Premier League

ဘယ်သူမှ လိုက်မမီတဲ့ စံချိန်အသစ် နှစ်ခုကို မော်ကွန်းထိုးသွားပြန်တဲ့ ရော်နယ်လ်ဒို

ယူရို ၂၀၂၀ အုပ်စု F ပွဲစဉ်အဖြစ် ဟန်ဂေရီအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မက်ဆီလိုက်မမီတဲ့ စံချိန်သစ်တခုကို မော်ကွန်းသစ်တခုကို ရေးထိုးသွားတဲ့အပြင် မာရာဒိုနာရဲ့ခေတ်ပြိုင် ဂန္ထဝင်ကြီးပလာတီနီရဲ့ စံချိန်ကိုပါ ရိုက်ချိုးသွားခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာမှ ပင်နယ်တီသွင်းဂိုးနဲ့ ပေါ်တူဂီအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ရယူခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သူ့ရဲ့ အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး နာကျင်အချိန်ပိုမှာတော့ မော်တင်ဟိုနဲ့ လှပတဲ့အချိတ်အဆက်ကနေတဆင့် ဟန်ဂေရီဂိုးသမားကိုပါ လိမ်ခေါက်သွင်းယူခဲ့ကာ ဘောလုံးသမိုင်းရဲ့ စံချိန်လူသားဖြစ်လာခဲ့တာပါ။

လက်ရှိယူရိုဖလားချန်ပီယံကြီးရဲ့ သွင်းဂိုး ၂ ဂိုးဟာ သူ့အတွက် ယူရိုပြိုင်ပွဲသမိုင်းတလျှောက်မှာ ၁၁ ဂိုးမြောက်သွင်းယူသူအဖြစ် မှတ်တမ်းဝင်စေခဲ့ပြီး ဥရောပ ယူရိုပြိုင်ပွဲရဲ့ ထာဝရဂိုးသွင်းအများဆုံးသူလည်း ဖြစ်လာခဲ့တာက မက်ဆီရဲ့ ဥရောပမှာ လွှမ်းမိုးနေမှုကို မုန်းတီးနေတဲ့ ရော်နယ်လ်ဒိုပရိသတ်တွေအတွက်လည်း အကြိုက်တွေ့စရာဖြစ်စေခဲ့တယ်။

ဒါ့အပြင် ရော်နယ်လ်ဒိုအနေနဲ့ ယူရိုပြိုင်ပွဲတလျှောက် ယူရို ၂၀၀၄ ကစလို့ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆ နဲ့ ၂၀၂၀ ပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ဘောလုံးသမိုင်းရဲ့ ပထမဦးဆုံး ကစားသမားဖြစ်လာခဲ့ပြီး ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူး မီရှဲလ် ပလာတာနီရဲ့ အများဆုံးသွင်းဂိုးဖြစ်တဲ့ ၉ ဂိုးဆိုတဲ့ စံချိန်ကိုပါ ရိုက်ချိုးသွားခဲ့ခြင်းအဖြစ် သူ့ကစားသမားဘဝရဲ့ အမှတ်ထင်စရာလည်းဖြစ်ခဲ့တယ်။

ဒီစံချိန်တွေကို ရော်နယ်လ်ဒိုအနေနဲ့ကတော့ ပွဲချိန်အတွင်းမှာ လွယ်လွယ်ကူကူရရှိခဲ့ခြင်းတော့ မဟုတ်ဘဲ တကိုယ်ကောင်းဆန်တဲ့ လီဗာပူးလ်ကစားသမားတဦးကြောင့် အနှောက်ဖြစ်ခဲ့ရတာကိုလည်း တွေ့ခဲ့ရသလို ဒီယိုဂို ဂျိုတာရဲ့ လူခင်းမပေးခဲ့ခြင်းဟာ GOAT ရဲ့ ဦးဆောင်နိုင်စွမ်းကို အားကိုးထားတဲ့ ပေါ်တူဂီပရိသတ်တွေအတွက် မျက်မုန်းကျိုး၊ စိတ်ခုစရာလည်းဖြစ်ခဲ့ရတာပါ။

ပြည်တန်တဲ့ ပတ္တမြားလို အဖိုးထိုက်တန်တဲ့ ခြေစွမ်းကြောင့်သာ ဘောလုံးသမိုင်းမှာ ဘယ်သူမှ မရယူနိုင်တဲ့ စံချိန်မှတ်တမ်းသစ် ၂ ခုကို ထိုက်ထိုက်တန်တန် ရေးထိုးသွားခဲ့တဲ့ ယူနိုက်တက်အသင်းဖော်ဟောင်း ရော်နယ်ဒိုကို ဂယ်ရီ နဗီးလ်ကလည်း တခုတ်တရ ဆလံသပြီး ချီးကျူးသွားခဲ့သလို ပေါ်တူဂီအသင်းအတွက် ၁၀၆ ဂိုးပြည့် အသက် ၃၆ နှစ်သားကြီးကို အထူးတလည် ဂုဏ်ပြုသွားခဲ့သေးတာပါ။

” ပရီးမီးယားလိဂ်ကို ၁၈ နှစ်သားကတည်းက ရော်နယ်လ်ဒို ရုန်းကန်လာခဲ့တာ အခု ဒီနေ့ ဒီနေရာကို ရောက်လာတဲ့အထိပဲ။ ခင်ဗျားတို့က သူသိပ်ဖြစ်ချင်လွန်းလှတဲ့ ထာဝရအကောင်းဆုံးကစားသမားဘဝကို မြင်ရဖို့ မဝေးတော့ပါဘူး။ ”

“ငယ်ရွယ်ပြီး မနူးမနပ်နဲ့ ချာတိတ်လေးဟာ ကျွန်တော့်မျက်စိရှေ့မှာတင်ပဲ ကမ္ဘာ့စံချိန်လူသား၊ ထာဝရအကောင်းဆုံးကစားသမားဖြစ်လာခဲ့တာဟာ ဆွတ်ပျံ့ကြည်နူးစရာကြီးပါဗျာ ” လို့ ရော်နယ်လ်ဒိုရဲ့ အတွင်းသိအဆင်းသိ ယူနိုက်တက်ကစားသမားဟောင်းကြီးက သူ့ရင်ထဲက ပီတိကို ချပြသွားခဲ့တာပါ။

ပေါ်တူဂီတိုက်စစ်မှူးကြီးအနေနဲ့ ဒီနှစ်မှာကျင်းပတဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲကြီးမှာ ယူရိုဘုရင်ဘွဲ့ကို ဆက်လက်ကာကွယ်သွားနိုင်မယ်လို့လည်း သူ့ရဲ့ အလတ်ကြီးကျန်သေးတဲ့ ခြေစွမ်းအသာစီး ရယူမှုတွေကြောင့် အမျှော်လင့်ကြီးမျှော်လင့်ခံထားရတာဟာ အာဂျင်တီးနားအသင်းနဲ့ ဦးဦးဖျားဖျား ကိုပါအမေရိကဖလားရယူဖို့ မောင်းတင်ခါစရှိသေးတဲ့ မက်ဆီအတွက် နောက်ထပ်အိပ်မက်ဆိုးဖြစ်လာတယ်ဆိုရင်လည်း မမှားယွင်းနိုင်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူ႐ို ၂၀၂၀ အုပ္စု F ပြဲစဥ္အျဖစ္ ဟန္ေဂရီအသင္းကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ကစားခဲ့တဲ့ ေပၚတူဂီအသင္းရဲ႕တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မက္ဆီလိုက္မမီတဲ့ စံခ်ိန္သစ္တခုကို ေမာ္ကြန္းသစ္တခုကို ေရးထိုးသြားတဲ့အျပင္ မာရာဒိုနာရဲ႕ေခတ္ၿပိဳင္ ဂႏၴဝင္ႀကီးပလာတီနီရဲ႕ စံခ်ိန္ကိုပါ ႐ိုက္ခ်ိဳးသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာမွ ပင္နယ္တီသြင္းဂိုးနဲ႔ ေပၚတူဂီအသင္းအတြက္ ဒုတိယဦးေဆာင္ဂိုးကို ရယူခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ သူ႔ရဲ႕ အဖြင့္ဂိုးကို သြင္းယူခဲ့တာျဖစ္ၿပီး နာက်င္အခ်ိန္ပိုမွာေတာ့ ေမာ္တင္ဟိုနဲ႔ လွပတဲ့အခ်ိတ္အဆက္ကေနတဆင့္ ဟန္ေဂရီဂိုးသမားကိုပါ လိမ္ေခါက္သြင္းယူခဲ့ကာ ေဘာလုံးသမိုင္းရဲ႕ စံခ်ိန္လူသားျဖစ္လာခဲ့တာပါ။

လက္ရွိယူ႐ိုဖလားခ်န္ပီယံႀကီးရဲ႕ သြင္းဂိုး ၂ ဂိုးဟာ သူ႔အတြက္ ယူ႐ိုၿပိဳင္ပြဲသမိုင္းတေလွ်ာက္မွာ ၁၁ ဂိုးေျမာက္သြင္းယူသူအျဖစ္ မွတ္တမ္းဝင္ေစခဲ့ၿပီး ဥေရာပ ယူ႐ိုၿပိဳင္ပြဲရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံးသူလည္း ျဖစ္လာခဲ့တာက မက္ဆီရဲ႕ ဥေရာပမွာ လႊမ္းမိုးေနမႈကို မုန္းတီးေနတဲ့ ေရာ္နယ္လ္ဒိုပရိသတ္ေတြအတြက္လည္း အႀကိဳက္ေတြ႕စရာျဖစ္ေစခဲ့တယ္။

ဒါ့အျပင္ ေရာ္နယ္လ္ဒိုအေနနဲ႔ ယူ႐ိုၿပိဳင္ပြဲတေလွ်ာက္ ယူ႐ို ၂၀၀၄ ကစလို႔ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆ နဲ႔ ၂၀၂၀ ၿပိဳင္ပြဲ ၅ ႀကိမ္ဆက္ ဂိုးသြင္းယူႏိုင္တဲ့ ေဘာလုံးသမိုင္းရဲ႕ ပထမဦးဆုံး ကစားသမားျဖစ္လာခဲ့ၿပီး ျပင္သစ္ဂႏၴဝင္တိုက္စစ္မႉး မီရွဲလ္ ပလာတာနီရဲ႕ အမ်ားဆုံးသြင္းဂိုးျဖစ္တဲ့ ၉ ဂိုးဆိုတဲ့ စံခ်ိန္ကိုပါ ႐ိုက္ခ်ိဳးသြားခဲ့ျခင္းအျဖစ္ သူ႔ကစားသမားဘဝရဲ႕ အမွတ္ထင္စရာလည္းျဖစ္ခဲ့တယ္။

ဒီစံခ်ိန္ေတြကို ေရာ္နယ္လ္ဒိုအေနနဲ႔ကေတာ့ ပြဲခ်ိန္အတြင္းမွာ လြယ္လြယ္ကူကူရရွိခဲ့ျခင္းေတာ့ မဟုတ္ဘဲ တကိုယ္ေကာင္းဆန္တဲ့ လီဗာပူးလ္ကစားသမားတဦးေၾကာင့္ အေႏွာက္ျဖစ္ခဲ့ရတာကိုလည္း ေတြ႕ခဲ့ရသလို ဒီယိုဂို ဂ်ိဳတာရဲ႕ လူခင္းမေပးခဲ့ျခင္းဟာ GOAT ရဲ႕ ဦးေဆာင္ႏိုင္စြမ္းကို အားကိုးထားတဲ့ ေပၚတူဂီပရိသတ္ေတြအတြက္ မ်က္မုန္းက်ိဳး၊ စိတ္ခုစရာလည္းျဖစ္ခဲ့ရတာပါ။

ျပည္တန္တဲ့ ပတၱျမားလို အဖိုးထိုက္တန္တဲ့ ေျခစြမ္းေၾကာင့္သာ ေဘာလုံးသမိုင္းမွာ ဘယ္သူမွ မရယူႏိုင္တဲ့ စံခ်ိန္မွတ္တမ္းသစ္ ၂ ခုကို ထိုက္ထိုက္တန္တန္ ေရးထိုးသြားခဲ့တဲ့ ယူႏိုက္တက္အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုကို ဂယ္ရီ နဗီးလ္ကလည္း တခုတ္တရ ဆလံသၿပီး ခ်ီးက်ဴးသြားခဲ့သလို ေပၚတူဂီအသင္းအတြက္ ၁၀၆ ဂိုးျပည့္ အသက္ ၃၆ ႏွစ္သားႀကီးကို အထူးတလည္ ဂုဏ္ျပဳသြားခဲ့ေသးတာပါ။

” ပရီးမီးယားလိဂ္ကို ၁၈ ႏွစ္သားကတည္းက ေရာ္နယ္လ္ဒို ႐ုန္းကန္လာခဲ့တာ အခု ဒီေန႔ ဒီေနရာကို ေရာက္လာတဲ့အထိပဲ။ ခင္ဗ်ားတို႔က သူသိပ္ျဖစ္ခ်င္လြန္းလွတဲ့ ထာဝရအေကာင္းဆုံးကစားသမားဘဝကို ျမင္ရဖို႔ မေဝးေတာ့ပါဘူး။ ”

“ငယ္႐ြယ္ၿပီး မႏူးမနပ္နဲ႔ ခ်ာတိတ္ေလးဟာ ကြၽန္ေတာ့္မ်က္စိေရွ႕မွာတင္ပဲ ကမာၻ႔စံခ်ိန္လူသား၊ ထာဝရအေကာင္းဆုံးကစားသမားျဖစ္လာခဲ့တာဟာ ဆြတ္ပ်ံ႕ၾကည္ႏူးစရာႀကီးပါဗ်ာ ” လို႔ ေရာ္နယ္လ္ဒိုရဲ႕ အတြင္းသိအဆင္းသိ ယူႏိုက္တက္ကစားသမားေဟာင္းႀကီးက သူ႔ရင္ထဲက ပီတိကို ခ်ျပသြားခဲ့တာပါ။

ေပၚတူဂီတိုက္စစ္မႉးႀကီးအေနနဲ႔ ဒီႏွစ္မွာက်င္းပတဲ့ ၂၀၂၀ ယူ႐ိုၿပိဳင္ပြဲႀကီးမွာ ယူ႐ိုဘုရင္ဘြဲ႕ကို ဆက္လက္ကာကြယ္သြားႏိုင္မယ္လို႔လည္း သူ႔ရဲ႕ အလတ္ႀကီးက်န္ေသးတဲ့ ေျခစြမ္းအသာစီး ရယူမႈေတြေၾကာင့္ အေမွ်ာ္လင့္ႀကီးေမွ်ာ္လင့္ခံထားရတာဟာ အာဂ်င္တီးနားအသင္းနဲ႔ ဦးဦးဖ်ားဖ်ား ကိုပါအေမရိကဖလားရယူဖို႔ ေမာင္းတင္ခါစရွိေသးတဲ့ မက္ဆီအတြက္ ေနာက္ထပ္အိပ္မက္ဆိုးျဖစ္လာတယ္ဆိုရင္လည္း မမွားယြင္းႏိုင္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.