La Liga Premier League

မန္ခ်က္စတာစီးတီးနဲ႔ ဘာစီလိုနာတုိ႔ ေပၚတူဂီေနာက္ခံလူခ်င္း လဲလွယ္သြားဖြယ္ရွိေန

မန္ခ်က္စတာစီးတီးအသင္းကေန ေရာင္းခ်ခ်င္ေနတဲ့ ညာေနာက္ခံလူ ဂ်ဳိအာအို ကန္ဆယ္လိုကို ဘာစီလိုနာအသင္းက အလိုရွိေနၿပီး သူတုိ႔ရဲ႕ ညာေနာက္ခံလူ နယ္လ္ဆင္ ဆီမီဒိုနဲ႔ တစ္ႏုိင္ငံတည္းသားခ်င္း အလဲအလွယ္ျပဳလုပ္ၿပီး ေငြသားသန္းအနည္းငယ္ အလိုက္ေပးသြားရဖို႔ေတာ့ ရွိေနပါတယ္။

ကစားသမားႏွစ္ဦးရဲ႕ အသင္းအေပၚအက်ဳိးျပဳႏုိင္စြမ္းနဲ႔ အလိုရွိမွဳ အေျခအေနအရ ဘာစီလိုနာအသင္းက ေငြေၾကးထပ္ေဆာင္းေပးရဖြယ္ရွိၿပီး ဘာစီလိုနာအသင္းရဲ႕ မတူညီတဲ့ ညာေတာင္ပံတိုက္စစ္ကို ပုံေဖာ္သြားဖို႔ဟာ ကန္ဆယ္လိုကုိ ရရွိႏုိင္ခဲ့ရင္ တစ္မ်ဳိးတစ္ဖုံ ေျပာင္းလဲသြားမွာျဖစ္ၿပီး ဆီမီဒိုကေတာ့ မန္စီးတီးဘက္က ရရ မရရ ဘာမွ မထူးတဲ့ ကစားသမားမ်ဳိးလည္းျဖစ္ေနပါတယ္။

မန္စီးတီးရဲ႕ Inverted Full Back Role မွာ အံမဝင္ေပမယ့္ တုိက္စစ္ပိုင္း လုိက္ပါပံ့ပိုးမွဳ ေကာင္းမြန္ၿပီး ျဖတ္တင္ေဘာေတြမွာလည္း စိတ္ခ်ရတဲ့ ကန္ဆယ္လိုဟာ ဘာစီလိုနာအတြက္ေတာ့ စိတ္ဝင္စားစရာျဖစ္ေနခဲ့ၿပီး ေရွ႕ေနာက္ ဟန္ခ်က္ညီမွ်တဲ့ ပုံစံနဲ႔ ကစားတဲ့ ဆီမီဒိုကေတာ့ ႏူးကမ့္ရဲ႕ အဝယ္မွားခဲ့တဲ့ ကစားသမားလို႔ေတာင္ သုံးသပ္ရမွာျဖစ္ၿပီး ဆာဂ်ီ ေရာ္ဘတ္တိုနဲ႔ နည္းစနစ္ပုိင္းခ်င္းမွာ ယွဥ္မရလို႔ အရန္ခုံထိုင္ရတာပဲ ပုိမ်ားေနခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကေန ၿပီးခဲ့တဲ့ ရာသီက ေခၚယူထားခဲ့တဲ့ ကန္ဆယ္လိုကို အင္တာမီလန္အသင္းကလည္း စိတ္ဝင္စားေနၿပီး အာဆင္နယ္ရဲ႕ ဟက္တာ ဘယ္လာရင္နဲ႔ ေရြးခ်ယ္ေခၚယူသြားဖို႔ရွိေနသလို ဘာစီလိုနာကေတာ့ မန္စီးတီးဆီကို ဆီမီဒိုကို ေစလႊတ္ၿပီး ကမ္းလွမ္းသြားမယ္လို႔ သိရပါတယ္။

ဘဏၰာေရးဆုိင္ရာ အေျခအေနေတြကို တည္ၿငိမ္ေအာင္ ကိုင္တြယ္ရဦးမွာျဖစ္တဲ့ မန္စီးတီးအသင္းဘက္ကေတာ့ ကန္ဆယ္လိုအတြက္ ကစားသမားအလိုက္ရလို႔ ေက်းဇူးတင္ႏုိင္ဖြယ္ မရွိဘဲ ေငြသားသက္သက္နဲ႔ ေရာင္းခ်သြားဖို႔ကိုပဲ ပိုမိုစိတ္ဝင္စားဖြယ္ရွိၿပီး ဂြါဒီယိုလာအေနနဲ႔ ဘယ္လို ဆုံးျဖတ္သြားမယ္ဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: TELEGRAPH
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းကနေ ရောင်းချချင်နေတဲ့ ညာနောက်ခံလူ ဂျိုအာအို ကန်ဆယ်လိုကို ဘာစီလိုနာအသင်းက အလိုရှိနေပြီး သူတို့ရဲ့ ညာနောက်ခံလူ နယ်လ်ဆင် ဆီမီဒိုနဲ့ တစ်နိုင်ငံတည်းသားချင်း အလဲအလှယ်ပြုလုပ်ပြီး ငွေသားသန်းအနည်းငယ် အလိုက်ပေးသွားရဖို့တော့ ရှိနေပါတယ်။

ကစားသမားနှစ်ဦးရဲ့ အသင်းအပေါ်အကျိုးပြုနိုင်စွမ်းနဲ့ အလိုရှိမှု အခြေအနေအရ ဘာစီလိုနာအသင်းက ငွေကြေးထပ်ဆောင်းပေးရဖွယ်ရှိပြီး ဘာစီလိုနာအသင်းရဲ့ မတူညီတဲ့ ညာတောင်ပံတိုက်စစ်ကို ပုံဖော်သွားဖို့ဟာ ကန်ဆယ်လိုကို ရရှိနိုင်ခဲ့ရင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာဖြစ်ပြီး ဆီမီဒိုကတော့ မန်စီးတီးဘက်က ရရ မရရ ဘာမှ မထူးတဲ့ ကစားသမားမျိုးလည်းဖြစ်နေပါတယ်။

မန်စီးတီးရဲ့ Inverted Full Back Role မှာ အံမဝင်ပေမယ့် တိုက်စစ်ပိုင်း လိုက်ပါပံ့ပိုးမှု ကောင်းမွန်ပြီး ဖြတ်တင်ဘောတွေမှာလည်း စိတ်ချရတဲ့ ကန်ဆယ်လိုဟာ ဘာစီလိုနာအတွက်တော့ စိတ်ဝင်စားစရာဖြစ်နေခဲ့ပြီး ရှေ့နောက် ဟန်ချက်ညီမျှတဲ့ ပုံစံနဲ့ ကစားတဲ့ ဆီမီဒိုကတော့ နူးကမ့်ရဲ့ အဝယ်မှားခဲ့တဲ့ ကစားသမားလို့တောင် သုံးသပ်ရမှာဖြစ်ပြီး ဆာဂျီ ရော်ဘတ်တိုနဲ့ နည်းစနစ်ပိုင်းချင်းမှာ ယှဉ်မရလို့ အရန်ခုံထိုင်ရတာပဲ ပိုများနေခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကနေ ပြီးခဲ့တဲ့ ရာသီက ခေါ်ယူထားခဲ့တဲ့ ကန်ဆယ်လိုကို အင်တာမီလန်အသင်းကလည်း စိတ်ဝင်စားနေပြီး အာဆင်နယ်ရဲ့ ဟက်တာ ဘယ်လာရင်နဲ့ ရွေးချယ်ခေါ်ယူသွားဖို့ရှိနေသလို ဘာစီလိုနာကတော့ မန်စီးတီးဆီကို ဆီမီဒိုကို စေလွှတ်ပြီး ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။

ဘဏ္ဏာရေးဆိုင်ရာ အခြေအနေတွေကို တည်ငြိမ်အောင် ကိုင်တွယ်ရဦးမှာဖြစ်တဲ့ မန်စီးတီးအသင်းဘက်ကတော့ ကန်ဆယ်လိုအတွက် ကစားသမားအလိုက်ရလို့ ကျေးဇူးတင်နိုင်ဖွယ် မရှိဘဲ ငွေသားသက်သက်နဲ့ ရောင်းချသွားဖို့ကိုပဲ ပိုမိုစိတ်ဝင်စားဖွယ်ရှိပြီး ဂွါဒီယိုလာအနေနဲ့ ဘယ်လို ဆုံးဖြတ်သွားမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: TELEGRAPH
PHOTOS CREDIT TO OWNERS
SPORTS A2Z.