Premier League Transfer News

21 Jun နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအတွက် PSG ကို စွန့်ခွာလိုနေတဲ့ ခိုင်လျန် အမ်ဘာပေကို ခေါ်ယူဖို့ မျှော်လင့်ချက်ဟာ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းနဲ့ ဥက္ကဋ္ဌလီဗိုင်းတို့အပေါ် မူတည်နေတာဖြစ်ပြီး PSG နည်းပြပိုချက်တီနိုက တပည့်ဟောင်း ဟာရီကိန်းကိုရမှ ပြင်သစ်သားကို ထုတ်ရောင်းနိုင်မယ်လို့ အသင်းပိုင်ရှင်ကို အသိပေးထားပြီးဖြစ်ကြောင်းသိရ။

– အသင်းပြောင်းသွားတဲ့ ဗိုင်နယ်လ်ဒမ်နေရာကို အစားထိုးဖို့ လီဗာပူးလ်အသင်းရဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ် မိုက်ကယ် အက်ဒ်ဝပ်လုံးပန်းနေတဲ့ ဖလိုရီယန် နွိုင်ဟော့စ်ကို မိုချန်ဂလာဘတ်မှာ တရာသီဆက်ထိန်းသွားမယ်လို့ နည်းပြ အာဒီ ဟွတ်တာက တုံ့ပြန်သွားခဲ့လို့ နည်းပြ ကလော့ပ်အတွက် မကြားချင်တဲ့ သတင်းတပုဒ်ဖြစ်လာ။

– လီဗာပူးလ်အသင်းအနေနဲ့ အီတလီနဲ့အတူ ယူရိုမှာ ခြေစွမ်းပြနေတဲ့ ဆာဆူအိုလို တောင်ပံကစားသမား ဒိုမီနီကို ဘယ်ရာဒီကို ပေါင် ၄၃ သန်းနဲ့ ခေါ်ထုတ်ဖို့ အားစိုက်နေချိန်မှာ အသင်းပရိသတ်တွေကတော့ လိဒ်စ်တောင်ပံတိုက်စစ်မှူး ရာဖင်ညာကိုသာ ကြိုဆိုချင်ကြောင်း ဆန္ဒဖော်ထုတ်သွား။

– အက်စတန်ဗီလာကွင်းလယ်လူ ဂျွန်မက်ဂင်းကို စကော့တလန်မှာ ပြသနေတဲ့ ခြေစွမ်းကြောင့် လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့က အပြိုင်ကမ်းလှမ်းလိုက်ပြီလို့ သိရပြီး ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၅၀ တောင်းဆိုထားချိန်မှာ ကစားသမားရဲ့ဆန္ဒက လက်ရွေးစင်အသင်းခေါင်းဆောင် အန်ဒီ ရော်ဘတ်ဆန်နဲ့သာ တွဲကစားလိုနေ။

– လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ဟာ အာဂျင်တီးနားဗဟိုခံစစ်မှုး ခရစ္စတီယန် ရိုမဲရိုအတွက် ပေါင် ၄၃ သန်းတန် ချက်လက်မှတ်ကို အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပြီး ယူရို ၄၅ သန်းနဲ့ ကြားဖြတ်ဝင်ခုတ်လာတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ဂျုဗင်တပ်စ်ကစားသမားအတွက် သဘောကျစရာတစ်ခုတော့ မဟုတ်ကြောင်းသိရ။

– တိုက်စစ်မှူး ဖာမီနိုနေရာမှာ ရေရှည်အစားထိုးဖို့ ရည်ရွယ်ပြီး လီဗာပူးလ်အသင်းက တောက်လျှောက်လိုက်နေတဲ့ ရီးရဲလ်ဆိုစီဒက်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ဟာ အသင်းနဲ့ ၃ နှစ်သက်တမ်းကျန်ရှိနေချိန်မှာ စာချုပ်လျော်ကြေး ပေါင်သန်း ၆၀ ပေးချေရဖွယ်ရှိနေပြီး ၂၁ နှစ်သား ဆွီဒင်ကြယ်ပွင့်လေးကို လက်မနှေးဘဲ ခပ်မြန်မြန် ဝယ်ယူထားဖို့ ကစားသမားဟောင်း ဟို‌ဆေး အန်ရီကေက သတိပေးသွား။

– လီဗာပူးလ်နဲ့ ဒီနွေတလျှောက်လုံးမှာ အကြီးအကျယ် ချိတ်ဆက်နေတဲ့ လက်စတာကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကို တောင်းဆိုထားတဲ့ ပေါင်သန်း ၇၀ ငွေပုံပေးပြီး အန်ဖီးလ်မြေဆီ အမြန်ဆုံးခေါ်ယူသွားသင့်တယ်လို့ အသင်းတိုက်စစ်မှူးဟောင်း အီမီးလ် ဟက်စကီးက တွန်းအားပေးသွားခဲ့ပြီး ဘယ်လ်ဂျီယမ်သားဟာ လီဗာပူးလ်နဲ့ အလိုက်ဖက်ဆုံးကစားသမားလို့ ထောက်ခံလိုက်။

– လီဗာပူးလ်အသင်းက ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာလူငယ်ကြယ်ပွင့် ပက်ဒရီကို စပိန်စီနီယာ သီယာဂို အယ်လ်ကန်တာရာက အေးဂျင့်တဦးသဖွယ် စည်းရုံးနေချိန်မှာ ဘာစီလိုနာကို ပေးရမယ့် စာချုပ်လျော်ကြေး ပေါင်သန်း ၇၀ အတွက် အန်းဖီးလ်ဘက်က အဆင်သင့်ရှိနေပြီဖြစ်ကြောင်း သိရ။

– တိုက်စစ်ကို ပြင်ဆင်နေတဲ့ နည်းပြ ယာဂင် ကလော့ပ်ရဲ့ ချိတ်ဖြစ်တဲ့ RB ဆဲလ်ဘတ်တိုက်စစ်မှူး ပတ်ဆန် ဒါကာဟာ အန်ဖီးလ်ကို ရောက်ဖို့ နီးစပ်ခဲ့ပြီးမှ နည်းပြဟောင်း ဘရန်ဒန် ရော့ဂျားစ်ရဲ့ လက်ဦးသွားခဲ့မှုက လက်စတာအသင်းဘက်ကို ပြန်ရောက်သွားစေခဲ့သလို ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့နိုင်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအတြက္ PSG ကို စြန႔္ခြာလိုေနတဲ့ ခိုင္လ်န္ အမ္ဘာေပကို ေခၚယူဖို႔ ေမွ်ာ္လင့္ခ်က္ဟာ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းနဲ႔ ဥကၠ႒လီဗိုင္းတို႔အေပၚ မူတည္ေနတာျဖစ္ၿပီး PSG နည္းျပပိုခ်က္တီႏိုက တပည့္ေဟာင္း ဟာရီကိန္းကိုရမွ ျပင္သစ္သားကို ထုတ္ေရာင္းႏိုင္မယ္လို႔ အသင္းပိုင္ရွင္ကို အသိေပးထားၿပီးျဖစ္ေၾကာင္းသိရ။

– အသင္းေျပာင္းသြားတဲ့ ဗိုင္နယ္လ္ဒမ္ေနရာကို အစားထိုးဖို႔ လီဗာပူးလ္အသင္းရဲ႕ နံပါတ္တစ္ပစ္မွတ္အျဖစ္ မိုက္ကယ္ အက္ဒ္ဝပ္လုံးပန္းေနတဲ့ ဖလိုရီယန္ ႏြိဳင္ေဟာ့စ္ကို မိုခ်န္ဂလာဘတ္မွာ တရာသီဆက္ထိန္းသြားမယ္လို႔ နည္းျပ အာဒီ ဟြတ္တာက တုံ႔ျပန္သြားခဲ့လို႔ နည္းျပ ကေလာ့ပ္အတြက္ မၾကားခ်င္တဲ့ သတင္းတပုဒ္ျဖစ္လာ။

– လီဗာပူးလ္အသင္းအေနနဲ႔ အီတလီနဲ႔အတူ ယူ႐ိုမွာ ေျခစြမ္းျပေနတဲ့ ဆာဆူအိုလို ေတာင္ပံကစားသမား ဒိုမီနီကို ဘယ္ရာဒီကို ေပါင္ ၄၃ သန္းနဲ႔ ေခၚထုတ္ဖို႔ အားစိုက္ေနခ်ိန္မွာ အသင္းပရိသတ္ေတြကေတာ့ လိဒ္စ္ေတာင္ပံတိုက္စစ္မႉး ရာဖင္ညာကိုသာ ႀကိဳဆိုခ်င္ေၾကာင္း ဆႏၵေဖာ္ထုတ္သြား။

– အက္စတန္ဗီလာကြင္းလယ္လူ ဂြၽန္မက္ဂင္းကို စေကာ့တလန္မွာ ျပသေနတဲ့ ေျခစြမ္းေၾကာင့္ လီဗာပူးလ္နဲ႔ ယူႏိုက္တက္အသင္းတို႔က အၿပိဳင္ကမ္းလွမ္းလိုက္ၿပီလို႔ သိရၿပီး ဝက္စ္ဟမ္းအသင္းက ေပါင္သန္း ၅၀ ေတာင္းဆိုထားခ်ိန္မွာ ကစားသမားရဲ႕ဆႏၵက လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ အန္ဒီ ေရာ္ဘတ္ဆန္နဲ႔သာ တြဲကစားလိုေန။

– လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ဟာ အာဂ်င္တီးနားဗဟိုခံစစ္မႈး ခရစၥတီယန္ ႐ိုမဲ႐ိုအတြက္ ေပါင္ ၄၃ သန္းတန္ ခ်က္လက္မွတ္ကို အသင့္ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ သိရၿပီး ယူ႐ို ၄၅ သန္းနဲ႔ ၾကားျဖတ္ဝင္ခုတ္လာတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းက ဂ်ဳဗင္တပ္စ္ကစားသမားအတြက္ သေဘာက်စရာတစ္ခုေတာ့ မဟုတ္ေၾကာင္းသိရ။

– တိုက္စစ္မႉး ဖာမီႏိုေနရာမွာ ေရရွည္အစားထိုးဖို႔ ရည္႐ြယ္ၿပီး လီဗာပူးလ္အသင္းက ေတာက္ေလွ်ာက္လိုက္ေနတဲ့ ရီးရဲလ္ဆိုစီဒက္တိုက္စစ္မႉး အလက္ဇန္းဒါး အီဆက္ဟာ အသင္းနဲ႔ ၃ ႏွစ္သက္တမ္းက်န္ရွိေနခ်ိန္မွာ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၆၀ ေပးေခ်ရဖြယ္ရွိေနၿပီး ၂၁ ႏွစ္သား ဆြီဒင္ၾကယ္ပြင့္ေလးကို လက္မေႏွးဘဲ ခပ္ျမန္ျမန္ ဝယ္ယူထားဖို႔ ကစားသမားေဟာင္း ဟို‌ေဆး အန္ရီေကက သတိေပးသြား။

– လီဗာပူးလ္နဲ႔ ဒီေႏြတေလွ်ာက္လုံးမွာ အႀကီးအက်ယ္ ခ်ိတ္ဆက္ေနတဲ့ လက္စတာကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကို ေတာင္းဆိုထားတဲ့ ေပါင္သန္း ၇၀ ေငြပုံေပးၿပီး အန္ဖီးလ္ေျမဆီ အျမန္ဆုံးေခၚယူသြားသင့္တယ္လို႔ အသင္းတိုက္စစ္မႉးေဟာင္း အီမီးလ္ ဟက္စကီးက တြန္းအားေပးသြားခဲ့ၿပီး ဘယ္လ္ဂ်ီယမ္သားဟာ လီဗာပူးလ္နဲ႔ အလိုက္ဖက္ဆုံးကစားသမားလို႔ ေထာက္ခံလိုက္။

– လီဗာပူးလ္အသင္းက ပစ္မွတ္ထားေနတဲ့ ဘာစီလိုနာလူငယ္ၾကယ္ပြင့္ ပက္ဒရီကို စပိန္စီနီယာ သီယာဂို အယ္လ္ကန္တာရာက ေအးဂ်င့္တဦးသဖြယ္ စည္း႐ုံးေနခ်ိန္မွာ ဘာစီလိုနာကို ေပးရမယ့္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၇၀ အတြက္ အန္းဖီးလ္ဘက္က အဆင္သင့္ရွိေနၿပီျဖစ္ေၾကာင္း သိရ။

– တိုက္စစ္ကို ျပင္ဆင္ေနတဲ့ နည္းျပ ယာဂင္ ကေလာ့ပ္ရဲ႕ ခ်ိတ္ျဖစ္တဲ့ RB ဆဲလ္ဘတ္တိုက္စစ္မႉး ပတ္ဆန္ ဒါကာဟာ အန္ဖီးလ္ကို ေရာက္ဖို႔ နီးစပ္ခဲ့ၿပီးမွ နည္းျပေဟာင္း ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ လက္ဦးသြားခဲ့မႈက လက္စတာအသင္းဘက္ကို ျပန္ေရာက္သြားေစခဲ့သလို ေပါင္သန္း ၃၀ နဲ႔ ေျပာင္းေ႐ႊ႕ႏိုင္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.