Premier League

၁၀၀၉မိနစ် ပေးဂိုးမရှိတဲ့ အာဇူရီ- အီတလီ 1-0 ဝေးလ်စ် ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ ၇ချက်

ကွင်းလယ်ဘုရင် ဗာရက်တီအစစ်ကို ပြန်မြင်ရတဲ့ပွဲ
နည်းပြမန်ချီနီက ဆွစ်ဇာလန်နဲ့ပွဲက လူစာရင်းကို ၈ နေရာအထိ အပြောင်းအလဲလုပ်ပြီး အီတလီအရန်သင်းကို ပွဲထုတ်လာချိန်မှာ ဒူးဒဏ်ရာကြောင့် အနားယူထားရတဲ့ မာကို ဗာရက်တီရဲ့ မေလနောက်ပိုင်း ပထမဆုံးခြေစွမ်းကို ပြန်လည်ခံစားခဲ့ရပြီး သူက ကွင်းလယ်ဘုရင်စစ်စစ်အဖြစ် ဝေးလ်စ်အသင်းကို ပြုစားသွားခဲ့သလို ဘောလုံးပေးပို့အောင်မြင်မှု ၉၃ ရာခိုင်နှုန်းအထိ ရှိခဲ့တဲ့အပြင် မက်တီယို ပက်ဆီနာရဲ့ အနိုင်ဂိုးမှာ ဖရီးကစ်ကနေတဆင့် အပါးနပ်ဆုံး ဂိုးဖန်တီးပေးခဲ့တာပါ။

ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တဆင့်တက်တဲ့ အာဇူရီ
အုပ်စုအဖွင့် ၂ ပွဲစလုံးကို ၃ ဂိုးပြတ်စီသွင်းယူပြီး လွတ်လွတ်ကျွတ်ကျွတ်နောက်တဆင့်တက်ခဲ့ပြီဖြစ်တဲ့ အီတလီအသင်းက ဝေးလ်စ်ကို အရန်ကစားသမားတွေ ထုတ်သုံးလို့ ၁ ဂိုးသာသွင်းပြီး အနိုင်ရလဒ် ကျဉ်းမြောင်းခဲ့ပေမယ့် အုပ်စုအဆင့်မှာ တပွဲမှ ပေးဂိုးမရှိခဲ့တာဟာ နည်းပြမန်ချီနီရဲ့ အာဇူရီတို့ရဲ့ အံ့ချီးလောက်စရာ ခြေစွမ်းဖြစ်ခဲ့တာပါ။

အီတလီအသင်းအနေနဲ့ နေရှင်နယ်လိဂ်မှာ နယ်သာလန်အသင်းဘက်က ဗန်ဒဘိခ်ရဲ့ သွင်းဂိုးနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျပြီးကတည်းက ပေးဂိုးမရှိခဲ့တာ ၁၀၀၉ မိနစ် တိတိ ရှိခဲ့ပြီဖြစ်ပြီး ယခုအခါ အီတလီအနေနဲ့ ဘယ်သူမှ ထင်မှတ်မထားခြင်းကနေ ရှုံးထွက် အဆင့် ၁၆ သင်းအဆင့်မှာ ဘယ်အသင်းကမှ မတွေ့ဆုံလိုတဲ့ အသင်းအဖြစ် မှတ်ယူခံလာရတဲ့ အနေအထားကလည်း လှပနေခဲ့တယ်။

ချယ်လ်ဆီးကစားသမားအနီထိလို့ တယောက်လျော့ခဲ့ပေမယ့် ဝေးလ်စ် နောက်တဆင့်တက်
ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင် ဂါရက်သ်ဘေးလ် ဦးဆောင်လာတဲ့ ဝေးလ်စ်အသင်းက ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ အီတလီအသင်းကို တိုက်ရိုက်ယှဉ်မကစားနိုင်ခဲ့ဘဲ ထောင့်ကန်ဘောတွေနဲ့ ဖရီးကစ်တွေကိုသာ မှီခိုပြီး ချောင်းကစားခဲ့ရတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ချယ်လ်ဆီးနောက်ခံလူ အီသန် အမ်ပါဒူ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတဲ့နောက် ၁ ယောက်လျော့နဲ့ ၁ ဂိုးထက် ပိုမပေးရအောင် ထိန်းကစားနိုင်ခဲ့တဲ့ ဝေးလ်အသင်းက ဆွစ်ဇာလန်အသင်းနဲ့ အမှတ်တူ ၄ မှတ်အနေအထားကနေ ဒုတိယနေရာနဲ့ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

အိမ်ကွင်းပရိသတ်တွေရှေ့မှောက် သမိုင်းသစ်မော်ကွန်းထိုးတဲ့ ပွဲ ၃၀ ဆက် ရှုံးပွဲမရှိစံချိန်
ဝေးလ်စ်ကို အရန်လူတွေနဲ့ အေးအေးဆေးဆေးပဲ အနိုင်ကစားသွားတဲ့ အီတလီအသင်းက အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဂုဏ်ယူစရာ မှတ်တမ်းသစ်ကို မော်ကွန်းထိုးနိုင်ခဲ့ပါတယ်။ နည်းပြမန်ချီနီရဲ့ ၃ နှစ်အတွင်း ပွဲ ၃၀ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီး ၁၉၃၉ ခုနှစ်က အသင်းရဲ့ စံချိန်ဟောင်းကို ပြန်လည်လိုက်မီသွားခဲ့တာလည်း ဖြစ်ပါတယ်။

အားအင်ကုန်ဆုံးသွားခဲ့တဲ့ ရမ်ဆေးနဲ့ ဘေးလ်
ဝေးလ်အသင်းရဲ့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးနဲ့ တိုက်စစ်မှူး ဂါရက်သ်ဘေးလ်တို့ကတော့ ၁၀ ယောက်တည်းနဲ့ ရုန်းကန်ကစားခဲ့ရတဲ့ ဒီပွဲမှာ အီတလီကို ဂိုးထပ်မပေးခဲ့ရဖို့ အရာရာပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့လို့ ပွဲအပြီးမှာ မထူနိုင်လောက်အောင် ညွတ်ကျပြီး အားအင်ကုန်ဆုံးသွားခဲ့ကြောင်း သံပြိုင်ညည်းတွားသွားခဲ့ကြတာပါ။

ယူရိုဘုရင်အဖြစ် တစ်ပေးခံထားရပြီ
ဒီပွဲအပြီးမှာ အီတလီအသင်းရဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ပေးဂိုးမရှိ မှတ်တမ်းက ထူးခြားလွန်းသလို ခြေစွမ်းပိုင်း ဘယ်လောက်ထိ တည်ငြိမ်နေသလဲဆိုတာကို သက်သေပြပြီး ပြိုင်ဘက်တွေကို မျက်ခုံးလှုပ်စေခဲ့အပြင် ရှေ့၊ လယ်၊ နောက် စွမ်းဆောင်ရည်ဟန်ချက်ညီလွန်းခြင်းဟာ ဘယ်သူမှ ထင်မှတ်မထားထားတဲ့ ယူရိုဘုရင်အဖြစ်လည်း တစ်ပေးခံထားရပါတယ်။

သမိုင်းဝင်သွားတဲ့ အနီကတ်
အီတလီကစားသမား ဘာနတ်ဒါရှီကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ချယ်လ်ဆီးနဲ့ ဝေးလ်စ်နောက်ခံလူ အီသန် အမ်ပါဒူ တိုက်ရိုက် အနီကတ်နဲ့ ကွင်းပြင်ထုတ်ခံခဲ့ရချိန်မှာ အသက် ၂၀ နှစ်နဲ့ ၂၁၈ ရက်သာ ရှိသေးတဲ့ လူငယ်လေးတွေအတွက် ဒီဆုံးဖြတ်ချက်ဟာ ပြင်းထန်လှကြောင်း အသင်းခေါင်ဆောင်ဘေးလ်က ကာကွယ်သွားခဲ့သလို အဆိုပါကစားသမားဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ တိုက်ရိုက်အနီကတ်ထိခဲ့တဲ့ အသက်အငယ်ရွယ်ဆုံး ဘောလုံးသမားအဖြစ်လည်း စံချိန်ဝင်သွားခဲ့ပါ။တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကြင္းလယ္ဘုရင္ ဗာရက္တီအစစ္ကို ျပန္ျမင္ရတဲ့ပြဲ
နည္းျပမန္ခ်ီနီက ဆြစ္ဇာလန္နဲ႔ပြဲက လူစာရင္းကို ၈ ေနရာအထိ အေျပာင္းအလဲလုပ္ၿပီး အီတလီအရန္သင္းကို ပြဲထုတ္လာခ်ိန္မွာ ဒူးဒဏ္ရာေၾကာင့္ အနားယူထားရတဲ့ မာကို ဗာရက္တီရဲ႕ ေမလေနာက္ပိုင္း ပထမဆုံးေျခစြမ္းကို ျပန္လည္ခံစားခဲ့ရၿပီး သူက ကြင္းလယ္ဘုရင္စစ္စစ္အျဖစ္ ေဝးလ္စ္အသင္းကို ျပဳစားသြားခဲ့သလို ေဘာလုံးေပးပို႔ေအာင္ျမင္မႈ ၉၃ ရာခိုင္ႏႈန္းအထိ ရွိခဲ့တဲ့အျပင္ မက္တီယို ပက္ဆီနာရဲ႕ အႏိုင္ဂိုးမွာ ဖရီးကစ္ကေနတဆင့္ အပါးနပ္ဆုံး ဂိုးဖန္တီးေပးခဲ့တာပါ။

ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ ေနာက္တဆင့္တက္တဲ့ အာဇူရီ
အုပ္စုအဖြင့္ ၂ ပြဲစလုံးကို ၃ ဂိုးျပတ္စီသြင္းယူၿပီး လြတ္လြတ္ကြၽတ္ကြၽတ္ေနာက္တဆင့္တက္ခဲ့ၿပီျဖစ္တဲ့ အီတလီအသင္းက ေဝးလ္စ္ကို အရန္ကစားသမားေတြ ထုတ္သုံးလို႔ ၁ ဂိုးသာသြင္းၿပီး အႏိုင္ရလဒ္ က်ဥ္းေျမာင္းခဲ့ေပမယ့္ အုပ္စုအဆင့္မွာ တပြဲမွ ေပးဂိုးမရွိခဲ့တာဟာ နည္းျပမန္ခ်ီနီရဲ႕ အာဇူရီတို႔ရဲ႕ အံ့ခ်ီးေလာက္စရာ ေျခစြမ္းျဖစ္ခဲ့တာပါ။

အီတလီအသင္းအေနနဲ႔ ေနရွင္နယ္လိဂ္မွာ နယ္သာလန္အသင္းဘက္က ဗန္ဒဘိခ္ရဲ႕ သြင္းဂိုးနဲ႔ တစ္ဖက္ တစ္ဂိုးစီ သေရက်ၿပီးကတည္းက ေပးဂိုးမရွိခဲ့တာ ၁၀၀၉ မိနစ္ တိတိ ရွိခဲ့ၿပီျဖစ္ၿပီး ယခုအခါ အီတလီအေနနဲ႔ ဘယ္သူမွ ထင္မွတ္မထားျခင္းကေန ရႈံးထြက္ အဆင့္ ၁၆ သင္းအဆင့္မွာ ဘယ္အသင္းကမွ မေတြ႕ဆုံလိုတဲ့ အသင္းအျဖစ္ မွတ္ယူခံလာရတဲ့ အေနအထားကလည္း လွပေနခဲ့တယ္။

ခ်ယ္လ္ဆီးကစားသမားအနီထိလို႔ တေယာက္ေလ်ာ့ခဲ့ေပမယ့္ ေဝးလ္စ္ ေနာက္တဆင့္တက္
ဒီေန႔ပြဲမွာ အသင္းေခါင္းေဆာင္ ဂါရက္သ္ေဘးလ္ ဦးေဆာင္လာတဲ့ ေဝးလ္စ္အသင္းက ဖန္တီးႏိုင္စြမ္းျမင့္မားတဲ့ အီတလီအသင္းကို တိုက္႐ိုက္ယွဥ္မကစားႏိုင္ခဲ့ဘဲ ေထာင့္ကန္ေဘာေတြနဲ႔ ဖရီးကစ္ေတြကိုသာ မွီခိုၿပီး ေခ်ာင္းကစားခဲ့ရတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ခ်ယ္လ္ဆီးေနာက္ခံလူ အီသန္ အမ္ပါဒူ တိုက္႐ိုက္အနီကတ္နဲ႔ အထုတ္ခံခဲ့ရတဲ့ေနာက္ ၁ ေယာက္ေလ်ာ့နဲ႔ ၁ ဂိုးထက္ ပိုမေပးရေအာင္ ထိန္းကစားႏိုင္ခဲ့တဲ့ ေဝးလ္အသင္းက ဆြစ္ဇာလန္အသင္းနဲ႔ အမွတ္တူ ၄ မွတ္အေနအထားကေန ဒုတိယေနရာနဲ႔ ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။

အိမ္ကြင္းပရိသတ္ေတြေရွ႕ေမွာက္ သမိုင္းသစ္ေမာ္ကြန္းထိုးတဲ့ ပြဲ ၃၀ ဆက္ ရႈံးပြဲမရွိစံခ်ိန္
ေဝးလ္စ္ကို အရန္လူေတြနဲ႔ ေအးေအးေဆးေဆးပဲ အႏိုင္ကစားသြားတဲ့ အီတလီအသင္းက အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ ဂုဏ္ယူစရာ မွတ္တမ္းသစ္ကို ေမာ္ကြန္းထိုးႏိုင္ခဲ့ပါတယ္။ နည္းျပမန္ခ်ီနီရဲ႕ ၃ ႏွစ္အတြင္း ပြဲ ၃၀ ဆက္တိုက္ ရႈံးပြဲမရွိ စံခ်ိန္ကို ပိုင္ဆိုင္သြားခဲ့တာျဖစ္ၿပီး ၁၉၃၉ ခုႏွစ္က အသင္းရဲ႕ စံခ်ိန္ေဟာင္းကို ျပန္လည္လိုက္မီသြားခဲ့တာလည္း ျဖစ္ပါတယ္။

အားအင္ကုန္ဆုံးသြားခဲ့တဲ့ ရမ္ေဆးနဲ႔ ေဘးလ္
ေဝးလ္အသင္းရဲ႕ နာမည္ႀကီးကစားသမားေတြျဖစ္တဲ့ ကြင္းလယ္လူ အာ႐ြန္ ရမ္ေဆးနဲ႔ တိုက္စစ္မႉး ဂါရက္သ္ေဘးလ္တို႔ကေတာ့ ၁၀ ေယာက္တည္းနဲ႔ ႐ုန္းကန္ကစားခဲ့ရတဲ့ ဒီပြဲမွာ အီတလီကို ဂိုးထပ္မေပးခဲ့ရဖို႔ အရာရာေပးဆပ္ၿပီး တိုက္ပြဲဝင္ခဲ့လို႔ ပြဲအၿပီးမွာ မထူႏိုင္ေလာက္ေအာင္ ၫြတ္က်ၿပီး အားအင္ကုန္ဆုံးသြားခဲ့ေၾကာင္း သံၿပိဳင္ညည္းတြားသြားခဲ့ၾကတာပါ။

ယူ႐ိုဘုရင္အျဖစ္ တစ္ေပးခံထားရၿပီ
ဒီပြဲအၿပီးမွာ အီတလီအသင္းရဲ႕ ၿပိဳင္ပြဲစုံ ၁၁ ပြဲဆက္ ေပးဂိုးမရွိ မွတ္တမ္းက ထူးျခားလြန္းသလို ေျခစြမ္းပိုင္း ဘယ္ေလာက္ထိ တည္ၿငိမ္ေနသလဲဆိုတာကို သက္ေသျပၿပီး ၿပိဳင္ဘက္ေတြကို မ်က္ခုံးလႈပ္ေစခဲ့အျပင္ ေရွ႕၊ လယ္၊ ေနာက္ စြမ္းေဆာင္ရည္ဟန္ခ်က္ညီလြန္းျခင္းဟာ ဘယ္သူမွ ထင္မွတ္မထားထားတဲ့ ယူ႐ိုဘုရင္အျဖစ္လည္း တစ္ေပးခံထားရပါတယ္။

သမိုင္းဝင္သြားတဲ့ အနီကတ္
အီတလီကစားသမား ဘာနတ္ဒါရွီကို ျပစ္ဒဏ္က်ဴးလြန္ခဲ့လို႔ ခ်ယ္လ္ဆီးနဲ႔ ေဝးလ္စ္ေနာက္ခံလူ အီသန္ အမ္ပါဒူ တိုက္႐ိုက္ အနီကတ္နဲ႔ ကြင္းျပင္ထုတ္ခံခဲ့ရခ်ိန္မွာ အသက္ ၂၀ ႏွစ္နဲ႔ ၂၁၈ ရက္သာ ရွိေသးတဲ့ လူငယ္ေလးေတြအတြက္ ဒီဆုံးျဖတ္ခ်က္ဟာ ျပင္းထန္လွေၾကာင္း အသင္းေခါင္ေဆာင္ေဘးလ္က ကာကြယ္သြားခဲ့သလို အဆိုပါကစားသမားဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းမွာ တိုက္႐ိုက္အနီကတ္ထိခဲ့တဲ့ အသက္အငယ္႐ြယ္ဆုံး ေဘာလုံးသမားအျဖစ္လည္း စံခ်ိန္ဝင္သြားခဲ့ပါ။တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.