Premier League Transfer News

16 Jun ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ပေါင်သန်း ၁၅၀ ကျသင့်မယ့် တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ဘက်နဲ့ နော်ဝေကစားသမားတို့အကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပြီး ချဲလ်ဆီးနဲ့ ဒေါ့မွန်တို့ကြားထဲမှာ ပြောင်းရွှေ့ကြေးအတွက် ဆက်လက်ဆွေးနွေးဖို့ပဲ ကျန်တော့တယ်လို့ သတင်းတွေ ဖော်ပြ။

– အေစီမီလန်အသင်းဟာ ချယ်လ်ဆီးအသင်းက တိုက်စစ်မှူးဂျရူးကို တနှစ်သက်တမ်းတိုးလိုက်ပေမယ့် စတမ်းဖို့ဒ်မြေကို ဟာလန်း၊ ဟာရီကိန်းတို့ထဲက တဦးရောက်လာဖွယ်ရှိနေတာကြောင့် အနာဂတ်မရေရာတဲ့ ဂျရူးကို လက်မလျှော့သေးကြောင်း သိရပြီး အသက် ၃၄ နှစ်သားကို ၂ နှစ် သို့ ၃ နှစ်စာချုပ်နဲ့ အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းလိုက်သလို လာမယ့်တပတ်အတွင်းမှာ အပြောင်းအရွှေ့ပြီးမြောက်ဖွယ်ရှိ။

– ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းတက်လာခဲ့ပြီး ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင် ခိုင်ဟာဗတ်ဇ်ရဲ့ အောင်မြင်မှုကို မုဒိတာပွားနိုင်ပေမယ့် အသက် ၂၂ နှစ်သားကို ပြီးခဲ့တဲ့ နွေရာသီမှာ ဘိုင်ယန်မြူးနစ်က မခေါ်ယူနိုင်ခဲ့တာကို နောင်တရလို့မဆုံးဘဲ မချိတင်ကဲဖြစ်မိကြောင်း ဂျာမန်ဂန္ထဝင်ကစားသမားကြီး ဘက်ကင်ဘောင်ဝါက ထုတ်ဖော်သွား။

– အလွန်အကျူး တင်စားမြှောက်ပင့်တတ်သလို အလွန်အကျူးရိုက်ချပြီး မြောင်းထဲထိုးချတတ်တဲ့ အင်္ဂလန်မီဒီယာတွေရဲ့ အကျင့်စရိုက်ကို တုန်လှုပ်ခဲ့ရကြောင်းနဲ့ ချန်ပီယံလိဂ်အနိုင်ဂိုးရှင်ဖြစ်လို့ နေ့ချင်းညချင်း ပြောင်းလဲသွားတဲ့အဖြစ်ကို သံဝေဂရမိကြောင်း ခိုင်ဟာဗတ်ဇ်က ဝန်ခံသွားခဲ့ပြီး သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့ရတဲ့ တီမို ​ဗာနာနဲ့ မိမိတို့ဟာ ဖွလွန်းတဲ့ သတင်းတွေကို အပြန်အလှန် ဟာသဖောက်ခဲ့ကြပေမယ့် စိတ်ထိခိုက်ခဲ့ရဟုဆို။

– လန်ဒန်က လာတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ အက်စတန်ဗီလာကွင်းလယ်တိုက်စစ်မှူး ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်းဖြစ်နေတယ်လို့ သိရပြီး မန်ချက်စတာနှစ်သင်းကို ကျော်ဖြတ်ကာ ပေါင်သန်း ၁၀၀ တန်ကြေးနဲ့ စာချုပ်ချုပ်သွားနိုင်ဖွယ်ရှိနေ။

– ဂရီးလစ်ရှ်ရဲ့ အဝင်စာရင်းတက်လာတဲ့နောက် အထွက်စာရင်းမှာတော့ တန်မီ အေဘရာဟမ်နဲ့ အိုလီဗာ ဂျရူးတို့က တန်းစီနေရပြီလို့ တူဟယ်လ်ရဲ့ ဆုံးဖြတ်ချက်ကို သိရှိခဲ့ရပြီး ချယ်လ်ဆီးအနေနဲ့ အလွန်ဆို၊ လော့ဖ်တပ်စ်ချိခ်၊ ဂိုးသမား ကယ်ပါနဲ့ အိုဒွိုင်းတို့ကို ခါထုတ်မှာဖြစ်သလို ရော့ဘာကလေကိုပါ ရောင်းထုတ်ကာ ဟာလန်းရဲ့ လန်ဒန်မြို့အဝင်လမ်းခရီးအတွက် ပြင်ဆင်ဖို့ရွိေန။

– ၂၀၂၁ ခုနှစ်အတွက် Golden Boy ဆုအတွက် ဆန်ခါတင် ၁၀၀ စာရင်းမှာ ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီထွက်လူငယ် ၃ ဦးပါဝင်လာခဲ့ပြီး ဘီလီ ဂီးလ်မိုး၊ အာမန်ဒို ဘရိုဂျာနဲ့ တီနို အန်ဂျိုရန်တို့က ရွေးချယ်ခံခဲ့ရတဲ့နောက်မှာ ၂၀၀၁ ခုနှစ်ဖွား လူငယ်အများစုကို ရွေးချယ်တဲ့ ဒီဆုရဲ့ နောက်တဆင့် ဆန်ခါတင်စာရင်းမှာ ဂီးလ်မိုးလ်ထပ်မံပါဝင်လာဖွယ်ရှိ။

– လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်က ပေါင် ၃၄ သန်းနဲ့ ခေါ်ထုတ်ဖို့ ကြိုးစားနေတဲ့ ဟာကင်းမ် ဇီးယက်ရှ်ကို တူဟယ်လ်အနေနဲ့ အေစီမီလန်ကို ပို့ဖို့သာ ကြံစည်နေကြောင်း သိရပြီး မော်ရိုကိုသားရဲ့နေရာကို လက်စတာကွင်းလယ်တိုက်စစ်မှူး ဂျိမ်းစ်မက်ဒီဆန်နဲ့ ပြန်လည်အစားထိုးသွားဖို့ စိတ်ဝင်စားနေ။

– အီတလီအခြေစိုက် သတင်းထောက်ဖြစ်တဲ့ အက်ခရမ် ကိုနူရ်ရဲ့ အဆိုအရ ချယ်လ်ဆီးအသင်းဟာ ဂိုးသွင်းစက် အာလင်း ဟာလန်းအတွက် ယူရိုသန်း ၇၀ နဲ့ ဒေါ့မန်အသင်းဆီ ကနဦးကမ်းလှမ်းလိုက်ကြောင်း သိရသလို အသင်းရဲ့ တိုက်စစ်မှူး တန်မီ အေဘရာဟမ်ကိုပါ အလိုက်ပေးသွားမှာဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းမှာ ဒေါ့မန်အသင်းက တစုံတရာတုံ့ပြန်ထားခြင်း မရှိသေးကြောင်း သိရှိထားရ။

– ချယ်လ်ဆီးအပြောင်းအရွှေ့တာဝန်ခံ မာရီနာအနေနဲ့ မားကို့စ် အလွန်ဆိုရဲ့နေရာမှာ အစားထိုးမယ့် ဘယ်နောက်ခံလူတဦး ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး ယူရိုပါလိဂ်ချန်ပီယံဖြစ်တဲ့ ဗီလာရီးရဲလ်ကစားသမား အယ်လ်ဖွန်ဆို ပက်ဒရာဇာကို မျက်စိကျနေသလို ၂၅ နှစ်သား ကစားသမားအနေနဲ့ လိဒ်စ်အသင်းမှာ ကစားဖူးလို့ အင်္ဂလန်မြေနဲ့ စိမ်းမနေကြောင်းသိရချိန်မှာ နာပိုလီကလည်း သူ့ကို အပြိုင်လုလာဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေပါင္သန္း ၁၅၀ က်သင့္မယ့္ တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူဖို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ဘက္နဲ႔ ေနာ္ေဝကစားသမားတို႔အၾကား ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ သိရၿပီး ခ်ဲလ္ဆီးနဲ႔ ေဒါ့မြန္တို႔ၾကားထဲမွာ ေျပာင္းေ႐ႊ႕ေၾကးအတြက္ ဆက္လက္ေဆြးေႏြးဖို႔ပဲ က်န္ေတာ့တယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ေအစီမီလန္အသင္းဟာ ခ်ယ္လ္ဆီးအသင္းက တိုက္စစ္မႉးဂ်႐ူးကို တႏွစ္သက္တမ္းတိုးလိုက္ေပမယ့္ စတမ္းဖို႔ဒ္ေျမကို ဟာလန္း၊ ဟာရီကိန္းတို႔ထဲက တဦးေရာက္လာဖြယ္ရွိေနတာေၾကာင့္ အနာဂတ္မေရရာတဲ့ ဂ်႐ူးကို လက္မေလွ်ာ့ေသးေၾကာင္း သိရၿပီး အသက္ ၃၄ ႏွစ္သားကို ၂ ႏွစ္ သို႔ ၃ ႏွစ္စာခ်ဳပ္နဲ႔ အၿပီးသတ္ေခၚယူဖို႔ ကမ္းလွမ္းလိုက္သလို လာမယ့္တပတ္အတြင္းမွာ အေျပာင္းအေ႐ႊ႕ၿပီးေျမာက္ဖြယ္ရွိ။

– ခ်ယ္လ္ဆီးအသင္းမွာ ေျခစြမ္းတက္လာခဲ့ၿပီး ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ဂ်ာမန္ကြင္းလယ္ဖန္တီးရွင္ ခိုင္ဟာဗတ္ဇ္ရဲ႕ ေအာင္ျမင္မႈကို မုဒိတာပြားႏိုင္ေပမယ့္ အသက္ ၂၂ ႏွစ္သားကို ၿပီးခဲ့တဲ့ ေႏြရာသီမွာ ဘိုင္ယန္ျမဴးနစ္က မေခၚယူႏိုင္ခဲ့တာကို ေနာင္တရလို႔မဆုံးဘဲ မခ်ိတင္ကဲျဖစ္မိေၾကာင္း ဂ်ာမန္ဂႏၴဝင္ကစားသမားႀကီး ဘက္ကင္ေဘာင္ဝါက ထုတ္ေဖာ္သြား။

– အလြန္အက်ဴးတင္စားေျမႇာက္ပင့္တတ္သလို အလြန္အက်ဴး႐ိုက္ခ်ၿပီး ေျမာင္းထဲထိုးခ်တတ္တဲ့ အဂၤလန္မီဒီယာေတြရဲ႕ အက်င့္စ႐ိုက္ကို တုန္လႈပ္ခဲ့ရေၾကာင္းနဲ႔ ခ်န္ပီယံလိဂ္အႏိုင္ဂိုးရွင္ျဖစ္လို႔ ေန႔ခ်င္းညခ်င္းေျပာင္းလဲသြားတဲ့အျဖစ္ကို သံေဝဂရမိေၾကာင္း ခိုင္ဟာဗတ္ဇ္က ဝန္ခံသြားခဲ့ၿပီး သူတို႔ရဲ႕ အဓိကပစ္မွတ္ျဖစ္ခဲ့ရတဲ့ တီမို ​ဗာနာနဲ႔ မိမိတို႔ဟာ ဖြလြန္းတဲ့ သတင္းေတြကို အျပန္အလွန္ ဟာသေဖာက္ခဲ့ၾကေပမယ့္ စိတ္ထိခိုက္ခဲ့ရဟုဆို။

– လန္ဒန္က လာတဲ့ သတင္းေတြအရ ခ်ယ္လ္ဆီးအသင္းဟာ အက္စတန္ဗီလာကြင္းလယ္တိုက္စစ္မႉး ဂ်က္ဂရီးလစ္ရွ္ကို ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံး အသင္းျဖစ္ေနတယ္လို႔ သိရၿပီး မန္ခ်က္စတာႏွစ္သင္းကို ေက်ာ္ျဖတ္ကာ ေပါင္သန္း ၁၀၀ တန္ေၾကးနဲ႔ စာခ်ဳပ္ခ်ဳပ္သြားႏိုင္ဖြယ္ရွိေန။

– ဂရီးလစ္ရွ္ရဲ႕ အဝင္စာရင္းတက္လာတဲ့ေနာက္ အထြက္စာရင္းမွာေတာ့ တန္မီ ေအဘရာဟမ္နဲ႔ အိုလီဗာ ဂ်႐ူးတို႔က တန္းစီေနရၿပီလို႔ တူဟယ္လ္ရဲ႕ ဆုံးျဖတ္ခ်က္ကို သိရွိခဲ့ရၿပီး ခ်ယ္လ္ဆီးအေနနဲ႔ အလြန္ဆို၊ ေလာ့ဖ္တပ္စ္ခ်ိခ္၊ ဂိုးသမား ကယ္ပါနဲ႔ အိုဒြိဳင္းတို႔ကို ခါထုတ္မွာျဖစ္သလို ေရာ့ဘာကေလကိုပါ ေရာင္းထုတ္ကာ ဟာလန္းရဲ႕ လန္ဒန္ၿမိဳ႕အဝင္လမ္းခရီးအတြက္ ျပင္ဆင္ေန။

– ၂၀၂၁ ခုႏွစ္အတြက္ Golden Boy ဆုအတြက္ ဆန္ခါတင္ ၁၀၀ စာရင္းမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ အကယ္ဒမီထြက္လူငယ္ ၃ ဦးပါဝင္လာခဲ့ၿပီး ဘီလီ ဂီးလ္မိုး၊ အာမန္ဒို ဘ႐ိုဂ်ာနဲ႔ တီႏို အန္ဂ်ိဳရန္တို႔က ေ႐ြးခ်ယ္ခံခဲ့ရတဲ့ေနာက္မွာ ၂၀၀၁ ခုႏွစ္ဖြား လူငယ္အမ်ားစုကို ေ႐ြးခ်ယ္တဲ့ ဒီဆုရဲ႕ ေနာက္တဆင့္ ဆန္ခါတင္စာရင္းမွာ ဂီးလ္မိုးလ္ထပ္မံပါဝင္လာဖြယ္ရွိ။

– လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္က ေပါင္ ၃၄ သန္းနဲ႔ ေခၚထုတ္ဖို႔ ႀကိဳးစားေနတဲ့ ဟာကင္းမ္ ဇီးယက္ရွ္ကို တူဟယ္လ္အေနနဲ႔ ေအစီမီလန္ကို ပို႔ဖို႔သာ ႀကံစည္ေနေၾကာင္း သိရၿပီး ေမာ္႐ိုကိုသားရဲ႕ေနရာကို လက္စတာကြင္းလယ္တိုက္စစ္မႉး ဂ်ိမ္းစ္မက္ဒီဆန္နဲ႔ ျပန္လည္အစားထိုးသြားဖို႔ စိတ္ဝင္စားေန။

– အီတလီအေျခစိုက္ သတင္းေထာက္ျဖစ္တဲ့ အက္ခရမ္ ကိုႏူရ္ရဲ႕ အဆိုအရ ခ်ယ္လ္ဆီးအသင္းဟာ ဂိုးသြင္းစက္ အာလင္း ဟာလန္းအတြက္ ယူ႐ိုသန္း ၇၀ နဲ႔ ေဒါ့မန္အသင္းဆီ ကနဦးကမ္းလွမ္းလိုက္ေၾကာင္း သိရသလို အသင္းရဲ႕ တိုက္စစ္မႉး တန္မီ ေအဘရာဟမ္ကိုပါ အလိုက္ေပးသြားမွာျဖစ္ေၾကာင္း ေဖာ္ျပခဲ့ျခင္းမွာ ေဒါ့မန္အသင္းက တစုံတရာတုံ႔ျပန္ထားျခင္း မရွိေသးေၾကာင္း သိရွိထားရ။

– ခ်ယ္လ္ဆီးအေျပာင္းအေ႐ႊ႕တာဝန္ခံ မာရီနာအေနနဲ႔ မားကို႔စ္ အလြန္ဆိုရဲ႕ေနရာမွာ အစားထိုးမယ့္ ဘယ္ေနာက္ခံလူတဦး ေခၚယူသြားဖို႔ ပစ္မွတ္ထားေနၿပီး ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္တဲ့ ဗီလာရီးရဲလ္ကစားသမား အယ္လ္ဖြန္ဆို ပက္ဒရာဇာကို မ်က္စိက်ေနသလို ၂၅ ႏွစ္သား ကစားသမားအေနနဲ႔ လိဒ္စ္အသင္းမွာ ကစားဖူးလို႔ အဂၤလန္ေျမနဲ႔ စိမ္းမေနေၾကာင္းသိရခ်ိန္မွာ နာပိုလီကလည္း သူ႔ကို အၿပိဳင္လုလာဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.