Premier League

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီရဲ့ ပညာစွမ်းပြမှုကို ဒီဘရိုင်းနားနဲ့ လူကာကူးတို့ အံ့အားသင့်ချီးကျူးခဲ့ကြ

ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဘယ်လ်ဂျီယံအသင်းနည်းပြ ရော်ဘတ်တို မာတီနက်ဇ်လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး သီယာရီ အွန်နရီရဲ့ Trademark ဖြစ်တဲ့ ဘောလုံးပညာပြမှုမှာ ဘယ်လ်ဂျီယံတသင်းလုံး အံ့အားသင့်ခဲ့ရတဲ့ Video ဖိုင်က အတော်လေးဟော့သွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ အွန်နရီအနေနဲ့ ပရီးမီးယားလိဂ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ သူ့ရဲ့ ဂန္ထဝင်မြောက် ဖရီးကစ်ကန်ချက်မှာ လက်ရှိကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနားနဲ့ လူကာကူတို့ကပါ လက်ဖျားခါသွားခဲ့ရာမှာ ပြင်သစ်သားကြီးရဲ့ ဘောလုံးပညာကတော့ အမြဲတမ်းနုပျိုလတ်ဆတ်နေဆဲဖြစ်တာကို တွေ့မြင်ခဲ့ရတာပါ။

ပရီးမီးယားလိဂ်သမိုင်းမှာ နံပါတ် ၂ ဖရီးကစ်သွင်းဂိုးအများဆုံးကစားသမားအဖြစ် မော်ကွန်းဝင်ထားသလို အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ထာဝရအကြီးကျယ်ဆုံးကစားသမားအဖြစ် အလန်ရှီးယားရားနဲဲ့အတူ Hall of Fame စာရင်းဝင်ထားတဲ့ အွန်နရီက လက်ရှိမျိုးဆက်သစ်တွေကို လွှမ်းမိုးထားနိုင်ဆဲဖြစ်ပါတယ်။

သူ့အနေနဲ့ ဘောလုံးသမားဘဝကနေ အနားယူခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ချိန်မှာ ဘောလုံးကို ဘယ်လောက်အရူးအမူးလိုက်စားခဲ့လဲဆိုတဲ့ ပါရမီရှင်ဘဝကိုတော့ ဘယ်သူမှ ငြင်းလို့မရခဲ့ဘဲ နည်းပြဘဝအနေနဲ့ ဘောလုံးလောကမှာ ဘောလုံးသမားတွေနဲ့ ဆက်လက်ထိတွေ့​နေဆဲ သူ့ရဲ့ ဖရီးကစ်ကန်သွင်းမှုစွမ်းရည်ကတော့ တစက်မှ လျော့ပါးမသွားခဲ့တာပါ။

အဲဒီ ဖင်လန်အသင်းနဲ့ပွဲကြို လေ့ကျင့်ရေးအစီအစဥ်မှာ ပိုပြီးထူးခြားဖွယ်ရာဖြစ်ခဲ့တာက အွန်နရီအနေနဲ့ သူအားနည်းတဲ့ ဘယ်ခြေထောက်နဲ့ ဖရီးကစ်ကို စတိုင်လ်ကျကျနဲ့ ဂိုးထောင့်ချိုးဘက်ဆီ အတိအကျနဲ့ လှလှပပ ကန်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဂိုးသမားကတော့ လှုပ်ဖို့တောင် မစွမ်းနိုင်တော့တာပါ။

လူကာကူးကတော့ အွန်နရီကို တဟုန်ထိုး ပြေးဖက်ခဲ့ပြီး ” လုပ်စမ်းပါဗျာ၊ ခင်ဗျားလို စံချိန်တင်ဂိုးသွင်းရှင်ကြီးက ဒီလိုပညာခန်းတွေ ပြနေတော့မှာလားဗျာ။ မလိုအပ်တော့ပါဘူး။ ခင်ဗျား အခု ​ကွင်းပြင်ကို ထွက်သွားလိုက်ပါတော့” လို့ ရယ်ရယ်မောမော ပြောဆိုကာ နောက်ပြောင်ကျီစယ်ရင်း ဂုဏ်ပြုသွားခဲ့တာပါ။

ဒါ့အပြင် လေ့ကျင့်ရေးကွင်းထဲမှာ အတူရှိနေတဲ့ ဒီဘရိုင်းနားကလည်း သူကိုယ်တိုင်က ဖရီးကစ်ကန်သွားရာမှာ ကျော်ကြားပေမယ့် အွန်နရီရဲ့ ဖရီးကစ်စွမ်းရည်ကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတဲ့နောက်မှာ ” ကျွန်တော်တို့ သူ့လို ကန်နိုင်ဖို့ လေ့ကျင့်နေတာ နာရီဝက်လောက် ရှိပြီဗျ။ အခုတော့ သူက ဘယ်ခြေနဲ့ တချက်တည်းကန်သွင်းပြပြီး ​ကျွန်တော်တို့ကို စိတ်ဓာတ်ကျအောင် လုပ်သွားတော့တာပဲ” လို့ ချီးကျူးသွားခဲ့ရကြောင်းလည်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ဘယ္လ္ဂ်ီယံအသင္းနည္းျပ ေရာ္ဘတ္တို မာတီနက္ဇ္လက္ေအာက္မွာ လက္ေထာက္နည္းျပအျဖစ္ လုပ္ကိုင္ေနတဲ့ အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးေဟာင္းႀကီး သီယာရီ အြန္နရီရဲ႕ Trademark ျဖစ္တဲ့ ေဘာလုံးပညာျပမႈမွာ ဘယ္လ္ဂ်ီယံတသင္းလုံး အံ့အားသင့္ခဲ့ရတဲ့ Video ဖိုင္က အေတာ္ေလးေဟာ့သြားခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံအသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ အြန္နရီအေနနဲ႔ ပရီးမီးယားလိဂ္မွာ အေအာင္ျမင္ဆုံးျဖစ္ခဲ့တဲ့ သူ႔ရဲ႕ ဂႏၴဝင္ေျမာက္ ဖရီးကစ္ကန္ခ်က္မွာ လက္ရွိကမာၻ႔အဆင့္ကစားသမားေတြျဖစ္တဲ့ ဒီဘ႐ိုင္းနားနဲ႔ လူကာကူတို႔ကပါ လက္ဖ်ားခါသြားခဲ့ရာမွာ ျပင္သစ္သားႀကီးရဲ႕ ေဘာလုံးပညာကေတာ့ အၿမဲတမ္းႏုပ်ိဳလတ္ဆတ္ေနဆဲျဖစ္တာကို ေတြ႕ျမင္ခဲ့ရတာပါ။

ပရီးမီးယားလိဂ္သမိုင္းမွာ နံပါတ္ ၂ ဖရီးကစ္သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ေမာ္ကြန္းဝင္ထားသလို အဂၤလန္ပရီးမီးယားလိဂ္ရဲ႕ ထာဝရအႀကီးက်ယ္ဆုံးကစားသမားအျဖစ္ အလန္ရွီးယားရားနဲဲ့အတူ Hall of Fame စာရင္းဝင္ထားတဲ့ အြန္နရီက လက္ရွိမ်ိဳးဆက္သစ္ေတြကို လႊမ္းမိုးထားႏိုင္ဆဲျဖစ္ပါတယ္။

သူ႔အေနနဲ႔ ေဘာလုံးသမားဘဝကေန အနားယူခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ခ်ိန္မွာ ေဘာလုံးကို ဘယ္ေလာက္အ႐ူးအမူးလိုက္စားခဲ့လဲဆိုတဲ့ ပါရမီရွင္ဘဝကိုေတာ့ ဘယ္သူမွ ျငင္းလို႔မရခဲ့ဘဲ နည္းျပဘဝအေနနဲ႔ ေဘာလုံးေလာကမွာ ေဘာလုံးသမားေတြနဲ႔ ဆက္လက္ထိေတြ႕​ေနဆဲ သူ႔ရဲ႕ ဖရီးကစ္ကန္သြင္းမႈစြမ္းရည္ကေတာ့ တစက္မွ ေလ်ာ့ပါးမသြားခဲ့တာပါ။

အဲဒီ ဖင္လန္အသင္းနဲ႔ပြဲႀကိဳ ေလ့က်င့္ေရးအစီအစဥ္မွာ ပိုၿပီးထူးျခားဖြယ္ရာျဖစ္ခဲ့တာက အြန္နရီအေနနဲ႔ သူအားနည္းတဲ့ ဘယ္ေျခေထာက္နဲ႔ ဖရီးကစ္ကို စတိုင္လ္က်က်နဲ႔ ဂိုးေထာင့္ခ်ိဳးဘက္ဆီ အတိအက်နဲ႔ လွလွပပ ကန္သြင္းယူႏိုင္ခဲ့ျခင္းျဖစ္ၿပီး ဂိုးသမားကေတာ့ လႈပ္ဖို႔ေတာင္ မစြမ္းႏိုင္ေတာ့တာပါ။

လူကာကူးကေတာ့ အြန္နရီကို တဟုန္ထိုး ေျပးဖက္ခဲ့ၿပီး ” လုပ္စမ္းပါဗ်ာ၊ ခင္ဗ်ားလို စံခ်ိန္တင္ဂိုးသြင္းရွင္ႀကီးက ဒီလိုပညာခန္းေတြ ျပေနေတာ့မွာလားဗ်ာ။ မလိုအပ္ေတာ့ပါဘူး။ ခင္ဗ်ား အခု ​ကြင္းျပင္ကို ထြက္သြားလိုက္ပါေတာ့” လို႔ ရယ္ရယ္ေမာေမာ ေျပာဆိုကာ ေနာက္ေျပာင္က်ီစယ္ရင္း ဂုဏ္ျပဳသြားခဲ့တာပါ။

ဒါ့အျပင္ ေလ့က်င့္ေရးကြင္းထဲမွာ အတူရွိေနတဲ့ ဒီဘ႐ိုင္းနားကလည္း သူကိုယ္တိုင္က ဖရီးကစ္ကန္သြားရာမွာ ေက်ာ္ၾကားေပမယ့္ အြန္နရီရဲ႕ ဖရီးကစ္စြမ္းရည္ကို မ်က္ဝါးထင္ထင္ ႀကဳံေတြ႕ခဲ့ရတဲ့ေနာက္မွာ ” ကြၽန္ေတာ္တို႔ သူ႔လို ကန္ႏိုင္ဖို႔ ေလ့က်င့္ေနတာ နာရီဝက္ေလာက္ ရွိၿပီဗ်။ အခုေတာ့ သူက ဘယ္ေျခနဲ႔ တခ်က္တည္းကန္သြင္းျပၿပီး ​ကြၽန္ေတာ္တို႔ကို စိတ္ဓာတ္က်ေအာင္ လုပ္သြားေတာ့တာပဲ” လို႔ ခ်ီးက်ဴးသြားခဲ့ရေၾကာင္းလည္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.