Analysis La Liga Premier League

ကွင်းသစ်ကြီးလိုချင်လို့ အာဆင်ဝင်းဂါး ရင်နာနာနဲ့ ချရောင်းခဲ့ရတဲ့ နာမည်ကြီး ၅ ဦး

အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်စ်ကွင်းသစ်ကြီးကို တည်ဆောက်နိုင်ဖို့အတွက် နည်းပြအာဆင်ဝင်းဂါးဟာ အသင်းရဲ့ အဓိကကျောရိုးတွေဖြစ်တဲ့ နာမည်ကြီးကြယ်ပွင့် ရောင်းထုတ်ခဲ့ရတာဖြစ်ပြီး ဒါဟာ အဆိုပါကစားသမားတွေရဲ့ အသင်းက ထွက်ခွာလိုတဲ့ ဆန္ဒလည်းမဟုတ်ခဲ့တာပါ။

ဖာဂူဆန်ကြီးစိုးနေတဲ့ ပရီးမီးယားလိဂ်ယူနိုက်တက်ခေတ်ကို အာဆင်ဝင်းဂါးရဲ့ ရိုက်ချိုးခဲ့မှုက လွန်ခဲ့တဲ့ ၁၇ နှစ်က ‘ရွှေဖလား’ ရခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာ အခိုင်အမာတွေ့ခဲ့ရခြင်း၊ ၂၀၀၆ ခုနှစ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်အထိ ရောက်ခဲ့ပေမယ့် ၁၀ ဦးတည်းနဲ့အသင်းက ဘာစီလိုနာကို အရေးနိမ့်ခဲ့ရခြင်းတွေက ငွေဖော်လိုတဲ့ အသင်းပိုင်ရှင်တွေကြောင့် အာဆင်ဝင်းဂါးရုန်းကန်ခဲ့ရမှုနဲ့ အောင်မြင်မှုက မသေးလှသလို သူမတတ်သာလို့ ရောင်းထုတ်ခဲ့ရတဲ့ ကစားသမားစာရင်းကို ကြည့်တဲ့အခါ………

၅။ ရော်ဘင် ဗန်ပါစီ
ဟီးရိုးကနေ ဗီလိန်အဖြစ် ရောက်ရှိသွားခဲ့တဲ့ ဗန်ပါစီရဲ့အဖြစ်က ယူနိုက်တက်ကို ပေါင် ၂၄ သန်း ရောင်းထုတ်ခံရချိန်မှာ အာဆင်နယ်ပရိသတ်တွေ မျက်မုန်းကျိုးခဲ့ရတာဖြစ်ပြီး နယ်သာလန်သားကတော့ လက်ရှိအချိန်ထိ အာဆင်ဝင်းဂါးကို သူ့ရဲ့ဖခင်တဦးလို ေလးစားမှုအပြည့်ရှိဆဲပါ။ ယူနိုက်တက်မှာ ၃ ရာသီအပြီး အာဆင်နယ်ကို ပြန်လာဖို့ ဆက်သွယ်ခံခဲ့ရပေမယ့် အာဆင်ဝင်းဂါးက သူ့ကို အသက်ကြီးသွားလို့ ပြန်မဝယ်ခဲ့ပါဘူး။

၄။ ဆာမီယာ နာဆရီ
ဗန်ပါစီပေးတဲ့ နာကျင်မှုရဲ့နောက်မှာ နာဆရီရဲ့ နာကျင်မှုကလည်း ပရိသတ်တွေဆီ ရောက်ရှိလာခဲ့ပြီး မန်ချက်စတာမြို့ဆီပဲ သူက ဦးတည်းသွားခဲ့ပြီး မန်စီးတီးကို ငွေမက်လို့ ပြောင်းခဲ့တာလို့ စွပ်စွဲခံခဲ့ရတဲ့သူက အာဆင်နယ်မှာ ခေတ်တခုရှိခဲ့ပြီး ဇီဒန်းလက်သစ်လို့တောင် နာမည်ကြီးခဲ့ပေမယ့် သူက အာဆင်ဝင်းဂါးကိုလည်း နာကျင်စေခဲ့သူအဖြစ် သတ်မှတ်ခံထားရပါတယ်။

၃။ ဆက်စ် ဖာဘရီဂက်စ်
အာဆင်ဝင်းဂါးရဲ့ လူငယ်စီမံကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ အတောက်ပဆုံးအဖြစ် ရပ်တည်ခဲ့ရာမှာ ကွင်းလယ်ကြယ်ပွင့် ဖာဘရီဂက်စ်က ဗီအဲရာနေရာကို ကောင်းကောင်းအစားထိုးနိုင်ခဲ့လို့ ၈ နှစ်ကြာကစားခဲ့တဲ့ လန်ဒန်မြို့ရဲ့ အသည်းကျော်ဖြစ်ခဲ့ပေမယ့် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့လို့ အာဆင်ဝင်းဂါးရဲ့ စိတ်နာမှုကို ရခဲ့သလို ပြန်လာမယ်ဆိုတဲ့ အချိန်မှာ တံခါးပိတ်ခဲ့လို့ ချယ်လ်ဆီးအသင်းကို ရောက်သွားခဲ့ရဖူးချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့လို့ ဒါဟာဝင်းဂါးရဲ့ခေါင်းမာတဲ့အမှားတခုအဖြစ်လည်း အဆိုပြုခံထားရတာပါ။

၂။ အီမန်နူယယ်လ် အဒီဘာယော
အခုချိန်ထိ အာဆင်နယ်ကို မုန်းတီးနေဆဲပဲလို့ ခပ်ဘွင်းဘွင်းပြောထားခဲ့တဲ့ တိုဂိုတိုက်စစ်မှူးက သီယာရီ အွန်နရီရဲ့နေရာကို ဆက်ခံမယ်လို့ နာမည်ထွက်လွန်းခဲ့သလို တကယ်လည်း ဂိုးတဒိုင်းဒိုင်းသွင်းခဲ့ပေမယ့် အသင်းကနေ သူ့ကို အတင်းရောင်းထုတ်ခဲ့တဲ့ အာဆင်ဝင်းဂါးကြောင့် နာကျည်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မန်စီးတီးကို ရောက်တော့ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အသင်းဟောင်းကို ဂိုးသွင်းပြီး ဂန်းနားပရိသတ်တွေရှေ့မှာ မထီမဲ့မြင်နဲ့ ရမ်းရမ်းကားကားအောင်ပွဲခံမှုကြောင့် အခုထိ အာဆင်နယ်ပရိသတ်တွေရဲ့ ရန်သူဖြစ်နေဆဲ တိုက်စစ်မှူးပါ။

၁။ သီယာရီ အွန်နရီ
ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံး Hall of Fame စာရင်းမှာ အလန်ရှီးယားရာနဲ့အတူ သတ်မှတ်ခံထားရတဲ့ ပြင်သစ်သားက အာဆင်ဝင်းဂါးရဲ့ သမိုင်းတလျှောက် အကောင်းမွန်ဆုံး ခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် သူဟာလည်း အာဆင်နယ်မှာ ကြာကြာမနေနိုင်ခဲ့ဘဲ ဘာစီလိုနာရဲ့ ခေါ်ထုတ်မှုကို ခံခဲ့ရတယ်။

မြောက်လန်ဒန်မှာ ၈ နှစ်အတွင်း ၂၂၆ ဂိုးသွင်းခဲ့တဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီးဟာ ၂၀၀၇ မှာ ဘာစီလိုနာနဲ့ Treble ချန်ပီယံဖြစ်ခဲ့တယ်။ ၂၀၁၂ မှာ အာဆင်နယ်နဲ့ တကျော့ပြန်ပူးပေါင်းလာဖို့ ဖြစ်ခဲ့ပြီး ဖာဘရီဂတ်စ်ထက် ပိုထူးခြားတဲ့ အခွင့်အရေးကို ရခဲ့သလို အာဆင်ဝင်းဂါးလက်အောက်မှာ အငှားပြန်ကစားခွင့်ရတာက သူတို့နှစ်ဦးရဲ့ စစ်မှန်ပြီး ကြီးမားတဲ့ ဆရာတပည့်လို၊ သားအဖလို သံယောဇဥ်ကို ပြသခဲ့ခြင်းလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ အမ္းမရိတ္စ္ကြင္းသစ္ႀကီးကို တည္ေဆာက္ႏိုင္ဖို႔အတြက္ နည္းျပအာဆင္ဝင္းဂါးဟာ အသင္းရဲ႕ အဓိကေက်ာ႐ိုးေတြျဖစ္တဲ့ နာမည္ႀကီးၾကယ္ပြင့္ ေရာင္းထုတ္ခဲ့ရတာျဖစ္ၿပီး ဒါဟာ အဆိုပါကစားသမားေတြရဲ႕ အသင္းက ထြက္ခြာလိုတဲ့ ဆႏၵလည္းမဟုတ္ခဲ့တာပါ။

ဖာဂူဆန္ႀကီးစိုးေနတဲ့ ပရီးမီးယားလိဂ္ယူႏိုက္တက္ေခတ္ကို အာဆင္ဝင္းဂါးရဲ႕ ႐ိုက္ခ်ိဳးခဲ့မႈက လြန္ခဲ့တဲ့ ၁၇ ႏွစ္က ‘ေ႐ႊဖလား’ ရခဲ့တဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းမွာ အခိုင္အမာေတြ႕ခဲ့ရျခင္း၊ ၂၀၀၆ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖိုင္နယ္အထိ ေရာက္ခဲ့ေပမယ့္ ၁၀ ဦးတည္းနဲ႔အသင္းက ဘာစီလိုနာကို အေရးနိမ့္ခဲ့ရျခင္းေတြက ေငြေဖာ္လိုတဲ့ အသင္းပိုင္ရွင္ေတြေၾကာင့္ အာဆင္ဝင္းဂါး႐ုန္းကန္ခဲ့ရမႈနဲ႔ ေအာင္ျမင္မႈက မေသးလွသလို သူမတတ္သာလို႔ ေရာင္းထုတ္ခဲ့ရတဲ့ ကစားသမားစာရင္းကို ၾကည့္တဲ့အခါ………

၅။ ေရာ္ဘင္ ဗန္ပါစီ
ဟီး႐ိုးကေန ဗီလိန္အျဖစ္ ေရာက္ရွိသြားခဲ့တဲ့ ဗန္ပါစီရဲ႕အျဖစ္က ယူႏိုက္တက္ကို ေပါင္ ၂၄ သန္း ေရာင္းထုတ္ခံရခ်ိန္မွာ အာဆင္နယ္ပရိသတ္ေတြ မ်က္မုန္းက်ိဳးခဲ့ရတာျဖစ္ၿပီး နယ္သာလန္သားကေတာ့ လက္ရွိအခ်ိန္ထိ အာဆင္ဝင္းဂါးကို သူ႔ရဲ႕ဖခင္တဦးလို ေလးစားမႈအျပည့္ရွိဆဲပါ။ ယူႏိုက္တက္မွာ ၃ ရာသီအၿပီး အာဆင္နယ္ကို ျပန္လာဖို႔ ဆက္သြယ္ခံခဲ့ရေပမယ့္ အာဆင္ဝင္းဂါးက သူ႔ကို အသက္ႀကီးသြားလို႔ ျပန္မဝယ္ခဲ့ပါဘူး။

၄။ ဆာမီယာ နာဆရီ
ဗန္ပါစီေပးတဲ့ နာက်င္မႈရဲ႕ေနာက္မွာ နာဆရီရဲ႕ နာက်င္မႈကလည္း ပရိသတ္ေတြဆီ ေရာက္ရွိလာခဲ့ၿပီး မန္ခ်က္စတာၿမိဳ႕ဆီပဲ သူက ဦးတည္းသြားခဲ့ၿပီး မန္စီးတီးကို ေငြမက္လို႔ ေျပာင္းခဲ့တာလို႔ စြပ္စြဲခံခဲ့ရတဲ့သူက အာဆင္နယ္မွာ ေခတ္တခုရွိခဲ့ၿပီး ဇီဒန္းလက္သစ္လို႔ေတာင္ နာမည္ႀကီးခဲ့ေပမယ့္ သူက အာဆင္ဝင္းဂါးကိုလည္း နာက်င္ေစခဲ့သူအျဖစ္ သတ္မွတ္ခံထားရပါတယ္။

၃။ ဆက္စ္ ဖာဘရီဂက္စ္
အာဆင္ဝင္းဂါးရဲ႕ လူငယ္စီမံကိန္းဟာ ပရီးမီးယားလိဂ္ရဲ႕ အေတာက္ပဆုံးအျဖစ္ ရပ္တည္ခဲ့ရာမွာ ကြင္းလယ္ၾကယ္ပြင့္ ဖာဘရီဂက္စ္က ဗီအဲရာေနရာကို ေကာင္းေကာင္းအစားထိုးႏိုင္ခဲ့လို႔ ၈ ႏွစ္ၾကာကစားခဲ့တဲ့ လန္ဒန္ၿမိဳ႕ရဲ႕ အသည္းေက်ာ္ျဖစ္ခဲ့ေပမယ့္ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခဲ့လို႔ အာဆင္ဝင္းဂါးရဲ႕ စိတ္နာမႈကို ရခဲ့သလို ျပန္လာမယ္ဆိုတဲ့ အခ်ိန္မွာ တံခါးပိတ္ခဲ့လို႔ ခ်ယ္လ္ဆီးအသင္းကို ေရာက္သြားခဲ့ရဖူးခ်ိန္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့လို႔ ဒါဟာဝင္းဂါးရဲ႕ေခါင္းမာတဲ့အမွားတခုအျဖစ္လည္း အဆိုျပဳခံထားရတာပါ။

၂။ အီမန္ႏူယယ္လ္ အဒီဘာေယာ
အခုခ်ိန္ထိ အာဆင္နယ္ကို မုန္းတီးေနဆဲပဲလို႔ ခပ္ဘြင္းဘြင္းေျပာထားခဲ့တဲ့ တိုဂိုတိုက္စစ္မႉးက သီယာရီ အြန္နရီရဲ႕ေနရာကို ဆက္ခံမယ္လို႔ နာမည္ထြက္လြန္းခဲ့သလို တကယ္လည္း ဂိုးတဒိုင္းဒိုင္းသြင္းခဲ့ေပမယ့္ အသင္းကေန သူ႔ကို အတင္းေရာင္းထုတ္ခဲ့တဲ့ အာဆင္ဝင္းဂါးေၾကာင့္ နာက်ည္းေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။

မန္စီးတီးကို ေရာက္ေတာ့ အာဆင္နယ္နဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈမွာ အသင္းေဟာင္းကို ဂိုးသြင္းၿပီး ဂန္းနားပရိသတ္ေတြေရွ႕မွာ မထီမဲ့ျမင္နဲ႔ ရမ္းရမ္းကားကားေအာင္ပြဲခံမႈေၾကာင့္ အခုထိ အာဆင္နယ္ပရိသတ္ေတြရဲ႕ ရန္သူျဖစ္ေနဆဲ တိုက္စစ္မႉးပါ။

၁။ သီယာရီ အြန္နရီ
ပရီးမီးယားလိဂ္ရဲ႕ ထာဝရအေကာင္းဆုံး Hall of Fame စာရင္းမွာ အလန္ရွီးယားရာနဲ႔အတူ သတ္မွတ္ခံထားရတဲ့ ျပင္သစ္သားက အာဆင္ဝင္းဂါးရဲ႕ သမိုင္းတေလွ်ာက္ အေကာင္းမြန္ဆုံး ေခၚယူမႈအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ သူဟာလည္း အာဆင္နယ္မွာ ၾကာၾကာမေနႏိုင္ခဲ့ဘဲ ဘာစီလိုနာရဲ႕ ေခၚထုတ္မႈကို ခံခဲ့ရတယ္။

ေျမာက္လန္ဒန္မွာ ၈ ႏွစ္အတြင္း ၂၂၆ ဂိုးသြင္းခဲ့တဲ့ ဂႏၴဝင္တိုက္စစ္မႉးႀကီးဟာ ၂၀၀၇ မွာ ဘာစီလိုနာနဲ႔ Treble ခ်န္ပီယံျဖစ္ခဲ့တယ္။ ၂၀၁၂ မွာ အာဆင္နယ္နဲ႔ တေက်ာ့ျပန္ပူးေပါင္းလာဖို႔ ျဖစ္ခဲ့ၿပီး ဖာဘရီဂတ္စ္ထက္ ပိုထူးျခားတဲ့ အခြင့္အေရးကို ရခဲ့သလို အာဆင္ဝင္းဂါးလက္ေအာက္မွာ အငွားျပန္ကစားခြင့္ရတာက သူတို႔ႏွစ္ဦးရဲ႕ စစ္မွန္ၿပီး ႀကီးမားတဲ့ ဆရာတပည့္လို၊ သားအဖလို သံေယာဇဥ္ကို ျပသခဲ့ျခင္းလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.