Premier League

မက်ဆီနဲ့ ရော်နယ်လ်ဒိုကို နူးကမ့်မှာ တွဲကစားစေဖို့ အကြံကြီးကြီးကြံနေတဲ့ ဘာစီလိုနာဥက္ကဌ

ဘာစီလိုနာအသင်းဥက္ကဌ လာပေါ့တာဟာ ဘောလုံးသမိုင်းရဲ့ အကြီးမားဆုံး အော်ပရေးရှင်းတခုကို လက်တွေ့အကောင်အထည်ဖော်သွားဖွယ် ရှိနေပြီး စပိန်ကလာတဲ့ သတင်းတွေအရ နူးကမ့်မှာ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ကမ္ဘာ့ပြိုင်ဘက်နှစ်ဦးကို တွဲကစားသွားစေဖို့ စီမံနေပါတယ်။

ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းတနှစ်သာ ကျန်ရှိပြီး အခုနွေရာသီမှာ တူရင်ကို စွန့်ခွာတော့မယ့် ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ PSG အသင်းတွေထဲက တသင်းကို အနာဂတ်အတွက် ရွေးချယ်ဖို့ စီစဥ်နေချိန်မှာ လာပေါ့တာရဲ့ ခပ်ရဲရဲစိတ်ကူးကို လက်ခံသွားဖို့ ရှိနေမလား စောင့်ကြည့်ရတော့မှာပါ။

အယ်လ်ကလက်စီကို ဒါဘီပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ GOAT ကြီးနှစ်ဦးကို နူးကမ့်မှာ တွဲကစားတာကို မြင်တွေ့လိုတာက အကြွေး ပေါင် ၁.၁ ဘီလျံရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့ စီးပွားရေးစိတ်ကူးလည်းဖြစ်လာပြီး အသင်းရဲ့ဝင်ငွေကို ၂ ဆ တက်လာဖို့ ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။

လာပေါ့တာအတွက်တော့ မက်ဆီနဲ့ ရော်နယ်လ်ဒို တသင်းတည်းမှာ တွဲကစားတာလောက် စွဲမက်စရာကောင်းတဲ့ ဘောလုံးရသမျိုး ထပ်မရှိနိုင်တော့ဘူးလို့ ခံယူထားတာဖြစ်ပြီး သူ့အနေနဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီးကို အရခေါ်ယူဖို့ အွန်ထွာ ဂရိဇ်မန်း၊ ဆာဂျီယို ရော်ဘတ်တိုနဲ့ ဖီလစ်ပီ ကော်တင်ညိုတို့ ၃ ဦးထဲ​က ၂ ဦးကို ဂျူဗင်တပ်စ်ဆီ အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ စီစဥ်နေတာပါ။

ဘောလုံးသမိုင်းရဲ့ အကြီးမားဆုံး အော်ပရေးရှင်းကို ဆောင်ရွက်လိုနေတဲ့ ဘာစီလိုနာအသင်းဟာ ပရိသတ်တွေအမြင်မှာ နေဝင်ဘုရင်တွေအဖြစ် သတ်မှတ်ခံထားရပေမယ့် ဘောလုံးလောကကို ကြီးစိုးပြီး ဘုန်းတန်ခိုးထွားနေဆဲ အသက် ၃၆ နှစ်သားနဲ့ အသက် ၃၃ နှစ်သားတို့ကို ပေါင်းစည်းစေပြီး ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးကလပ်အသင်းအဖြစ် တည်ဆောက်သွားလိုနေခြင်းပါ။

ဒီအပြောင်းအရွှေ့အတွက် ကတ်တလန်အသင်းအနေနဲ့ လာမယ့် ဇွန် ၃၀ မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီကို စာချုပ်သစ်နဲ့အတူ စည်းရုံးနိုင်ပြီးဖြစ်တယ်လို့ သိရသလို အာဂျင်တီးနား တိုက်စစ်မှူးကြီးဟာ အသင်းမှာ ဆက်နေသွားမယ်လို့ ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ ယုံကြည်ခံထားရချိန်မှာ ဘာစီလိုနာထက် လစာ ၃ ဆ ပိုပေးမယ်ဆိုတဲ့ ဥရောပအသင်းကြီးတွေကို ပယ်ချခဲ့ပြီးကြောင်း သိရပါတယ်။

လာပေါ့တာအတွက်တော့ ရော်နယ်လ်ဒိုကို ကမ်းလှမ်းမှုအတွက်တော့ စကားပြောဆိုမှုအဆင့်ဆင့်ကို ကျော်ဖြတ်ရဖွယ် ရှိနေချိန်မှာ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ကို စည်းရုံးနိုင်မယ်လို့ အပိုင်တွက်ထားပြီးဖြစ်သလို ရော်နယ်လ်ဒိုတောင်းတဲ့ လစာကို ပက်ခနဲပေးပြီး ဘလွန်ဒေါ ၆ ဆုရှင်နဲ့ ဘလွန်ဒေါ ၅ ဆုရှင်တို့ကို အမြန်ဆုံးပေါင်းစည်းစေနိုင်ဖွယ် ရှိနေပါတယ်။

ဘောလုံးသမိုင်းရဲ့ အိပ်မက်အပြောင်းအရွှေ့ကြီးအဖြစ် သတ်မှတ်ခံထားရတဲ့ ရော်နယ်လ်ဒို နူးကမ့်ကို ရောက်လာမယ်ဆိုတဲ့ သတင်းဟာ ဘာနေဗျူးပရိသတ်တွေအတွက်တော့ မျက်စိစပ်စရာ ဖြစ်လာခဲ့ပြီး ဘောလုံးဝါသနာအိုးတွေအတွက် သူတို့နှစ်ဦးစလုံး အနားမယူခင်မှာ အကောင်းဆုံးရွှေအိုရောင်နှစ်ကာလတွေကို ခံစားခွင့်အတွက် အားပါးတရရှိနေကြတာပါ။

လာပေါ့တာအတွက်တော့ ထူးခြားတဲ့အမြင်နဲ့ အခု အပြောင်းအရွှေ့ကိစ္စရပ်ကို လက်တွေ့ကျကျ လက်သွက်သွက်နဲ့ လုပ်ဆောင်နေသလို မျှော်လင့်မထားတာတွေ ဖြစ်လာလေ့ရှိတဲ့ ဘောလုံးလောကရဲ့ ထုံးစံအတိုင်း ထာဝရအကြီးကျယ်ဆုံး အပြောင်းအရွှေ့ကြီးတခုဟာ များမကြာခင်မှာပဲ အမှန်တကယ် ပေါ်ပေါက်လာတော့မလား ဆိုတာကတော့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘာစီလိုနာအသင္းဥကၠဌ လာေပါ့တာဟာ ေဘာလုံးသမိုင္းရဲ႕ အႀကီးမားဆုံး ေအာ္ပေရးရွင္းတခုကို လက္ေတြ႕အေကာင္အထည္ေဖာ္သြားဖြယ္ ရွိေနၿပီး စပိန္ကလာတဲ့ သတင္းေတြအရ ႏူးကမ့္မွာ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ ကမာၻ႔ၿပိဳင္ဘက္ႏွစ္ဦးကို တြဲကစားသြားေစဖို႔ စီမံေနပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတႏွစ္သာ က်န္ရွိၿပီး အခုေႏြရာသီမွာ တူရင္ကို စြန္႔ခြာေတာ့မယ့္ ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာ ယူႏိုက္တက္၊ ရီးရဲလ္မက္ဒရစ္နဲ႔ PSG အသင္းေတြထဲက တသင္းကို အနာဂတ္အတြက္ ေ႐ြးခ်ယ္ဖို႔ စီစဥ္ေနခ်ိန္မွာ လာေပါ့တာရဲ႕ ခပ္ရဲရဲစိတ္ကူးကို လက္ခံသြားဖို႔ ရွိေနမလား ေစာင့္ၾကည့္ရေတာ့မွာပါ။

အယ္လ္ကလက္စီကို ဒါဘီၿပိဳင္ဘက္ေတြျဖစ္ခဲ့တဲ့ GOAT ႀကီးႏွစ္ဦးကို ႏူးကမ့္မွာ တြဲကစားတာကို ျမင္ေတြ႕လိုတာက အေႂကြး ေပါင္ ၁.၁ ဘီလ်ံရွိေနတဲ့ ဘာစီလိုနာအသင္းရဲ႕ စီးပြားေရးစိတ္ကူးလည္းျဖစ္လာၿပီး အသင္းရဲ႕ဝင္ေငြကို ၂ ဆ တက္လာဖို႔ ရည္မွန္းထားတာလည္း ျဖစ္ပါတယ္။

လာေပါ့တာအတြက္ေတာ့ မက္ဆီနဲ႔ ေရာ္နယ္လ္ဒို တသင္းတည္းမွာ တြဲကစားတာေလာက္ စြဲမက္စရာေကာင္းတဲ့ ေဘာလုံးရသမ်ိဳး ထပ္မရွိႏိုင္ေတာ့ဘူးလို႔ ခံယူထားတာျဖစ္ၿပီး သူ႔အေနနဲ႔ ေပၚတူဂီတိုက္စစ္မႉးႀကီးကို အရေခၚယူဖို႔ အြန္ထြာ ဂရိဇ္မန္း၊ ဆာဂ်ီယို ေရာ္ဘတ္တိုနဲ႔ ဖီလစ္ပီ ေကာ္တင္ညိဳတို႔ ၃ ဦးထဲ​က ၂ ဦးကို ဂ်ဴဗင္တပ္စ္ဆီ အလိုက္ေပးၿပီး ကမ္းလွမ္းသြားဖို႔ စီစဥ္ေနတာပါ။

ေဘာလုံးသမိုင္းရဲ႕ အႀကီးမားဆုံး ေအာ္ပေရးရွင္းကို ေဆာင္႐ြက္လိုေနတဲ့ ဘာစီလိုနာအသင္းဟာ ပရိသတ္ေတြအျမင္မွာ ေနဝင္ဘုရင္ေတြအျဖစ္ သတ္မွတ္ခံထားရေပမယ့္ ေဘာလုံးေလာကကို ႀကီးစိုးၿပီး ဘုန္းတန္ခိုးထြားေနဆဲ အသက္ ၃၆ ႏွစ္သားနဲ႔ အသက္ ၃၃ ႏွစ္သားတို႔ကို ေပါင္းစည္းေစၿပီး ကမာၻ႔ဆြဲေဆာင္မႈအရွိဆုံးကလပ္အသင္းအျဖစ္ တည္ေဆာက္သြားလိုေနျခင္းပါ။

ဒီအေျပာင္းအေ႐ႊ႕အတြက္ ကတ္တလန္အသင္းအေနနဲ႔ လာမယ့္ ဇြန္ ၃၀ မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ မက္ဆီကို စာခ်ဳပ္သစ္နဲ႔အတူ စည္း႐ုံးႏိုင္ၿပီးျဖစ္တယ္လို႔ သိရသလို အာဂ်င္တီးနား တိုက္စစ္မႉးႀကီးဟာ အသင္းမွာ ဆက္ေနသြားမယ္လို႔ ပိုင္းျဖတ္ထားၿပီးျဖစ္တယ္လို႔ ယုံၾကည္ခံထားရခ်ိန္မွာ ဘာစီလိုနာထက္ လစာ ၃ ဆ ပိုေပးမယ္ဆိုတဲ့ ဥေရာပအသင္းႀကီးေတြကို ပယ္ခ်ခဲ့ၿပီးေၾကာင္း သိရပါတယ္။

လာေပါ့တာအတြက္ေတာ့ ေရာ္နယ္လ္ဒိုကို ကမ္းလွမ္းမႈအတြက္ေတာ့ စကားေျပာဆိုမႈအဆင့္ဆင့္ကို ေက်ာ္ျဖတ္ရဖြယ္ ရွိေနခ်ိန္မွာ သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္ဒက္စ္ကို စည္း႐ုံးႏိုင္မယ္လို႔ အပိုင္တြက္ထားၿပီးျဖစ္သလို ေရာ္နယ္လ္ဒိုေတာင္းတဲ့ လစာကို ပက္ခနဲေပးၿပီး ဘလြန္ေဒါ ၆ ဆုရွင္နဲ႔ ဘလြန္ေဒါ ၅ ဆုရွင္တို႔ကို အျမန္ဆုံးေပါင္းစည္းေစႏိုင္ဖြယ္ ရွိေနပါတယ္။

ေဘာလုံးသမိုင္းရဲ႕ အိပ္မက္အေျပာင္းအေ႐ႊ႕ႀကီးအျဖစ္ သတ္မွတ္ခံထားရတဲ့ ေရာ္နယ္လ္ဒို ႏူးကမ့္ကို ေရာက္လာမယ္ဆိုတဲ့ သတင္းဟာ ဘာေနဗ်ဴးပရိသတ္ေတြအတြက္ေတာ့ မ်က္စိစပ္စရာ ျဖစ္လာခဲ့ၿပီး ေဘာလုံးဝါသနာအိုးေတြအတြက္ သူတို႔ႏွစ္ဦးစလုံး အနားမယူခင္မွာ အေကာင္းဆုံးေ႐ႊအိုေရာင္ႏွစ္ကာလာေတြကို ခံစားခြင့္အတြက္ အားပါးတရရွိေနၾကတာပါ။

လာေပါ့တာအတြက္ေတာ့ ထူးျခားတဲ့အျမင္နဲ႔ အခု အေျပာင္းအေ႐ႊ႕ကိစၥရပ္ကို လက္ေတြ႕က်က် လက္သြက္သြက္နဲ႔ လုပ္ေဆာင္ေနသလို ေမွ်ာ္လင့္မထားတာေတြ ျဖစ္လာေလ့ရွိတဲ့ ေဘာလုံးေလာကရဲ႕ ထုံးစံအတိုင္း ထာဝရအႀကီးက်ယ္ဆုံး အေျပာင္းအေ႐ႊ႕ႀကီးတခုဟာ မ်ားမၾကာခင္မွာပဲ အမွန္တကယ္ ေပၚေပါက္လာေတာ့မလား ဆိုတာကေတာ့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.