International Match Report

ဝေးလ်စ်ကို သက်တောင့်သက်သာ ကစားပြီး ရာနှုန်းပြည့်အနိုင်နဲ့ အုပ်စုဗိုလ်ဝင်ခံတဲ့ အီတလီ

အီတလီအသင်းအနေနဲ့ ဒီနေ့ပွဲမှာတော့ ပထမကစားသမားတော်တော်များများကို အနားပေးခဲ့ပြီး ဂိုးသမား ဒွန်နာရမ်မာ၊ နောက်ခံလူ ဘိုနူချီ၊ ကွင်းလယ်လူ ဂျော်ဂျင်ညိုတို့ကလွဲလို့ ကစားသမား ၈ ဦးအထိ ပြောင်းလဲထည့်သွင်းခဲ့ပြီး အားထည့်စရာ သိပ်မလိုတော့တဲ့ပွဲကို ရင်ဆိုင်လာခဲ့ပါတယ်။

ပုံမှန် ၃-၄-၃ ကနေ ၄-၃-၃ ကစားကွက်ကို ပြောင်းလဲကစားခဲ့တဲ့ အီတလီတို့ ဒီနေ့မှာ ဝေးလ်စ်ကို ဖိကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးချနိုင်မှုမှာတော့ အားနည်းနေခဲ့ပြီး တိုက်စစ်မှူး ဘယ်လော့တီကတော့ အင်မိုဘီလီကို မီဖို့ လိုအပ်နေသေးတာလည်းဖြစ်ပါတယ်။

အရန်အဖြစ်သတ်မှတ်ရမယ့် ဖလော်ရန်ဇီကို မသုံးခဲ့ဘဲ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ တိုလွိုင်ကို ညာခြမ်းမှာ သုံးခဲ့တဲ့ အီတလီအတွက် ခီယေဆာက ညာခြမ်းတိုက်စစ်မှာ တစ်ကိုယ်တော်လှုပ်ရှားခဲ့ရပေမယ့် တော်တော်လေး ထိုးဖောက်နိုင်ခဲ့ပြီး ပြဿနာကတော့ အဆုံးသတ်ပိုင်းတွေပဲ ဖြစ်နေလို့ အီတလီတို့ ဂိုးရဖို့ ခက်နေခဲ့ပါတယ်။

လူမစုံချိန်မှာ အီတလီအသင်းဟာ ကန်တင်ပြေး ပရီးမီးယားလိဂ်တစ်သင်းနဲ့တောင် ပိုတူနေခဲ့ပြီး တိုက်ရိုက်ကစားဟန်နဲ့ တိုက်စစ်ကို ပို့ခဲ့ချိန်မှာ ကစားပုံက ဆွဲဆောင်မှု မရှိခဲ့တာကို တွေ့ရသလို ဝေးလ်စ်ကတော့ ဘာမှ ကောင်းကောင်း မတုံ့ပြန်နိုင်ခဲ့ဘဲ နည်းပြ ရောဘတ် ပေ့ချ်ရဲ့ တိုက်စစ်မှူး ဖျောက်ထားတဲ့ ၃-၄-၃ ကစားကွက်က ခံစစ်သက်သက်ပဲ လုပ်ဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာတော့ ဒီပွဲအတွက် တစ်လုံးတည်းသောဂိုးကို အီတလီတို့က သွင်းယူနိုင်ခဲ့ပြီး ညာခြမ်းမှာ ရရှိတဲ့ ဖရီးကစ်ကို ဗာရက်တီက အနိမ့်ဘော ဖြတ်တင်ပေးရာမှာ အတ္တလန်တာကွင်းလယ်လူ ပက်ဆီနာက ညာခြေနဲ့ အလိုက်သင့်ကန်သွင်းပြီး ဝေးလ်စ်ခံစစ်ကို အငိုက်မိစေနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အီတလီတို့ ထိုးဖောက်ခဲ့ပေမယ့် ဂိုးရဖို့တော့ အဆင်မပြေခဲ့ဘဲ ပွဲချိန် ၅၃ မိနစ်မှာ ဘာနာဒက်စ်ခီရဲ့ ဖရီးကစ်ကို အနိမ့်ဘော ကန်သွင်းမှုက တိုင်ထိထွက်ခဲ့သလို တစ်မိနစ်အကြာမှာ ရမ်ဆေးက ရှားရှားပါးပါး ဖောက်ထွက်နိုင်ခဲ့ပေမယ့် တစ်ယောက်တည်းဖြစ်နေခဲ့လို့ တစ်ဖက်ခံစစ်တွေရဲ့ ဝိုင်းဝန်းဖိအားပေးခံရပြီး ဘောလုံးပျက်သွားခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ဘာနာဒက်စ်ခီကို တက်နင်းမိတဲ့ ဝေးလ်စ်နောက်ခံလူ အမ်ပါဒူကို ဒိုင်လူကြီး ဟာတီဂန်က ပြင်းထန်တဲ့ ဆုံးဖြတ်ချက်နဲ့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့လို့ အီတလီတို့ တစ်ယောက်အသာနဲ့ ကစားခဲ့ရပြီးနောက်ပိုင်း အရန်ကစားသမားတွေကို ထပ်မံလဲလှယ်အသုံးပြုသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယုံကြည်ဖို့ မဖြစ်နိုင်ကြောင်း သက်သေပြပေးသွားတဲ့ ဂိုးပေါက်လွဲတိုက်စစ်မှူး ဘယ်လော့တီ၊ ညာတောင်ပံသမား ခီယေဆာတို့ကို ပွဲပြည့်သုံးစွဲခဲ့ပေမယ့် အင်မိုဘီလီနဲ့ ဘယ်ရာဒီတို့ကို ဦးစားပေးသုံးစွဲတာ မှန်ကန်ကြောင်းကိုပဲ မြင်ခဲ့ရပြီး ပွဲချိန်ပြည့်အထိ ၁၁ ယောက်၊ ၁၀ ယောက် ကစားခဲ့ရပေမယ့် တစ်ဂိုး-ဂိုးမရှိထက်တော့ ရလဒ်က တိုးတက်မလာခဲ့တာဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် အီတလီတို့ ၃ ပွဲကစား၊ ၉ မှတ်၊ သွင်းဂိုး ၇ ဂိုး၊ ပေးဂိုးမရှိနဲ့ အုပ်စု(A)မှာ ဗိုလ်စွဲခဲ့ပြီး ဝေးလ်စ်တို့ကတော့ ရမှတ် ၄ မှတ်၊ အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားချိန်မှာ တစ်ဖက်က တူရကီကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆွစ်ဇာလန်တို့ကတော့ လုံလောက်မှု မရှိခဲ့လို့ ရမှတ် ၄ မှတ်နဲ့ အကောင်းဆုံး တတိယနဲ့သာ နောက်တစ်ဆင့်တက်ဖို့ များနေခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာေတာ့ ပထမကစားသမားေတာ္ေတာ္မ်ားမ်ားကို အနားေပးခဲ့ၿပီး ဂိုးသမား ဒြန္နာရမ္မာ၊ ေနာက္ခံလူ ဘိုႏူခ်ီ၊ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳတို႔ကလြဲလို႔ ကစားသမား ၈ ဦးအထိ ေျပာင္းလဲထည့္သြင္းခဲ့ၿပီး အားထည့္စရာ သိပ္မလိုေတာ့တဲ့ပြဲကို ရင္ဆိုင္လာခဲ့ပါတယ္။

ပုံမွန္ ၃-၄-၃ ကေန ၄-၃-၃ ကစားကြက္ကို ေျပာင္းလဲကစားခဲ့တဲ့ အီတလီတို႔ ဒီေန႔မွာ ေဝးလ္စ္ကို ဖိကစားႏိုင္ခဲ့ေပမယ့္ အခြင့္အေရးေတြကို အသုံးခ်ႏိုင္မႈမွာေတာ့ အားနည္းေနခဲ့ၿပီး တိုက္စစ္မႉး ဘယ္ေလာ့တီကေတာ့ အင္မိုဘီလီကို မီဖို႔ လိုအပ္ေနေသးတာလည္းျဖစ္ပါတယ္။

အရန္အျဖစ္သတ္မွတ္ရမယ့္ ဖေလာ္ရန္ဇီကို မသုံးခဲ့ဘဲ ဗဟိုေနာက္ခံလူတစ္ဦးျဖစ္တဲ့ တိုလြိဳင္ကို ညာျခမ္းမွာ သုံးခဲ့တဲ့ အီတလီအတြက္ ခီေယဆာက ညာျခမ္းတိုက္စစ္မွာ တစ္ကိုယ္ေတာ္လႈပ္ရွားခဲ့ရေပမယ့္ ေတာ္ေတာ္ေလး ထိုးေဖာက္ႏိုင္ခဲ့ၿပီး ျပႆနာကေတာ့ အဆုံးသတ္ပိုင္းေတြပဲ ျဖစ္ေနလို႔ အီတလီတို႔ ဂိုးရဖို႔ ခက္ေနခဲ့ပါတယ္။

လူမစုံခ်ိန္မွာ အီတလီအသင္းဟာ ကန္တင္ေျပး ပရီးမီးယားလိဂ္တစ္သင္းနဲ႔ေတာင္ ပိုတူေနခဲ့ၿပီး တိုက္႐ိုက္ကစားဟန္နဲ႔ တိုက္စစ္ကို ပို႔ခဲ့ခ်ိန္မွာ ကစားပုံက ဆြဲေဆာင္မႈ မရွိခဲ့တာကို ေတြ႕ရသလို ေဝးလ္စ္ကေတာ့ ဘာမွ ေကာင္းေကာင္း မတုံ႔ျပန္ႏိုင္ခဲ့ဘဲ နည္းျပ ေရာဘတ္ ေပ့ခ်္ရဲ႕ တိုက္စစ္မႉး ေဖ်ာက္ထားတဲ့ ၃-၄-၃ ကစားကြက္က ခံစစ္သက္သက္ပဲ လုပ္ေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ဒီပြဲအတြက္ တစ္လုံးတည္းေသာဂိုးကို အီတလီတို႔က သြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းမွာ ရရွိတဲ့ ဖရီးကစ္ကို ဗာရက္တီက အနိမ့္ေဘာ ျဖတ္တင္ေပးရာမွာ အတၱလန္တာကြင္းလယ္လူ ပက္ဆီနာက ညာေျခနဲ႔ အလိုက္သင့္ကန္သြင္းၿပီး ေဝးလ္စ္ခံစစ္ကို အငိုက္မိေစႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိရလဒ္ ထြက္ေပၚေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အီတလီတို႔ ထိုးေဖာက္ခဲ့ေပမယ့္ ဂိုးရဖို႔ေတာ့ အဆင္မေျပခဲ့ဘဲ ပြဲခ်ိန္ ၅၃ မိနစ္မွာ ဘာနာဒက္စ္ခီရဲ႕ ဖရီးကစ္ကို အနိမ့္ေဘာ ကန္သြင္းမႈက တိုင္ထိထြက္ခဲ့သလို တစ္မိနစ္အၾကာမွာ ရမ္ေဆးက ရွားရွားပါးပါး ေဖာက္ထြက္ႏိုင္ခဲ့ေပမယ့္ တစ္ေယာက္တည္းျဖစ္ေနခဲ့လို႔ တစ္ဖက္ခံစစ္ေတြရဲ႕ ဝိုင္းဝန္းဖိအားေပးခံရၿပီး ေဘာလုံးပ်က္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ဘာနာဒက္စ္ခီကို တက္နင္းမိတဲ့ ေဝးလ္စ္ေနာက္ခံလူ အမ္ပါဒူကို ဒိုင္လူႀကီး ဟာတီဂန္က ျပင္းထန္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ တိုက္႐ိုက္အနီကတ္ျပ ထုတ္ပယ္ခဲ့လို႔ အီတလီတို႔ တစ္ေယာက္အသာနဲ႔ ကစားခဲ့ရၿပီးေနာက္ပိုင္း အရန္ကစားသမားေတြကို ထပ္မံလဲလွယ္အသုံးျပဳသြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ယုံၾကည္ဖို႔ မျဖစ္ႏိုင္ေၾကာင္း သက္ေသျပေပးသြားတဲ့ ဂိုးေပါက္လြဲတိုက္စစ္မႉး ဘယ္ေလာ့တီ၊ ညာေတာင္ပံသမား ခီေယဆာတို႔ကို ပြဲျပည့္သုံးစြဲခဲ့ေပမယ့္ အင္မိုဘီလီနဲ႔ ဘယ္ရာဒီတို႔ကို ဦးစားေပးသုံးစြဲတာ မွန္ကန္ေၾကာင္းကိုပဲ ျမင္ခဲ့ရၿပီး ပြဲခ်ိန္ျပည့္အထိ ၁၁ ေယာက္၊ ၁၀ ေယာက္ ကစားခဲ့ရေပမယ့္ တစ္ဂိုး-ဂိုးမရွိထက္ေတာ့ ရလဒ္က တိုးတက္မလာခဲ့တာျဖစ္ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ အီတလီတို႔ ၃ ပြဲကစား၊ ၉ မွတ္၊ သြင္းဂိုး ၇ ဂိုး၊ ေပးဂိုးမရွိနဲ႔ အုပ္စု(A)မွာ ဗိုလ္စြဲခဲ့ၿပီး ေဝးလ္စ္တို႔ကေတာ့ ရမွတ္ ၄ မွတ္၊ အုပ္စု ဒုတိယနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားခ်ိန္မွာ တစ္ဖက္က တူရကီကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ဆြစ္ဇာလန္တို႔ကေတာ့ လုံေလာက္မႈ မရွိခဲ့လို႔ ရမွတ္ ၄ မွတ္နဲ႔ အေကာင္းဆုံး တတိယနဲ႔သာ ေနာက္တစ္ဆင့္တက္ဖို႔ မ်ားေနခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.