La Liga Premier League

အြန္နရီကို အဝတ္လဲခန္းထဲ ပထမဆုံးျမင္လုိက္ရခ်ိန္မွာ ပရိသတ္တစ္ဦးလို စိတ္လွဳပ္ရွားခဲ့ရတဲ့ မက္ဆီ

ဘာစီလိုနာတုိက္စစ္မွဴး လီယြန္နယ္မက္ဆီဟာ ၂၀၀၇ ခုႏွစ္မွာ သူတုိ႔အသင္းကို အာဆင္နယ္ဂႏၴဝင္ သီယာရီ အြန္နရီ ေျပာင္းေ႐ႊ႕လာခဲ့စဥ္မွာေတာ့ အထင္ႀကီးအားက်သူတစ္ဦးကို ေတြ႕လုိက္ရတဲ့ အခိုက္အတန္႔မွာ ပရိသတ္တစ္ဦးလို စိတ္လႈပ္ရွားခဲ့ရတယ္လို႔ ျပန္ေျပာင္းေျပာၾကားလုိက္ပါတယ္။

အြန္နရီဟာ အာဆင္နယ္အသင္းအတြက္ ၈ ရာသီၾကာ ကစားခဲ့အၿပီးမွာေတာ့ နံပါတ္ ၁၄ အက်ႌနဲ႔ ဂႏၴဝင္ကစားသမားတစ္ဦးရဲ႕ပုံရိပ္ကို သြင္းဂိုး ၂၂၇ ဂိုးနဲ႔အတူ တည္ေဆာက္ႏိုင္ခဲ့ၿပီး ဘာစီလိုနာဆီ ေရာက္လာခဲ့ခ်ိန္မွာ မက္ဆီဟာ အသက္ ၂၀ အ႐ြယ္ လူငယ္တစ္ဦးအျဖစ္သာရွိေသးၿပီး ႏူးကမ့္မွာ ပထမဆုံးအႀကိမ္ ေတြ႕ခဲ့ရစဥ္က အလြန္စိတ္လႈပ္ရွားခဲ့ေၾကာင္း ဆိုလာခဲ့တာပါ။

“သူ ပထမဆုံးအႀကိမ္ အဝတ္လဲခန္းထဲ ဝင္လာတဲ့ေန႔မွာ ကြၽန္ေတာ္ သူ႔မ်က္ႏွာကို ေမာ့ၾကည့္ဖို႔ေတာင္ မဝံ့ခဲ့ရပါဘူး”လို႔ မက္ဆီက ျပင္သစ္အားကစားသတင္းဌာန ေလကီးပ္နဲ႔ အင္တာဗ်ဴးမွာ ႐ိုး႐ိုးသားသားပဲ ဖြင့္ဟခဲ့ၿပီး “အဂၤလန္မွာ သူ ဘယ္ေလာက္အထိ ေအာင္ျမင္ခဲ့တယ္ဆိုတာ ကြၽန္ေတာ္ သိထားတယ္သလို အဲဒီအခ်ိန္မွာ သူနဲ႔ ကြၽန္ေတာ္ဟာ တစ္သင္းတည္းျဖစ္သြားၿပီဆိုတာ သိရေတာ့ တကယ္ကို ဝမ္းသာမိရပါတယ္။ တီတီဟာ ကြၽန္ေတာ့္အတြက္ အလြန္ေလးစားရတဲ့ ပုဂၢိဳလ္ပါ”လို႔လည္း ဆိုပါတယ္။

“ကြၽန္ေတာ္ သူ႔ကို အရမ္းသေဘာက်တာဗ်။ ဂိုးတစ္ဂိုးရဖို႔ သူဘယ္လို ႀကိဳးစားသလဲဆိုတာေတြ၊ ဂိုးပိုက္ထဲ ေဘာလုံးေရာက္သြားေအာင္ ဘယ္လိုအဆုံးသတ္လိုက္သလဲဆိုတာေတြက တကယ္ပဲ ခ်ီးက်ဴးစရာေတြျဖစ္ၿပီး ဒါေတြက သူ႔ရဲ႕ ေမြးရာပါ အရည္အေသြးတစ္ခုလိုပါပဲ။ သူ႔ရဲ႕ အလိမ္အေခါက္ကစားဟန္ေတြကလည္း တကယ္ပဲ ေခ်ာေမြ႕လြန္းၿပီး ခ်ိန္သားကိုက္လြန္းပါတယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အြန္နရီနဲ႔ မက္ဆီတို႔ဟာ ဘာစီလိုနာအသင္းမွာ အတူတြဲဖက္ကစားခဲ့ၾကစဥ္မွာ လာလီဂါဖလားႏွစ္ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလားတစ္ႀကိမ္ ရရွိခဲ့ၿပီး ျပင္သစ္သားအေနနဲ႔ သူဟာ အာဂ်င္တီးနားဂႏၴဝင္ ဒီေယဂို မာရာဒိုနာ ကစားပုံကို ၾကည့္ဖူးသလို မက္ဆီနဲ႔လည္း တြဲဖက္ကစားခဲ့ဖူးတာေၾကာင့္ ေဘာလုံး ေလာကမွာ ကံေကာင္းသူလုိ႔ ဆုိရမွာျဖစ္ေၾကာင္းလည္း ျပန္လွန္ခ်ီးက်ဴးထားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: L’EQUIPE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ၂၀၀၇ ခုနှစ်မှာ သူတို့အသင်းကို အာဆင်နယ်ဂန္ထဝင် သီယာရီ အွန်နရီ ပြောင်းရွှေ့လာခဲ့စဉ်မှာတော့ အထင်ကြီးအားကျသူတစ်ဦးကို တွေ့လိုက်ရတဲ့ အခိုက်အတန့်မှာ ပရိသတ်တစ်ဦးလို စိတ်လှုပ်ရှားခဲ့ရတယ်လို့ ပြန်ပြောင်းပြောကြားလိုက်ပါတယ်။

အွန်နရီဟာ အာဆင်နယ်အသင်းအတွက် ၈ ရာသီကြာ ကစားခဲ့အပြီးမှာတော့ နံပါတ် ၁၄ အင်္ကျီနဲ့ ဂန္ထဝင်ကစားသမားတစ်ဦးရဲ့ပုံရိပ်ကို သွင်းဂိုး ၂၂၇ ဂိုးနဲ့အတူ တည်ဆောက်နိုင်ခဲ့ပြီး ဘာစီလိုနာဆီ ရောက်လာခဲ့ချိန်မှာ မက်ဆီဟာ အသက် ၂၀ အရွယ် လူငယ်တစ်ဦးအဖြစ်သာရှိသေးပြီး နူးကမ့်မှာ ပထမဆုံးအကြိမ် တွေ့ခဲ့ရစဉ်က အလွန်စိတ်လှုပ်ရှားခဲ့ကြောင်း ဆိုလာခဲ့တာပါ။

“သူ ပထမဆုံးအကြိမ် အဝတ်လဲခန်းထဲ ဝင်လာတဲ့နေ့မှာ ကျွန်တော် သူ့မျက်နှာကို မော့ကြည့်ဖို့တောင် မဝံ့ခဲ့ရပါဘူး”လို့ မက်ဆီက ပြင်သစ်အားကစားသတင်းဌာန လေကီးပ်နဲ့ အင်တာဗျူးမှာ ရိုးရိုးသားသားပဲ ဖွင့်ဟခဲ့ပြီး “အင်္ဂလန်မှာ သူ ဘယ်လောက်အထိ အောင်မြင်ခဲ့တယ်ဆိုတာ ကျွန်တော် သိထားတယ်သလို အဲဒီအချိန်မှာ သူနဲ့ ကျွန်တော်ဟာ တစ်သင်းတည်းဖြစ်သွားပြီဆိုတာ သိရတော့ တကယ်ကို ဝမ်းသာမိရပါတယ်။ တီတီဟာ ကျွန်တော့်အတွက် အလွန်လေးစားရတဲ့ ပုဂ္ဂိုလ်ပါ”လို့လည်း ဆိုပါတယ်။

“ကျွန်တော် သူ့ကို အရမ်းသဘောကျတာဗျ။ ဂိုးတစ်ဂိုးရဖို့ သူဘယ်လို ကြိုးစားသလဲဆိုတာတွေ၊ ဂိုးပိုက်ထဲ ဘောလုံးရောက်သွားအောင် ဘယ်လိုအဆုံးသတ်လိုက်သလဲဆိုတာတွေက တကယ်ပဲ ချီးကျူးစရာတွေဖြစ်ပြီး ဒါတွေက သူ့ရဲ့ မွေးရာပါ အရည်အသွေးတစ်ခုလိုပါပဲ။ သူ့ရဲ့ အလိမ်အခေါက်ကစားဟန်တွေကလည်း တကယ်ပဲ ချောမွေ့လွန်းပြီး ချိန်သားကိုက်လွန်းပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

အွန်နရီနဲ့ မက်ဆီတို့ဟာ ဘာစီလိုနာအသင်းမှာ အတူတွဲဖက်ကစားခဲ့ကြစဉ်မှာ လာလီဂါဖလားနှစ်ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ရရှိခဲ့ပြီး ပြင်သစ်သားအနေနဲ့ သူဟာ အာဂျင်တီးနားဂန္ထဝင် ဒီယေဂို မာရာဒိုနာ ကစားပုံကို ကြည့်ဖူးသလို မက်ဆီနဲ့လည်း တွဲဖက်ကစားခဲ့ဖူးတာကြောင့် ဘောလုံး လောကမှာ ကံကောင်းသူလို့ ဆိုရမှာဖြစ်ကြောင်းလည်း ပြန်လှန်ချီးကျူးထားခဲ့တယ်လို့ သိရှိရပါတယ်။

REF: L’EQUIPE
PHOTOS CREDIT TO OWNERS
SPORTS A2Z.