Premier League

ရော်နယ်ဒို စလိုက်တဲ့ စတန့် ပေါ့ဘာဆီရောက်လာပြီး ဟန်နီကယ်ပါ မျက်ခုံးလှုပ်ရနေရပြီလား

ယူရို ၂၀၂၀ ပြိုင်ပွဲဟာတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ပြိုင်ပွဲအစမှာတင် ရင်ခုန်စိတ်လှုပ်ရှားစရာတွေ၊ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ အခုတကြိမ်မှာတော့ ယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အတတ်ဆန်းတဲ့ စတန့်တခုလို ပေါ့ဘာကလည်း လိုက်လုပ်လာခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ညက ပေါ့ဘာရဲ့ ပြောင်မြောက်တဲ့ ဘောလုံးပေးပို့မှုကနေတဆင့် ဟမ်းမဲလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့ခြင်းက ပြင်သစ်အသင်းကို ဂျာမနီအသင်းဆီက ရမှတ် ၃ မှတ် နှိုက်ယူသွားခဲ့သလို လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းအနေနဲ့ ပေါ်တူဂီကို ကျော်ဖြတ်ပြီး ယူရိုဘုရင်ဖြစ်လာမယ်လို့ နံပါတ် ၁ နေရာက ရေပန်းစားသွားခဲ့တာပါ။

ဒီပွဲအပြီးမှာတော့ ပေါ့ဘာရဲ့ လုပ်ရပ်တခုက ပေါ်တူဂီအတွက် ၂ ဂိုးသွင်းပြီး ယူရိုစံချိန်လူသားဖြစ်လာခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ” ရေသောက်ပါ၊ အချိုရည်မသောက်ပါနဲ့ ” လို့ အသိစိတ်ရှိရှိတိုက်တွန်းပြီး သတင်းစာရှင်းလင်းပွဲမှာ မျက်စိရှေ့က ကိုကာကိုလာဘူးကို ဖယ်ရှားပစ်ခဲ့ပုံအတိုင်း တထပ်တည်းခြေရာနင်းခဲ့တာပါ။

ပေါ့ဘာအနေနဲ့ ပြင်သစ်ရဲ့ နိုင်ပွဲအပြီး သတင်းစာအင်တာဗျူးစားပွဲပေါ်က ဟန်နီကန်ဘီယာဗူးကို ဘေးကို ပို့လိုက်တာဖြစ်ပြီး သူ့အနေနဲ့ အခုလိုလုပ်ခဲ့တာဟာ အစ္စလာမ်ဘာသာရေးယုံကြည်မှုကြောင့် ယမကာမှီဝဲခြင်းကို အားမပေးသလို ဘာသာဝင်ဖြစ်တဲ့ ပြင်သစ်သားအနေနဲ့ အရက်သေစာကို ဝေရာမဏိ ရှောင်ကျဉ်ပါ၏ ဆိုတဲ့သဘောကို လူသိရှင်ကြားပြသသွားခဲ့တာပါ။

ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်နောက်ဆက်တွဲမှာတော့ ကိုကာကိုလာကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ၁.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဈေးကွက်တန်ဖိုးက ဒေါ်လာ ၄ ဘီလျံအထိ ထိုးကျသွားခဲ့တဲ့အထိ ရိုက်ခတ်သွားခဲ့ချိန်မှာ ယူရိုပြိုင်ပွဲရဲ့ စပွန်ဆာတွေကို အကျပ်ရိုက်သွားစေခဲ့တာပါ။

ကိုကာကိုလာ ကုမ်ပဏီမှ တာဝန်ရှိသူတွေကတော့ ရော်နယ်ဒိုရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး ” လူတိုင်းမှာ ကိုယ်နှစ်သက်ရာကို ရွေးချယ် ညွှန်းပိုင်ခွင့်ရှိပြီး လူတိုင်း ကိုယ်နှစ်သက်တဲ့ အရသာနဲ့ လိုအပ်ချက်တွေ မတူညီကြပါဘူး။ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲကို ရောက်ရှိလာသူတိုင်းကို သောက်သုံးဖို့ ရေပုလင်းအပြင် ကိုကာကိုလာ ၊ ကိုကာကိုလာဇီးရိုးပုလင်းတွေကို ထားထားပေးလေ့ရှိပြီး ကြိုက်နှစ်သက်ရင် သောက်သုံးနိုင်ကြအောင် စီစဉ်ပေးထားတာပါ။ ” လို့ ရော်နယ်ဒိုရဲ့ အပြုအမှုကြောင့် ရှယ်ယာဈေးကျဆင်းသွားပေမယ့် အပြစ်တင် စကားမပြောခဲ့ပါဘူး။

အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ပေါ့ဘာရဲ့ အခုလုပ်ရပ်မှာလည်း ဟန်နီကန်ဘီယာကုမ္ပဏီဘက်က ကျိန်ဆဲစရာဖြစ်လာခဲ့သလို ရှယ်ယာတန်ဖိုး ဘယ်လောက်အထိနာဦးမလဲဆိုတာ စိုးရိမ်လာရတယ်။ သတင်းခေါင်းကြီးတွေမှာ ရော်နယ်လ်ဒိုနဲ့ ပေါ့ဘာတို့ရဲ့ လုပ်ရပ်နဲ့ ဆုံးဖြတ်ချက်က ထင်ရှားလွန်းနေခဲ့တာပါ။

” အချိုရည်မသောက်နဲ့။ ရေသောက်ပါ။ ကျန်းမာအောင် နေပါ ” ဆိုတဲ့ ရော်နယ်လ်ဒိုထုတ်လွှတ်ပေးလိုက်တဲ့ ဆောင်ပုဒ်အားက ထင်းခနဲ ဖြစ်သွားခဲ့သလို ” အရက်သေစာကို ရှောင်ရှားပါ။ ကျန်းမာရေးနဲ့ လျော်ညီတဲ့ အာဟာကို စားသုံးပါ ” ဆိုတဲ့ မက်ဆေ့ချ်ကလည်း အင်တာနက်သုံးစွဲသူတွေကြားမှာ ထိထိရောက်ရောက် ပျံ့နှံ့သွားခဲ့တာဟာ ယူရိုပြိုင်ပွဲရဲ့ ဆောင်ယူလာတဲ့ အထိမိဆုံးဖြစ်ရပ်တွေထဲက တခုအဖြစ် တင်ဆက်ပေးလိုက်ပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဟာေတာ့ ေရာက္ေရာက္ခ်င္း ေဆာက္နဲ႔ထြင္းဆိုသလို ၿပိဳင္ပြဲအစမွာတင္ ရင္ခုန္စိတ္လႈပ္ရွားစရာေတြ၊ စိတ္ဝင္စားစရာေတြနဲ႔ ျပည့္ႏွက္ေနခဲ့တာပါ။ အခုတႀကိမ္မွာေတာ့ ယူႏိုက္တက္ကစားသမားေဟာင္းျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အတတ္ဆန္းတဲ့ စတန႔္တခုလို ေပါ့ဘာကလည္း လိုက္လုပ္လာခဲ့တာကို ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ညက ေပါ့ဘာရဲ႕ ေျပာင္ေျမာက္တဲ့ ေဘာလုံးေပးပို႔မႈကေနတဆင့္ ဟမ္းမဲလ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းခဲ့ျခင္းက ျပင္သစ္အသင္းကို ဂ်ာမနီအသင္းဆီက ရမွတ္ ၃ မွတ္ ႏႈိက္ယူသြားခဲ့သလို လက္ရွိကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္းအေနနဲ႔ ေပၚတူဂီကို ေက်ာ္ျဖတ္ၿပီး ယူ႐ိုဘုရင္ျဖစ္လာမယ္လို႔ နံပါတ္ ၁ ေနရာက ေရပန္းစားသြားခဲ့တာပါ။

ဒီပြဲအၿပီးမွာေတာ့ ေပါ့ဘာရဲ႕ လုပ္ရပ္တခုက ေပၚတူဂီအတြက္ ၂ ဂိုးသြင္းၿပီး ယူ႐ိုစံခ်ိန္လူသားျဖစ္လာခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ” ေရေသာက္ပါ၊ အခ်ိဳရည္မေသာက္ပါနဲ႔ ” လို႔ အသိစိတ္ရွိရွိတိုက္တြန္းၿပီး သတင္းစာရွင္းလင္းပြဲမွာ မ်က္စိေရွ႕က ကိုကာကိုလာဘူးကို ဖယ္ရွားပစ္ခဲ့ပုံအတိုင္း တထပ္တည္းေျခရာနင္းခဲ့တာပါ။

ေပါ့ဘာအေနနဲ႔ ျပင္သစ္ရဲ႕ ႏိုင္ပြဲအၿပီး သတင္းစာအင္တာဗ်ဴးစားပြဲေပၚက ဟန္နီကန္ဘီယာဗူးကို ေဘးကို ပို႔လိုက္တာျဖစ္ၿပီး သူ႔အေနနဲ႔ အခုလိုလုပ္ခဲ့တာဟာ အစၥလာမ္ဘာသာေရးယုံၾကည္မႈေၾကာင့္ ယမကာမွီဝဲျခင္းကို အားမေပးသလို ဘာသာဝင္ျဖစ္တဲ့ ျပင္သစ္သားအေနနဲ႔ အရက္ေသစာကို ေဝရာမဏိ ေရွာင္က်ဥ္ပါ၏ ဆိုတဲ့သေဘာကို လူသိရွင္ၾကားျပသသြားခဲ့တာပါ။

ေရာ္နယ္လ္ဒိုရဲ႕ လုပ္ရပ္ေနာက္ဆက္တြဲမွာေတာ့ ကိုကာကိုလာကုမၸဏီရဲ႕ ရွယ္ယာတန္ဖိုးဟာ ၁.၆ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ၿပီး ေဈးကြက္တန္ဖိုးက ေဒၚလာ ၄ ဘီလ်ံအထိ ထိုးက်သြားခဲ့တဲ့အထိ ႐ိုက္ခတ္သြားခဲ့ခ်ိန္မွာ ယူ႐ိုၿပိဳင္ပြဲရဲ႕ စပြန္ဆာေတြကို အက်ပ္႐ိုက္သြားေစခဲ့တာပါ။

ကိုကာကိုလာ ကုမ္ပဏီမွ တာဝန္ရွိသူေတြကေတာ့ ေရာ္နယ္ဒိုရဲ႕ လုပ္ရပ္နဲ႔ ပတ္သတ္ၿပီး ” လူတိုင္းမွာ ကိုယ္ႏွစ္သက္ရာကို ေ႐ြးခ်ယ္ ၫႊန္းပိုင္ခြင့္ရွိၿပီး လူတိုင္း ကိုယ္ႏွစ္သက္တဲ့ အရသာနဲ႔ လိုအပ္ခ်က္ေတြ မတူညီၾကပါဘူး။ ကြၽန္ေတာ္တို႔ သတင္းစာရွင္းလင္းပြဲကို ေရာက္ရွိလာသူတိုင္းကို ေသာက္သုံးဖို႔ ေရပုလင္းအျပင္ ကိုကာကိုလာ ၊ ကိုကာကိုလာဇီး႐ိုးပုလင္းေတြကို ထားထားေပးေလ့ရွိၿပီး ႀကိဳက္ႏွစ္သက္ရင္ ေသာက္သုံးႏိုင္ၾကေအာင္ စီစဥ္ေပးထားတာပါ။ ” လို႔ ေရာ္နယ္ဒိုရဲ႕ အျပဳအမႈေၾကာင့္ ရွယ္ယာေဈးက်ဆင္းသြားေပမယ့္ အျပစ္တင္ စကားမေျပာခဲ့ပါဘူး။

အေကာင္းဆုံးကစားသမားဆုရခဲ့တဲ့ ေပါ့ဘာရဲ႕ အခုလုပ္ရပ္မွာလည္း ဟန္နီကန္ဘီယာကုမၸဏီဘက္က က်ိန္ဆဲစရာျဖစ္လာခဲ့သလို ရွယ္ယာတန္ဖိုး ဘယ္ေလာက္အထိနာဦးမလဲဆိုတာ စိုးရိမ္လာရတယ္။ သတင္းေခါင္းႀကီးေတြမွာ ေရာ္နယ္လ္ဒိုနဲ႔ ေပါ့ဘာတို႔ရဲ႕ လုပ္ရပ္နဲ႔ ဆုံးျဖတ္ခ်က္က ထင္ရွားလြန္းေနခဲ့တာပါ။

” အခ်ိဳရည္မေသာက္နဲ႔။ ေရေသာက္ပါ။ က်န္းမာေအာင္ ေနပါ ” ဆိုတဲ့ ေရာ္နယ္လ္ဒိုထုတ္လႊတ္ေပးလိုက္တဲ့ ေဆာင္ပုဒ္အားက ထင္းခနဲ ျဖစ္သြားခဲ့သလို ” အရက္ေသစာကို ေရွာင္ရွားပါ။ က်န္းမာေရးနဲ႔ ေလ်ာ္ညီတဲ့ အာဟာကို စားသုံးပါ ” ဆိုတဲ့ မက္ေဆ့ခ်္ကလည္း အင္တာနက္သုံးစြဲသူေတြၾကားမွာ ထိထိေရာက္ေရာက္ ပ်ံ႕ႏွံ႔သြားခဲ့တာဟာ ယူ႐ိုၿပိဳင္ပြဲရဲ႕ ေဆာင္ယူလာတဲ့ အထိမိဆုံးျဖစ္ရပ္ေတြထဲက တခုအျဖစ္ တင္ဆက္ေပးလိုက္ပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.