Premier League Transfer News

16 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ဆက်ထိန်းထားနိုင်ဖို့ ခဲယဉ်းဖွယ်ရှိနေပြီး အသင်း တာဝန်ရှိသူတွေဘက်ကတော့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက အက်သလက်တီကို မက်ဒရစ် ဂျာအို ဖဲလစ္စနဲ့ တိုက်ရိုက်လဲလှယ် သွားလိုနေကြောင်း သိရ။

– စီးတီးတို့အနေနဲ့ ဖီးလ် ဖိုဒန်လိုပဲ အသင်းမှာ အောင်မြင်နိုင်မယ့် လူငယ်တစ်ဦးကို အာဆင်နယ်၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကို နောက်ကောက်ချပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ဖင်လန် ယူ-၁၅ လက်ရွေးစင်ဟောင်း အသက် ၁၆ နှစ်အရွယ် ဝတ်ဖို့ဒ်ဘယ်နောက်ခံလူ သောမတ်စ် ဂါလ်ဗက်ဇ်ကို စာချုပ်ချုပ်ဖို့ ပြင်ဆင်နေ။

– မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ရိုဒရီကလွဲရင် အသင်းရဲ့ မာမာချာချာ မရှိတဲ့ ကွင်းလယ်ကို အားဖြည့်သွားလိုနေပြီး အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူနိုင်ဖို့ အသင်းတာဝန်ရှိသူတွေနဲ့အတူ တိုင်ပင်ဆွေးနွေးနေ။

– ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ လီရွိုင်း ဆာနေးလိုမျိုး လျင်မြန်သွက်လက်ပြီး ကျွမ်းကျင်မှုပြည့်ဝတဲ့ တောင်ပံသမား တစ်ယောက်ကို ပြန်လည်မရှာဖွေနိုင်ခဲ့တဲ့ တစ်နှစ်တာ ကွက်လပ်ကို နွေရာသီမှာ ပြန်လည်ဖြည့်ဆည်းဖို့ ရှိနေပြီး ဘာစီလိုနာအသင်းရဲ့ အူစမန် ဒမ်ဘီလီကို ခေါ်ယူသွားနိုင်ဖို့ ဂွါဒီယိုလာ ထောက်ခံချက်ပေးထား။

– ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး အလန် ရှီးရားရဲ့ အသင်းပြောင်းရွှေ့မှာဖြစ်ပြီး မန်စီးတီးအတွက် နောက်ဆုံးပွဲကို ကစားခဲ့ပြီးပြီလို့ သုံးသပ်ထားတဲ့ တောင်ပံသမား ရာဟင်းမ် စတာလင်အနေနဲ့ ဆုံးဖြတ်ချက်ကို အလျင်စလို ချမှတ်မှာ မဟုတ်ဘဲ အစ်တီဟတ်မှာ ဆက်နေဖို့ များနေတယ်လို့ ဘီဘီစီဖော်ပြ။

– ဘာစီလိုနာနဲ့ မန်စီးတီးတို့ကြားမှာ အပြောင်းအရွှေ့တွေ ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိနေတယ်လို့ ကောလဟာလတွေ ထွက်ရှိနေပြီး စီးတီးရဲ့ ဘာနာဒို ဆေးလ်ဗားနဲ့ ဂျာအို ကန်ဆယ်လိုတို့ကို ဘာဆာရဲ့ အူစမန် ဒမ်ဘီလီနဲ့ ဆာဂျီ ရော်ဘတ်တိုတို့နှစ်ဦးနဲ့ ငွေကြေးမပါဝင်ဘဲ တိုက်ရိုက်လဲလှယ်ဖွယ်ရှိတယ်လို့ ဆိုနေကြ။

– မန်စီးတီးအသင်းရဲ့ ဒီရာသီ ပထမဆုံး ခေါ်ယူမှုဟာ အင်္ဂလန်မြေကို ခြေချဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုတဲ့ အီတလီလက်ရွေးစင် ကွင်းလယ်လူ မာနူယယ် လိုကာတယ်လီကို ဆာဆူအိုလိုကနေ သိမ်းပိုက်တာပဲဖြစ်လိမ့်မယ်လို့ ဆိုနေကြပြီး ၂၃ နှစ်သားအတွက် ပေါင် ၃၄ သန်း ကျသင့်ဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကျည်မထွက်ခဲ့ဘဲ ချဲလ်ဆီးအသင်းဆီ ဖလားပေးခဲ့ရစေတဲ့ တောင်ပံကစားသမားနှစ်ဦးဖြစ်တဲ့ ရာဟင်းမ် စတာလင်နဲ့ ရီယက် မာရက်ဇ်တို့ရဲ့ အနာဂတ်တွေအတွက် မကြာခင် ကာလအတွင်းမှာ ဆုံးဖြတ်သွားဖို့ ရှိနေကြောင်း သိရ။

– ရိုးမားအသင်းအနေနဲ့ မန်ချက်စတာစီးတီးမှာ အရန်အဆင့်သာ ရှိနေတဲ့ နောက်ခံလူ နာသန် အာကေကို တစ်နှစ်အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပြီး အသက် ၂၆ နှစ်အရွယ် နယ်သာလန်သားကို စပါးစ်အသင်း အားကစားဒါရိုက်တာ ဖာဘီယို ပါရာတီချီကလည်း အလိုရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားကို ဆက္ထိန္းထားႏိုင္ဖို႔ ခဲယဥ္းဖြယ္ရွိေနၿပီး အသင္း တာဝန္ရွိသူေတြဘက္ကေတာ့ စိတ္ဝင္စားေနတဲ့ အသင္းေတြထဲက အက္သလက္တီကို မက္ဒရစ္ ဂ်ာအို ဖဲလစၥနဲ႔ တိုက္႐ိုက္လဲလွယ္ သြားလိုေနေၾကာင္း သိရ။

– စီးတီးတို႔အေနနဲ႔ ဖီးလ္ ဖိုဒန္လိုပဲ အသင္းမွာ ေအာင္ျမင္ႏိုင္မယ့္ လူငယ္တစ္ဦးကို အာဆင္နယ္၊ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ကို ေနာက္ေကာက္ခ်ၿပီး ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီး ဖင္လန္ ယူ-၁၅ လက္ေ႐ြးစင္ေဟာင္း အသက္ ၁၆ ႏွစ္အ႐ြယ္ ဝတ္ဖို႔ဒ္ဘယ္ေနာက္ခံလူ ေသာမတ္စ္ ဂါလ္ဗက္ဇ္ကို စာခ်ဳပ္ခ်ဳပ္ဖို႔ ျပင္ဆင္ေန။

– မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ ႐ိုဒရီကလြဲရင္ အသင္းရဲ႕ မာမာခ်ာခ်ာ မရွိတဲ့ ကြင္းလယ္ကို အားျဖည့္သြားလိုေနၿပီး အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ေခၚယူႏိုင္ဖို႔ အသင္းတာဝန္ရွိသူေတြနဲ႔အတူ တိုင္ပင္ေဆြးေႏြးေန။

– ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ လီ႐ြိဳင္း ဆာေနးလိုမ်ိဳး လ်င္ျမန္သြက္လက္ၿပီး ကြၽမ္းက်င္မႈျပည့္ဝတဲ့ ေတာင္ပံသမား တစ္ေယာက္ကို ျပန္လည္မရွာေဖြႏိုင္ခဲ့တဲ့ တစ္ႏွစ္တာ ကြက္လပ္ကို ေႏြရာသီမွာ ျပန္လည္ျဖည့္ဆည္းဖို႔ ရွိေနၿပီး ဘာစီလိုနာအသင္းရဲ႕ အူစမန္ ဒမ္ဘီလီကို ေခၚယူသြားႏိုင္ဖို႔ ဂြါဒီယိုလာ ေထာက္ခံခ်က္ေပးထား။

– ပရီးမီးယားလိဂ္ဂႏၴဝင္တိုက္စစ္မႉးေဟာင္းႀကီး အလန္ ရွီးရားရဲ႕ အသင္းေျပာင္းေ႐ႊ႕မွာျဖစ္ၿပီး မန္စီးတီးအတြက္ ေနာက္ဆုံးပြဲကို ကစားခဲ့ၿပီးၿပီလို႔ သုံးသပ္ထားတဲ့ ေတာင္ပံသမား ရာဟင္းမ္ စတာလင္အေနနဲ႔ ဆုံးျဖတ္ခ်က္ကို အလ်င္စလို ခ်မွတ္မွာ မဟုတ္ဘဲ အစ္တီဟတ္မွာ ဆက္ေနဖို႔ မ်ားေနတယ္လို႔ ဘီဘီစီေဖာ္ျပ။

– ဘာစီလိုနာနဲ႔ မန္စီးတီးတို႔ၾကားမွာ အေျပာင္းအေ႐ႊ႕ေတြ ဆက္လက္ျဖစ္ေပၚဖြယ္ရွိေနတယ္လို႔ ေကာလဟာလေတြ ထြက္ရွိေနၿပီး စီးတီးရဲ႕ ဘာနာဒို ေဆးလ္ဗားနဲ႔ ဂ်ာအို ကန္ဆယ္လိုတို႔ကို ဘာဆာရဲ႕ အူစမန္ ဒမ္ဘီလီနဲ႔ ဆာဂ်ီ ေရာ္ဘတ္တိုတို႔ႏွစ္ဦးနဲ႔ ေငြေၾကးမပါဝင္ဘဲ တိုက္႐ိုက္လဲလွယ္ဖြယ္ရွိတယ္လို႔ ဆိုေနၾက။

– မန္စီးတီးအသင္းရဲ႕ ဒီရာသီ ပထမဆုံး ေခၚယူမႈဟာ အဂၤလန္ေျမကို ေျခခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ဆိုတဲ့ အီတလီလက္ေ႐ြးစင္ ကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီကို ဆာဆူအိုလိုကေန သိမ္းပိုက္တာပဲျဖစ္လိမ့္မယ္လို႔ ဆိုေနၾကၿပီး ၂၃ ႏွစ္သားအတြက္ ေပါင္ ၃၄ သန္း က်သင့္ဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ က်ည္မထြက္ခဲ့ဘဲ ခ်ဲလ္ဆီးအသင္းဆီ ဖလားေပးခဲ့ရေစတဲ့ ေတာင္ပံကစားသမားႏွစ္ဦးျဖစ္တဲ့ ရာဟင္းမ္ စတာလင္နဲ႔ ရီယက္ မာရက္ဇ္တို႔ရဲ႕ အနာဂတ္ေတြအတြက္ မၾကာခင္ ကာလအတြင္းမွာ ဆုံးျဖတ္သြားဖို႔ ရွိေနေၾကာင္း သိရ။

– ႐ိုးမားအသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးမွာ အရန္အဆင့္သာ ရွိေနတဲ့ ေနာက္ခံလူ နာသန္ အာေကကို တစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ နယ္သာလန္သားကို စပါးစ္အသင္း အားကစားဒါ႐ိုက္တာ ဖာဘီယို ပါရာတီခ်ီကလည္း အလိုရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.