Premier League

WC ချန်ပီယံချင်း စီးချင်းထိုးပွဲ ပြင်သစ် 1-0 ဂျာမနီ ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ 7 ချက်

၁။ ချန်ပီယံချင်းပြိုင် ဘယ်သူနိုင်
လက်ရှိကမ္ဘာ့ဖလားချန်ပီယံအသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဟောင်းအသင်းတို့တွေ့ဆုံမှာတော့ ခံ့ညားလွန်းတဲ့ ပြင်သစ်တပ်ကသာ ဂျာမန်တပ်ကို ဖြိုချပြီး အနိုင် ၃ မှတ်နဲ့ ယူရိုအဖွင့်လှသွားခဲ့တာပါ။ ၅၅ နှစ်တာ ယူရိုနာကျည်းမှုကို ဖြေဖျောက်မယ်ဆိုတဲ့ အင်္ဂလန်အသင်းအတွက်လည်း ပြင်သစ်ရဲ့ ထိန်းမရတဲ့ တိုက်စစ်အားက ကြောက်မက်ဖွယ်ဖြစ်နေလို့ အင်္ဂလန် Vs ပြင်သစ်ဗိုလ်လုပွဲကို ​ကြိုတင်ခန့်မှန်းမှုတွေတောင် ရှိလာတာပါ။

ရာဇဝင်ထဲမှာ ဂျာမနီကို ထားရစ်ခဲ့

ဒီပွဲမှာ ပြင်သစ်ကို မိနစ် ၂၀ အတွင်း ဦးဆောင်ဂိုး​ပေးလိုက်ရတဲ့နောက် ဂျာမနီရဲ့ ချေပဂိုးရယူဖို့ ကြိုးပမ်းမှုတွေဟာ တော်ရိလျော်ရိနိုင်လွန်းခဲ့ပြီး ပြင်သစ်တိုက်စစ်အတွဲဖြစ်တဲ့ ဘန်ဇီမာ၊ အမ်ဘာပေ၊ ဂရိဇ်မန်းတို့ရဲ့အား၊ ကွင်းလယ်က ကွန်တေ+ပေါ့ဘာတို့ရဲ့ ဟန်ချက်ညီမှုတွေကို ကြံ့ကြံ့ခံဖို့ ပျက်ကွက်ခဲ့သလို နောက်ထပ် အနိုင်ဂိုး ထပ်မပေးရဖို့တောင် မနည်းရုန်းကန်နေခဲ့ရတာပါ။

ပေါ့ဘာဖွက်တဲ့ စကားထာ
ဒီနေ့ပွဲက ပေါ့ဘာရဲ့ခြေစွမ်း ပေါ့ဘာနောက်တယောက်အသစ်ကို မြင်လိုက်ရသလို အကြွရွဆုံးနဲ့ ကွင်းလယ်ကို အကြီးစိုးနိုင်ဆုံး ကစားပုံကို မြင်တွေ့ခဲ့ရသလို သူ့ကို ချစ်မလား၊ မုန်းမလားဆိုတဲ့ မေးခွန်းတွေက ယူနိုက်တက်ပရိသတ်တွေ ရင်ထဲကိုတော့ ဟတ်ထိစေခဲ့ပါတယ်။ သာတဲ့ကစားသမားတွေနဲ့မှ ကစားပုံကောင်းတဲ့ ကိုသာကောင်းတဖြစ်လဲ ကိုင်းကြီးကြီးမှာ နားချင်တဲ့ ပေါ့ဘာအဖြစ် ဝေဖန်မှုတွေဟာ ညကပွဲအပြီးမှာ တရိပ်ရိပ်ထိုးတက်လာခဲ့ပါပြီ။

ဘာယူမလဲ ဘာရှာလဲ ဗာရန်းလား
ပြင်သစ်အသင်းနဲ့ ယူနိုက်တက်အသင်းပရိသတ်တွေရဲ့ ဘုံတူညီမှုတခုက ဒီနေ့ပွဲက ရီးရဲလ်ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရန်းကို ကောင်းကောင်းအကဲခတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းပါ။ စောင့်ကြည့်ရကျိုးနပ်အောင်လည်း ဂျာမနီတိုက်စစ်က နစ်ချည်မြုပ်ချည်နဲ့ ပေါ်ကိုမလာတော့တာလည်း ဗာရန်းရဲ့ လက်ချက်အဖြစ် ပြင်သစ်ခံစစ်ကြောင်းတခုလုံးကို လက်စောင်းထက်ထက်နဲ့ ဦးဆောင်သွားခဲ့တာကြောင့် ယူနိုက်တက်ဖန်တွေက သူ့ကို မက်ဂွိုင်းယားနဲ့ တွဲလိုက်ရရင်ဆိုတဲ့ စိတ်ကူးက တွေးကြည့်ရုံတင်နဲ့ သရေကျချင်စရာ ဖြစ်ခဲ့ရပါပြီ။

ချစ်လို့ ကိုက်တဲ့ ရူဒီဂါ
ပထမပိုင်းပြီးခါနီးမှာ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ဝိဥာဥ်ဟာ ဒီပွဲအခင်းအကျင်းထဲကို ဝင်ရောက်လာခဲ့ပြီး ဂျာမန်သားကြီး အန်တိုနီယို ရူဒီဂါကို ဝင်ပူးသွားခဲ့ပါတယ်။ ပြင်သစ်သားတွေကို ခပ်ကြမ်းကြမ်းနဲ့ ခပ်ညစ်ညစ်ကစားသွားမယ်လို့ သူတင်ကြိုပြောထားသလိုပဲ ပေါ့ဘာကို သွားလေးနဲ့ ခပ်ဖွဖွကိုက်ပြီး ချစ်ကျီစယ်သွားခဲ့ပေမယ့် ဒိုင်ကတော့ ပြစ်ဒဏ်မပေးခဲ့ပါဘူး။

တိုနီ ခရူးစ်+ ဂွန်ဒိုးဝမ်အတွဲကို နန်းချခဲ့တဲ့ ကွန်တေ+ပေါ့ဘာ
လက်ရှိပရီးမီးယားလိဂ်ရဲ့ ချန်ပီယံနဲ့ ချန်ပီယံလိဂ် ၃ နှစ်ဆက် ဝါရင့်ချန်ပီယံကြီးနှစ်ဦး ဦးဆောင်လာတဲ့ ဂျာမန်ကွင်းလယ်တဝန်းလုံးဟာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ လူမည်းပြင်သစ်ကစားသမားနှစ်ဦးရဲ့ ဟန်ချက်အညီညွတ်ဆုံး အတွဲအဖက်မိမိ ကစားပုံမှာ နန်းချခြင်းခံခဲ့ရပြီး လက်ရှိ ယူရိုပြိုင်ပွဲရဲ့ အရသာအရှိဆုံးနဲ့ အဆင့်အတန်းအမြင့်ဆုံးကွင်းလယ်အတွဲအဖြစ်လည်း သတ်မှတ်ခံထားခဲ့ရသလို ပေါ့ဘာနဲ့ ကွန်တေတွဲတိုင်း ပြင်သစ်က တပွဲမှ မရှုံးထားတာပါ။

အမ်ဘာပေကို ရော်နယ်လ်ဒိုလို ပံ့ပိုးပေးနေတဲ့ ဘန်ဇီမာ
ဒီနေ့ပွဲ ဘန်ဇီမာ နဲ့ အမ်ဘာပေတို့အတွဲဟာ အတော်လေး ရှုမဝဖြစ်ခဲ့ပြီး ကျက်သရေရှိခဲ့ပါတယ်။ ရင့်ကျက်တဲ့ သမ္ဘာ့ရင့်တိုက်စစ်မှူးကြီးနဲ့ သွေးဆူနေတဲ့ ကမ္ဘာ့အဆင့် လူငယ်ခြေတက်လေးရဲ့ ပေါင်းစပ်မှုဟာ ဘောလုံးပရိသတ်တွေ ကျေနပ်စရာအတိဖြစ်ခဲ့ရပြီး သူတို့နှစ်ဦးရဲ့ အတွဲအဖက်က ရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာရဲ့ ခေတ်ဟောင်းတခတ်ကို ပြန်သတိရစေသလို အမ်ဘာပေကို သေချာပံ့ပိုးပေးနေတဲ့ ၃၂ နှစ်သားကြီးကို ချီးကျုးရမှာဖြစ်သလို ဂိုးကံခေပြီး ၂ ဂိုးလူကျွံဘောဖြစ်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ ခ်န္ပီယံခ်င္းၿပိဳင္ ဘယ္သူႏိုင္
လက္ရွိကမာၻ႔ဖလားခ်န္ပီယံအသင္းနဲ႔ ၂၀၁၄ ကမာၻ႔ဖလားခ်န္ပီယံေဟာင္းအသင္းတို႔ေတြ႕ဆုံမွာေတာ့ ခံ့ညားလြန္းတဲ့ ျပင္သစ္တပ္ကသာ ဂ်ာမန္တပ္ကို ၿဖိဳခ်ၿပီး အႏိုင္ ၃ မွတ္နဲ႔ ယူ႐ိုအဖြင့္လွသြားခဲ့တာပါ။ ၅၅ ႏွစ္တာ ယူ႐ိုနာက်ည္းမႈကို ေျဖေဖ်ာက္မယ္ဆိုတဲ့ အဂၤလန္အသင္းအတြက္လည္း ျပင္သစ္ရဲ႕ ထိန္းမရတဲ့ တိုက္စစ္အားက ေၾကာက္မက္ဖြယ္ျဖစ္ေနလို႔ အဂၤလန္ Vs ျပင္သစ္ဗိုလ္လုပြဲကို ​ႀကိဳတင္ခန္႔မွန္းမႈေတြေတာင္ ရွိလာတာပါ။

ရာဇဝင္ထဲမွာ ဂ်ာမနီကို ထားရစ္ခဲ့

ဒီပြဲမွာ ျပင္သစ္ကို မိနစ္ ၂၀ အတြင္း ဦးေဆာင္ဂိုး​ေပးလိုက္ရတဲ့ေနာက္ ဂ်ာမနီရဲ႕ ေခ်ပဂိုးရယူဖို႔ ႀကိဳးပမ္းမႈေတြဟာ ေတာ္ရိေလ်ာ္ရိႏိုင္လြန္းခဲ့ၿပီး ျပင္သစ္တိုက္စစ္အတြဲျဖစ္တဲ့ ဘန္ဇီမာ၊ အမ္ဘာေပ၊ ဂရိဇ္မန္းတို႔ရဲ႕အား၊ ကြင္းလယ္က ကြန္ေတ+ေပါ့ဘာတို႔ရဲ႕ ဟန္ခ်က္ညီမႈေတြကို ႀကံ့ႀကံ့ခံဖို႔ ပ်က္ကြက္ခဲ့သလို ေနာက္ထပ္ အႏိုင္ဂိုး ထပ္မေပးရဖို႔ေတာင္ မနည္း႐ုန္းကန္ေနခဲ့ရတာပါ။

ေပါ့ဘာဖြက္တဲ့ စကားထာ
ဒီေန႔ပြဲက ေပါ့ဘာရဲ႕ေျခစြမ္း ေပါ့ဘာေနာက္တေယာက္အသစ္ကို ျမင္လိုက္ရသလို အႂကြ႐ြဆုံးနဲ႔ ကြင္းလယ္ကို အႀကီးစိုးႏိုင္ဆုံး ကစားပုံကို ျမင္ေတြ႕ခဲ့ရသလို သူ႔ကို ခ်စ္မလား၊ မုန္းမလားဆိုတဲ့ ေမးခြန္းေတြက ယူႏိုက္တက္ပရိသတ္ေတြ ရင္ထဲကိုေတာ့ ဟတ္ထိေစခဲ့ပါတယ္။ သာတဲ့ကစားသမားေတြနဲ႔မွ ကစားပုံေကာင္းတဲ့ ကိုသာေကာင္းတျဖစ္လဲ ကိုင္းႀကီးႀကီးမွာ နားခ်င္တဲ့ ေပါ့ဘာအျဖစ္ ေဝဖန္မႈေတြဟာ ညကပြဲအၿပီးမွာ တရိပ္ရိပ္ထိုးတက္လာခဲ့ပါၿပီ။

ဘာယူမလဲ ဘာရွာလဲ ဗာရန္းလား
ျပင္သစ္အသင္းနဲ႔ ယူႏိုက္တက္အသင္းပရိသတ္ေတြရဲ႕ ဘုံတူညီမႈတခုက ဒီေန႔ပြဲက ရီးရဲလ္ဗဟိုခံစစ္မႉး ရာေဖးလ္ ဗာရန္းကို ေကာင္းေကာင္းအကဲခတ္ဖို႔ ဆုံးျဖတ္ခဲ့ျခင္းပါ။ ေစာင့္ၾကည့္ရက်ိဳးနပ္ေအာင္လည္း ဂ်ာမနီတိုက္စစ္က နစ္ခ်ည္ျမဳပ္ခ်ည္နဲ႔ ေပၚကိုမလာေတာ့တာလည္း ဗာရန္းရဲ႕ လက္ခ်က္အျဖစ္ ျပင္သစ္ခံစစ္ေၾကာင္းတခုလုံးကို လက္ေစာင္းထက္ထက္နဲ႔ ဦးေဆာင္သြားခဲ့တာေၾကာင့္ ယူႏိုက္တက္ဖန္ေတြက သူ႔ကို မက္ဂြိဳင္းယားနဲ႔ တြဲလိုက္ရရင္ဆိုတဲ့ စိတ္ကူးက ေတြးၾကည့္႐ုံတင္နဲ႔ သေရက်ခ်င္စရာ ျဖစ္ခဲ့ရပါၿပီ။

ခ်စ္လို႔ ကိုက္တဲ့ ႐ူဒီဂါ
ပထမပိုင္းၿပီးခါနီးမွာ ဥ႐ုေဂြးတိုက္စစ္မႉး ဆြာရက္ဇ္ရဲ႕ ဝိဥာဥ္ဟာ ဒီပြဲအခင္းအက်င္းထဲကို ဝင္ေရာက္လာခဲ့ၿပီး ဂ်ာမန္သားႀကီး အန္တိုနီယို ႐ူဒီဂါကို ဝင္ပူးသြားခဲ့ပါတယ္။ ျပင္သစ္သားေတြကို ခပ္ၾကမ္းၾကမ္းနဲ႔ ခပ္ညစ္ညစ္ကစားသြားမယ္လို႔ သူတင္ႀကိဳေျပာထားသလိုပဲ ေပါ့ဘာကို သြားေလးနဲ႔ ခပ္ဖြဖြကိုက္ၿပီး ခ်စ္က်ီစယ္သြားခဲ့ေပမယ့္ ဒိုင္ကေတာ့ ျပစ္ဒဏ္မေပးခဲ့ပါဘူး။

တိုနီ ခ႐ူးစ္+ ဂြန္ဒိုးဝမ္အတြဲကို နန္းခ်ခဲ့တဲ့ ကြန္ေတ+ေပါ့ဘာ
လက္ရွိပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံနဲ႔ ခ်န္ပီယံလိဂ္ ၃ ႏွစ္ဆက္ ဝါရင့္ခ်န္ပီယံႀကီးႏွစ္ဦး ဦးေဆာင္လာတဲ့ ဂ်ာမန္ကြင္းလယ္တဝန္းလုံးဟာ လက္ရွိကမာၻ႔ဖလားခ်န္ပီယံ လူမည္းျပင္သစ္ကစားသမားႏွစ္ဦးရဲ႕ ဟန္ခ်က္အညီၫြတ္ဆုံး အတြဲအဖက္မိမိ ကစားပုံမွာ နန္းခ်ျခင္းခံခဲ့ရၿပီး လက္ရွိ ယူ႐ိုၿပိဳင္ပြဲရဲ႕ အရသာအရွိဆုံးနဲ႔ အဆင့္အတန္းအျမင့္ဆုံးကြင္းလယ္အတြဲအျဖစ္လည္း သတ္မွတ္ခံထားခဲ့ရသလို ေပါ့ဘာနဲ႔ ကြန္ေတတြဲတိုင္း ျပင္သစ္က တပြဲမွ မရႈံးထားတာပါ။

အမ္ဘာေပကို ေရာ္နယ္လ္ဒိုလို ပံ့ပိုးေပးေနတဲ့ ဘန္ဇီမာ
ဒီေန႔ပြဲ ဘန္ဇီမာ နဲ႔ အမ္ဘာေပတို႔အတြဲဟာ အေတာ္ေလး ရႈမဝျဖစ္ခဲ့ၿပီး က်က္သေရရွိခဲ့ပါတယ္။ ရင့္က်က္တဲ့ သမာၻ႔ရင့္တိုက္စစ္မႉးႀကီးနဲ႔ ေသြးဆူေနတဲ့ ကမာၻ႔အဆင့္ လူငယ္ေျခတက္ေလးရဲ႕ ေပါင္းစပ္မႈဟာ ေဘာလုံးပရိသတ္ေတြ ေက်နပ္စရာအတိျဖစ္ခဲ့ရၿပီး သူတို႔ႏွစ္ဦးရဲ႕ အတြဲအဖက္က ေရာ္နယ္လ္ဒိုနဲ႔ ဘန္ဇီမာရဲ႕ ေခတ္ေဟာင္းတခတ္ကို ျပန္သတိရေစသလို အမ္ဘာေပကို ေသခ်ာပံ့ပိုးေပးေနတဲ့ ၃၂ ႏွစ္သားႀကီးကို ခ်ီးက်ဳးရမွာျဖစ္သလို ဂိုးကံေခၿပီး ၂ ဂိုးလူကြၽံေဘာျဖစ္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.