Premier League

21 Jun ညနေခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ဗဟိုခံစစ်မှုးတဦး ရှာဖွေနေတဲ့ ချယ်လ်ဆီးနည်းပြ တူဟယ်လ်ဟာ လက်စတာအသင်းရဲ့ တူရီသား ကာ့ဂ်လာ ဆိုယွန်ကုကို မျက်စိကျနေတယ်လို့ သိရပြီး အေစီမီလန်ကို ထွက်ခွာသွားတဲ့ ဖီယာကို တိုမိုရီနေရာမှာ အသက် ၂၄ နှစ်သားနဲ့ အစားထိုးသွားဖွယ်ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြိုင်ခြေလှမ်းနေ။

အင်တာမီလန်ကစားသမား ဟာကီမီးကို စျေးဆစ်ပြီး အရယူနိုင်မယ့် အဖြေဟာ မားကို့စ် အလွန်ဆိုဖြစ်နေကြောင်း သိရပြီး စပိန်သားကို အလိုက်ပေးဖို့ နှစ်ဖက်အသင်းရဲ့ သဘောတူညီမှုရခဲ့ချိန်မှာ ချယ်လ်ဆီးရဲ့ အထွက်စာရင်းမှာ အပယ်ခံကစားသမား ဇာပါကော်စတာလည်း တန်းစီနေပြီး ဖီအိုရင်တီးနားအသင်းက ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ခေါ်ယူသွားဖွယ်ရှိနေ။

စျေးမြောက်နေတဲ့ ဟာကီမီးကို ခေါ်ယူဖို့ အလုပ်မဖြစ်ခဲ့ရင် ချယ်လ်ဆီးနည်းပြတူဟယ်လ်အနေနဲ့ ဝုဗ်တောင်ပံကစားသမား အဒမာ ထရာအိုရေးကို ရွေးချယ်စရာတခုအဖြစ် စဥ်းစား​နေပြီး ကစားသမားကို ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ခဲ့ပြီး ဖြစ်သလို သူ့ရဲ့ ပေါက်ကွဲအားနဲ့ လျင်မြန်မှုက ဟာကီမီးမှာ မရှိတဲ့ ဆွဲ​ဆောင်မှုတခုဖြစ်နေပြီး ပေါင်သန်း ၃၀ အသုံးပြုသွားဖွယ်ရှိနေ။

လီဗာပူးလ်နဲ့ နီးစပ်ပြီးမှ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတယ်လို့ သတင်းထွက်နေတဲ့ ဆွီဒင်ကြယ်ပွင့်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ကို ချယ်လ်ဆီးနဲ့ အာဆင်နယ် ၂ သင်းက အပြိုင်လိုက်နေတယ်လို့ သိရချိန်မှာ ဆွီဒင်သားကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ်က အီဆက်ဟာ တကယ်စွမ်းတဲ့တိုက်စ်မှုးလို့ ဂုဏ်ယူသွားခဲ့ပြီး ရီးရဲလ်ဆိုစီဒက်ကို စာချုပ်လျော်ကြေး ပေါင်သန်း ၆၀ ပက်ခနဲ ပေးနိုင်တဲ့ ချယ်လ်ဆီးက အာဆင်နယ်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိ။

ချယ်လ်ဆီးကွင်းလယ်လူ ဘီလီ ဂီးလ်မိုးကို အသက်အရွယ်နဲ့ မလိုက်တဲ့ ကမ္ဘာ့အဆင့်ကွင်းလယ်လူလို့ ချီးကျုးခဲ့တဲ့ ရွိုင်ကိန်းရဲ့ အဆိုကို ပြိုင်ဘက်အာဆင်နယ်ကစားသမားကြီး ပက်ထရစ် ဗီရာယာကပါ ထောက်ခံသွားခဲ့ပြီး စကော့တလန်ကြယ်ပွင့်လေးရဲ့ အနာဂတ်ကောင်းကို ထင်ထင်ရှားရှား မြင်တွေ့နေရပြီလို့ ကြိုဆိုသွားခဲ့ချိန်မှာ ချယ်လ်ဆီးပရိသတ်တွေ များစွာပီတိဖြစ်ခဲ့ရပြီး ဒက်ကလန် ရိုက်စ်ကို ဝဲလိုက်တော့လို့ ကြွေးကြော်သွား။

ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၃၅ သန်းနဲ့ စျေးကွက်တင်လိုက်တဲ့ တိုက်စစ်မှူး လူကာ ဂျိုဗစ်ကို ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ အပြိုင်စိတ်ဝင်စားနေကြေကြောင်း သိရပြီး စပိန်ကလာတဲ့သတင်းတွေအရ ဆာဘီးယားသားရဲ့ အနာဂတ်ကို စိတ်အားထက်သန်စွာ အလိုရှိနေတဲ့ တူဟယ်လ်ကို တီမို ဗာနာနဲ့ အလဲအထပ်လုပ်မလားလို့ ကမ်းလှမ်းခံထားရ။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ်က ချယ်လ်ဆီးအသင်းနဲ့ လိုက်ဖက်တဲ့ တိုက်စစ်မှူးဆိုရင် နိုင်ငံတကာအဆင့်မှာ သက်သေမပြရသေးတဲ့ အာလင်း ဟာလန်းထက် ဘယ်လ်ဂျီယမ်နဲ့အတူ ယူရိုမှာ ကြီးစိုးနေတဲ့ ရိုမီရို လူကာကူးကိုသာ နှစ်သက်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့​ပြီး ပရီးမီးယားလိဂ်မှာ လူကာကူးက အတွေ့အကြံပိုရင့်ကျက်တယ်လို့ အကြံပြုသွားခဲ့။

ဖာဘရီဇီယို ရိုမာနိုရဲ့ နောက်ဆုံးအတည်ပြုသတင်းအရ ဟာကီမီးအတွက် ငွေသားသီးသန့် ယူရိုသန်း ၈၀ အလိုရှိတဲ့ အင်တာမီလန်အသင်းကို ကစားသမား ၃ ဦးအလိုက်ပေးခဲ့တဲ့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကြောင့် ပျယ်ပြယ်ဖို့ ရှိနေချိန်မှာ အပြောင်းအရွှေ့ဂုရုကြီး မာရီနာအနေနဲ့ စျေးပိုသင့်သလို အီတလီမှာ ယူရိုကြယ်ပွင့်အဖြစ် တောက်ပလာတဲ့ ညာနောက်ခံလူ ဂျီယိုဗန်နီ ဒီလိုရန်ဇိုကို ပစ်မှတ်ထားလာခဲ့။

ချယ်လ်ဆီးအသင်းအနေနဲ့ ​ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို ခံစားခွင့်ပေးသွားဖို့ စာချုပ်သစ်နဲ့အတူ ကမ်းလှမ်းတော့မယ်လို့ သိရှိရပြီး လက်ရှိ ပေါင် ၁၄၅၀၀၀ လစာကို ပေါင် ၂ သိန်းထိ တိုးပေးသွားမှာဖြစ်သလို ၂ နှစ်သက်တမ်းကျန်ရှိတဲ့ စာချုပ်ကို ထပ်မံသက်တမ်းတိုးမှာဖြစ်ကာ ကစားသမားနဲ့ ကလပ်အသင်း အပြန်အလှန်ယုံကြည်မှုရှိနေလို့ အေးအေးဆေးဆေးသာ လုပ်ဆောင်သွားမယ်လို့ သိရ။

ရီးရဲလ်တိုက်စစ်မှုး အီဒင် ဟာဇက်က မိမိအနေနဲ့ ချယ်လ်ဆီးမှာ ကစားခဲ့တဲ့ ခြေစွမ်းမျိုး ပြန်မရနိုင်တော့ဘူးလို့ ဝန်ခံသွားခဲ့ပြီး အကြောင်းရင်းကတော့ ခြေကျင်းဝတ် ၃ ကြိမ်အထိ ကျိုးခဲ့တဲ့ ဒဏ်ရာထိုးနှက်မှုကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်က ဟာဇက်ကို ပြန်မြင်ရတော့မှာမဟုတ်ကြောင်း ဝမ်းနည်းဖွယ်ရာ ထုတ်ဖော်သွားခဲ့။

အင်္ဂလန်အသင်းမှာ အတူပူးပေါင်းနေတဲ့ အာဆင်နယ်ကစားသမား ဘူကာယို ဆာကာက လေ့ကျင့်ရေးအစီအစဥ်မှာ ချယ်လ်ဆီးဘယ်နောက်ခံလူ ဘန်ချေးလ်ဝဲရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ အီစလံဝေခဲ့ရကြောင်း အင်စတေဂရမ်မှာ ရေးတင်ခဲ့တဲ့နောက် ချေးလ်ဝဲက ဆာကာရဲ့ အော်သံဟာ အကျယ်လောင်ဆုံးဖြစ်လို့ ကျေနပ်မိတယ်လို့ အပြန်အလှန် နောက်ပြောင်သွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အင်တာမီလန်ကစားသမား ဟာကီမီးကို ဈေးဆစ်ပြီး အရယူနိုင်မယ့် အဖြေဟာ မားကို့စ် အလွန်ဆိုဖြစ်နေကြောင်း သိရပြီး စပိန်သားကို အလိုက်ပေးဖို့ နှစ်ဖက်အသင်းရဲ့ သဘောတူညီမှုရခဲ့ချိန်မှာ ချယ်လ်ဆီးရဲ့ အထွက်စာရင်းမှာ အပယ်ခံကစားသမား ဇာပါကော်စတာလည်း တန်းစီနေပြီး ဖီအိုရင်တီးနားအသင်းက ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ခေါ်ယူသွားဖွယ်ရှိနေ။

ဈေးမြောက်နေတဲ့ ဟာကီမီးကို ခေါ်ယူဖို့ အလုပ်မဖြစ်ခဲ့ရင် ချယ်လ်ဆီးနည်းပြတူဟယ်လ်အနေနဲ့ ဝုဗ်တောင်ပံကစားသမား အဒမာ ထရာအိုရေးကို ရွေးချယ်စရာတခုအဖြစ် စဉ်းစား​နေပြီး ကစားသမားကို ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ခဲ့ပြီး ဖြစ်သလို သူ့ရဲ့ ပေါက်ကွဲအားနဲ့ လျင်မြန်မှုက ဟာကီမီးမှာ မရှိတဲ့ ဆွဲ​ဆောင်မှုတခုဖြစ်နေပြီး ပေါင်သန်း ၃၀ အသုံးပြုသွားဖွယ်ရှိနေ။

လီဗာပူးလ်နဲ့ နီးစပ်ပြီးမှ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတယ်လို့ သတင်းထွက်နေတဲ့ ဆွီဒင်ကြယ်ပွင့်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ကို ချယ်လ်ဆီးနဲ့ အာဆင်နယ် ၂ သင်းက အပြိုင်လိုက်နေတယ်လို့ သိရချိန်မှာ ဆွီဒင်သားကြီး ဇလာတန် အီဘရာဟီမိုဗစ်ခ်ျက အီဆက်ဟာ တကယ်စွမ်းတဲ့တိုက်စ်မှုးလို့ ဂုဏ်ယူသွားခဲ့ပြီး ရီးရဲလ်ဆိုစီဒက်ကို စာချုပ်လျော်ကြေး ပေါင်သန်း ၆၀ ပက်ခနဲ ပေးနိုင်တဲ့ ချယ်လ်ဆီးက အာဆင်နယ်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိ။


ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၃၅ သန်းနဲ့ ဈေးကွက်တင်လိုက်တဲ့ တိုက်စစ်မှူး လူကာ ဂျိုဗစ်ကို ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ အပြိုင်စိတ်ဝင်စားနေကြေကြောင်း သိရပြီး စပိန်ကလာတဲ့သတင်းတွေအရ ဆာဘီးယားသားရဲ့ အနာဂတ်ကို စိတ်အားထက်သန်စွာ အလိုရှိနေတဲ့ တူဟယ်လ်ကို တီမို ဗာနာနဲ့ အလဲအထပ်လုပ်မလားလို့ ကမ်းလှမ်းခံထားရ။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ပီတာ ခရော့ခ်ျက ချယ်လ်ဆီးအသင်းနဲ့ လိုက်ဖက်တဲ့ တိုက်စစ်မှူးဆိုရင် နိုင်ငံတကာအဆင့်မှာ သက်သေမပြရသေးတဲ့ အာလင်း ဟာလန်းထက် ဘယ်လ်ဂျီယမ်နဲ့အတူ ယူရိုမှာ ကြီးစိုးနေတဲ့ ရိုမီရို လူကာကူးကိုသာ နှစ်သက်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့​ပြီး ပရီးမီးယားလိဂ်မှာ လူကာကူးက အတွေ့အကြံပိုရင့်ကျက်တယ်လို့ အကြံပြုသွားခဲ့။

ဖာဘရီဇီယို ရိုမာနိုရဲ့ နောက်ဆုံးအတည်ပြုသတင်းအရ ဟာကီမီးအတွက် ငွေသားသီးသန့် ယူရိုသန်း ၈၀ အလိုရှိတဲ့ အင်တာမီလန်အသင်းကို ကစားသမား ၃ ဦးအလိုက်ပေးခဲ့တဲ့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကြောင့် ပျယ်ပြယ်ဖို့ ရှိနေချိန်မှာ အပြောင်းအရွှေ့ဂုရုကြီး မာရီနာအနေနဲ့ ဈေးပိုသင့်သလို အီတလီမှာ ယူရိုကြယ်ပွင့်အဖြစ် တောက်ပလာတဲ့ ညာနောက်ခံလူ ဂျီယိုဗန်နီ ဒီလိုရန်ဇိုကို ပစ်မှတ်ထားလာခဲ့။




REF: INTERNET SOURCES
SPORTS A2Z.