Premier League

ပရီးမီးယားလိဂ္တစ္လတာ အေကာင္းဆုံးကစားသမားဆုအား အေဂြ႐ိုရရွိ

ပရီးမီးယားလိဂ္က ေပးအပ္တဲ့ ဇန္နဝါရီတစ္လတာအေကာင္းဆုံးကစားသမားဆုကိုေတာ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပြဲေတြမွာ ေျခစြမ္းျပ ဂိုးေတြသြင္းယူခဲ့တဲ့ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုက ဆြတ္ခူးသြားခဲ့ေၾကာင္း သိရပါတယ္။

မန္စီးတီးရဲ႕ ဇန္နဝါရီလအတြင္း ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၄ ပြဲမွာ ၆ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ အေဂြ႐ိုဟာ အက္စတန္ဗီလာအသင္းနဲ႔ အေဝးကြင္းပြဲစဥ္မွာလည္း ဟက္ထရစ္ရယူႏုိင္ခဲ့တဲ့အတြက္ ဒီဆုအတြက္ ေရြးခ်ယ္ခံခဲ့ရတာျဖစ္တယ္လုိ႔လည္း ဆုိပါတယ္။

ဒီဆုဟာေတာ့ မန္စီးတီးကို ေျပာင္းအေရႊ႕အၿပီးမွာ ပရီးမီးယားလိဂ္မွာ ဆြတ္ခူးခဲ့တဲ့ ၇ ႀကိမ္ေျမာက္ဆုလည္းျဖစ္ၿပီး ဒီဆုကို အႀကိမ္ေရအမ်ားဆုံး ဆြတ္ခူးႏုိင္တဲ့ ကစားသမားအျဖစ္ခဲ့သလို ၆ ႀကိမ္စီရထားတဲ့ လီဗာပူးလ္ရဲ႕ စတီဗင္ ဂ်ရတ္နဲ႔ စပါးစ္ရဲ႕ ဟာရီကိန္းတုိ႔ကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

သူ႕ရဲ႕ပုံမွန္သြင္းယူခဲ့တဲ့ သြင္းဂိုးေတြဟာ ရာသီကုန္ခ်ိန္မွာ ဒဏ္ရာေတြေၾကာင့္ ၁၂ ဂိုးသာ ရရွိခဲ့တဲ့ ၂၀၁၂-၁၃ ရာသီကလြဲလုိ႔ က်န္တဲ့ရာသီေတြမွာ ၁၇ ဂိုးနဲ႔ အထက္မွာ ရွိခဲ့ၿပီး ဒီအာဂ်င္တီးနားသားဟာ ပရီးမီးယားလိဂ္ဂုိးသြင္းအမ်ားဆုံး ႏုိင္ငံျခားသားအျဖစ္ အာဆင္နယ္ဂႏၴဝင္ သီယာရီ အြန္နရီကို ေက်ာ္ျဖတ္ႏုိင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

အေဂြ႐ိုရဲ႕ စြမ္းေဆာင္ရည္ဟာ ပရီးမီးယားလိဂ္မွာ ေတာ္ေတာ္ေလး ထူးထူးျခားျခားလည္းျဖစ္ၿပီး ဇန္နဝါရီလထဲမွာ ရရွိခဲ့တဲ့ ဟက္ထရစ္ဟာ ပရီးမီးယားလိဂ္မွာ အမ်ားဆုံးျဖစ္တဲ့ ၁၂ ႀကိမ္နဲ႔ ဂိုးသြင္းအမ်ားဆုံး အဂၤလန္ဂႏၴဝင္တုိက္စစ္မွဴး အလန္ ရွီးယားရားကိုလည္း ေက်ာ္ျဖတ္ႏုိင္ခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & PREMIER LEAGUE
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်က ပေးအပ်တဲ့ ဇန်နဝါရီတစ်လတာအကောင်းဆုံးကစားသမားဆုကိုတော့ မန်ချက်စတာစီးတီးအသင်းရဲ့ ပွဲတွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုက ဆွတ်ခူးသွားခဲ့ကြောင်း သိရပါတယ်။

မန်စီးတီးရဲ့ ဇန်နဝါရီလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၆ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အဂွေရိုဟာ အက်စတန်ဗီလာအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း ဟက်ထရစ်ရယူနိုင်ခဲ့တဲ့အတွက် ဒီဆုအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီဆုဟာတော့ မန်စီးတီးကို ပြောင်းအရွှေ့အပြီးမှာ ပရီးမီးယားလိဂ်မှာ ဆွတ်ခူးခဲ့တဲ့ ၇ ကြိမ်မြောက်ဆုလည်းဖြစ်ပြီး ဒီဆုကို အကြိမ်ရေအများဆုံး ဆွတ်ခူးနိုင်တဲ့ ကစားသမားအဖြစ်ခဲ့သလို ၆ ကြိမ်စီရထားတဲ့ လီဗာပူးလ်ရဲ့ စတီဗင် ဂျရတ်နဲ့ စပါးစ်ရဲ့ ဟာရီကိန်းတို့ကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ပုံမှန်သွင်းယူခဲ့တဲ့ သွင်းဂိုးတွေဟာ ရာသီကုန်ချိန်မှာ ဒဏ်ရာတွေကြောင့် ၁၂ ဂိုးသာ ရရှိခဲ့တဲ့ ၂၀၁၂-၁၃ ရာသီကလွဲလို့ ကျန်တဲ့ရာသီတွေမှာ ၁၇ ဂိုးနဲ့ အထက်မှာ ရှိခဲ့ပြီး ဒီအာဂျင်တီးနားသားဟာ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး နိုင်ငံခြားသားအဖြစ် အာဆင်နယ်ဂန္ထဝင် သီယာရီ အွန်နရီကို ကျော်ဖြတ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

အဂွေရိုရဲ့ စွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ်မှာ တော်တော်လေး ထူးထူးခြားခြားလည်းဖြစ်ပြီး ဇန်နဝါရီလထဲမှာ ရရှိခဲ့တဲ့ ဟက်ထရစ်ဟာ ပရီးမီးယားလိဂ်မှာ အများဆုံးဖြစ်တဲ့ ၁၂ ကြိမ်နဲ့ ဂိုးသွင်းအများဆုံး အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး အလန် ရှီးယားရားကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & PREMIER LEAGUE
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.