International

ပရိသတ်တွေရှေ့ ဘောလုံးမကစားတတ်တော့ဘူးဆိုတဲ့ ဟားတိုက်ခံခဲ့ရတဲ့ ဂရိဇ်မန်း

ပြီးခဲ့တဲ့ညက ဟန်ဂေရီအသင်းကို တဂိုးစီ သရေကျသွားခဲ့တဲ့ ပြင်သစ်အသင်းရဲ့ တိုက်စစ်မှူး အွန်ထွာ ဂရိဇ်မန်းက ပွတ်ရှ်ကပ်စ်ကွင်းထဲက ပရိသတ် ၆ သောင်းကို အပြစ်တင်သွားခဲ့ပြီး သူတို့ရဲ့ ဆူညံအော်ဟစ်မှုတွေကြောင့် မိမိတို့ အနိုင်မကစားနိုင်ခဲ့ဘူးလို့ ပြောကြားသွားခဲ့ကြောင်း သိရပါတယ်။

ဂရိဇ်မန်းရဲ့ နှုတ်ထွက်စကားဟာ အတော်လေး အံ့အားသင့်ဖွယ်ရာလည်း ဖြစ်ခဲ့ပြီး ပေးစရာဆင်ခြေ ဒီလောက်ရှားသလားလို့ ဝေဖန်စရာတွေလည်း ဖြစ်လာစေခဲ့တာပါ။ ကမ္ဘာ့အဆင့်မီ ဘောလုံးသမားတယောက်အနေနဲ့ ပရိသတ်ကြောင့် ဘောလုံမကန်တတ်တော့ဘူးလို့ ပြောသွားခဲ့​တာက အတော်လေးလည်း ရယ်ရွှင်ဖွယ်ရာ ကောင်းခဲ့ပါတယ်။

ဟန်ဂေရီအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းကပဲ ဂျာမနီကို အနိုင်ယူပြီးနောက် အုပ်စုအဖွင့် ၂ ပွဲဆက် ၆ မှတ်နဲ့ နောက်တဆင့်တယ်မယ်လို့ ထင်ကြေးပေးခဲ့ရချိန်မှာ ဟန်ဂေရီပရိသတ်အားကတော့ ဒါကို တက်တက်စင်အောင် လွဲစေခဲ့ပြီး ပြင်သစ်အသင်းကို နောက်ဆုံးပွဲအထိ ရုန်းကန်စေဖို့ ဖြစ်လာစေခဲ့တယ်။

အမျှော်လင့်ခံထားရတဲ့ ပြင်သစ်အသင်းကို ဟန်ဂေရီကစားသမား အက်တီလာ ဖီယိုလာရဲ့ ဦးဆောင်ဂိုးသွင်းယူလိုက်ချိန်မှာ ပွတ်ရှ်ကပ်စ်ကွင်းထဲက ပရိသတ် ၆ သောင်းက ထိန်းချုပ်မရအောင် ရူးသွပ်သွားခဲ့ပြီး ကွင်းလုံးပြည့်ညံနေအောင် အားပေးသွားချိန်မှာ ပြင်သစ်တသင်းလုံးရဲ့ ကစားပုံအထိုင်ကို စိတ်ပိုင်းဆိုင်ရာအရ ထိုးနှက်မှုနဲ့ ဖြိုဖျက်သွားခဲ့တယ်လို့ သတင်းထောက်တဦးကလည်း ထောက်​ပြသွားခဲ့ပါတယ်။

“ကျွန်တော်တို့က ပွဲကြည့်စင်မှာ ပရိသတ်မရှိဘဲ ကစားခဲ့ရတဲ့ အလေ့အကျင့်စွဲသွားလို့ ဒီနေ့ပွဲ လူသောင်းချီတဲ့ ​ကွင်းထဲမှာ ဘောလုံးမကစားတတ်တော့ပါဘူး။ ကွင်းထဲမှာ အတော်လေးအဆင်မပြေခဲ့ဘူး။ ဟန်ဂေရီပရိသတ်အင်အားက အရမ်းတောင့်ပြီး ​ဆူညံလွန်းနေလို့ ဘောလုံးကစားဖို့တောင် မေ့သွားပါတယ်”လို့ ဂရိဇ်မန်းရဲ့ ဆိုသွားခဲ့တာပါ။

သူ့ရဲ့ အ​ဆိုပါစကားက နည်းပြ ဒေးရွှမ့်ဦးဆောင်တဲ့ ​ပြင်သစ်လက်ရွေးစင်အသင်းအတွက်တော့ အနည်းငယ် ရှက်စရာကောင်းစေခဲ့ပြီး တမှတ်သာ ရခဲ့တဲ့ မိမိတို့အသင်းအနေနဲ့ ကိုဗစ်ကြောင့် ပရိသတ်မပါဘဲ ကစားရတဲ့ အလေ့အကျင့်စွဲသွားလို့ တကယ့်ပရိသတ်အစစ်နဲ့ နဖူးတွေ့ ဒူးတွေ့တွေ့ချိန်မှာ ဘောလုံးမကစားတတ်တော့လောက်အောင် ပြာထွက်သွားတယ်လို့ အကြာင်းပြချက်ပေးခဲ့ခြင်းပါ။

လက်ရှိယူရိုမှာ ဟန်ဂေရီနိုင်ငံဟာ ပရိသတ်တွေ ကွင်းလုံးပြည့်အားပေးခွင့်ရတဲ့ တခုတည်းသော နိုင်ငံအသင်းဖြစ်ပြီး ကိုဗစ်ပိုးကူးစက်ခြင်း မရှိခဲ့တဲ့ တပန်းသာနေမှုက အမ်ဘာပေ၊ ဂရိဇ်မန်း၊ ဘန်ဇီမာတို့ ဦးဆောင်လာတဲ့ ​ပြင်သစ်တိုက်စစ်ကို အဆုံးသတ်ပိုင်းမှာ အလွဲလွဲအချော်ချော် ဖြစ်စေခဲ့တယ်လို့ သုံးသပ်ခံထားရပေမယ့် ဒါဟာ ပရော်ဖက်ရှင်နယ်ကစားသမားတဦးအနေနဲ့တော့ ထုတ်မပြောသင့်တဲ့ ဆင်ခြေဖြစ်ကြောင်း ဂရိဇ်မန်းဟာ လက်ရှိမှာ ဝေဖန်ခံနေရကြောင်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ညက ဟန္ေဂရီအသင္းကို တဂိုးစီ သေရက်သြားခဲ့တဲ့ ျပင္သစ္အသင္းရဲ႕ တိုက္စစ္မႉး အြန္ထြာ ဂရိဇ္မန္းက ပြတ္ရွ္ကပ္စ္ကြင္းထဲက ပရိသတ္ ၆ ေသာင္းကို အျပစ္တင္သြားခဲ့ၿပီး သူတို႔ရဲ႕ ဆူညံေအာ္ဟစ္မႈေတြေၾကာင့္ မိမိတို႔ အႏိုင္မကစားႏိုင္ခဲ့ဘူးလို႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရပါတယ္။

ဂရိဇ္မန္းရဲ႕ ႏႈတ္ထြက္စကားဟာ အေတာ္ေလး အံ့အားသင့္ဖြယ္ရာလည္း ျဖစ္ခဲ့ၿပီး ေပးစရာဆင္ေျခ ဒီေလာက္ရွားသလားလို႔ ေဝဖန္စရာေတြလည္း ျဖစ္လာေစခဲ့တာပါ။ ကမာၻ႔အဆင့္မီ ေဘာလုံးသမားတေယာက္အေနနဲ႔ ပရိသတ္ေၾကာင့္ ေဘာလုံမကန္တတ္ေတာ့ဘူးလို႔ ေျပာသြားခဲ့​တာက အေတာ္ေလးလည္း ရယ္႐ႊင္ဖြယ္ရာ ေကာင္းခဲ့ပါတယ္။

ဟန္ေဂရီအသင္းရဲ႕ အိမ္ကြင္းမွာ ကစားခဲ့ရေပမယ့္ လက္ရွိကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္းကပဲ ဂ်ာမနီကို အႏိုင္ယူၿပီးေနာက္ အုပ္စုအဖြင့္ ၂ ပြဲဆက္ ၆ မွတ္နဲ႔ ေနာက္တဆင့္တယ္မယ္လို႔ ထင္ေၾကးေပးခဲ့ရခ်ိန္မွာ ဟန္ေဂရီပရိသတ္အားကေတာ့ ဒါကို တက္တက္စင္ေအာင္ လြဲေစခဲ့ၿပီး ျပင္သစ္အသင္းကို ေနာက္ဆုံးပြဲအထိ ႐ုန္းကန္ေစဖို႔ ျဖစ္လာေစခဲ့တယ္။

အေမွ်ာ္လင့္ခံထားရတဲ့ ျပင္သစ္အသင္းကို ဟန္ေဂရီကစားသမား အက္တီလာ ဖီယိုလာရဲ႕ ဦးေဆာင္ဂိုးသြင္းယူလိုက္ခ်ိန္မွာ ပြတ္ရွ္ကပ္စ္ကြင္းထဲက ပရိသတ္ ၆ ေသာင္းက ထိန္းခ်ဳပ္မရေအာင္ ႐ူးသြပ္သြားခဲ့ၿပီး ကြင္းလုံးျပည့္ညံေနေအာင္ အားေပးသြားခ်ိန္မွာ ျပင္သစ္တသင္းလုံးရဲ႕ ကစားပုံအထိုင္ကို စိတ္ပိုင္းဆိုင္ရာအရ ထိုးႏွက္မႈနဲ႔ ၿဖိဳဖ်က္သြားခဲ့တယ္လို႔ သတင္းေထာက္တဦးကလည္း ေထာက္​ျပသြားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔က ပြဲၾကည့္စင္မွာ ပရိသတ္မရွိဘဲ ကစားခဲ့ရတဲ့ အေလ့အက်င့္စြဲသြားလို႔ ဒီေန႔ပြဲ လူေသာင္းခ်ီတဲ့ ​ကြင္းထဲမွာ ေဘာလုံးမကစားတတ္ေတာ့ပါဘူး။ ကြင္းထဲမွာ အေတာ္ေလးအဆင္မေျပခဲ့ဘူး။ ဟန္ေဂရီပရိသတ္အင္အားက အရမ္းေတာင့္ၿပီး ​ဆူညံလြန္းေနလို႔ ေဘာလုံးကစားဖို႔ေတာင္ ေမ့သြားပါတယ္”လို႔ ဂရိဇ္မန္းရဲ႕ ဆိုသြားခဲ့တာပါ။

သူ႔ရဲ႕ အ​ဆိုပါစကားက နည္းျပ ေဒး႐ႊမ့္ဦးေဆာင္တဲ့ ​ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္ေတာ့ အနည္းငယ္ ရွက္စရာေကာင္းေစခဲ့ၿပီး တမွတ္သာ ရခဲ့တဲ့ မိမိတို႔အသင္းအေနနဲ႔ ကိုဗစ္ေၾကာင့္ ပရိသတ္မပါဘဲ ကစားရတဲ့ အေလ့အက်င့္စြဲသြားလို႔ တကယ့္ပရိသတ္အစစ္နဲ႔ နဖူးေတြ႕ ဒူးေတြ႕ေတြ႕ခ်ိန္မွာ ေဘာလုံးမကစားတတ္ေတာ့ေလာက္ေအာင္ ျပာထြက္သြားတယ္လို႔ အၾကာင္းျပခ်က္ေပးခဲ့ျခင္းပါ။

လက္ရွိယူ႐ိုမွာ ဟန္ေဂရီႏိုင္ငံဟာ ပရိသတ္ေတြ ကြင္းလုံးျပည့္အားေပးခြင့္ရတဲ့ တခုတည္းေသာ ႏိုင္ငံအသင္းျဖစ္ၿပီး ကိုဗစ္ပိုးကူးစက္ျခင္း မရွိခဲ့တဲ့ တပန္းသာေနမႈက အမ္ဘာေပ၊ ဂရိဇ္မန္း၊ ဘန္ဇီမာတို႔ ဦးေဆာင္လာတဲ့ ​ျပင္သစ္တိုက္စစ္ကို အဆုံးသတ္ပိုင္းမွာ အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ေစခဲ့တယ္လို႔ သုံးသပ္ခံထားရေပမယ့္ ဒါဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားတဦးအေနနဲ႔ေတာ့ ထုတ္မေျပာသင့္တဲ့ ဆင္ေျချဖစ္ေၾကာင္း ဂရိဇ္မန္းဟာ လက္ရွိမွာ ေဝဖန္ခံေနရေၾကာင္း သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.