ အသက် ၂၅ နှစ်အရွယ် စပိန်နောက်ခံလူဟာ ၂၀၁၁ ခုနှစ်ကတည်းက ရောက်လာခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ခွဲခွာဖို့အတွက် ခန့်မှန်းမှုတွေ ရှိနေသလို ခေါ်ယူချင်တဲ့ အသင်းတွေလည်း ငါးသင်းလောက် ရှိလာခဲ့တာပါ။

သူ့ကို ခေါ်ယူဖို့ အင်တာမီလန်အသင်းအပြင် မြို့ခံပြိုင်ဘက် အေစီမီလန်ကပါ စိတ်ဝင်စားနေပြီး အက်သလက်တီကိုက ခေါ်ယူဖို့ လုပ်ဆောင်ခဲ့မယ်ဆိုရင်တော့ အသင်းဟောင်း ဘာစီလိုနာကပါ ပြန်လည်ကြားဝင်လာဖွယ်လည်းရှိနေတဲ့အတွက် အာဆင်နယ်လက်ထောက် အသင်းခေါင်းဆောင်အတွက် ရွေးချယ်ဖို့ ခက်ခဲနိုင်ပါတယ်။

ဘယ်လာရင်ရဲ့ ကွင်းပြင်ပဝါသနာဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပြပွဲတွေရှိရာ မီလန်မြို့ဟာ သူ့အတွက်တော့ သွားရောက်ကစားဖို့ကောင်းတဲ့ မြို့တစ်မြို့ဖြစ်နေပြီး မွေးရပ်မြေကို ပြန်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားဖွယ်ရှိနေသလို အာဆင်နယ်ကတော့ အရင်ကလောက် ကြံ့ခိုင်မှု မပြည့်ဝတော့တဲ့ စပိန်သားကို ဈေးကောင်းရရင် ရောင်းချသွားဖို့ ရှိနေကြောင်းနဲ့ ဆီဗီလာအသင်းကလည်း စိတ်ဝင်စားမှု ပြသထားကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.