Premier League

ချယ်လ်ဆီးရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုအတွက် ဝမ်းသာဝမ်းနည်း ရင်ထဲနင့်အောင် ခံစားရတယ်ဆိုတဲ့ လမ်းပတ်

ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုကို မြင်တွေ့ခံစားရတာဟာ မိမိအတွက်တော့ ဝမ်းသာဝမ်းနည်း ခံစားချက်တွေ ရောပြွမ်းနေခဲ့ပြီး ရင်ထဲဆို့နင့်နေအောင် ခံစားခဲ့ရတယ်လို့ ချယ်လ်ဆီးနည်းပြဟောင်း ဖရန့် လမ်းပတ်က ဝန်ခံသွားခဲ့ပြီး ချန်ပီယံလိဂ်ဖလားဟာ မိမိနဲ့လည်း ထိုက်တန်တယ်လို့ တူဟယ်လ်ဆီက မတောင်းဆိုဝံ့ကြောင်း ရင်ဖွင့်သွားခဲ့ပါတယ်။

” သေချာတာပေါ့ဗျာ။ ခင်ဗျားရဲ့အလုပ်ကိုတော့ ခင်ဗျားဘယ်ဆုံးရှူံးချင်ပါ့မလဲ။ ကျွန်တော် ချယ်လ်ဆီးအသင်းမှာ ကောင်းကောင်းအလုပ်တွဲလုပ်နိုင်ခဲ့တယ်။ ဒါပေမယ့်ဗျာ… ဒါက ဖြစ်တတ်ပါတယ်။ အထက်တန်းလွှာဘောလုံးလောကရဲ့ ရက်စက်တဲ့ အရှိတရားပေါ့။ ခင်ဗျားသာ စောစောစီးစီး မအောင်မြင်ရင် မြန်မြန်သာ အောင်ဖေညောင်းပဲ”

” ကျွန်တော်ချယ်လ်ဆီးနည်းပြဘဝကို အရမ်းဂုဏ်ယူပါတယ်။ ဒီအသင်းကို ကိုင်တွယ်ခဲ့ရတာ ကျွန်တော့်အတွက်လည်း ဂုဏ်သိက္ခာတခုပါ။ ကျွန်တော်က ဒီအသင်းကို ဟာဇက်လို ကမ္ဘာ့အဆင့်ကစားသမား ထွက်ခွာသွားတဲ့အခိုက်၊ အပြောင်းအရွှေ့အပိတ်ခံထားတဲ့ အချိန်အခါမှာ ရောက်ရှိလာခဲ့တဲ့သူပါ”

” ပထမတနှစ်မှာ အတော်လေးခက်ခဲပေမယ့် အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကျွန်တော် လုပ်ပေးခဲ့တယ်။ မေဆန်မောင့်လို ကစားသမားအပြင် လူငယ်ခြေတက်လေးတွေကို တသွေးတမွေးဖြစ်စေခဲ့တယ်။ ဒါပေမယ့် ​ကျွန်တော်အလုပ်ပြုတ်သွားခဲ့တယ်။ အတွေ့အကြုံကြီးကြီးမားမားရခဲ့လို့ ကျွန်တော်ပျော်ပါတယ်”

” ဒုတိယနှစ်မှာတော့ ​မျှော်လင့်ချက်တွေ ကြီးလာပြီ။ ရှုပ်ထွေးမှုတွေများခဲ့တယ်။ မောင့်နဲ့ ရီးစ်ဂျိမ်းစ်လို လူငယ်လေးတွေ ဒီအဆင့်ထိ ရောက်လာတာကို ဝမ်းသာရပါတယ်။ ကျွန်တော်ခေါ်ယူခဲ့တဲ့ မန်ဒီ၊ ဘန်ချေးလ်ဝဲလ်နဲ့ သီယာဂို ဆေးလ်ဗားတို့ အောင်မြင်နေတာကို ကြည့်ရတာ အရမ်းကို ဂုဏ်ယူရပါတယ်။” လို့ ဖရန့် လမ်းပတ်က ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးရဲ့ ချန်ပီယံလိဂ်ဖလားအောင်ပွဲကို ဘယ်လိုသဘောထားလဲဆိုတဲ့ သူ့ရဲ့အမြင်နဲ့ ပတ်သက်ပြီး ” ဒါပေါ့ဗျာ။ ခင်ဗျားကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့အရာကို ခင်ဗျားကိုယ်တိုင်စားသုံးချင်တာပေါ့။ ချန်ပီယံလိဂ်ဗိုလ်ဝင်ခံခဲ့တဲ့ ချယ်လ်ဆီးအသင်းကို အုတ်မြစ်ချပေးခဲ့တာက ကျွန်တော်ဆိုတာ ကျိန်း​သေ ပြောရဲပါတယ်။

“သောမတ်စ် တူဟယ်လ်က ကျွန်တော်စတင်ခဲ့တဲ့အလုပ်ကို ပြီးစီးအောင် လုပ်ပေးခဲ့တဲ့သူပါ။ ချယ်ဆီးအသင်း ချန်ပီယံဖြစ်တာကို မြင်ရချိန်မှာ အပြာရောင်အသွေးအသားနဲ့ ကျွန်တော်က အရမ်းပျော်ရွှင်ရပါတယ်။ ချယ်လ်ဆီးပရိသတ်တွေလည်း လက်မထောင်နိုင်ခဲ့တယ်။ ဒီအသင်းက ချန်ပီယံလိဂ်ဖလားနဲ့ အမှန်တကယ်ထိုက်တန်ခဲ့တာပါ” လို့ လမ်းပတ်က အပြာရောင်လန်ဒန်ရဲ့ အောင်မြင်မှုမှာ တစိတ်တပိုင်းပါဝင်ခွင့်ရခဲ့လို့ ကျေနပ်ရောင့်ရဲမိ​ကြောင်း ရှင်းပြသွားခဲ့ပါတယ်။.

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.