Analysis International

ပွဲစဉ်(၂)အပြီး စိတ်ပြောင်းသွားတဲ့ ဆူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုက ဘယ်လိုတွေဖြစ်လာဦးမှာလဲ

ယူရို ၂၀၂၀ ပြိုင်ပွဲ မစတင်ခင်မှာတော့ လူငယ်ပါရမီရှင် ကစားသမားတွေ စုံလင်ပြီး အများအပြားပါဝင်လာတဲ့ အင်္ဂလန်အသင်းက မျက်နှာအကြီးဆုံးဖြစ်ပြီး ယူရိုဘုရင်ဖြစ်လာဖို့ ရေပန်းစားခဲ့သလို ၅၅ နှစ်အကြာမှာ မေဂျာပြိုင်ပွဲရဲ့ ပထမဆုံးအကြိမ်ချန်ပီယံဖြစ်လာအောင် နည်းပြဆောက်ဂိတ် စွမ်းဆောင်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းခဲ့တယ်။

၁၉၆၆ ခုနှစ်က ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ဘယ်ပြိုင်ပွဲမှာမှ ဗိုလ်မဖြစ်တော့တဲ့ အ‌င်္ဂေလန်အသင်းက နာမည်ကြီး ထမင်းငတ်ဘဝနဲ့သာ ၅၅ နှစ်ကြာ ကျေနပ်ခဲ့ရတဲ့နောက် ခရိုအေးရှားကို လက်စားချေခဲ့တဲ့ သမိုင်းဝင်ယူရိုအဖွင့်နိုင်ပွဲကြောင့် မျက်နှာပန်းပွင့်ခဲ့ပြီး တာထွက်လှခဲ့ပါတယ်။

စကော့တလန်အသင်းကို သရေကျခဲ့ပေမယ့် အင်္ဂလန်ရဲ့ ယူရိုချန်ပီယံဖြစ်နိုင်ခြေက ၅.၂ ရာခိုင်နှန်းကနေ ၅.၈ ရာနှုန်းအထိ ထပ်တက်လာခဲ့တယ်လို့ Opta ရဲ့အချက်အလက်အရ သိရှိရပြီး ဒါဟာ အုပ်စု F မရဏအုပ်စုဝင်အသင်းတွေရဲ့ ချန်ပီယံဖြစ်နိုင်ခြေကိုတော့ လိုက်မမီနိုင်သေးတာလည်း ဖြစ်ပါတယ်။

အုပ်စု အဖွင့် ၂ ပွဲအပြီး ဆူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ အုပ်စု F က ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ ၃ သင်းကသာ ဗိုလ်စွဲနိုင်ဖို့ ရာခိုင်နှုန်းအများဆုံးနဲ့ အလားအလာအကောင်းဆုံးဖြစ်နေတယ်လို့ သိရပြီး အရင်က ပိုမိုရေပန်းစားထားတဲ့ ဘယ်လ်ဂျီယမ်နဲ့ စပိန်အသင်းတို့ကို ကျော်ဖြတ်သွားခဲ့တာကို တွေ့ရပါတယ်။

ဆူပါကွန်ပျူတာနဲ့ ခန့်မှန်းမှုအရ အင်္ဂလန်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ အဆင့် ၈ မှာသာ ရှိနေပြီး အီတလီနဲ့ နယ်သာလန်အသင်းတို့က အဆင့် ၇ နဲ့ အဆင့် ၆ မှာသာ အသီးသီးရပ်တည်သွားခဲ့ကြပါတယ်။

သူ့အောက်မှာတော့ အဆင့် ၄ နဲ့ ၅ မှာ စပိန်နဲ့ ဘယ်လ်ဂျီယံတို့က လိုက်လာခဲ့ပြီး ရော်နယ်လ်ဒို ဦးဆောင်တဲ့ လက်ရှိချန်ပီယံ ပေါ်တူဂီက ၁၀.၆ ရာခိုင်နှုန်းနဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

သူတို့အထက်မှာတော့ ပြင်သစ်နဲ့ ဂျာမနီအသင်းတို့က ယူရိုချန်ပီယံဖြစ်ဖို့ အခွင့်အရေးအများဆုံးအသင်းတွေအဖြစ် အဆင့် ၁ နဲ့ အဆင့် ၂ နေရာမှာ ၂၃.၃ ရာနှုန်း၊ ၁၂.၂ ရာနှုန်းတွေကို ပိုင်ဆိုင်ပြီး ဦးဆောင်သွားခဲ့ကြောင်း သိရပါတယ်။

ပေါ်တူဂီအသင်းအနေနဲ့ ဂျာမနီကို ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် ၃ မှတ်နဲ့အတူ အုပ်စုအပိတ်ပွဲမှာ ပြင်သစ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ၄ မှတ်ရထားတဲ့ နည်းပြဒေးရွှမ့်ရဲ့အသင်းကို ထပ်မံရှုံးနိမ့်သွားခဲ့ရင်တော့ တဖက်မှာ ဂျာမနီက ဟန်ဂေရီကို အနိုင်ကစားပြီး ၆ မှတ်ပြည့်သွားနိုင်တဲ့ အချိန်မှာ အုပ်စုတွင်းမှာ အပြောင်းအလဲတွေ များလာဦးတော့မှာပါ။

လက်ရှိချန်ပီယံအသင်းအနေနဲ့ အကောင်းဆုံးအုပ်စုတတိယနေရာကိုသာ မျှော်လင့်လာရဖွယ်ရှိပြီး ပြင်သစ်ကို အနိမ့်ဆုံးသရေကစားကာ ရှုံးမယ်ဆိုရင်တောင်မှ ရလဒ်ကျဉ်းမြောင်းဖို့လည်း လိုအပ်နေသေးတာကြောင့် ယူရို ၂၀၂၀ ရဲ့ ထင်မှတ်မထားတဲ့ ရှော့ခ်တခုလည်း ဖြစ်လာဖွယ်ရှိနေကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲ မစတင္ခင္မွာေတာ့ လူငယ္ပါရမီရွင္ ကစားသမားေတြ စုံလင္ၿပီး အမ်ားအျပားပါဝင္လာတဲ့ အဂၤလန္အသင္းက မ်က္ႏွာအႀကီးဆုံးျဖစ္ၿပီး ယူ႐ိုဘုရင္ျဖစ္လာဖို႔ ေရပန္းစားခဲ့သလို ၅၅ ႏွစ္အၾကာမွာ ​ေမဂ်ာၿပိဳင္ပြဲရဲ႕ ပထမဆုံးအႀကိမ္ခ်န္ပီယံျဖစ္လာေအာင္ နည္းျပေဆာက္ဂိတ္ စြမ္းေဆာင္သြားႏိုင္မလားဆိုတာ စိတ္ဝင္စားစရာ ေကာင္းခဲ့တယ္။

၁၉၆၆ ခုႏွစ္က ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ပိုင္း ဘယ္ၿပိဳင္ပြဲမွာမွ ဗိုလ္မျဖစ္ေတာ့တဲ့ အ‌ေဂၤလန္အသင္းက နာမည္ႀကီး ထမင္းငတ္ဘဝနဲ႔သာ ၅၅ ႏွစ္ၾကာ ေက်နပ္ခဲ့ရတဲ့ေနာက္ ခ႐ိုေအးရွားကို လက္စားေခ်ခဲ့တဲ့ သမိုင္းဝင္ယူ႐ိုအဖြင့္ႏိုင္ပြဲေၾကာင့္ မ်က္ႏွာပန္းပြင့္ခဲ့ၿပီး တာထြက္လွခဲ့ပါတယ္။

စေကာ့တလန္အသင္းကို သေရက်ခဲ့ေပမယ့္ အဂၤလန္ရဲ႕ ယူ႐ိုခ်န္ပီယံျဖစ္ႏိုင္ေျခက ၅.၂ ရာခိုင္ႏွန္းကေန ၅.၈ ရာႏႈန္းအထိ ထပ္တက္လာခဲ့တယ္လို႔ Opta ရဲ႕အခ်က္အလက္အရ သိရွိရၿပီး ဒါဟာ အုပ္စု F မရဏအုပ္စုဝင္အသင္းေတြရဲ႕ ခ်န္ပီယံျဖစ္ႏိုင္ေျခကိုေတာ့ လိုက္မမီႏိုင္ေသးတာလည္း ျဖစ္ပါတယ္။

အုပ္စု အဖြင့္ ၂ ပြဲအၿပီး ​​ဆူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္မႈအရ အုပ္စု F က ျပင္သစ္၊ ဂ်ာမနီ၊ ေပၚတူဂီ ၃ သင္းကသာ ဗိုလ္စြဲႏိုင္ဖို႔ ရာခိုင္ႏႈန္းအမ်ားဆုံးနဲ႔ အလားအလာအေကာင္းဆုံးျဖစ္ေနတယ္လို႔ သိရၿပီး အရင္က ပိုမိုေရပန္းစားထားတဲ့ ဘယ္လ္ဂ်ီယမ္နဲ႔ စပိန္အသင္းတို႔ကို ေက်ာ္ျဖတ္သြားခဲ့တာကို ေတြ႕ရပါတယ္။

ဆူပါကြန္ပ်ဴတာနဲ႔ ခန္႔မွန္းမႈအရ အဂၤလန္အသင္းက ခ်န္ပီယံျဖစ္ႏိုင္ေျခ အဆင့္ ၈ မွာသာ ရွိေနၿပီး အီတလီနဲ႔ နယ္သာလန္အသင္းတို႔က အဆင့္ ၇ နဲ႔ အဆင့္ ၆ မွာသာ အသီးသီးရပ္တည္သြားခဲ့ၾကပါတယ္။

သူ႔ေအာက္မွာေတာ့ အဆင့္ ၄ နဲ႔ ၅ မွာ စပိန္နဲ႔ ဘယ္လ္ဂ်ီယံတို႔က လိုက္လာခဲ့ၿပီး ေရာ္နယ္လ္ဒို ဦးေဆာင္တဲ့ လက္ရွိခ်န္ပီယံ ေပၚတူဂီက ၁၀.၆ ရာခိုင္ႏႈန္းနဲ႔ အဆင့္ ၃ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

သူတို႔အထက္မွာေတာ့ ျပင္သစ္နဲ႔ ဂ်ာမနီအသင္းတို႔က ယူ႐ိုခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးအမ်ားဆုံးအသင္းေတြအျဖစ္ အဆင့္ ၁ နဲ႔ အဆင့္ ၂ ေနရာမွာ ၂၃.၃ ရာႏႈန္း၊ ၁၂.၂ ရာႏႈန္းေတြကို ပိုင္ဆိုင္ၿပီး ဦးေဆာင္သြားခဲ့ေၾကာင္း သိရပါတယ္။

ေပၚတူဂီအသင္းအေနနဲ႔ ဂ်ာမနီကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ရမွတ္ ၃ မွတ္နဲ႔အတူ အုပ္စုအပိတ္ပြဲမွာ ျပင္သစ္ကို ရင္ဆိုင္ရမွာျဖစ္ၿပီး ၄ မွတ္ရထားတဲ့ နည္းျပေဒး႐ႊမ့္ရဲ႕အသင္းကို ထပ္မံရႈံးနိမ့္သြားခဲ့ရင္ေတာ့ တဖက္မွာ ဂ်ာမနီက ဟန္ေဂရီကို အႏိုင္ကစားၿပီး ၆ မွတ္ျပည့္သြားႏိုင္တဲ့ အခ်ိန္မွာ အုပ္စုတြင္းမွာ အေျပာင္းအလဲေတြ မ်ားလာဦးေတာ့မွာပါ။

လက္ရွိခ်န္ပီယံအသင္းအေနနဲ႔ အေကာင္းဆုံးအုပ္စုတတိယေနရာကိုသာ ေမွ်ာ္လင့္လာရဖြယ္ရွိ​ၿပီး ျပင္သစ္ကို အနိမ့္ဆုံးသေရကစားကာ ရႈံးမယ္ဆိုရင္ေတာင္မွ ရလဒ္က်ဥ္းေျမာင္းဖို႔လည္း လိုအပ္ေနေသးတာေၾကာင့္ ယူ႐ို ၂၀၂၀ ရဲ႕ ထင္မွတ္မထားတဲ့ ေရွာ့ခ္တခုလည္း ျဖစ္လာဖြယ္ရွိေနေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.