La Liga Premier League Transfer News

တူဟယ်လ်ရဲ့ ဒုတိယရာသီမှာ Thiago Silva 2.0 ကို ေခါ်ပြီး ဖလားတွေ သိမ်းပိုက်နိုင်မလား

ချယ်လ်ဆီးအသင်းနဲ့ ဒုတိယမြောက်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဗိုလ်ဝင်ခံဖို့ မြင့်မြင့်ကြံနေတဲ့ နည်းပြတူဟယ်လ်ဟာ ဖွင့်လှစ်ခဲ့ပြီဖြစ်တဲ့ လက်ရှိနွေရာသီအပြောင်းရွှေ့စျေးကွက်အတွင်း “ဒုတိယမြောက် သီယာဂို ဆေးလ်ဗား”ကို ခေါ်ယူဖို့ ခပ်သွက်သွက်နဲ့ ခြေလှမ်းပြင်နေပြီလို့ သိရပါတယ်။

ဒီလအကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းပြည့်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ပြီဖြစ်တဲ့ ၆ ပေ ၁ လက်မမြင့်တဲ့ အသက် ၃၄ နှစ်အရွယ် ဝါရင့်ဗဟိုခံစစ်မှူးကြီး ဆာဂျီယို ရာမို့စ်ကို စတမ်းဖို့ဒ်မြေဆီ လက်မနှေးဘဲ အမြန်ဆုံး ခေါ်ယူသွားဖို့ ချိတ်ဆက်စီစဉ်နေတာလည်းဖြစ်ပါတယ်။

ရီးရဲလနဲ့ ဆယ်စုနှစ် ၂ ခုနီးပါးကာလအတွင်း ချန်ပီယံလိဂ်ဖလား ၄ လုံး၊ လာလီဂါဖလား ၅ လုံး သိမ်းပိုက်ထားသလို နိုင်ငံတကာအဆင့်မှာလည်း စပိန်အသင်းနဲ့ ယူရိုဖလား ၂ လုံးနဲ့ ကမ္ဘာ့ဖလားချန်ပီယံ ၁ ​ကြိမ်ဖြစ်ထားတဲ့ ရာမို့စ်ယူဆောင်လာမယ့် အတွေ့အကြုံဟာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းကို ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကိုမှ ဘာမထီနိုင်တဲ့ အနေအထားမျိုးဖြစ်သွားစေနိုင်ပါတယ်။

နောက်ဆုံးထွက်လာတဲ့ သတင်းတွေအရ ဖီကာယို တိုမိိုရီက အေစီမီလန်အသင်းကို အပြီးသတ်ပြောင်းပြီဖြစ်သလို ကတ်ဇူးမားကလည်း ထွက်ခွာဖို့ အထုပ်ပြင်နေချိန်မှာ ချယ်လ်ဆီးအနေနဲ့ ရာမို့စ်အပြင် ပေါင်သန်း ၆၀ စျေးဖွင့်ခံထားရတဲ့ ရာဖေးလ် ဗာရန်း၊ မက်ဆင့်စ် လာခွာ၊ ပေါ်တောရက်စ်၊ ဂျူးလ် ကွန်​ဒေနဲ့ နစ်ကလပ်စ် ဆူးလားတို့ထဲက တဦးနဲ့ ဗဟိုခံစစ်မှူး ၂ ဦးကို သေချာပေါက်ခေါ်ဆောင်လာဖို့ ရှိနေတာပါ။

PSG ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာခဲ့သူ ဝါရင့်ခံစစ်ကျောက်ဆောင်ကြီးဟာ အသက်အရွယ်နဲ့မလိုက်အောင် ဒီရာသီမှာ ၃၂ ပွဲအထိ အမောမဖောက်စတမ်း ကစားခဲ့ပြီး ကမ္ဘာ့အဆင့် ခံစစ်ဦးဆောင်မှုက ချယ်လ်ဆီးကို ကောင်းကောင်းလုံခြုံစေခဲ့တဲ့ ဥပမာက တူဟယ်လ်ကို အားပါးတရရှိစေခဲ့တယ်။

Clean Sheet ၁၀ ပွဲအထိ စွမ်း​ဆောင်နိုင်ခဲ့သလို တန်ကြေးကြီးလွန်းတဲ့ ဇီးယက်ရှ်၊ ဗာနာ၊ ခိုင်ဟာဗတ်ဇ်တို့အုပ်စုက ကြံ့ခိုင်မှုအသားပေးတဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ ရွာလည်နေချိန်မှာပဲ သက်ကြားအိုကြီး ဆေးလ်ဗားက ဆေးစက်ကျရာ အရုပ်ထင်ခဲ့တဲ့ သမ္ဘာ့ရင့်အတွေ့အကြုံက လက်ရှိချယ်လ်ဆီးရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုမှာ အတော်လေးစကားပြောခဲ့တယ်။

တဖက်မှာတော့ ဆေးလ်ဗားရဲ့ ကြွက်သားဒဏ်ရာပြဿနာတချို့ကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပါလာခဲ့တာကို တွေ့ရသလို ချယ်လ်ဆီးအသင်းဟာ သူ့ကို ၂၀၂၂ ဇွန်လအထိ စာချုပ်သက်တမ်း တနှစ်ထပ်တိုးခဲ့ပေမယ့် ရှောင်လွှဲမရတဲ့ အသက်အရွယ်အရ အကျပိုင်းဆိုတဲ့ကိစ္စက အသက် ၃၇ နှစ်သားရဲ့ နောက်ရာသီမှာ ရိုက်ခတ်လာဖွယ် ရှိနေပါတယ်။

ပူပူနွေးနွေး ချန်ပီယံလိဂ်ဖလားအောင်မြင်မှုဟာ နည်းပြတူဟယ်လ်နဲ့ ဆေးလ်ဗားတို့အတွဲကို အသင်းမှာ နှစ်ရှည်ဆက်ထိန်းထားဖို့ ဖြစ်လာကြောင်း သိရှိထားရချိန်မှာ ဂျာမန်နည်းပြကြီးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း မက်ဆီနဲ့ ရော်နယ်လ်ဒိုပြီးရင် ကမ္ဘာ့တတိယအကောင်းဆုံးနဲ့ အ​အောင်မြင်ဆုံး သတ်မှတ်ခံထားရတဲ့ ရာမို့စ်နဲ့ ပူးပေါင်းဖို့ကို လက်တွေ့ကျကျအကောင်အထည်ဖော်နေပါတယ်။

တူဟယ်လ်ရဲ့ စတမ်းဖို့ဘရစ်ချ် ဒုတိယရာသီမှာ EPL ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို အရယူဖို့အရေးဟာ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်နေပြီး အသင်းအောင်​မြင်မှုအတွက် လက်မတွန့်တတ်တဲ့ ရုရှားသားကြီးအနေနဲ့ ပထမ သီယာဂိုအပြီးမှာ “ဒုတိယ သီယာဂို”ကို ခေါ်ဖို့ အံဩဖွယ် အောင်မြင်လာတော့မလား၊ ဗာရန်းနဲ့ ရာမို့စ်အတွဲကို ဘာနေဗျူးလက်ထဲကနေ စုံလိုက်ဆွဲစားနိုင်တော့မလားဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ယ္လ္ဆီးအသင္းနဲ႔ ဒုတိယေျမာက္ရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ဗိုလ္ဝင္ခံဖို႔ ျမင့္ျမင့္ႀကံေနတဲ့ နည္းျပတူဟယ္လ္ဟာ ဖြင့္လွစ္ခဲ့ၿပီျဖစ္တဲ့ လက္ရွိေႏြရာသီအေျပာင္းေ႐ႊ႕ေစ်းကြက္အတြင္း “ဒုတိယေျမာက္ သီယာဂို ေဆးလ္ဗား”ကို ေခၚယူဖို႔ ခပ္သြက္သြက္နဲ႔ ေျခလွမ္းျပင္ေနၿပီလို႔ သိရပါတယ္။

ဒီလအကုန္မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းျပည့္ၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခဲ့ၿပီျဖစ္တဲ့ ၆ ေပ ၁ လက္မျမင့္တဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္ ဝါရင့္ဗဟိုခံစစ္မႉးႀကီး ဆာဂ်ီယို ရာမို႔စ္ကို စတမ္းဖို႔ဒ္ေျမဆီ လက္မေႏွးဘဲ အျမန္ဆုံး ေခၚယူသြားဖို႔ ခ်ိတ္ဆက္စီစဥ္ေနတာလည္းျဖစ္ပါတယ္။

ရီးရဲလနဲ႔ ဆယ္စုႏွစ္ ၂ ခုနီးပါးကာလအတြင္း ခ်န္ပီယံလိဂ္ဖလား ၄ လုံး၊ လာလီဂါဖလား ၅ လုံး သိမ္းပိုက္ထားသလို ႏိုင္ငံတကာအဆင့္မွာလည္း စပိန္အသင္းနဲ႔ ယူ႐ိုဖလား ၂ လုံးနဲ႔ ကမာၻ႔ဖလားခ်န္ပီယံ ၁ ​ႀကိမ္ျဖစ္ထားတဲ့ ရာမို႔စ္ယူေဆာင္လာမယ့္ အေတြ႕အႀကဳံဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ခံစစ္ပိုင္းကို ပရီးမီးယားလိဂ္မွာ ဘယ္အသင္းကိုမွ ဘာမထီႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္သြားေစႏိုင္ပါတယ္။

ေနာက္ဆုံးထြက္လာတဲ့ သတင္းေတြအရ ဖီကာယို တိုမိိုရီက ေအစီမီလန္အသင္းကို အၿပီးသတ္ေျပာင္းၿပီျဖစ္သလို ကတ္ဇူးမားကလည္း ထြက္ခြာဖို႔ အထုပ္ျပင္ေနခ်ိန္မွာ ခ်ယ္လ္ဆီးအေနနဲ႔ ရာမို႔စ္အျပင္ ေပါင္သန္း ၆၀ ေစ်းဖြင့္ခံထားရတဲ့ ရာေဖးလ္ ဗာရန္း၊ မက္ဆင့္စ္ လာခြာ၊ ေပၚေတာရက္စ္၊ ဂ်ဴးလ္ ကြန္​ေဒနဲ႔ နစ္ကလပ္စ္ ဆူးလားတို႔ထဲက တဦးနဲ႔ ဗဟိုခံစစ္မႉး ၂ ဦးကို ေသခ်ာေပါက္ေခၚေဆာင္လာဖို႔ ရွိေနတာပါ။

PSG ကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္လာခဲ့သူ ဝါရင့္ခံစစ္ေက်ာက္ေဆာင္ႀကီးဟာ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ဒီရာသီမွာ ၃၂ ပြဲအထိ အေမာမေဖာက္စတမ္း ကစားခဲ့ၿပီး ကမာၻ႔အဆင့္ ခံစစ္ဦးေဆာင္မႈက ခ်ယ္လ္ဆီးကို ေကာင္းေကာင္းလုံၿခဳံေစခဲ့တဲ့ ဥပမာက တူဟယ္လ္ကို အားပါးတရရွိေစခဲ့တယ္။

Clean Sheet ၁၀ ပြဲအထိ စြမ္း​ေဆာင္ႏိုင္ခဲ့သလို တန္ေၾကးႀကီးလြန္းတဲ့ ဇီးယက္ရွ္၊ ဗာနာ၊ ခိုင္ဟာဗတ္ဇ္တို႔အုပ္စုက ႀကံ့ခိုင္မႈအသားေပးတဲ့ ပရီးမီးယားလိဂ္မွာ အသားက်ဖို႔ ႐ြာလည္ေနခ်ိန္မွာပဲ သက္ၾကားအိုႀကီး ေဆးလ္ဗားက ေဆးစက္က်ရာ အ႐ုပ္ထင္ခဲ့တဲ့ သမာၻ႔ရင့္အေတြ႕အႀကဳံက လက္ရွိခ်ယ္လ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈမွာ အေတာ္ေလးစကားေျပာခဲ့တယ္။

တဖက္မွာေတာ့ ေဆးလ္ဗားရဲ႕ ႂကြက္သားဒဏ္ရာျပႆနာတခ်ိဳ႕ကလည္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ ပါလာခဲ့တာကို ေတြ႕ရသလို ခ်ယ္လ္ဆီးအသင္းဟာ သူ႔ကို ၂၀၂၂ ဇြန္လအထိ စာခ်ဳပ္သက္တမ္း တႏွစ္ထပ္တိုးခဲ့ေပမယ့္ ေရွာင္လႊဲမရတဲ့ အသက္အ႐ြယ္အရ အက်ပိုင္းဆိုတဲ့ကိစၥက အသက္ ၃၇ ႏွစ္သားရဲ႕ ေနာက္ရာသီမွာ ႐ိုက္ခတ္လာဖြယ္ ရွိေနပါတယ္။

ပူပူေႏြးေႏြး ခ်န္ပီယံလိဂ္ဖလားေအာင္ျမင္မႈဟာ နည္းျပတူဟယ္လ္နဲ႔ ေဆးလ္ဗားတို႔အတြဲကို အသင္းမွာ ႏွစ္ရွည္ဆက္ထိန္းထားဖို႔ ျဖစ္လာေၾကာင္း သိရွိထားရခ်ိန္မွာ ဂ်ာမန္နည္းျပႀကီးဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တခုအတြင္း မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုၿပီးရင္ ကမာၻ႔တတိယအေကာင္းဆုံးနဲ႔ အ​ေအာင္ျမင္ဆုံး သတ္မွတ္ခံထားရတဲ့ ရာမို႔စ္နဲ႔ ပူးေပါင္းဖို႔ကို လက္ေတြ႕က်က်အေကာင္အထည္ေဖာ္ေနပါတယ္။

တူဟယ္လ္ရဲ႕ စတမ္းဖို႔ဘရစ္ခ်္ ဒုတိယရာသီမွာ EPL ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားကို အရယူဖို႔အေရးဟာ ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ရဲ႕ နံပါတ္တစ္ ပစ္မွတ္ျဖစ္ေနၿပီး အသင္းေအာင္​ျမင္မႈအတြက္ လက္မတြန္႔တတ္တဲ့ ႐ုရွားသားႀကီးအေနနဲ႔ ပထမ သီယာဂိုအၿပီးမွာ “ဒုတိယ သီယာဂို”ကို ေခၚဖို႔ အံဩဖြယ္ ေအာင္ျမင္လာေတာ့မလား၊ ဗာရန္းနဲ႔ ရာမို႔စ္အတြဲကို ဘာေနဗ်ဴးလက္ထဲကေန စုံလိုက္ဆြဲစားႏိုင္ေတာ့မလားဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.