International Premier League Transfer News

မန်ယူ၊ မန်စီးတီးတို့ လိုချင်တယ်ဆိုမှ ခြေပျောက်တဲ့ ဟာရီကိန်း အမြန်ပြန်လာနိုင်မှာလား

ယူရိုဘုရင်အဖြစ် ထိပ်ဆုံးကနေ တစ်ပြေးပြီး ရေပန်းစားနေတဲ့ အင်္ဂလန်အသင်းမှာ တိုက်စစ်မှူး ဟာရီကိန်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် သူရဲကောင်းလို ပေါ်ထွက်လာမယ်လို့ နည်းပြတွေ၊ ကစားသမားတွေနဲ့ ဘေါလုံးပရိသတ်တွေက ခန့်မှန်းထားခဲဲ့ကြတာပါ။

ဒါပေမယ့် ထင်ကြေးဟာ ထင်ကြေးပဲ ​ဖြစ်ခဲဲ့ပြီး အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ယူရိုအဖွင့် ၂ ပွဲမှာ ဂိုးလုံးဝသွင်းယူနိုင်ခဲ့ခြင်း မရှိသလို ဘောလုံးကို မထိရသလောက်ကို ဖြစ်နေခဲ့ပြီး ကစားပွဲထဲမှာ ပါဝင်မှန်းမသိရလောက်အောင်ကို မတွေ့ရသလောက် ​ဖြစ်နေလို့ ကိုပျောက်ကြီးအဖြစ် ပြိုင်ဘက်အသင်းတွေရဲ့ လှောင်ပြောင်ခြင်းခံနေရတာပါ။

အင်္ဂလန်တွေဟာ အပြောကြီးသလောက် အလုပ်မဖြစ်ဘူးဆိုတဲ့ အမြင်ကိုတော့ နည်းပြဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ပါဝင်လာပြီး စကော့တလန်နဲဲ့ပွဲမှာ ဝင်ကစားခွင့်ရခဲဲ့တဲ့ ယူနိုက်တက်ဘယ်နောက်ခံလူ လုခ်ရှောက ပယ်ချသွားခဲဲ့ပြီး ဟာရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ အခိုင်အမာ တုံ့ပြန်သွားခဲ့ပါတယ်။

“သောကများစရာ ကိစ္စကို မဟုတ်တာပါ။ ဟာရီကိန်းက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ။ ကျွန်တော် သံသယမရှိပါဘူး။ သူဟာ အင်္ဂလန်အသင်းအတွက် အရေးအပါဆုံး အစိတ်အပိုင်းလို့ မပြောချင်ပေမယ့် အင်မတန်ကို အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်”

“ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ်။ လက်ရှိမှာ ခင်ဗျားတို့ မျှော်လင့်ထားသလို ​ခြေစွမ်းမ​ပြနိုင်လို့သာ ယာယီဝေဖန်ခံနေရတာပါ။ ဒါက ဘောလုံးပြိုင်ပွဲတခုမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ကိန်းက ဘယ်အချိန်မဆို ငေါက်ခနဲ ထပြီး ဂိုးကောက်သွင်းနိုင်သူပါ”

“ကျွန်တော်တို့တသင်းလုံး သူ့နောက်မှာ မားမားမတ်မတ်ရပ်တည်ပြီး အားပေးနေပါတယ်။ ပံ့ပိုကူညီပေးနေပါတယ်။ သူခြေစွမ်းမပြနိုင်ခြင်းဟာ ခင်ဗျားတို့အတွက် စိုးရိမ်စရာတခုတော့ လုံးဝ​ဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး”လို့ လုခ်ရှောက ဟာရီကိန်းဟာ အမြန်ဆုံးခြေစွမ်းပြပြီး ဂိုးတွေပြန်သွင်းမယ်လို့ ယုံကြည်နေကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့​တာပါ။

ကမ္ဘာ့ဖလားရွှေဖိနပ်​ဆုရှင်ဖြစ်တဲ့ စပါးစ်တိုက်စစ်မှူးဟာ ခရိုအေးရှား၊ စကော့တလန်တို့နဲ့ အုပ်စုအဖွင့် ၂ ပွဲလုံးမှာ လူစားလဲခံခဲ့ရပြီး အင်္ဂလန်အသင်းကို နိုင်ပွဲရဖို့ ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ မေးခွန်းတွေကိုတော့ သူ့ရဲ့ အဆင့််အတန်း၊ အရည်အသွေးတွေနဲ့ အမြန်ဆုံးအဖြေထုတ်ပြနိုင်ဖို့ လိုအပ်နေပြီး ပွဲမတိုးတာမဟုတ်ဘဲ ခြေစွမ်းခဏငုပ်နေတာပါဆိုတဲ့ ဆင်ခြေတွေကို မှန်ကန်ကြောင်း သက်သေပြရတော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူရိုဘုရင်အဖြစ် ထိပ်ဆုံးကနေ တစ်ပြေးပြီး ရေပန်းစားနေတဲ့ အင်္ဂလန်အသင်းမှာ တိုက်စစ်မှူး ဟာရီကိန်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် သူရဲကောင်းလို ပေါ်ထွက်လာမယ်လို့ နည်းပြတွေ၊ ကစားသမားတွေနဲ့ ဘေါလုံးပရိသတ်တွေက ခန့်မှန်းထားခဲ့ကြတာပါ။

ဒါပေမယ့် ထင်ကြေးဟာ ထင်ကြေးပဲ ​ဖြစ်ခဲ့ပြီး အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ယူရိုအဖွင့် ၂ ပွဲမှာ ဂိုးလုံးဝသွင်းယူနိုင်ခဲ့ခြင်း မရှိသလို ဘောလုံးကို မထိရသလောက်ကို ဖြစ်နေခဲ့ပြီး ကစားပွဲထဲမှာ ပါဝင်မှန်းမသိရလောက်အောင်ကို မတွေ့ရသလောက် ​ဖြစ်နေလို့ ကိုပျောက်ကြီးအဖြစ် ပြိုင်ဘက်အသင်းတွေရဲ့ လှောင်ပြောင်ခြင်းခံနေရတာပါ။

အင်္ဂလန်တွေဟာ အပြောကြီးသလောက် အလုပ်မဖြစ်ဘူးဆိုတဲ့ အမြင်ကိုတော့ နည်းပြဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ပါဝင်လာပြီး စကော့တလန်နဲ့ပွဲမှာ ဝင်ကစားခွင့်ရခဲ့တဲ့ ယူနိုက်တက်ဘယ်နောက်ခံလူ လုခ်ရှောက ပယ်ချသွားခဲ့ပြီး ဟာရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ အခိုင်အမာ တုံ့ပြန်သွားခဲ့ပါတယ်။




ကမ္ဘာ့ဖလားရွှေဖိနပ်​ဆုရှင်ဖြစ်တဲ့ စပါးစ်တိုက်စစ်မှူးဟာ ခရိုအေးရှား၊ စကော့တလန်တို့နဲ့ အုပ်စုအဖွင့် ၂ ပွဲလုံးမှာ လူစားလဲခံခဲ့ရပြီး အင်္ဂလန်အသင်းကို နိုင်ပွဲရဖို့ ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ မေးခွန်းတွေကိုတော့ သူ့ရဲ့ အဆင့်အတန်း၊ အရည်အသွေးတွေနဲ့ အမြန်ဆုံးအဖြေထုတ်ပြနိုင်ဖို့ လိုအပ်နေပြီး ပွဲမတိုးတာမဟုတ်ဘဲ ခြေစွမ်းခဏငုပ်နေတာပါဆိုတဲ့ ဆင်ခြေတွေကို မှန်ကန်ကြောင်း သက်သေပြရတော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.